ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း ( အပိုင္း ေျခာက္ )
“ေအး…ငါမင္းကုိေတာင္းပန္တယ္ မင္းကအေၿခာက္မဟုတ္ဘူးဆုိရင္ ဘာလုိ႔လက္သီးနဲ႔မရြယ္ပဲ ခြက္ကုိဆြဲကုိင္ရတာလဲ၊ အဲဒါေတာ့သိခ်င္တယ္”
ႏွင္းဆီ စုိးရိမ္တၾကီးညီညီငယ္ကုိၾကည့္လုိက္ပါေတာ့သည္။ ညီညီငယ္အေၿဖသည္ သူမအတြက္ လြန္စြာ အေရးၾကီးသည္မဟုတ္လား…..
ညီညီငယ္အစ ပထမတြင္ အထင္ေသးစြာဆက္ဆံၾကေသာ သူတုိ႕ကုိစိတ္ထဲတြင္ ဘာမွအၿငဳိးေတ မထားပဲ ေနလာခဲ့သည္။ မိမိအား ေၿပာဆုိၾကသည္ကုိ စိတ္တြင္းမွ မိမိဘ၀ေပးမေကာင္းလုိ႔ ဒီလုိဆက္ဆံေနရပါသည္။ မိမိေပၚမွာသာ မူတည္သည္။ ကုိယ့္ေၾကာင့္တစ္ဘက္သား စိတ္ညစ္သြားမွာကုိ မလုိလားေသာ ညီညီငယ္ တစ္ေယာက္ ယခုေတာ့ ထုိသည္းခံစိတ္မ်ား ကုန္ခမ္းသြားေတာ့သည္။
အထူးသၿဖင့္ နႏၵ၏ အထင္ေသးေသာအၾကည့္မ်ား၊ သူ႔အားလူတစ္ေယာက္လုိမၿမင္ပဲ ရြ႔ံစရာေကာင္းသည့္ အၾကည့္မ်ားကုိ နာက်င္လာေတာ့သည္။ ညီညီငယ္လည္း ပုထုဇဥ္လူသားပင္၊ စိတ္ရွိသည္။ ဒီတစ္ခါေတာ့ သည္းခံႏုိင္သည့္အားလည္း ကုန္ဆုံးသြားေတာ့သည္။
ညီညီငယ္ နႏၵကုိ ညစ္က်ယ္က်ယ္ ၾကည့္လုိက္ကာ မဲ့ၿပဳံးၿဖင့္ ႏူတ္ခမ္းကုိ တစ္ဘက္တည္းၿပဳံးၿပလုိက္ၿပီး နႏၵ၏ မ်က္နာအနားသုိ႔တုိးကပ္သြားလုိက္သည္။
နႏၵမ်က္လုံးၿပဴးကာ ေနာက္သုိ႔နည္းနည္း ညိမ္းလုိက္သည္။
ႏွင္းဆီက မ်က္လုံးအၿပဴးသာၿဖင့္ ၾကည့္ေနသည္။
တြယ္တာက အံ့ၾသကာ ခ်ေတာ့မည္လား ဟုစုိးရိမ္စြာၾကည့္သည္။
ေအာင္ေအာင္က ရယ္ေနရမွ ရပ္သြားေတာ့သည္။
ညီညီငယ္ နႏၵအနားသုိ႔ကပ္ကာ ႏွစ္ေယာက္သားၾကားနိုင္သည့္ေလသံၿဖင့္တုိးတုိးေၿပာလုိက္ေတာ့သည္။
“ငါအေၿခာက္ဟုတ္တယ္ မဟုတ္ဘူးဆုိတာကုိ အေကာင္းဆုံးသက္ေသ အေနနဲ႔ မင္းဟုိးတစ္ရက္က ငါ့ကုိ တုတ္ၿပခဲၿပ လုပ္ခဲ့တာေတြကို အေသးစိတ္ေၿပာၿပီး သက္ေသယူဖုိ႔လုိသလား၊ အားလုံးေရွ႔မွာေပါ့ ဘယ္လုိလဲ”
နႏၵလန္႔ဖ်တ္ကာ ညီညီငယ္လက္ ကုိလႊတ္လုိက္ေတာ့သည္။
ဂလုံး ဂလြမ္း……
“ဟယ္ေတာ့…ဖလားၾကီးက်သြားၿပီး”
တြယ္တာဆီမွ စိတ္ခ်သြားသည့္ အသံထြက္လာသည္။
ႏွင္းဆီက မ်က္ေမွာင္ကုတ္ကာ သူတုိ႔ႏွစ္ေယာက္ကုိ စုိက္ၾကည့္ေနသည္။
နႏၵမ်က္နာ ရဲတက္သြားကာ ေနာက္သုိ႔ေၿခ ႏွစ္လမ္းေလာက္ဆုတ္သြားသည္။ ေအာင္ေအာင္ကေတာ့ အံ့ၾသမွင္သက္ကာ နႏၵကုိတလွည့္ ညီညီငယ္ကုိ တလွည့္ၾကည့္ေနပါသည္။
သူတုိ႔အားလုံးသိခ်င္ေနၾကသည္။ ညီညီငယ္ ဘာေၿပာလုိက္လုိ႔ နႏၵအမူယာမ်ားပ်က္ကာ ၿဖစ္ပ်က္သြားသည့္ အေၾကာင္းရာသည္ သူတုိ႔အတြက္စိတ္၀င္စားရေသာ အေၾကာင္းရာပင္ မဟုတ္လား။
ညီညီငယ္ မ်က္နာတြင္ အၿပဳံးမ်ားကုိ မဲ့ကာၿပဳံးေနၿပီး နႏၵကုိစုိက္ၾကည့္ေနလုိက္သည္။ မ်က္ခုံးကုိလည္း တစ္ဘက္ၿမွင့္ၿပလုိက္သည္။ သေဘာကေတာ့ ဘယ္လုိလဲ….၊
နႏၵလွည့္ထြက္ရန္ၿပင္လုိက္ေတာ့၊
“ေဟ့ေကာင္ နႏၵဘယ္လုိလဲ၊ ငါကဘာလဲ ဆုိတာကုိေၿပာဘုိ႔လုိေသးလာ”
“ေတာက္…”
နႏၵလက္သီးက်စ္က်စ္ပါေအာင္ဆုပ္ၿပီး လွည့္မၾကည့္ေတာ့ပဲ လစ္ထြက္သြားေတာ့သည္။ ေအာင္ေအာင္က ပထမေတာ့ ေၾကာင္ကာရပ္ေနၿပီးမွ ညီညီငယ္ကုိ လွည့္ၾကည့္လုိက္ေတာ့၊ ညီညီငယ္ ေမ့ဆတ္ၿပလုိက္ၿပီး။
“မင္းေရာသိခ်င္ေသးလား”
“အာ သိခ်င္ပါဘူး”
ေအာင္ေအာင္ ဘုမသိဘမသိ ဘာဘာညာညာ မသိပဲ နႏၵေနာက္သုိ႔ေၿပးလုိက္သြားေတာ့သည္။
ညီညီငယ္ စိတ္ထဲ အနည္းငယ္ေတာ့ ၀မ္းသာသြားသည္။
“ဟဲ့ ဒီဘက္လဲၾကည့္ပါအုံး”
ႏွင္းဆီ၏အလုိမက်ေသာ ေဒါသသံစြတ္ေနသည့္ အသံေၾကာင့္သူူလွည့္ၾကည့္လုိက္သည္။ ႏွင္းဆီကေတာ့ ရွဴးတင္တင္ၿဖင့္သူ႔အားၾကည့္ေနသည္။ တြယ္တာကေတာ့ လက္ခုပ္မ်ားပင္တီးလုိက္ေသးသည္။
“နင္ဘာေၿပာလုိက္တာလဲ”
“သူ႔အေၾကာင္းနည္းနည္း ေလးတီးေခါက္ေပးလုိက္တာ၊ ၿပီးေတာ့ နားရြက္ကုိတံေတြးဆြတ္လုိက္တာ”
“ထြီး….ရြံစရာၾကီး နင္ကလက္နဲ႔မဟုတ္ပဲ ပါးစပ္နဲ႔စြတ္လုိက္တာလာ”
“ေအးေလ ဟယ္ ရြ႔ံစရာၾကီး နင္လက္မအားရင္ ငါ့ေခၚလုိက္တာမဟုတ္ဘူး ငါလာစြတ္ေပးမွာေပါ့”
“အာ စြတ္စရာလာ အဲ့လုိၾကီး၊ သေဘာေၿပာတာေပါ့ဟ၊ စိမ္ေခၚလုိက္တာလုိ႔”
“ေအာ္”
“ဟယ္ နင္ကအဲလုိသတိၱရွိတယ္ေနာ္ ေအးေလး နင္ကေယာက်္ားေလးပဲ စြတ္ရဲမွာေပါ့”
အေရးထဲ တြယ္တာက ဘုမသိဘမသိ ေၿပာေနသည္။ ႏွင္းဆီလည္း ဘုမသိဘမသိပဲ ေက်နပ္သြားသည္။ ညီညီငယ္ကေတာ့ သူညစ္လုိက္သည္ကုိ ဘုမသိဘမသိ ေတာ့မဟုတ္ပဲ သိသိၾကီးႏွင့္ ေက်နပ္သြားသည္။
ေအာင္ေအာင္ကေတာ့ ဘုမသိဘမသိပဲ နႏၵကုိသြားေမးမိလုိ႔ ထုိးခံရေတာ့မလုိ့ သီးသီးေလ လြတ္သြားသည္။
“နႏၵင့့့ါေစာင့္ပါအုံး”
နႏၵကေတာ့ ဘာမွၿပန္မေၿပာ။
“မင္းကုိ ညီညီငယ္ဘာေၿပာလုိက္လုိ႔လဲ ငါသိခ်င္လုိ႔ပါဟ”
“ေဟ့ေကာင္”
နႏၵေနာက္သုိ႔လွည့္လုိက္ၿပီး ေအာင္ေအာင္၏ေကာ္လံကုိ ေဆာက္ဆြဲလုိက္သည္။
“ဟုိေကာင္ေပၚက်ေနတဲ့ေဒါသေတြ မင္းေပၚေရာက္သြားမယ္ ပါးစပ္ပိတ္ၿပီးလိုက္ခဲ့၊ မလုိက္ခ်င္လဲ ေနခဲ့”
“ေအးပါကြာ…ေအးပါကြာ…မင္းမၾကဳိက္ရင္မေမးေတာ့ပါဘူးေနာ္..ငါ့ကုိလဲလႊတ္အုံး…မင္းကလဲ ေဒါသၾကီးပဲ”
“ေတာက္”
နႏၵေစာင့္လႊတ္လုိက္ၿပီး ေဒါၾကီးေမာၾကီးနဲ႔ထြက္သြားပါေတာ့သည္။ ေအာင္ေအာင္ကေတာ့ ေနာက္တြင္ရပ္က်န္ေနခဲ့ပါေတာ့သည္။
“ဟုိအေၿခာက္ဒီေကာင္ကုိဘာေၿပာလုိက္လုိ႔မသိဘူး”
ညီညီငယ္ ရပ္ကြက္ထိပ္သုိ႔ ေမေမ၀ယ္ခုိင္းလုိက္ေသာ အုန္းသီးမ်ားကုိ လမ္းထိပ္က ဆုိင္တြင္မွာၿပီးၿပန္လာခဲ့ပါသည္။ ညီညီငယ္တုိ႔စာေမးပြဲၿပီးေတာ့ အိမ္ၿပန္ေရာက္ေနၾကပါသည္။ အိမ္သုိ႔ၿပန္ခြင့္ေပးသည္က တစ္ပတ္တည္းၿဖစ္ပါသည္။ မိဘအိမ္သုိ႔သုူတုိ႔ၿပန္ၾကေတာ့ ေက်ာင္းၾကီးထဲတြင္ ၁၀ တန္းသမားေတြသာ က်န္ခဲ့ေတာ့သည္။
ကုိကုိေလးသည္လည္း အိမ္ေရာက္သည္ႏွင့္ အိမ္တြင္မကပ္၊ အရင္ေက်ာင္းေဟာင္းမွ သူငယ္ခ်င္းေတြနွင့္လည္ပတ္ေနကာ အခ်ိန္ၿဖဳန္းေနသည္။
ေမေမသည္သူ႔အား ကုိေလးလုိ လြတ္လပ္ခြင့္မေပးေခ်။ ေဒၚေလးအနားတြင္ကပ္ေနၿပန္ရင္လည္း မၾကဳိက္ေသာ အမူယာကုိၿပတတ္သည္။ ေဒၚေလးကေတာ့ သူ႔အားမ်က္ရည္ေလ တစ္စမ္းစမ္းၿဖင့္ ေခ်ာ့ရွာသည္။
“ေမေမတုိ႔က သားကုိမခ်စ္လုိ႔မဟုတ္ဘူး သားပ်က္စီးမွာကုိ အစုိးရိမ္လြန္ေနၾကတာပါကြယ္၊ ဒါကသားေလးကုိ ခ်စ္လုိ႔ေပါ့ သားရယ္”
ေဒၚေလးႏွစ္သိမ့္မွဳ့သည္ သူအား ၀မ္းနည္းမွဳ့ကုိမေၿပေပ်ာက္ေခ်။ အိမ္တြင္ ေဒၚၾကီးမယ္ကုိလည္း အရင္လုိ၀ုိင္းကူလုိ႔မရေတာ့၊ ကူခဲ့ရင္လည္း ေဒၚၾကီးမယ္ကုိဆူသည္။ သူကုိလည္း ထုိရက္မ်ဳိးဆုိရင္ တစ္ေနကုန္ေၿပာဆုိေနသည္။ ထုိေၾကာင့္လည္း သူစိတ္ညစ္ရပါသည္။ ဘာၿဖစ္လုိ႔သူ႔အား အထင္ေသးၾကသနည္း။
သူဘာအမွားေတြလုပ္ေနလုိ႔လည္း ဟုေတြးမိပါေသးသည္။
သူကေတာ့အမွားမလုပ္၊ တစ္ၿခားေသာ ပတ္၀န္က်င္ကသာ သူအားအမွားလုပ္ဘုိ႔ ပန္႔ပုိးေပးေနသလား လုိ႔ေတာင္သူေတြးမိပါေတာ့သည္။
“ဟဲ့…ဟဲ့…ဘာလုပ္တာလဲ….အဲလုိမလုပ္နဲ႔ေလ…ေတာ္ၾကပါေတာ့ အန္တီေတာင္ပန္ပါတယ္”
“ဟားဟား အေၿခာက္ၾကီး အေၿခာက္ၾကီး”
ၿမင္ကြင္းက ၾကည့္မလွေခ်။ မိန္းမလုိ၀တ္စားထားေသာ (အစမ္း) မိတ္ကပ္ႏွင့္ဆံသ ဆုိင္မွအေၿခာက္တစ္ေယာက္ကုိ ကေလးေတြက ၀ုိင္းစေနေသာ ၿမင္ကြင္းက ညီညီငယ္ၿပန္လာေသာ လမ္းတြင္ၿဖစ္ပ်က္ေနပါသည္။
မိန္းမလုိ၀တ္စားထားေသာ ထုိအေၿခာက္ကုိကေလးမ်ား စေနာက္ေနသည္ကုိ ေဘးကၿဖတ္သြားေသာ လူၾကီးႏွစ္ေယာက္မွာ သူတုိ႔ႏွင့္မဆုိင္သလုိ ဟာသလုပ္ကာ ရယ္သြားၾကရင္ၾကည့္သြားေသးသည္။
ထုိအေၿခာက္ၾကီး ၀တ္လာသည့္ စကတ္လုိလုိ ဖာရာဖာရာ ၿဖစ္ေနသည့္ အစႏွင့္ပု၀ါကုိ ကေလးမ်ားက ဆြဲကာစေနပါသည္။ ကေလးမ်ားသည္လည္း ညီညီငယ္တုိ႔လမ္းထဲတြင္ေနထုိင္ၾကေသာ မိသားစုမ်ားမွကေလးမ်ား ၿဖစ္ပါသည္။ အသက္ေလးမ်ားက အလယ္တန္းေက်ာင္း ၅ တန္းမွ်အရြယ္ေလးမ်ား ၿဖစ္ၾကပါသည္။ အေၿခာက္ၾကီးမွာ ကေလးမ်ား စေနာက္သည္ကုိ ေရွာင္ေနရင္းက ေဒါက္ၿမင့္ဘိနပ္ေခ်ာ္ကာ လဲက်သြားေတာ့သည္။
“ေဟ့ေကာင္ေတြ”
ညီညီငယ္ ဟန္႔လုိ္က္ေတာ့ကေလး တစ္သုိက္ညီညီငယ္ကုိ တစ္ခ်က္လွမ္းၾကည့္သည္။ ထုိေနာက္ မိမိကုိယ္ကုိ အန္တီလုိ႔ေၿပာေသာ အေၿခာက္ၾကီးနားမွ ေၿပးထြက္သြားၾကေတာ့သည္။
“ေက်းဇူးတင္ပါတယ္ကေလးရယ္”
ထုိအမ်ဳိးသား သုိ႔မဟုတ္ အမ်ဳိးသမီးၾကီးဆီမွ ကေလးရယ္ဆုိသည့္ ႏူည့ံသည့္ အသံၾကားလုိက္ေတာ့ ညီညီငယ္ စိတ္ထဲၾကည္ႏူးသြားသည္က အမွန္ပါ။
“အ”
”ရလာ..ထလုိ႔ရလား ဗ်”
“ေၿခေခါက္သြားၿပီးနဲ႔တူပါတယ္ အန္တီကုိတြဲေပးပါလား”
ညီညီငယ္ကူညီကာ သူတုိ႔ဆုိင္သုိ႔ပုိ႔ေပးလုိက္ပါသည္။ သူတုိ႔ဆုိင္သည္ ညီညီငယ္ကေလးဘ၀ကတည္းက ဖြင့္ထားေသာ ဆုိင္ၿဖစ္ပါသည္။ ဆုိင္တြင္းသုိ႔ညီညီငယ္ တစ္ေခါက္ေရာက္ဖူးပါသည္။
ညီညီငယ္မွတ္မိပါေသးသည္။
ထုိဆုိင္သုိ႔ေရာက္အတူသြားသည္က ေမေမႏွင့္ၿဖစ္ပါသည္။ ေမေမသည္ သူတုိ႔ဆုိင္တြင္ အလွၿပင္တုံးကေတာ့ ရြင္းရြင္းေ၀ေအာင္ ေၿပာဆုိေနသည္။
“အစမ္းတုိ႔က ေစတနာပါလုိ႔လာ မသိဘူး အစမ္းတို႔ဆုိင္လာၿပီးရင္ ဘယ္ဆုိင္မွမသြားခ်င္ဘူး”
“အစမ္းတုိ႔ကေတာ္လုိက္တာ”
“အစမ္းတုိ႔လက္နဲ႔ကုိင္လုိက္တဲ့ေခါင္းဆုိရင္ေလ ေမးမေနနဲ႔ အလွဆုံးပဲ”
စသည္ စသည္မ်ား ခ်ီမႊမ္းခန္းဖြင့္ၿပီးေနာက္ ဆုိင္ၿပင္ေရာက္သည္ႏွင့္ ေမေမမ်က္နာ တည္သြားေတာ့သည္။ လမ္းမွာေတြ႔ရင္ေတာင္မေခၚေတာ့၊
“အမေလး ေအာက္တန္က်လုိက္ၾကတာ ဘယ္လုိဟာေတြလည္းမသိဘူး အရွက္နည္းလုိက္ၾကတာ”
ထုိသု႔ိေသာ စကားမ်ားကုိ ကေလးဘ၀တုံးက ၾကားဖူခဲ့ပါသည္။
အစမ္းဆုိင္ထဲသုိ႔သူ၀င္လုိက္ေတာ့ သူ့အားအလုပ္ေတြလုပ္ေနၾကေသာ ဘ၀တူႏွစ္ေယာက္က ၿပဴးၾကည့္သည္။ သူႏွင့္တဲြပါလာသည့္ အန္တီၾကီးကုိၿမင္ေတာ့မွ။
“ဟယ္ တုိင္တုိင္ ဘာၿဖစ္လာတာလဲ”
“မၾကီးစမ္းရယ္ မေၿပာခ်င္ေတာ့ပါဘူး တစ္ကယ္ပါပဲေတာ္………”
ညီညီငယ္ တုိင္တုိင္ဆုိသည့္ သူတြဲလာသူအား အံ့ၾသကာၾကည့္မိသည္။ မေၿပာခ်င္ပါဘူးဆုိကာ ေၿပာၿပေနသည္က ကုလားကားၾကည့္ေနရသလုိ ဇာတ္စုံခင္း၍ ၿဖစ္ပ်က္သမွ်အလုံစုံတင္ၿပပါေတာ့သည္။
ေတာ္ေသးသည္ မေၿပာခ်င္လို႔သာပင္ ေၿပာမ်ားေၿပာခ်င္ရင္ေတာ့ ညီညီငယ္ အိမ္ၿပန္ေရာက္ေတာ့မည္မဟုတ္ေတာ့။
“ဒါနဲ့သူေလးရဲ့အကူညီနဲ့ေရာက္လာတာပဲ မမစမ္းရယ္၊ ေက်းဇူးတင္ပါတယ္ကေလးရယ္”
“ဟဲ့ ညီညီငယ္မဟုတ္လာ”
“ဟုတ္..က်ေနာ္ကုိသိလာ”
“အမေလး ဒီရပ္ကြက္ကဘယ္သူေတြ ဘယ္၀ါေတြဆုိတာ မသိပဲေနမလား၊ ဒါနဲ႔ေက်ာင္းပိတ္လုိ႔ ၿပန္လာတာလာ၊ စားေမးပြဲေရာေၿဖႏူိင္လား”
“ဟုတ္”
စကားမ်ားေကာင္းေနသည့္ညီညီငယ္ ဆုိင္ေရွ႔တြင္ ခါးေထာက္ကာ မ်က္ေထာင့္နီၾကီးၿဖင့္ ၾကည့္ေနေသာ ေမေမကုိ ဆုိင္ၿပင္မွရပ္ကာေနသည္ကုိ ၿမင္ေတာ့မွ ဆုိင္ရွင္ႏွင့္ တုိင္တုိင္ ဆုိသည့္ တစ္ေယာက္ကုိႏူတ္ဆက္ကာ ဆုိင္ထဲမွထြက္လာခဲ့ေတာ့သည္။ ဆုိင္ရွင္အစမ္းဆုိသည့္ တစ္ေယာက္က ေမေမကုိ ဆုိင္ထဲေခၚတာေတာင္ ေမေမမ၀င္လာခဲ့ေခ်။
အိမ္သုိ႔ေရာက္သည္ႏွင့္ ေမေမတစ္လမ္းလုံးထိမ္းလာသမ်ွကုိ သြန္းခ်လုိက္ပါေတာ့သည္။
“ဒီမွာ ငါေမြးထားတာ သားေယာက်္ားေလး ဘာမဟုတ္တာေတြလုပ္ဘုိ႔စဥ္းစားေနတာလဲဟင္၊ ညီငယ္ နင့္ကုိနင္မရွက္ေပမယ့္ နင့္ကုိငါေမြးထားတာရွက္တယ္ဟဲ့”
“ေမေမ.. သားဘာေတြလုပ္ေနလုိ႔လဲ”
“အမေလးဒီေလာက္ၿမင္တာေတာင္မွ ဘာေတြလုပ္ေနလုိ႔လဲဟုတ္လာ၊ ၾကည့္စမ္း ငါ့ကုိေတာင္ ၿပန္ပတ္ေနလုိက္တာ၊ ဟုိကၿမင္းေၾကာေတြက သင္ေပးလုိက္တာေပါ့ေလ”
“ေမေမရယ္ ဘာမွမဆုိင္တဲ့သူေတြကုိဆြဲထည့္မေနပါနဲ႔”
“ေတာ္….နင့္ကုိေမြးထားတာ ၿပန္ေၿပာဘုိ႔ၿပန္ပတ္ဘုိ႔ ပညာေတြသင္ထားတာမဟုတ္ဘူး”
“သားဘာေတြၿဖစ္ေနလဲလုိ႔ေမေမ ေမးေဖၚရလား၊ ေမေမကသားဘာလုပ္လုပ္ အေကာင္းမၿမင္ပါလား”
“ဟဲ့နင္ကေရာအေကာင္းလုပ္ေနတာလား၊ ၾကည့္စမ္းၾကည့္စမ္း ငါကုိမ်ားၿပန္ေၿပာေနလုိက္တာ”
ေမေမ၏ေအာ္သံမ်ားေၾကာင့္ တစ္အိမ္သားလုံးထြက္လာၾကသည္။ ကိုိကုိေလးလည္း အၿပင္မွ ၿပန္ေရာက္ေနကာ ေမေမ၏ေၿပာဆုိသံကုိ တစ္စြန္းတစ ၾကားလုိက္သည့္ေနာက္ပုိင္းတြင္ေတာ့ ကိုကိုေလးသည္ ညီညီငယ္ထံ ေရာက္လာၿပီး ထုိးခ်လုိက္ေတာ့သည္။
ခြပ္..
“အဲ့ဒါ င့ါမိဘေတြကုိေစာ္ကားလုိ႔ မွတ္ထား”
“ဟဲ့ ဟဲ့ မလုပ္ၾကပါနဲ့”
ေဒၚေလးက ေၿပးလာၿပီး၀င္တားသည္။ ကုိကုိေလး၏ ပထမဦးဆုံးေသာ လက္သီးသည္ ညီညီငယ္၏ ႏူနယ္ေသာ ႏွစ္လုံးသားကုိ ၿဖတ္ရုိက္သည္။ ေမေမ၏စကားမ်ားက ညီညီငယ္၏ ခ်စ္ၿခင္းေမတၱာကုိ ရုိက္သြားခဲ့သည္။ ညီညီငယ္ ၀မ္းနည္းစြာ ေဒၚေလးရင္ခြင္ထဲတြင္ငုိသည္။
“ေသပေလ့ေစ အကုိက ညီကုိဆုံးမတာ နင္၀င္မပါနဲ့ စမ္းေဌး၊ ေအးငါေၿပာထားမယ္ ဒါေတြကနင္ကစခဲ့တဲ့ အပစ္ေတြပဲ ငါ့သားေတြကုိ ငါကေတာ့ ေယာက်ာ္းပီပီသသပဲ ၿမင္ေတြ႔ခ်င္တယ္၊ ဘာမဟုတ္က ဟုတ္ကေတြနဲ႔ မေတြ့ခ်င္ဘူး၊ နင္လည္းၾကပ္ၾကပ္သတိထား”
ထုိညကစၿပီး ေနခဲ့သည့္ တစ္ပတ္အတြင္းမွာ ညီညီငယ္ ေမေမႏွင့္ကုိကိုေလး ကုိမ်က္နာခ်င္းမဆုိ္င္ေတာ့ေခ်။ ညီညီငယ္ စိတ္ထဲတြင္၀မ္းနညး္စြာေၿပာမိပါေတာ့သည္။
သားကုိေမြးထားတာ ေမေမေနာင္တရေနၿပီးလာေမေမရယ္…
............ TBC....................
Unicode
ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း6)
“အေး…ငါမင်းကိုတောင်းပန်တယ် မင်းကအခြောက်မဟုတ်ဘူးဆိုရင် ဘာလို့လက်သီးနဲ့မရွယ်ပဲ ခွက်ကိုဆွဲကိုင်ရတာလဲ၊ အဲဒါတော့သိချင်တယ်”
နှင်းဆီ စိုးရိမ်တကြီးညီညီငယ်ကိုကြည့်လိုက်ပါတော့သည်။ ညီညီငယ်အဖြေသည် သူမအတွက် လွန်စွာ အရေးကြီးသည်မဟုတ်လား…..
ညီညီငယ်အစ ပထမတွင် အထင်သေးစွာဆက်ဆံကြသော သူတို့ကိုစိတ်ထဲတွင် ဘာမှအငြိုးတေ မထားပဲ နေလာခဲ့သည်။ မိမိအား ပြောဆိုကြသည်ကို စိတ်တွင်းမှ မိမိဘ၀ပေးမကောင်းလို့ ဒီလိုဆက်ဆံနေရပါသည်။ မိမိပေါ်မှာသာ မူတည်သည်။ ကိုယ့်ကြောင့်တစ်ဘက်သား စိတ်ညစ်သွားမှာကို မလိုလားသော ညီညီငယ် တစ်ယောက် ယခုတော့ ထိုသည်းခံစိတ်များ ကုန်ခမ်းသွားတော့သည်။
အထူးသဖြင့် နန္ဒ၏ အထင်သေးသောအကြည့်များ၊ သူ့အားလူတစ်ယောက်လိုမမြင်ပဲ ရွ့ံစရာကောင်းသည့် အကြည့်များကို နာကျင်လာတော့သည်။ ညီညီငယ်လည်း ပုထုဇဉ်လူသားပင်၊ စိတ်ရှိသည်။ ဒီတစ်ခါတော့ သည်းခံနိုင်သည့်အားလည်း ကုန်ဆုံးသွားတော့သည်။
ညီညီငယ် နန္ဒကို ညစ်ကျယ်ကျယ် ကြည့်လိုက်ကာ မဲ့ပြုံးဖြင့် နူတ်ခမ်းကို တစ်ဘက်တည်းပြုံးပြလိုက်ပြီး နန္ဒ၏ မျက်နာအနားသို့တိုးကပ်သွားလိုက်သည်။
နန္ဒမျက်လုံးပြူးကာ နောက်သို့နည်းနည်း ညိမ်းလိုက်သည်။
နှင်းဆီက မျက်လုံးအပြူးသာဖြင့် ကြည့်နေသည်။
တွယ်တာက အံ့သြကာ ချတော့မည်လား ဟုစိုးရိမ်စွာကြည့်သည်။
အောင်အောင်က ရယ်နေရမှ ရပ်သွားတော့သည်။
ညီညီငယ် နန္ဒအနားသို့ကပ်ကာ နှစ်ယောက်သားကြားနိုင်သည့်လေသံဖြင့်တိုးတိုးပြောလိုက်တော့သည်။
“ငါအခြောက်ဟုတ်တယ် မဟုတ်ဘူးဆိုတာကို အကောင်းဆုံးသက်သေ အနေနဲ့ မင်းဟိုးတစ်ရက်က ငါ့ကို တုတ်ပြခဲပြ လုပ်ခဲ့တာတွေကို အသေးစိတ်ပြောပြီး သက်သေယူဖို့လိုသလား၊ အားလုံးရှေ့မှာပေါ့ ဘယ်လိုလဲ”
နန္ဒလန့်ဖျတ်ကာ ညီညီငယ်လက် ကိုလွှတ်လိုက်တော့သည်။
ဂလုံး ဂလွမ်း……
“ဟယ်တော့…ဖလားကြီးကျသွားပြီး”
တွယ်တာဆီမှ စိတ်ချသွားသည့် အသံထွက်လာသည်။
နှင်းဆီက မျက်မှောင်ကုတ်ကာ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။
နန္ဒမျက်နာ ရဲတက်သွားကာ နောက်သို့ခြေ နှစ်လမ်းလောက်ဆုတ်သွားသည်။ အောင်အောင်ကတော့ အံ့သြမှင်သက်ကာ နန္ဒကိုတလှည့် ညီညီငယ်ကို တလှည့်ကြည့်နေပါသည်။
သူတို့အားလုံးသိချင်နေကြသည်။ ညီညီငယ် ဘာပြောလိုက်လို့ နန္ဒအမူယာများပျက်ကာ ဖြစ်ပျက်သွားသည့် အကြောင်းရာသည် သူတို့အတွက်စိတ်၀င်စားရသော အကြောင်းရာပင် မဟုတ်လား။
ညီညီငယ် မျက်နာတွင် အပြုံးများကို မဲ့ကာပြုံးနေပြီး နန္ဒကိုစိုက်ကြည့်နေလိုက်သည်။ မျက်ခုံးကိုလည်း တစ်ဘက်မြှင့်ပြလိုက်သည်။ သဘောကတော့ ဘယ်လိုလဲ….၊
နန္ဒလှည့်ထွက်ရန်ပြင်လိုက်တော့၊
“ဟေ့ကောင် နန္ဒဘယ်လိုလဲ၊ ငါကဘာလဲ ဆိုတာကိုပြောဘို့လိုသေးလာ”
“တောက်…”
နန္ဒလက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး လှည့်မကြည့်တော့ပဲ လစ်ထွက်သွားတော့သည်။ အောင်အောင်က ပထမတော့ ကြောင်ကာရပ်နေပြီးမှ ညီညီငယ်ကို လှည့်ကြည့်လိုက်တော့၊ ညီညီငယ် မေ့ဆတ်ပြလိုက်ပြီး။
“မင်းရောသိချင်သေးလား”
“အာ သိချင်ပါဘူး”
အောင်အောင် ဘုမသိဘမသိ ဘာဘာညာညာ မသိပဲ နန္ဒနောက်သို့ပြေးလိုက်သွားတော့သည်။
ညီညီငယ် စိတ်ထဲ အနည်းငယ်တော့ ၀မ်းသာသွားသည်။
“ဟဲ့ ဒီဘက်လဲကြည့်ပါအုံး”
နှင်းဆီ၏အလိုမကျသော ဒေါသသံစွတ်နေသည့် အသံကြောင့်သူူလှည့်ကြည့်လိုက်သည်။ နှင်းဆီကတော့ ရှူးတင်တင်ဖြင့်သူ့အားကြည့်နေသည်။ တွယ်တာကတော့ လက်ခုပ်များပင်တီးလိုက်သေးသည်။
“နင်ဘာပြောလိုက်တာလဲ”
“သူ့အကြောင်းနည်းနည်း လေးတီးခေါက်ပေးလိုက်တာ၊ ပြီးတော့ နားရွက်ကိုတံတွေးဆွတ်လိုက်တာ”
“ထွီး….ရွံစရာကြီး နင်ကလက်နဲ့မဟုတ်ပဲ ပါးစပ်နဲ့စွတ်လိုက်တာလာ”
“အေးလေ ဟယ် ရွ့ံစရာကြီး နင်လက်မအားရင် ငါ့ခေါ်လိုက်တာမဟုတ်ဘူး ငါလာစွတ်ပေးမှာပေါ့”
“အာ စွတ်စရာလာ အဲ့လိုကြီး၊ သဘောပြောတာပေါ့ဟ၊ စိမ်ခေါ်လိုက်တာလို့”
“အော်”
“ဟယ် နင်ကအဲလိုသတိ္တရှိတယ်နော် အေးလေး နင်ကယောကျ်ားလေးပဲ စွတ်ရဲမှာပေါ့”
အရေးထဲ တွယ်တာက ဘုမသိဘမသိ ပြောနေသည်။ နှင်းဆီလည်း ဘုမသိဘမသိပဲ ကျေနပ်သွားသည်။ ညီညီငယ်ကတော့ သူညစ်လိုက်သည်ကို ဘုမသိဘမသိ တော့မဟုတ်ပဲ သိသိကြီးနှင့် ကျေနပ်သွားသည်။
အောင်အောင်ကတော့ ဘုမသိဘမသိပဲ နန္ဒကိုသွားမေးမိလို့ ထိုးခံရတော့မလို့ သီးသီးလေ လွတ်သွားသည်။
“နန္ဒင့့့ါစောင့်ပါအုံး”
နန္ဒကတော့ ဘာမှပြန်မပြော။
“မင်းကို ညီညီငယ်ဘာပြောလိုက်လို့လဲ ငါသိချင်လို့ပါဟ”
“ဟေ့ကောင်”
နန္ဒနောက်သို့လှည့်လိုက်ပြီး အောင်အောင်၏ကော်လံကို ဆောက်ဆွဲလိုက်သည်။
“ဟိုကောင်ပေါ်ကျနေတဲ့ဒေါသတွေ မင်းပေါ်ရောက်သွားမယ် ပါးစပ်ပိတ်ပြီးလိုက်ခဲ့၊ မလိုက်ချင်လဲ နေခဲ့”
“အေးပါကွာ…အေးပါကွာ…မင်းမကြိုက်ရင်မမေးတော့ပါဘူးနော်..ငါ့ကိုလဲလွှတ်အုံး…မင်းကလဲ ဒေါသကြီးပဲ”
“တောက်”
နန္ဒစောင့်လွှတ်လိုက်ပြီး ဒေါကြီးမောကြီးနဲ့ထွက်သွားပါတော့သည်။ အောင်အောင်ကတော့ နောက်တွင်ရပ်ကျန်နေခဲ့ပါတော့သည်။
“ဟိုအခြောက်ဒီကောင်ကိုဘာပြောလိုက်လို့မသိဘူး”
ညီညီငယ် ရပ်ကွက်ထိပ်သို့ မေမေ၀ယ်ခိုင်းလိုက်သော အုန်းသီးများကို လမ်းထိပ်က ဆိုင်တွင်မှာပြီးပြန်လာခဲ့ပါသည်။ ညီညီငယ်တို့စာမေးပွဲပြီးတော့ အိမ်ပြန်ရောက်နေကြပါသည်။ အိမ်သို့ပြန်ခွင့်ပေးသည်က တစ်ပတ်တည်းဖြစ်ပါသည်။ မိဘအိမ်သို့သုူတို့ပြန်ကြတော့ ကျောင်းကြီးထဲတွင် ၁၀ တန်းသမားတွေသာ ကျန်ခဲ့တော့သည်။
ကိုကိုလေးသည်လည်း အိမ်ရောက်သည်နှင့် အိမ်တွင်မကပ်၊ အရင်ကျောင်းဟောင်းမှ သူငယ်ချင်းတွေနှင့်လည်ပတ်နေကာ အချိန်ဖြုန်းနေသည်။
မေမေသည်သူ့အား ကိုလေးလို လွတ်လပ်ခွင့်မပေးချေ။ ဒေါ်လေးအနားတွင်ကပ်နေပြန်ရင်လည်း မကြိုက်သော အမူယာကိုပြတတ်သည်။ ဒေါ်လေးကတော့ သူ့အားမျက်ရည်လေ တစ်စမ်းစမ်းဖြင့် ချော့ရှာသည်။
“မေမေတို့က သားကိုမချစ်လို့မဟုတ်ဘူး သားပျက်စီးမှာကို အစိုးရိမ်လွန်နေကြတာပါကွယ်၊ ဒါကသားလေးကို ချစ်လို့ပေါ့ သားရယ်”
ဒေါ်လေးနှစ်သိမ့်မှု့သည် သူအား ၀မ်းနည်းမှု့ကိုမပြေပျောက်ချေ။ အိမ်တွင် ဒေါ်ကြီးမယ်ကိုလည်း အရင်လို၀ိုင်းကူလို့မရတော့၊ ကူခဲ့ရင်လည်း ဒေါ်ကြီးမယ်ကိုဆူသည်။ သူကိုလည်း ထိုရက်မျိုးဆိုရင် တစ်နေကုန်ပြောဆိုနေသည်။ ထိုကြောင့်လည်း သူစိတ်ညစ်ရပါသည်။ ဘာဖြစ်လို့သူ့အား အထင်သေးကြသနည်း။
သူဘာအမှားတွေလုပ်နေလို့လည်း ဟုတွေးမိပါသေးသည်။
သူကတော့အမှားမလုပ်၊ တစ်ခြားသော ပတ်၀န်ကျင်ကသာ သူအားအမှားလုပ်ဘို့ ပန့်ပိုးပေးနေသလား လို့တောင်သူတွေးမိပါတော့သည်။
“ဟဲ့…ဟဲ့…ဘာလုပ်တာလဲ….အဲလိုမလုပ်နဲ့လေ…တော်ကြပါတော့ အန်တီတောင်ပန်ပါတယ်”
“ဟားဟား အခြောက်ကြီး အခြောက်ကြီး”
မြင်ကွင်းက ကြည့်မလှချေ။ မိန်းမလို၀တ်စားထားသော (အစမ်း) မိတ်ကပ်နှင့်ဆံသ ဆိုင်မှအခြောက်တစ်ယောက်ကို ကလေးတွေက ၀ိုင်းစနေသော မြင်ကွင်းက ညီညီငယ်ပြန်လာသော လမ်းတွင်ဖြစ်ပျက်နေပါသည်။
မိန်းမလို၀တ်စားထားသော ထိုအခြောက်ကိုကလေးများ စနောက်နေသည်ကို ဘေးကဖြတ်သွားသော လူကြီးနှစ်ယောက်မှာ သူတို့နှင့်မဆိုင်သလို ဟာသလုပ်ကာ ရယ်သွားကြရင်ကြည့်သွားသေးသည်။
ထိုအခြောက်ကြီး ၀တ်လာသည့် စကတ်လိုလို ဖာရာဖာရာ ဖြစ်နေသည့် အစနှင့်ပုဝါကို ကလေးများက ဆွဲကာစနေပါသည်။ ကလေးများသည်လည်း ညီညီငယ်တို့လမ်းထဲတွင်နေထိုင်ကြသော မိသားစုများမှကလေးများ ဖြစ်ပါသည်။ အသက်လေးများက အလယ်တန်းကျောင်း ၅ တန်းမျှအရွယ်လေးများ ဖြစ်ကြပါသည်။ အခြောက်ကြီးမှာ ကလေးများ စနောက်သည်ကို ရှောင်နေရင်းက ဒေါက်မြင့်ဘိနပ်ချော်ကာ လဲကျသွားတော့သည်။
“ဟေ့ကောင်တွေ”
ညီညီငယ် ဟန့်လို်က်တော့ကလေး တစ်သိုက်ညီညီငယ်ကို တစ်ချက်လှမ်းကြည့်သည်။ ထိုနောက် မိမိကိုယ်ကို အန်တီလို့ပြောသော အခြောက်ကြီးနားမှ ပြေးထွက်သွားကြတော့သည်။
“ကျေးဇူးတင်ပါတယ်ကလေးရယ်”
ထိုအမျိုးသား သို့မဟုတ် အမျိုးသမီးကြီးဆီမှ ကလေးရယ်ဆိုသည့် နူည့ံသည့် အသံကြားလိုက်တော့ ညီညီငယ် စိတ်ထဲကြည်နူးသွားသည်က အမှန်ပါ။
“အ”
”ရလာ..ထလို့ရလား ဗျ”
“ခြေခေါက်သွားပြီးနဲ့တူပါတယ် အန်တီကိုတွဲပေးပါလား”
ညီညီငယ်ကူညီကာ သူတို့ဆိုင်သို့ပို့ပေးလိုက်ပါသည်။ သူတို့ဆိုင်သည် ညီညီငယ်ကလေးဘ၀ကတည်းက ဖွင့်ထားသော ဆိုင်ဖြစ်ပါသည်။ ဆိုင်တွင်းသို့ညီညီငယ် တစ်ခေါက်ရောက်ဖူးပါသည်။
ညီညီငယ်မှတ်မိပါသေးသည်။
ထိုဆိုင်သို့ရောက်အတူသွားသည်က မေမေနှင့်ဖြစ်ပါသည်။ မေမေသည် သူတို့ဆိုင်တွင် အလှပြင်တုံးကတော့ ရွင်းရွင်းေ၀အောင် ပြောဆိုနေသည်။
“အစမ်းတို့က စေတနာပါလို့လာ မသိဘူး အစမ်းတို့ဆိုင်လာပြီးရင် ဘယ်ဆိုင်မှမသွားချင်ဘူး”
“အစမ်းတို့ကတော်လိုက်တာ”
“အစမ်းတို့လက်နဲ့ကိုင်လိုက်တဲ့ခေါင်းဆိုရင်လေ မေးမနေနဲ့ အလှဆုံးပဲ”
စသည် စသည်များ ချီမွှမ်းခန်းဖွင့်ပြီးနောက် ဆိုင်ပြင်ရောက်သည်နှင့် မေမေမျက်နာ တည်သွားတော့သည်။ လမ်းမှာတွေ့ရင်တောင်မခေါ်တော့၊
“အမလေး အောက်တန်ကျလိုက်ကြတာ ဘယ်လိုဟာတွေလည်းမသိဘူး အရှက်နည်းလိုက်ကြတာ”
ထိုသု့ိသော စကားများကို ကလေးဘ၀တုံးက ကြားဖူခဲ့ပါသည်။
အစမ်းဆိုင်ထဲသို့သူ၀င်လိုက်တော့ သူ့အားအလုပ်တွေလုပ်နေကြသော ဘ၀တူနှစ်ယောက်က ပြူးကြည့်သည်။ သူနှင့်တွဲပါလာသည့် အန်တီကြီးကိုမြင်တော့မှ။
“ဟယ် တိုင်တိုင် ဘာဖြစ်လာတာလဲ”
“မကြီးစမ်းရယ် မပြောချင်တော့ပါဘူး တစ်ကယ်ပါပဲတော်………”
ညီညီငယ် တိုင်တိုင်ဆိုသည့် သူတွဲလာသူအား အံ့သြကာကြည့်မိသည်။ မပြောချင်ပါဘူးဆိုကာ ပြောပြနေသည်က ကုလားကားကြည့်နေရသလို ဇာတ်စုံခင်း၍ ဖြစ်ပျက်သမျှအလုံစုံတင်ပြပါတော့သည်။
တော်သေးသည် မပြောချင်လို့သာပင် ပြောများပြောချင်ရင်တော့ ညီညီငယ် အိမ်ပြန်ရောက်တော့မည်မဟုတ်တော့။
“ဒါနဲ့သူလေးရဲ့အကူညီနဲ့ရောက်လာတာပဲ မမစမ်းရယ်၊ ကျေးဇူးတင်ပါတယ်ကလေးရယ်”
“ဟဲ့ ညီညီငယ်မဟုတ်လာ”
“ဟုတ်..ကျနော်ကိုသိလာ”
“အမလေး ဒီရပ်ကွက်ကဘယ်သူတွေ ဘယ်ဝါတွေဆိုတာ မသိပဲနေမလား၊ ဒါနဲ့ကျောင်းပိတ်လို့ ပြန်လာတာလာ၊ စားမေးပွဲရောဖြေနိူင်လား”
“ဟုတ်”
စကားများကောင်းနေသည့်ညီညီငယ် ဆိုင်ရှေ့တွင် ခါးထောက်ကာ မျက်ထောင့်နီကြီးဖြင့် ကြည့်နေသော မေမေကို ဆိုင်ပြင်မှရပ်ကာနေသည်ကို မြင်တော့မှ ဆိုင်ရှင်နှင့် တိုင်တိုင် ဆိုသည့် တစ်ယောက်ကိုနူတ်ဆက်ကာ ဆိုင်ထဲမှထွက်လာခဲ့တော့သည်။ ဆိုင်ရှင်အစမ်းဆိုသည့် တစ်ယောက်က မေမေကို ဆိုင်ထဲခေါ်တာတောင် မေမေမ၀င်လာခဲ့ချေ။
အိမ်သို့ရောက်သည်နှင့် မေမေတစ်လမ်းလုံးထိမ်းလာသမျှကို သွန်းချလိုက်ပါတော့သည်။
“ဒီမှာ ငါမွေးထားတာ သားယောကျ်ားလေး ဘာမဟုတ်တာတွေလုပ်ဘို့စဉ်းစားနေတာလဲဟင်၊ ညီငယ် နင့်ကိုနင်မရှက်ပေမယ့် နင့်ကိုငါမွေးထားတာရှက်တယ်ဟဲ့”
“မေမေ.. သားဘာတွေလုပ်နေလို့လဲ”
“အမလေးဒီလောက်မြင်တာတောင်မှ ဘာတွေလုပ်နေလို့လဲဟုတ်လာ၊ ကြည့်စမ်း ငါ့ကိုတောင် ပြန်ပတ်နေလိုက်တာ၊ ဟိုကမြင်းကြောတွေက သင်ပေးလိုက်တာပေါ့လေ”
“မေမေရယ် ဘာမှမဆိုင်တဲ့သူတွေကိုဆွဲထည့်မနေပါနဲ့”
“တော်….နင့်ကိုမွေးထားတာ ပြန်ပြောဘို့ပြန်ပတ်ဘို့ ပညာတွေသင်ထားတာမဟုတ်ဘူး”
“သားဘာတွေဖြစ်နေလဲလို့မေမေ မေးဖေါ်ရလား၊ မေမေကသားဘာလုပ်လုပ် အကောင်းမမြင်ပါလား”
“ဟဲ့နင်ကရောအကောင်းလုပ်နေတာလား၊ ကြည့်စမ်းကြည့်စမ်း ငါကိုများပြန်ပြောနေလိုက်တာ”
မေမေ၏အော်သံများကြောင့် တစ်အိမ်သားလုံးထွက်လာကြသည်။ ကိိုကိုလေးလည်း အပြင်မှ ပြန်ရောက်နေကာ မေမေ၏ပြောဆိုသံကို တစ်စွန်းတစ ကြားလိုက်သည့်နောက်ပိုင်းတွင်တော့ ကိုကိုလေးသည် ညီညီငယ်ထံ ရောက်လာပြီး ထိုးချလိုက်တော့သည်။
ခွပ်..
“အဲ့ဒါ င့ါမိဘတွေကိုစော်ကားလို့ မှတ်ထား”
“ဟဲ့ ဟဲ့ မလုပ်ကြပါနဲ့”
ဒေါ်လေးက ပြေးလာပြီး၀င်တားသည်။ ကိုကိုလေး၏ ပထမဦးဆုံးသော လက်သီးသည် ညီညီငယ်၏ နူနယ်သော နှစ်လုံးသားကို ဖြတ်ရိုက်သည်။ မေမေ၏စကားများက ညီညီငယ်၏ ချစ်ခြင်းမေတ္တာကို ရိုက်သွားခဲ့သည်။ ညီညီငယ် ၀မ်းနည်းစွာ ဒေါ်လေးရင်ခွင်ထဲတွင်ငိုသည်။
“သေပလေ့စေ အကိုက ညီကိုဆုံးမတာ နင်၀င်မပါနဲ့ စမ်းဌေး၊ အေးငါပြောထားမယ် ဒါတွေကနင်ကစခဲ့တဲ့ အပစ်တွေပဲ ငါ့သားတွေကို ငါကတော့ ယောကျာ်းပီပီသသပဲ မြင်တွေ့ချင်တယ်၊ ဘာမဟုတ်က ဟုတ်ကတွေနဲ့ မတွေ့ချင်ဘူး၊ နင်လည်းကြပ်ကြပ်သတိထား”
ထိုညကစပြီး နေခဲ့သည့် တစ်ပတ်အတွင်းမှာ ညီညီငယ် မေမေနှင့်ကိုကိုလေး ကိုမျက်နာချင်းမဆို်င်တော့ချေ။ ညီညီငယ် စိတ်ထဲတွင်၀မ်းနညး်စွာပြောမိပါတော့သည်။
သားကိုမွေးထားတာ မေမေနောင်တရနေပြီးလာမေမေရယ်…
............ TBC....................
No comments:
Post a Comment