ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း ( အပိုင္း 3)
ၿမန္မာရြာ ပညာသင္ေက်ာင္းေလးသည္ ေတာ္ေတာ္က်ယ္၀န္းပါသည္။ အရိပ္ေကာင္းေသာ အပင္ၾကီးမ်ားကလည္း ေပၚမ်ားလွသၿဖင့္ ေက်ာင္းၾကီးမွာ ဦးယာဥ္ၾကီး ႏွင့္တူေနသည္။ ေက်ာင္း၀င္ ဂိတ္တြင္ ေဘာလုံးကြင္း ၊ အားကစားခန္းမ ၊ ဆရာၾကီးရုံးခန္း ႏွင့္ ဧည့္ေဆာင္ ကုိစတင္ထားၿပီး ေနာက္ အေဆာက္အဦးတစ္ခု စာသင္ခန္းမ်ား ရွိပါသည္။
စာသင္ခန္းၾကီးေနာက္ဘက္မွာ မွေတာင္ကုန္ ဂမုေလးမ်ားေပၚတြင္ ေက်ာင္း၏အေဆာင္မ်ားကုိ ေဆာက္လုပ္ထားသည္။ အိပ္ေဆာင္ အသီးသီးတြင္ ထမင္းစားခန္းမ်ား ထားရွိကာ ေဆာက္လုပ္ထားသည္။
အေဆာင္ႏွင့္ စာသင္ခန္းသုိ႔သြားေသာ လမ္းေလးအား ပလက္ေဖာင္းသဖြယ္ ေဆာက္လုပ္ထားၿပီး၊ ေဘးဘက္တြင္ေတာ့ အရိပ္ေကာင္းေသာ အပင္ၾကီးမ်ားေအာက္တြင္ ခုန္တန္းေလးမ်ားထားကာ ေက်ာင္းသား၊သူမ်ားအတြက္ စာၾကည့္လွ်င္ၿဖစ္ေစ၊ စကားေၿပာလွ်င္ၿဖစ္ေစ ထားရွိပါသည္။ ၿမက္ခင္းၿပင္မ်ားကုိ တမင္ၿပဳလုပ္ထားကာ စိမ္းလန္းလုိ႔ေနပါသည္။
ညီညီငယ္ကေတာ့ သူတုိ႔အၿမဲထုိင္ေနၾက ေက်ာင္း၀န္ ေထာင့္တြင္ေပါက္ေနေသာ မက်ဥ္းပင္ေအာက္တြင္ ထုိင္ေနရင္း ေလညွင္းခံကာ အေ၀းသုိ႔ေငးေနမိသည္။
ထုိအပင္ေအာက္ေရာက္တုိင္ ခုန္တန္းလ်ာတြင္ ဘယ္ေတာ့မွ မထုိင္ ၿမက္ခင္းၿပင္ေပၚမွာသာထုိင္ၾကသည္။
ဘုန္း............
ညီညီငယ္ေနာက္မွေနၿပီး ရုိက္လုိက္ေသာ ႏွင္းဆီေၾကာင့္ နည္းနည္းလန္႔သြားသည္။
“ဘာေတြစိတ္ကူးယဥ္ေနတာလဲ ငါလာတာေတာင္မသိရေအာင္”
“အဟက္....”
ႏွင္းဆီ သည္ထုိသုိ႔ပင္ မထင္မွတ္သည့္အၿပဳမူမ်ားကုိ လုပ္တတ္သည္။ ညီညီငယ္မွာ အံ့ၾသရပါသည္။ သုိ႔ေပမယ့္ ႏွင္းဆီ မွတ္ခ်က္ေပးထားသည့္ အေၾကာင္းမ်ားကလည္း သူငယ္ခ်င္းဆုိခဲ့လွ်င္ ပြင့္လင္းရမည္၊ တုိင္ပင္ရမည္၊ စိတ္ေကာက္သင့္လွ်င္ ေကာက္ရမည္။ ထုိမွသာလွ်င္ သူငယ္ခ်င္းဆုိသည့္ အရသာကုိ အၿပည့္၀ခံစားရမည္။ ႏွင္းဆီ ေၿပာခဲ့သည့္ အေၾကာင္းမ်ားက မ်ားၿပားလွပါသည္။
“နင္တစ္ေယာက္တည္းလာ တြယ္တာေရာ”
“အင္း..စာအုပ္က်န္ခဲ့လုိ႔ အေဆာင္ၿပန္ယူေနတယ္”
“ေအာ္..”
ညီညီငယ္ ခင္မင္ရေသာ သူငယ္ခ်င္းမေလး ကုိၾကည့္ေနရင္းက အမွတ္မထင္ေငးေနမိသလုိၿဖစ္ေနသည္။
ႏွင္းဆီသည္ တစ္ကယ္ေခ်ာေမာလွပပါသည္။ မ်က္နာအေနထားသည္ ၾကည့္ေကာင္းသည္။ ဘဲဥပုံေပၚေနေသာ သူမ၏အလွ သည္ႏွာတန္စင္းကေလးၿဖင့္ ၾကည့္လွပါသည္။ ႏွင္းဆီေရာင္ထေနေသာ သူမ၏ႏုတ္ခမ္းဖူးဖူးေလးက ႏွင္းဆီဆုိသည့္အမည္ႏွင့္လုိက္ဖက္ပါသည္။
ႏွင္းဆီ ညီညီငယ္ၾကည့္ေနတာကုိ သတိထားမိသြားသည္။ ႏွင္းဆီသည္ မ်က္နာတြင္ ပန္းေရာင္မ်ား အနည္းငယ္ ၿဖတ္သန္းသြားသည္။ တစ္ဘက္သုိ႔လွည့္လုိက္ကာ ၿခံေထာင့္က ပန္းရုံကုိၾကည့္လုိက္ ရင္းကညီညီငယ္ကုိ ေခၚလုိက္သည္။
“ညီညီငယ္”
“ဟင္..”
“နင္အဲလုိ စုိက္မၾကည့္နဲ႔”
“ဟမ္..ဘာၿဖစ္လုိ႔လည္း”
“နင္မ်က္လုံးေတြကလွတယ္ဟ”
ညီညီငယ္ နားရွဳပ္သြားသည္။ ႏွင္းဆီဘာကိုေၿပာေနသည္လည္းေပါ့။
“နင့္မ်က္လုံးေတြက နက္ရွဳိင္းတယ္ဟ ၿပီးေတာ့ လွတယ္”
“အဟ..ငါကနင္ကုိၾကည့္တာက ငါ့သူငယ္ခ်င္းေလး ေခ်ာကလည္းေခ်ာ စိတ္ထားကလည္းလွ ငါနဲ႔ခင္ၿဖစ္သြားတာ ငါကံေကာင္းတယ္လုိ႔ ေတြးေနတာ”
“ဟဲ့ဘာေတြ ကံေကာင္းေနတာလဲ”
ထုိအခ်ိန္ တြယ္တာေရာက္လာပါသည္။
“ကဲေၿပာစမ္းဘာေတြ ကံေကာင္းေနၾကတာလည္း”
“ႏွင္းဆီက ေခ်ာတယ္ စိတ္ထားေကာင္းတယ္ ငါတုိ႔နဲ႔ခင္ခြင့္ရတာ ကံေကာင္းတယ္လုိ႔ေၿပာတာ”
“ေအာ္ဒါမ်ား ညီငယ္ရယ္ နင္ကခုမွသိလား၊ တစ္ေက်ာင္းလုံးဒီေလာက္နာမည္ၾကီးေနတာကုိ၊ ေက်ာင္းေတြ စဖြင့္တုံး ဟုိဘက္ခန္းက ႏုိင္ႏုိင္ တုိ႔အုပ္စုက ကုိကုိေလး ဆုိတဲ့သူက အရင္ဆုံး ႏွင္းဆီကုိ ႏွင္းဆီပန္းေပးခဲ့ဖူးတယ္”
ႏွင္းဆီ လွမ္းတားလုိက္ဘုိ႔ၿပင္လုိက္ေပမယ့္ လႊတ္ေပးထားလုိက္ေတာ့သည္။ ဒါေတြကုိ ညီညီငယ္လည္း သိေစခ်င္သည္ေလ၊ ထုိေၾကာင့္ ဘာမွမေၿပာပဲ ၿငိမ္ေနလုိက္ေတာ့သည္။
“ဘယ္သူ...ကုိကုိေလး ဟုတ္လား”
“အင္းဟုတ္တယ္ဟယ္ ဟုိဘက္ခန္းက လပတ္တုံးက ၃ ေနရာမွာခ်ိတ္တဲ့ ခပ္ေခ်ာေခ်ာ၊ အယ္..ဘယ္လုိေၿပာမလည္း ခပ္သန္႔သန္႔ဟယ္ ေနတာထုိင္တာ တည္ၾကည္တယ္ဟယ္...”
“အမေလး တြယ္တာရယ္ ရွင္းၿပမေနနဲ႔ အဲဒါသူအကုိဆုိတာပဲ”
“ဟယ္ေတာ့ တကယ္..ဟင္ရုပ္ခ်င္လည္းမဆင္ဘူးေနာ္၊ အသက္ကလည္း နင္နဲ႔ရြယ္တူပုံပဲ”
“အင္း..ငါကေမြးစားသားေလ ”
“ေအာ္.... ဒါေၾကာင့္ စိမ္းေနတာကုိ၊ ေဆာ္ဒီးဟယ္ ဘာေတြေၿပာလုိ႔ ဘယ္ေတြေရာက္ကုန္မွန္လည္း မသိေတာ့ဘူး၊ ဟဲ့နင့္အကုိက နင့္ကုိအကူညီမေတာင္းဘူးလား ႏွင္းဆီနဲ႔ပက္သက္ၿပီး”
ညီညီငယ္ ေခါင္းခါၿပလုိက္သည္။ စိတ္ထဲကေတာ့ ( ငါ့အကုိကေလ သူအတြက္ေသေရးရွင္ေရး ၿဖစ္ေနတာေတာင္ ငါ့ဆီက ဘာမွ အကူညီေတာင္းမယ့္ လူစားမဟုတ္ဘူးဟာ )
ညီညီငယ္ မ်က္နာ ပ်က္သြားေတာ့ ႏွင္းဆီ စကား၀ုိင္ကုိၿပန္ထိမ္းရေတာ့သည္။
“ဟဲ့ညီညီငယ္”
“အင္း”
“နင္ ခုဏၾကည့္သလုိမ်ဳိး ဘယ္ေကာင္မေလးကုိမွ သြားမၾကည့္နဲ႔သိလား”
“ဘာၿဖစ္လုိ႔လဲ”
“အၾကည့္ခံရတဲ့ေကာင္မေလးေတြ ေၾကြေလာက္တယ္ဟ သိလာ”
“ဟင္..”
တြယ္တာ အတင္းကုန္းကြ ကာညီညီငယ္မ်က္လုံးမ်ားကုိ လုိက္ၾကည့္သည္။ ညီညီငယ္မွာ ရွက္၍ ေခါင္းကုိငံုံ့လုိက္ပါေတာ့သည္။
“ဟုတ္တယ္ နင့္မ်က္လုံးေတြကေလ ေတာ္ေတာ္လွတာပဲ တစ္ကယ္ေၿပာတာ ဟုတ္တယ္ေနာ္ တြယ္တာ”
“အင္းဟုတ္တယ္ ညီငယ္က ငါသူငယ္ခ်င္းမုိ႔လာ မသိဘူး ဒီတစ္ေက်ာင္းလုံးမွာေလ သူ႔ေလာက္ေခ်ာတာ တစ္ေယာက္မွမရွိဘူး”
“ဟာ နင္တုိ႔ႏွစ္ေယာက္ေနာ္”
“ဟယ္ ၾကည့္စမ္း ရွက္တတ္ပုံကလည္း ခ်စ္စရာေလး”
ႏွင္းဆီ တြယ္တာကုိ မ်က္စိမွိတ္ၿပကာ ညီညီငယ္ရွက္ေနသည္ကုိ ႏွစ္ေယာက္သား အသံတိတ္ တိုင္ပင္လုိက္ေတာ့သည္။
“ဟယ္ ဟုတ္ပါ့ေတာ္ ငါရင္ေတြေတာင္ခုန္လာၿပီး ၾကာရင္အသက္ရွဳက်ပ္လုိ႔ေသေတာ့မယ္”
တြယ္တာက အမူယာေကာင္းေကာင္း ပုိပုိသာသာေလ လုပ္ကာ ရင္ဘက္ကုိဖိလွ်က္ေၿပာေတာ့သည္။ထုိအခါမ်ဳိးဆိုရင္ေတာ့ တြယ္တာတုိ႔ ကလ်င္ၿပီးသာ ဘယ္လုိေၿပာဆုိစရမည္ကုိ။
“ဟာ...”
“ညီညီငယ္”
“.........”
“ညီငယ္”
“......”
“ညီညီငယ္”
“........”
“ညီငယ္”
ႏွင္းဆီ ႏွင့္ တြယ္တာ ေဘးတြင္ထုိင္လုိက္ၿပီး ညီညီငယ္ကုိ တစ္ဖက္ဆီတြန္းကာ တစ္ေယာက္တစ္ခြန္းေခၚေနေတာ့သည္။ ညီညီငယ္ မွာေတာ့ ရွက္လုိ႔ ေခါင္းၾကီးငုံ့လွ်က္။
“ညီငယ္...”
“ဘာတုံးဟာ”
“ေခါင္းၾကီးငု႔ံမေနနဲ႔”
“ေအးေလ”
ေၿပာကာမွ ပုိလုိ႔ငုံ႔သြားေတာ့သည္။
“ဟဲ့ ေခါင္းနဲ႔ေၿမၾကီးနဲ႔ေဆာင့္ေတာ့မယ္ အဲဒါေၿပာမလုိ႔တစ္ကယ္ပဲေတာ္”
“ဟာ....”
ညီညီငယ္ ရွက္ရယ္ ရယ္လုိက္ကာ ေမာ့လုိက္ပါေတာ့သည္။ သူငယ္ခ်င္းမေလး ႏွစ္ေယာက္က ညီညီငယ္ ကုိအလယ္တြင္ထားကာ တုိးလုိက္ယိမ္းလုိက္ႏွင့္ ေပ်ာ္ရႊင္လြတ္လပ္စြာ ရယ္ေမာေနၾကပါေတာ့သည္။
“နင္ဟာေလ တစ္ကယ္ပဲ”
“ဟားဟား ဟားဟား.....
သုံေယာက္သား ရယ္ေမာကာေပ်ာ္ရႊင္ေနေတာ့သည္။ ညီညီငယ္မွာ ခုလုိမ်ဳိးလြတ္လပ္စြာ မရယ္ေမာခဲ့ရသည့္ အခ်ိန္ေတြမ်ားလွၿပီး ၊ ခုေတာ့ အရင္လုိမဟုတ္ေတာ့၊ ရယ္တတ္လာၿပီး၊ ေပ်ာ္တတ္လာၿပီ ဒါေတြက သူငယ္ခ်င္း ႏွင္းဆီ၏ ေဖမကူညီေၾကာင့္မွဳ့ပဲမဟုတ္လား။
သူတို႔ဘ၀ေလးေတြက ၿဖဴစင္စြာခင္တြယ္ေနခဲ့ၿပီ၊ လြတ္လပ္စြာ ပ်ံသန္ေနၿပီ၊ ေလညွင္းတစ္ခုလုိ သန္႔ရွင္းစြာ ေ၀့၀ဲေနၾကကာ၊ ေရွ႔ဆက္မည့္ခရီး ဘ၀အတြက္ ၿပင္ဆင္ေနေတာ့သည္။
သူတုိ႔သုံးေယာက္ လြတ္လပ္ေပါ့ပါးစြာရယ္ေမာ ေနခ်ိန္မွာေတာ့ သူတုိ႔အား တစ္စုံတရာက ၾကည့္ေနသည္ကုိေတာ့ မသိပါ။ ထုိသူ၏မ်က္၀န္းထဲတြင္ နားက်င္မွဳ့ေတြ ေရာေမြ႔လွ်က္ ၾကည့္ေနသည္။ ထုိသူက ညီညီငယ္၏ အကုိ ကိုိကုိေလး၊
“ေဟ့ေကာင္ ညီညီငယ္ ”
ညီညီငယ္ အေဆာင္ကုိၿပန္လာတုိင္း အၿမဲတမ္း မိမိစာၾကည့္စားပြဲတြင္ထုိင္ကာ စာသာလုပ္ေနပါသည္။ နႏၵႏွင့္တစ္ခန္းထဲလုပ္ရေသာ္လည္း အခန္းထဲတြင္ဘယ္ေတာ့မွ စကားမေၿပာပါ။ ထုိအရာသည္ ညီညီငယ္ တမင္လုပ္ေနသည္မဟုတ္ပါ၊ ညီညီငယ္ကုိ ဒီလုိေနရန္ အရင္ပတ္၀န္က်င္က သင္ေပးထားခဲ့သည္မဟုတ္လား။
ညီညီငယ္အား ဒီေန႔ေတာ့ ထူးဆန္းစြာ စကားလာေၿပာေသာ နႏၵေၾကာင့္ အံ့ၾသေသာ မ်က္၀န္းမ်ားၿဖင့္ ၾကည့္ေနမိသည္။ နဳတ္ကေတာ့ ၿပန္လည္မထူးမိ။
“မင္းနဲ႔ႏွင္းဆီက ဘာေတြလဲ...
“ဘာကုိေမးခ်င္တာလည္း”
“မင္းနဲ႔ႏွင္းဆီ ဒီေန႔ဖက္ၿပီးရယ္ေနၾကတယ္ဆုိ”
“ဘယ္လုိ”
ညီညီငယ္ နည္းနည္းေတာ့ ေၾကာင္သြားသည္။ သူဒီေန႔သူငယ္ခ်င္းမေလး ႏွစ္ေယာက္ၾကားထုိင္ရင္ ေပ်ာ္ရႊင္စြာရယ္ခဲ့ၾကပါသည္။ သူႏွင့္ႏွင္းဆီ ႏွစ္ေယာက္တည္းမဟုတ္ပါ။ တြယ္တာလည္းပါသည္။ ခုေတာ့ တြယ္တာကေပ်ာက္ေနသည့္ သတင္းကုိ လာေမးသည့္ နႏၵကုိ စိတ္ပ်က္စြာၾကည့္ေနရင္က တဘက္သုိ႔ၿပန္လွည့္လုိက္ေတာ့သည္။
“ေဟ့ေကာင္ငါေမးေနတယ္ေလ”
“နႏၵ မင္းေအးေဆးေန ငါကုိလာမေႏွာင့္ယွက္နဲ႔ ငါစာက်က္ေနတယ္”
“ငါေမးတာသာ ေၿဖစမ္းပါ ဟုတ္တယ္မဟုတ္ဘူးေပါ့”
“မင္းဒီေလာက္သိခ်င္ေနရင္ ႏွင္းဆီကုိသြားေမးပါလာ၊ ငါ့ကုိလာေမးမေနနဲ႔”
“ေတာက္”
ညီညီငယ္ ေၿပာေၿပာဆုိဆုိ ေရလည္ပုဆုိး ႏွင့္မ်က္နာသုတ္ပ၀ါကုိယူကာ ထထြက္ခဲ့ပါေတာ့သည္။ နႏၵ၏အလုိမက်ေသာ တက္ေခါက္သံက ေနာက္တြင္က်န္ခဲ့ေတာ့သည္။
ညီညီငယ္အေနၿဖင့္ ထုိအေၾကာင္းရာမ်ားကုိ စိတ္ပ်က္စြာ ေခါင္းထဲမွ ထုတ္ပစ္လုိက္သည္။ ထုိေနာက္ ေရခ်ဳိးခန္းသုိ႔ ၀င္လုိက္ပါေတာ့သည္။ ေရခ်ဳိးခန္းၾကီးသည္ ေဟာခန္းၾကီးသဖြယ္ၿပဳလုပ္ထားကာ ေရကန္ၾကီး ႏွစ္ခုၿဖင့္ ၿပဳလုပ္ထားသည္။ ေရကန္ထဲမွ ေရမ်ားကုိ ဖလားၿဖင့္ခပ္ကာ ေရကုိေခါင္းကေနေလာင္ခ်ဳိးလုိက္ေတာ့သည္။ ညီညီငယ္ အၿမဲတမ္း ေရခ်ဳိးလွ်င္ ညပုိင္း ၉နာရီ ႏွင့္ မနက္ေစာေစာ ထကာခ်ဳိးပါသည္။ ဒါကလည္း သင္ကြဲတုိ႔ရဲ့ထုံးစံမဟုတ္လာ။
ေခ်ာက္………..
“ဟင္…”
မီးသည္ပ်က္သြားကာ ေဟာခန္းတစ္ခုလုံးေမွာင္က်သြားသည္။ ညီညီငယ္ အရင္ကဒါမ်ဳိးတစ္ခါမွ မၾကဳံဖူပါ။ ဘာၿဖစ္တာလဲ ဟု ေတြးရင္ေရခ်ဳိးတာကို ရပ္လုိက္ပါေတာ့သည္။
ေရပုိက္မွ ေရစက္မ်ားက်ေနေသာ တစ္ေဖ်ာက္ေဖ်ာက္အသံမွလြဲ၍ တစ္ခန္းလုံးတိတ္ဆိတ္ေနသည္။ ညီညီငယ္၏အားနည္းခ်က္ဟု ေၿပာရမည္ အေမွာင္ဆုိအလြန္ေၾကာက္တတ္ေသာ ညီညီငယ္ဒူးမ်ားပင္ မခုိင္ေတာ့၊ တုန္လာပါေတာ့သည္။
အခ်ိန္သည္နာရီ၀က္နီးပါး ဘာမွမထူးၿခားလာေတာ့ ေနရာမွေရြ႔ရန္ၿပင္လုိက္ခ်ိန္မွာေတာ့ ညီညီငယ္၏လက္ကုိ တစ္စုံတစ္ရာ လာကုိင္တာကုိ သိလုိက္ခ်ိန္မွာေတာ့…
“အား…..
ညီညီငယ္သည္ ငယ္သံပါေအာင္ေအာ္ရင္က လန္႔ၿဖတ္ကာ ထုိင္ခ်လုိက္ပါေတာ့သည္။ မ်က္နာကုိလည္း လက္၀ါးၿဖင့္အုပ္ကာ ဘယ္မွမၾကည့္ရဲေတာ့ေခ်။
ကုိင္ထားသည့္လက္မွ လႊတ္လုိက္သည္ကုိ သိလုိက္ၿပီး၊ အေ၀းသုိ႔ထြက္သြားေသာ ေၿခသံကုိၾကားလုိက္ပါေတာ့သည္။ ထုိေနာက္မွေတာ့ မီးၿပန္လာပါေတာ့သည္။ မီးလာေတာ့ အခန္းထဲေ၀့၀ဲၾကည့္လုိက္ေတာ့ မည္သူမွရွိမေနေခ်။ ညီညီငယ္ မိမိအခန္းရွိရာသုိ႔ေရဆုိအ၀တ္မ်ားပင္ မလဲႏုိင္ေတာ့ပဲ ေၿပး၀င္ခဲ့ပါေတာ့သည္။
အခန္းထဲေရာက္ေတာ့ နႏၵကုိၾကည့္လုိက္ေတာ့၊ နႏၵက စာၾကည့္ေနရာမွ သူအေလာတၾကီး၀င္လာသည္ကုိ ေတြ႔လုိက္သၿဖင့္ မ်က္ေမွာင္ကုတ္ကာ ၾကည့္ေနသည္။
“ဘာၿဖစ္လာတာလဲ”
“ဘာမွမၿဖစ္ဘူး”
ညီညီငယ္ အ၀တ္မ်ားကုိ အၿမန္လဲလုိက္ၿပီး နႏၵကုိ သိပ္မသကာၤစြာ ၿဖင့္လွည့္ၾကည့္လုိက္သည္။
“မင္းခုဏတုံးက ငါေရခ်ဳိးေနတုံး မင္းလာေသးလာ”
“ၾကံ ႀကီးစည္းရာ မင္းဆီငါကဘာလာလုပ္ရမွာလည္း မင္းရွိေနရင္ေတာင္ မသြားဘူး”
ညီညီငယ္ နႏၵကုိၾကည့္ေနရင္က မေသးၿခားေသာ စြပ္ဆြဲခ်က္ကုိ အလုိမက်ပဲ ေၿဖသိမ့္လုိက္ရသည္။
“ေနစမ္းပါအုံး မင္းဆီငါကလာရေအာင္ မင္းကုိငါကမ်ား စိတ္၀င္စားေနတယ္ မ်ားမွတ္လုိ႔လာ ေ၀းေသး”
“မဟုတ္ပါဘူး ေမးၾကည့္ရုံသက္သက္ပါ ထားပါေတာ့ မင္းမလာဘူးဆုိလဲ”
နႏၵကုိသူဘာမွ မေၿပာေတာ့ပဲ စာၾကည့္စားပြဲတြင္ထုိင္လုိက္ကာ စာၾကည့္ေနပါေတာ့သည္။ စိတ္ထဲမွာေတာ့ နႏၵကုိေတာ့ မသကာၤမၿဖစ္ေတာ့၊ သူၿပန္လာသည့္အခ်ိန္သည္ နႏၵမွာ စက်က္ေကာင္းေနသည့္ အခ်ိန္ၿဖစ္ပါသည္။ အမူယာပ်က္ရြင္းေနသည့္ အေနထားလည္း မေတြ႔ရေသာေၾကာင့္ ၿဖစ္ပါသည္။
ထုိသုိ႔ဆုိလွ်င္ ေရခ်ဳိးခန္းတြင္ လက္လာကုိင္ေသာ သူသည္ မည္သူနည္း………………
.......... TBC.......................
written by Jinjar
...
Unicode
ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း 3)
မြန်မာရွာ ပညာသင်ကျောင်းလေးသည် တော်တော်ကျယ်၀န်းပါသည်။ အရိပ်ကောင်းသော အပင်ကြီးများကလည်း ပေါ်များလှသဖြင့် ကျောင်းကြီးမှာ ဦးယာဉ်ကြီး နှင့်တူနေသည်။ ကျောင်း၀င် ဂိတ်တွင် ဘောလုံးကွင်း ၊ အားကစားခန်းမ ၊ ဆရာကြီးရုံးခန်း နှင့် ဧည့်ဆောင် ကိုစတင်ထားပြီး နောက် အဆောက်အဦးတစ်ခု စာသင်ခန်းများ ရှိပါသည်။
စာသင်ခန်းကြီးနောက်ဘက်မှာ မှတောင်ကုန် ဂမုလေးများပေါ်တွင် ကျောင်း၏အဆောင်များကို ဆောက်လုပ်ထားသည်။ အိပ်ဆောင် အသီးသီးတွင် ထမင်းစားခန်းများ ထားရှိကာ ဆောက်လုပ်ထားသည်။
အဆောင်နှင့် စာသင်ခန်းသို့သွားသော လမ်းလေးအား ပလက်ဖောင်းသဖွယ် ဆောက်လုပ်ထားပြီး၊ ဘေးဘက်တွင်တော့ အရိပ်ကောင်းသော အပင်ကြီးများအောက်တွင် ခုန်တန်းလေးများထားကာ ကျောင်းသား၊သူများအတွက် စာကြည့်လျှင်ဖြစ်စေ၊ စကားပြောလျှင်ဖြစ်စေ ထားရှိပါသည်။ မြက်ခင်းပြင်များကို တမင်ပြုလုပ်ထားကာ စိမ်းလန်းလို့နေပါသည်။
ညီညီငယ်ကတော့ သူတို့အမြဲထိုင်နေကြ ကျောင်း၀န် ထောင့်တွင်ပေါက်နေသော မကျဉ်းပင်အောက်တွင် ထိုင်နေရင်း လေညှင်းခံကာ အေ၀းသို့ငေးနေမိသည်။
ထိုအပင်အောက်ရောက်တိုင် ခုန်တန်းလျာတွင် ဘယ်တော့မှ မထိုင် မြက်ခင်းပြင်ပေါ်မှာသာထိုင်ကြသည်။
ဘုန်း............
ညီညီငယ်နောက်မှနေပြီး ရိုက်လိုက်သော နှင်းဆီကြောင့် နည်းနည်းလန့်သွားသည်။
“ဘာတွေစိတ်ကူးယဉ်နေတာလဲ ငါလာတာတောင်မသိရအောင်”
“အဟက်....”
နှင်းဆီ သည်ထိုသို့ပင် မထင်မှတ်သည့်အပြုမူများကို လုပ်တတ်သည်။ ညီညီငယ်မှာ အံ့သြရပါသည်။ သို့ပေမယ့် နှင်းဆီ မှတ်ချက်ပေးထားသည့် အကြောင်းများကလည်း သူငယ်ချင်းဆိုခဲ့လျှင် ပွင့်လင်းရမည်၊ တိုင်ပင်ရမည်၊ စိတ်ကောက်သင့်လျှင် ကောက်ရမည်။ ထိုမှသာလျှင် သူငယ်ချင်းဆိုသည့် အရသာကို အပြည့်၀ခံစားရမည်။ နှင်းဆီ ပြောခဲ့သည့် အကြောင်းများက များပြားလှပါသည်။
“နင်တစ်ယောက်တည်းလာ တွယ်တာရော”
“အင်း..စာအုပ်ကျန်ခဲ့လို့ အဆောင်ပြန်ယူနေတယ်”
“အော်..”
ညီညီငယ် ခင်မင်ရသော သူငယ်ချင်းမလေး ကိုကြည့်နေရင်းက အမှတ်မထင်ငေးနေမိသလိုဖြစ်နေသည်။
နှင်းဆီသည် တစ်ကယ်ချောမောလှပပါသည်။ မျက်နာအနေထားသည် ကြည့်ကောင်းသည်။ ဘဲဥပုံပေါ်နေသော သူမ၏အလှ သည်နှာတန်စင်းကလေးဖြင့် ကြည့်လှပါသည်။ နှင်းဆီရောင်ထနေသော သူမ၏နုတ်ခမ်းဖူးဖူးလေးက နှင်းဆီဆိုသည့်အမည်နှင့်လိုက်ဖက်ပါသည်။
နှင်းဆီ ညီညီငယ်ကြည့်နေတာကို သတိထားမိသွားသည်။ နှင်းဆီသည် မျက်နာတွင် ပန်းရောင်များ အနည်းငယ် ဖြတ်သန်းသွားသည်။ တစ်ဘက်သို့လှည့်လိုက်ကာ ခြံထောင့်က ပန်းရုံကိုကြည့်လိုက် ရင်းကညီညီငယ်ကို ခေါ်လိုက်သည်။
“ညီညီငယ်”
“ဟင်..”
“နင်အဲလို စိုက်မကြည့်နဲ့”
“ဟမ်..ဘာဖြစ်လို့လည်း”
“နင်မျက်လုံးတွေကလှတယ်ဟ”
ညီညီငယ် နားရှုပ်သွားသည်။ နှင်းဆီဘာကိုပြောနေသည်လည်းပေါ့။
“နင့်မျက်လုံးတွေက နက်ရှိုင်းတယ်ဟ ပြီးတော့ လှတယ်”
“အဟ..ငါကနင်ကိုကြည့်တာက ငါ့သူငယ်ချင်းလေး ချောကလည်းချော စိတ်ထားကလည်းလှ ငါနဲ့ခင်ဖြစ်သွားတာ ငါကံကောင်းတယ်လို့ တွေးနေတာ”
“ဟဲ့ဘာတွေ ကံကောင်းနေတာလဲ”
ထိုအချိန် တွယ်တာရောက်လာပါသည်။
“ကဲပြောစမ်းဘာတွေ ကံကောင်းနေကြတာလည်း”
“နှင်းဆီက ချောတယ် စိတ်ထားကောင်းတယ် ငါတို့နဲ့ခင်ခွင့်ရတာ ကံကောင်းတယ်လို့ပြောတာ”
“အော်ဒါများ ညီငယ်ရယ် နင်ကခုမှသိလား၊ တစ်ကျောင်းလုံးဒီလောက်နာမည်ကြီးနေတာကို၊ ကျောင်းတွေ စဖွင့်တုံး ဟိုဘက်ခန်းက နိုင်နိုင် တို့အုပ်စုက ကိုကိုလေး ဆိုတဲ့သူက အရင်ဆုံး နှင်းဆီကို နှင်းဆီပန်းပေးခဲ့ဖူးတယ်”
နှင်းဆီ လှမ်းတားလိုက်ဘို့ပြင်လိုက်ပေမယ့် လွှတ်ပေးထားလိုက်တော့သည်။ ဒါတွေကို ညီညီငယ်လည်း သိစေချင်သည်လေ၊ ထိုကြောင့် ဘာမှမပြောပဲ ငြိမ်နေလိုက်တော့သည်။
“ဘယ်သူ...ကိုကိုလေး ဟုတ်လား”
“အင်းဟုတ်တယ်ဟယ် ဟိုဘက်ခန်းက လပတ်တုံးက ၃ နေရာမှာချိတ်တဲ့ ခပ်ချောချော၊ အယ်..ဘယ်လိုပြောမလည်း ခပ်သန့်သန့်ဟယ် နေတာထိုင်တာ တည်ကြည်တယ်ဟယ်...”
“အမလေး တွယ်တာရယ် ရှင်းပြမနေနဲ့ အဲဒါသူအကိုဆိုတာပဲ”
“ဟယ်တော့ တကယ်..ဟင်ရုပ်ချင်လည်းမဆင်ဘူးနော်၊ အသက်ကလည်း နင်နဲ့ရွယ်တူပုံပဲ”
“အင်း..ငါကမွေးစားသားလေ ”
“အော်.... ဒါကြောင့် စိမ်းနေတာကို၊ ဆော်ဒီးဟယ် ဘာတွေပြောလို့ ဘယ်တွေရောက်ကုန်မှန်လည်း မသိတော့ဘူး၊ ဟဲ့နင့်အကိုက နင့်ကိုအကူညီမတောင်းဘူးလား နှင်းဆီနဲ့ပက်သက်ပြီး”
ညီညီငယ် ခေါင်းခါပြလိုက်သည်။ စိတ်ထဲကတော့ ( ငါ့အကိုကလေ သူအတွက်သေရေးရှင်ရေး ဖြစ်နေတာတောင် ငါ့ဆီက ဘာမှ အကူညီတောင်းမယ့် လူစားမဟုတ်ဘူးဟာ )
ညီညီငယ် မျက်နာ ပျက်သွားတော့ နှင်းဆီ စကား၀ိုင်ကိုပြန်ထိမ်းရတော့သည်။
“ဟဲ့ညီညီငယ်”
“အင်း”
“နင် ခုဏကြည့်သလိုမျိုး ဘယ်ကောင်မလေးကိုမှ သွားမကြည့်နဲ့သိလား”
“ဘာဖြစ်လို့လဲ”
“အကြည့်ခံရတဲ့ကောင်မလေးတွေ ကြွေလောက်တယ်ဟ သိလာ”
“ဟင်..”
တွယ်တာ အတင်းကုန်းကွ ကာညီညီငယ်မျက်လုံးများကို လိုက်ကြည့်သည်။ ညီညီငယ်မှာ ရှက်၍ ခေါင်းကိုငုံံ့လိုက်ပါတော့သည်။
“ဟုတ်တယ် နင့်မျက်လုံးတွေကလေ တော်တော်လှတာပဲ တစ်ကယ်ပြောတာ ဟုတ်တယ်နော် တွယ်တာ”
“အင်းဟုတ်တယ် ညီငယ်က ငါသူငယ်ချင်းမို့လာ မသိဘူး ဒီတစ်ကျောင်းလုံးမှာလေ သူ့လောက်ချောတာ တစ်ယောက်မှမရှိဘူး”
“ဟာ နင်တို့နှစ်ယောက်နော်”
“ဟယ် ကြည့်စမ်း ရှက်တတ်ပုံကလည်း ချစ်စရာလေး”
နှင်းဆီ တွယ်တာကို မျက်စိမှိတ်ပြကာ ညီညီငယ်ရှက်နေသည်ကို နှစ်ယောက်သား အသံတိတ် တိုင်ပင်လိုက်တော့သည်။
“ဟယ် ဟုတ်ပါ့တော် ငါရင်တွေတောင်ခုန်လာပြီး ကြာရင်အသက်ရှုကျပ်လို့သေတော့မယ်”
တွယ်တာက အမူယာကောင်းကောင်း ပိုပိုသာသာလေ လုပ်ကာ ရင်ဘက်ကိုဖိလျှက်ပြောတော့သည်။ထိုအခါမျိုးဆိုရင်တော့ တွယ်တာတို့ ကလျင်ပြီးသာ ဘယ်လိုပြောဆိုစရမည်ကို။
“ဟာ...”
“ညီညီငယ်”
“.........”
“ညီငယ်”
“......”
“ညီညီငယ်”
“........”
“ညီငယ်”
နှင်းဆီ နှင့် တွယ်တာ ဘေးတွင်ထိုင်လိုက်ပြီး ညီညီငယ်ကို တစ်ဖက်ဆီတွန်းကာ တစ်ယောက်တစ်ခွန်းခေါ်နေတော့သည်။ ညီညီငယ် မှာတော့ ရှက်လို့ ခေါင်းကြီးငုံ့လျှက်။
“ညီငယ်...”
“ဘာတုံးဟာ”
“ခေါင်းကြီးငု့ံမနေနဲ့”
“အေးလေ”
ပြောကာမှ ပိုလို့ငုံ့သွားတော့သည်။
“ဟဲ့ ခေါင်းနဲ့မြေကြီးနဲ့ဆောင့်တော့မယ် အဲဒါပြောမလို့တစ်ကယ်ပဲတော်”
“ဟာ....”
ညီညီငယ် ရှက်ရယ် ရယ်လိုက်ကာ မော့လိုက်ပါတော့သည်။ သူငယ်ချင်းမလေး နှစ်ယောက်က ညီညီငယ် ကိုအလယ်တွင်ထားကာ တိုးလိုက်ယိမ်းလိုက်နှင့် ပျော်ရွှင်လွတ်လပ်စွာ ရယ်မောနေကြပါတော့သည်။
“နင်ဟာလေ တစ်ကယ်ပဲ”
“ဟားဟား ဟားဟား.....
သုံယောက်သား ရယ်မောကာပျော်ရွှင်နေတော့သည်။ ညီညီငယ်မှာ ခုလိုမျိုးလွတ်လပ်စွာ မရယ်မောခဲ့ရသည့် အချိန်တွေများလှပြီး ၊ ခုတော့ အရင်လိုမဟုတ်တော့၊ ရယ်တတ်လာပြီး၊ ပျော်တတ်လာပြီ ဒါတွေက သူငယ်ချင်း နှင်းဆီ၏ ဖေမကူညီကြောင့်မှု့ပဲမဟုတ်လား။
သူတို့ဘ၀လေးတွေက ဖြူစင်စွာခင်တွယ်နေခဲ့ပြီ၊ လွတ်လပ်စွာ ပျံသန်နေပြီ၊ လေညှင်းတစ်ခုလို သန့်ရှင်းစွာ ေ၀့၀ဲနေကြကာ၊ ရှေ့ဆက်မည့်ခရီး ဘ၀အတွက် ပြင်ဆင်နေတော့သည်။
သူတို့သုံးယောက် လွတ်လပ်ပေါ့ပါးစွာရယ်မော နေချိန်မှာတော့ သူတို့အား တစ်စုံတရာက ကြည့်နေသည်ကိုတော့ မသိပါ။ ထိုသူ၏မျက်၀န်းထဲတွင် နားကျင်မှု့တွေ ရောမွေ့လျှက် ကြည့်နေသည်။ ထိုသူက ညီညီငယ်၏ အကို ကိိုကိုလေး၊
“ဟေ့ကောင် ညီညီငယ် ”
ညီညီငယ် အဆောင်ကိုပြန်လာတိုင်း အမြဲတမ်း မိမိစာကြည့်စားပွဲတွင်ထိုင်ကာ စာသာလုပ်နေပါသည်။ နန္ဒနှင့်တစ်ခန်းထဲလုပ်ရသော်လည်း အခန်းထဲတွင်ဘယ်တော့မှ စကားမပြောပါ။ ထိုအရာသည် ညီညီငယ် တမင်လုပ်နေသည်မဟုတ်ပါ၊ ညီညီငယ်ကို ဒီလိုနေရန် အရင်ပတ်၀န်ကျင်က သင်ပေးထားခဲ့သည်မဟုတ်လား။
ညီညီငယ်အား ဒီနေ့တော့ ထူးဆန်းစွာ စကားလာပြောသော နန္ဒကြောင့် အံ့သြသော မျက်၀န်းများဖြင့် ကြည့်နေမိသည်။ နုတ်ကတော့ ပြန်လည်မထူးမိ။
“မင်းနဲ့နှင်းဆီက ဘာတွေလဲ...
“ဘာကိုမေးချင်တာလည်း”
“မင်းနဲ့နှင်းဆီ ဒီနေ့ဖက်ပြီးရယ်နေကြတယ်ဆို”
“ဘယ်လို”
ညီညီငယ် နည်းနည်းတော့ ကြောင်သွားသည်။ သူဒီနေ့သူငယ်ချင်းမလေး နှစ်ယောက်ကြားထိုင်ရင် ပျော်ရွှင်စွာရယ်ခဲ့ကြပါသည်။ သူနှင့်နှင်းဆီ နှစ်ယောက်တည်းမဟုတ်ပါ။ တွယ်တာလည်းပါသည်။ ခုတော့ တွယ်တာကပျောက်နေသည့် သတင်းကို လာမေးသည့် နန္ဒကို စိတ်ပျက်စွာကြည့်နေရင်က တဘက်သို့ပြန်လှည့်လိုက်တော့သည်။
“ဟေ့ကောင်ငါမေးနေတယ်လေ”
“နန္ဒ မင်းအေးဆေးနေ ငါကိုလာမနှောင့်ယှက်နဲ့ ငါစာကျက်နေတယ်”
“ငါမေးတာသာ ဖြေစမ်းပါ ဟုတ်တယ်မဟုတ်ဘူးပေါ့”
“မင်းဒီလောက်သိချင်နေရင် နှင်းဆီကိုသွားမေးပါလာ၊ ငါ့ကိုလာမေးမနေနဲ့”
“တောက်”
ညီညီငယ် ပြောပြောဆိုဆို ရေလည်ပုဆိုး နှင့်မျက်နာသုတ်ပဝါကိုယူကာ ထထွက်ခဲ့ပါတော့သည်။ နန္ဒ၏အလိုမကျသော တက်ခေါက်သံက နောက်တွင်ကျန်ခဲ့တော့သည်။
ညီညီငယ်အနေဖြင့် ထိုအကြောင်းရာများကို စိတ်ပျက်စွာ ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။ ထိုနောက် ရေချိုးခန်းသို့ ၀င်လိုက်ပါတော့သည်။ ရေချိုးခန်းကြီးသည် ဟောခန်းကြီးသဖွယ်ပြုလုပ်ထားကာ ရေကန်ကြီး နှစ်ခုဖြင့် ပြုလုပ်ထားသည်။ ရေကန်ထဲမှ ရေများကို ဖလားဖြင့်ခပ်ကာ ရေကိုခေါင်းကနေလောင်ချိုးလိုက်တော့သည်။ ညီညီငယ် အမြဲတမ်း ရေချိုးလျှင် ညပိုင်း ၉နာရီ နှင့် မနက်စောစော ထကာချိုးပါသည်။ ဒါကလည်း သင်ကွဲတို့ရဲ့ထုံးစံမဟုတ်လာ။
ချောက်………..
“ဟင်…”
မီးသည်ပျက်သွားကာ ဟောခန်းတစ်ခုလုံးမှောင်ကျသွားသည်။ ညီညီငယ် အရင်ကဒါမျိုးတစ်ခါမှ မကြုံဖူပါ။ ဘာဖြစ်တာလဲ ဟု တွေးရင်ရေချိုးတာကို ရပ်လိုက်ပါတော့သည်။
ရေပိုက်မှ ရေစက်များကျနေသော တစ်ဖျောက်ဖျောက်အသံမှလွဲ၍ တစ်ခန်းလုံးတိတ်ဆိတ်နေသည်။ ညီညီငယ်၏အားနည်းချက်ဟု ပြောရမည် အမှောင်ဆိုအလွန်ကြောက်တတ်သော ညီညီငယ်ဒူးများပင် မခိုင်တော့၊ တုန်လာပါတော့သည်။
အချိန်သည်နာရီ၀က်နီးပါး ဘာမှမထူးခြားလာတော့ နေရာမှရွေ့ရန်ပြင်လိုက်ချိန်မှာတော့ ညီညီငယ်၏လက်ကို တစ်စုံတစ်ရာ လာကိုင်တာကို သိလိုက်ချိန်မှာတော့…
“အား…..
ညီညီငယ်သည် ငယ်သံပါအောင်အော်ရင်က လန့်ဖြတ်ကာ ထိုင်ချလိုက်ပါတော့သည်။ မျက်နာကိုလည်း လက်ဝါးဖြင့်အုပ်ကာ ဘယ်မှမကြည့်ရဲတော့ချေ။
ကိုင်ထားသည့်လက်မှ လွှတ်လိုက်သည်ကို သိလိုက်ပြီး၊ အေ၀းသို့ထွက်သွားသော ခြေသံကိုကြားလိုက်ပါတော့သည်။ ထိုနောက်မှတော့ မီးပြန်လာပါတော့သည်။ မီးလာတော့ အခန်းထဲေ၀့၀ဲကြည့်လိုက်တော့ မည်သူမှရှိမနေချေ။ ညီညီငယ် မိမိအခန်းရှိရာသို့ရေဆိုအ၀တ်များပင် မလဲနိုင်တော့ပဲ ပြေး၀င်ခဲ့ပါတော့သည်။
အခန်းထဲရောက်တော့ နန္ဒကိုကြည့်လိုက်တော့၊ နန္ဒက စာကြည့်နေရာမှ သူအလောတကြီး၀င်လာသည်ကို တွေ့လိုက်သဖြင့် မျက်မှောင်ကုတ်ကာ ကြည့်နေသည်။
“ဘာဖြစ်လာတာလဲ”
“ဘာမှမဖြစ်ဘူး”
ညီညီငယ် အ၀တ်များကို အမြန်လဲလိုက်ပြီး နန္ဒကို သိပ်မသကာၤစွာ ဖြင့်လှည့်ကြည့်လိုက်သည်။
“မင်းခုဏတုံးက ငါရေချိုးနေတုံး မင်းလာသေးလာ”
“ကြံ ကြီးစည်းရာ မင်းဆီငါကဘာလာလုပ်ရမှာလည်း မင်းရှိနေရင်တောင် မသွားဘူး”
ညီညီငယ် နန္ဒကိုကြည့်နေရင်က မသေးခြားသော စွပ်ဆွဲချက်ကို အလိုမကျပဲ ဖြေသိမ့်လိုက်ရသည်။
“နေစမ်းပါအုံး မင်းဆီငါကလာရအောင် မင်းကိုငါကများ စိတ်၀င်စားနေတယ် များမှတ်လို့လာ ေ၀းသေး”
“မဟုတ်ပါဘူး မေးကြည့်ရုံသက်သက်ပါ ထားပါတော့ မင်းမလာဘူးဆိုလဲ”
နန္ဒကိုသူဘာမှ မပြောတော့ပဲ စာကြည့်စားပွဲတွင်ထိုင်လိုက်ကာ စာကြည့်နေပါတော့သည်။ စိတ်ထဲမှာတော့ နန္ဒကိုတော့ မသကာၤမဖြစ်တော့၊ သူပြန်လာသည့်အချိန်သည် နန္ဒမှာ စကျက်ကောင်းနေသည့် အချိန်ဖြစ်ပါသည်။ အမူယာပျက်ရွင်းနေသည့် အနေထားလည်း မတွေ့ရသောကြောင့် ဖြစ်ပါသည်။
ထိုသို့ဆိုလျှင် ရေချိုးခန်းတွင် လက်လာကိုင်သော သူသည် မည်သူနည်း………………
.......... TBC.......................
written by Jinjar
No comments:
Post a Comment