က်နော်၏ ကိုယ္ပိုင် စာမ်က်နွာလေးမျွကိုဆိုပါတယ္ခင္ဗ်ာ။လာရောက္လည် ပတ်သူမ်ား ကေ်းဇူးတင္ပါတယ္ခင္ဗ်ာ။ ရွင္လြမ်းခ်မ်ျးေမ့ပါစေ။
Wednesday, January 17, 2018
မင်းက အချေပါကွာ
အဝေးဆုံးကို ပြေးထွက်သွားဖို့လည်း
အားမရှိခဲ့ပါဘူး
အနီးဆုံးမှ နေဖို့လည်း
အားမရှိခဲ့ပါဘူး
မင်းမျက်နှာကိုလေးကို အဝေးကသာ
ငါငေးလို့ ကြည်နူးနေပါရစေကွာ
ိငါနဲ့မင်း ဆုံဖို့ ကံပါမလာဘူးဘဲ
ထားပါလေ...
ဖြစ်နိုင်ရင် ငါချစ်တဲ့သူက မင်းဖြစ်နေပြီး
မင်းချစ်တဲ့သူက ငါဖြစ်စေချင်မိတယ်
မင်းနဲ့ မှတ်မှတ်ရရ ဆုံမိပြီးမျက်မှန်းတန်းမိ
တာက ငါးခါတောင်မရှိခဲ့ပါဘူးကွာ
မင်းနဲ့ဆုံတုန်းခဏ ငါနှလုံးသား
လှုပ်ရှားသွားတာ သိရှိလိုက်ရပါတယ်
မင်းရဲ့ ထူးခြားလွန်းတဲ့
မျက်လုံးကြောင့် ငါမင်းကို သတိထားမိခဲ့တာပါကွာ
မင်းရဲ့ မျက်နှာပုံစံက
ငါတစ်သက်မေ့လိုမရပါဘူးကွာ
ဖြစ်နိုင်ရင် မင်းကို ငါရင်ခွင်ထဲမှ
ထွေးပွေ့လို့ထားချင်မိတယ်
မင်းရဲ့ မထီမဲ့မင့် မျက်နှာလေးကို
ချစ်ခဲ့မိတာပါ
မင်းရဲ့ ဟန်ပန်မူရာလေးတွေကို
ငါနှလုံးသားကို လှုပ်ခပ်စေခဲ့တာပါ
တစ်ခါတစ်လေ မင်းနဲ့တူတူ စကားတွေ
ပြောချင်မိတယ်
ငါကြောက်ရွံ့မိတယ် ခလေးရာ
မင်း အဆင်ပြေပါစေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment