Free Bitcoin

BitMiner - free and simple next generation Bitcoin mining software

Friday, June 15, 2018

ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း (အပိုင္း 10)

ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း (အပိုင္း 10)

“မင္းရူးေနလား ေအာင္ေအာင္ မင္းကေအာင္ေအာင္ေကာ ဟုတ္ရဲ့လားကြ”

“ဟုတ္တယ္ ငါရူးေနတယ္ ငါအေၿခာက္ပဲ ေအးအဲဒီေတာ့ မင္းငါ့ကုိေပါင္းခ်င္ေပါင္း မေပါင္းခ်င္ေန၊ ငါဂရုမစိုက္ဘူး၊ ငါသိတာက ငါညီညီငယ္ကုိ ေစာင့္ေရွာက္မယ္ ဒါပဲ”

“ေဟ့ေကာင္ မင္းလက္လြတ္စပါယ္မေၿပာနဲ႔ ညီညီငယ္ကုိ ဒုကၡေရာက္ေအာင္ လူ႔အသုိင္း၀ုိင္းနဲ႔ ေ၀းေအာင္ မင္းလုပ္ေနတာလား”

“မဟုတ္ဘူးကြ ေဖးမေနတာ ဒါေတြမင္းလုိေကာင္မ်ဳိးသိမွာမဟုတ္ဘူး”

နႏၵစိတ္တြင္ တင္းၾကပ္သြားေတာ့သည္။ ဘာေတြခံစားေနသည္ကုိ နႏၵနားမလည္ပါ။ သုိ႔ေပမယ့္ ညီညီငယ္ကုိေတာ့ ဒီေကာင္ကုိမေပးႏွုိင္ဘူး။

“ဟားဟား….ငါသိၿပီး မင္းက ညီညီငယ္နဲ႔ ငါတစ္ခုခုၿဖစ္မွာဆုိးလုိ႔ မင္းဒီလုိလုပ္ဇာတ္ခင္းလုိက္တာကုိ”

“ဘာလုပ္ဇာတ္လဲ”

“ေအာင္ေအာင္ရာ မင္းငယ္ပါေသးတယ္ မင္းလုပ္လုိက္တာက မင္းငါနဲ႔ ညီညီငယ္ကုိ တစ္ခုခုၿဖစ္မွာေၾကာက္ေနတယ္ ဒါေၾကာင့္ ငါနဲ့ညီညီငယ္ရဲ့ လုပ္ဇာတ္ကုိ မင္းဖြလုိက္တာကုိ”

“ေတာ္စမ္း ငါကလုပ္စရာလား ဒီအေၾကာင္းေတြေပၚလာလုိ႔ ငါဒီလုိေသခ်ာသြားတာ”

“မင္းမညာနဲ႔ ဇာတ္လမ္းတစ္ခုကုိ လုပ္ဇာတ္လုပ္ၿပီး မင္းဖန္တီးလုိက္တာက ထင္ထင္ၿခားၿခားၿဖစ္ေနတာပဲ၊ မင္းစဥ္းစားၾကည့္စမ္း အဲဒီေန႔မနက္က ငါထြက္သြားကုိ ဘယ္သူမွသိတာမဟုတ္ဘူး၊ ဆရာမ်ဳိးမင္းဆုိတာလည္း ငါေၿပာလုိ႔သိရတာ၊ ဆရာတစ္ေယာက္ကုိ ငါက ညီညီငယ္ဘာၿဖစ္တယ္ ညာၿဖစ္တယ္ ဆုိၿပီးေၿပာမယ့္သူလာ၊ ဆရာတစ္ေယာက္ကုိ ဒါမ်ဳိးေတြေၿပာလုိ႔ရမလာ မင္းေတြးၾကည့္၊ ေအးငါ့ဘက္ကခုိင္လုံတယ္ သက္ေသေတြလည္း ရွိတယ္။ အဲ့ဒီေန႔မနက္က ငါဘယ္သူနဲ႔မွမေတြ႔ခဲ့ရပဲ ဒီကထြက္သြားရတာ၊ ကဲေၿပာစမ္းပါအုံး”

“ေလွ်ာက္မေၿပာေနနဲ႔ မင္းမွာ အေၾကာင္းရာေတြ ရွိမွာပဲ လုပ္ၾကံဘုိ႔ ဘာလုိ႔လည္းဆုိေတာ့ ႏွင္းဆီေၾကာင့္ပဲ”

“မင္းလုပ္တာ"

နႏၵေၿပာေၿပာဆုိဆုိၿဖင့္ ေအာင္ေအာင္ထုိးလုိက္သည္။

ခြပ္

နႏၵလက္သီးခ်က္က ၿပင္းသြားသၿဖင့္ ေအာင္ေအာင္ လဲက်သြားသည္။ ေအာင္ေအာင္လူးလဲထကာ ၿပန္ထုိးရန္ လုပ္လုိက္ခ်ိန္မွာေတာ့။

“ေတာ္ၾကေတာ့”

အသံလာရာကုိ ႏွစ္ေယာက္လုံးလွည့္ၾကည့္လုိက္ေတာ့သည္။

“ဟင္ကုိကုိေလး”

ႏွစ္ေယာက္သားအ့ံၾသမွဳ့ေတြနွင့္အသံပါထြက္သြားသည္။

“မင္းတုိ႔ဘာၿဖစ္ေနၾကတာလည္း မရွက္ၾကဘူးလား”

အေၿခေနေတြက အံ့ၾသစရာေကာင္းလွေအာင္ေၿပာင္းလဲလာေတာ့သည္။ ဘာအေၾကာင္းကဘာကိုိဦးတည္သြားသည္ကုိေတာ့မသိေတာ့။

“မင္းတုိ႔ႏွစ္ေယာက္ ဘာၿဖစ္ေနၾကတာလည္း ရွဴးေနၾကလား”

“ဘယ္တုံးကေရာက္ေနတာလဲ”

ႏွစ္ေယာက္သား သံၿပဳိင္အသံထြက္သြားေတာ့သည္။ သူတုိ႔ေၿပာဆုိေနသည္ကုိ ၾကားသြားလားဟု ေအာင္ေအာင္က စုိးရိမ္သြားသည္။ သူေၿပာသြားေသာ အေၾကာင္းရာမ်ားက ကိုိကုိေလး မၾကားသင့္ေသာ အေၾကာင္းရာမ်ားမဟုတ္လာ။

“မင္းတုိ႕ကုိစိတ္မခ်လုိ႔လုိက္တာ”

“ဘာေၾကာင့္လဲ”

“ဘာေၾကာင့္လဲ မေမးနဲ့ငါညီ ၿဖစ္တဲ့ ညီညီငယ္နဲ႕သက္ဆုိင္ေနမယ္ထင္လုိ႔လုိက္လာတာ”

ကုိကုိေလး နႏၵတုိ႔ထသြားၿပီး ထမင္းကုိ အၿမန္စားကာ ေနာက္ကလုိက္လာပါသည္။ အခ်ိန္အနည္းငယ္ ၾကာသြားသည့္ အေၾကာင္းက သူတုိ႕ကို လမ္းစေပ်ာက္သြားၿပီး ကုိကိုေလးက အေဆာင္ဘက္ကုိ သြားတုံး နႏၵေအာင္ေအာင္ကုိလွမ္းေခၚလုိက္သည့္ အသံကုိ ေဘာလုံးကြင္းဘက္သုိ႔ သြားေသာလမ္းဘက္မွ ၾကားလုိက္သၿဖင့္ ေနာက္ကလုိက္လာ ၿခင္းၿဖစ္ပါသည္။ ထုိေၾကာင့္ ေအာင္ေအာင္ ေၿပာလုိက္ေသာ စကားမ်ားကုိ အၿပည့္အ၀မၾကားလုိက္ပါ။

သူသိသည္ကေတာ့ ဒီအေၾကာင္းရာမ်ားကုိ ဘယ္သူၿဖန္႔ေနသည္ ဟုမသိရွိၾကပဲ တစ္ေယာက္ႏွင့္ တစ္ေယာက္ စြတ္ဆြဲေၿပာဆုိေနသည့္ အေၾကာင္းပဲ ၿဖစ္လုိက္သည္။

“မင္းတုိ႔ေၿပာတဲ့ အေၾကာင္းရာကုိ ႏူိင္ႏူိင္နဲ့ ေအာင္ခုိင္ ၿဖန္႔လုိက္တာ”

“ဟင္....”

“ဟာ...”

မထင္မွတ္ထားေသာသူက ထုိအေၾကာင္းရာကုိ ၿဖန္႔လုိက္သည့္လူ ဆုိေတာ့ သူတုိ႔ႏွစ္ေယာက္လုံး အ့ံၾသသြားေတာ့သည္။

“အစပထမက ငါလည္းတားမလုိ႔ပဲ ဒါေပမယ့္ ငါသိတဲ့အခ်ိန္က ေတာ္ေတာ္ခရီးေရာက္ေနၿပီး၊ ဒီအခ်ိန္မွာ ငါတားလုိက္ရင္၊ ငါ့ညီကုိကာကြယ္သလုိ မၿဖစ္ပဲ ပုိၿပီးႏွစ္သလုိၿဖစ္သြားမွာစုိလုိ႔ပဲ”

“မင္းက ညီညီငယ္အကုိၿဖစ္ၿပီး ဒီလုိၿငိမ္ေနႏုိင္တာ အ့ံၾသတယ္”

“ဟုတ္တယ္ မထင္မိဘူး”

“မင္းတုိ႔လုိပဲ ငါလဲစုိးရိမ္တဲ့သူပဲ၊ နံပါတ္(၁) တစ္ခ်က္က ငါတုိ႔ေလာင္းထားတဲ့ကိစၥပဲ ဒီကိစၥကုိ နႏၵၾကံစည္းေနတယ္လုိ႔ထင္လုိ႔၊ နံပါတ္(၂) အခ်က္ကေတာ့ ငါ့ညီကုိ ငါကယ္ထုတ္ရမယ္၊ မင္းကေလာင္းေၾကးနဲ႔လုပ္ထားတဲ့ အေၾကာင္းရာရွိတယ္၊ ငါ့ညီကုိဒဏ္ရာေတြမေပးေစခ်င္ဘူး။ ဟုိအရင္ကလည္း ငါ့ညီကုိငါေစာ္ကားခဲ့ၿပီးၿပီ၊ ငါကုိယ္တုိင္ င့့ါညီကုိကယ္ရမယ္၊ င့ါညီအေၾကာင္းငါသိတာေပါ့”

“ဘာေတြလဲ”

“ဟုတ္တယ္ မင္းတုိ႔နားမလည္ႏုိင္တာကုိ ငါလက္ခံတယ္”

“ကုိကိုေလး မင္းလုပ္တာမဟုတ္ဘူး၊ မင္းက မင္းညီကုိမနစ္နာေစခ်င္လုိ႔ကယ္တာဟုတ္လာ၊ ဒါဆုိမင္းညီကုိမင္းတုိက္ခုိက္ေနတာနဲ့တူတူပဲ မင္းလုပ္ပုံက တိတ္ဆိတ္ေနလုိက္တာ”

“ဟုတ္တယ္ အဲဒီလုိလုပ္လုိက္တာကလည္း မင္းနဲ႔ ငါ့ညီရဲ့ အေၾကာင္းရာကုိ ဟန္႔တားေစတဲ့အေၾကာင္းရာပဲ”

“မဟုတ္ေသးပါဘူး”

“မင္းတုိ႔နားလည္ဘုိ႔မလုိဘူး၊ အဓိက ကငါ့ညီမင္းကုိစိတ္နာၿပီး မပါက္သက္ဘုိ႔ပဲ၊ ဒါကငါ့ညီကုိ ငါကယ္ထုတ္လုိက္တဲ့ အေၾကာင္းရာပဲ”

“မင္းလုပ္တာေကာင္းလာ ခုေတာ့ ညီညီငယ္ စိတ္ဘယ္ေလာက္ခံစားေနရမလဲ”

နႏၵ၏အလုိမက်ေသာ အသံကုိ ေထာက္ခံေသာ အားၿဖင့္ ေအာင္ေအာင္ ေခါင္းညိတ္ၿပသည္။

“သူစိတ္ခံစားရလဲ တစ္လေပါ့၊ အရင္ကတည္းငါ့ညီက တစ္ေယာက္တည္းေနတတ္ခဲ့တာ ဒီအေၾကာင္းရာေၾကာင့္ သူအေပါင္းသင္းၾကားမွာ ဘာမွထူးလာစရာမရွိဘူး၊ ဒီအေၾကာင္းရာေၾကာင့္ပဲ မင္းနဲ႔ေ၀းသြားမွာ ေအးငါလုိအပ္တာလဲ ဒါပဲ၊ မင္းလည္း ငါ့ညီကုိ ၾကည့္မရဘူးမဟုတ္လာ၊ ဒီေတာ့ ခုလုိသူခံစားေနရေတာ့့ မင္း၀မး္သာလုိ႔ရတာေပါ့”

“ေတာ္စမ္းပါ မင္းလုပ္တာကုိ ငါက၀မ္းသာေနမယ္ထင္လာ ကိုကုိေလး”

“မင္းက မင္းညီကုိၾကည့္မရဘူးဆုိ ခုေတာ့ဘာၿဖစ္တာလဲ”

“ေအးၾကည့္မရဘူး ဟုတ္တယ္ မနာလုိလုိ႔၊ ေမေမတုိ႔ သူ႔အေပၚပသားေပးထားတာကုိ မေက်နပ္လုိ႔၊ သုိ႔ေပမယ့္ ငါညီကုိ စိတ္ဒါဏ္ရာေပးမယ့္ တၿခားသူစိမ္းတစ္ေယာက္ၿဖစ္လာခဲ့မယ္ဆုိရင္ေတာ့လက္မခံ ႏုိင္ဘူးကြ”

“မင္းမဟုတ္ဘူး”

“ေအးဟုတ္တယ္ ငါကေကာက္က်စ္တယ္ ယုတ္ညံ့တယ္ မင္းေလာက္ေတာ့ မဆုိးဘူး နႏၵ”

“ေတာ္ေတာ့ ထက္မေၿပာနဲ့”

“ေၿပာရမွာပဲ မင္းကငါ့ညီကုိခုတုံးလုပ္ၿပီး ႏွင္းဆီထံခ်ည္းကပ္ေနတာေတြေပါ့၊ ၾကားကခံရတာ ငါ့ညီကြ”

“အင္း ဒါေတြထားေတာ့၊ ငါဒီအေၾကာင္းေၾကာင့္ ငါစိတ္မေကာင္းဘူး”

ေအာင္ေအာင္ကေဒါသထြက္ကာ။

“ဟုိေကာင္ေတြကုိသြားရွင္းမယ္”

“မလုပ္နဲ႔ တစ္ခ်ဳိ႔ၿပႆနာကုိ ေၿဖရွင္းရင္ ပုိၿပီးေတာ့ အမွန္ကုိ ဖုံးကြယ္ေစတယ္၊ မင္းတုိ႔ငါ့ညီဘက္က နာတယ္ဆုိရင္ေတာ့ မင္းတုိ႔က လမ္းကုိရွင္းေပးၾကေပါ့၊ အလုပ္နဲ႔ၿပၾကေပါ့”

ကုိကိုေလးေၿပာေသာ နည္းလမ္းက မွန္ကန္ေနသၿဖင့္ သူတို႔လက္ခံလုိက္သည္။
လူငယ္ေလးသုံးေယာက္ကေတာ့ ကုိယ္စီကုိယ္စီ အတၱမ်ားႏွင့္ ရင္ဆုိင္ေနရခ်ိန္၀ယ္၊ ညီညီငယ္ကေတာ့ စာၾကည့္ခန္းထဲေရာက္လုိ႔ေနပါသည္။
အၿပင္ကေဘာလုံးကြင္းထဲမွာ ညီညီငယ္ႏွင့္ပက္သက္ၿပီး ၿဖစ္ေနၾကေသာ ၿပႆနာမ်ားကုိေတာ့ ညီညီငယ္မသိရွာခဲ့ပါ။
နႏၵအေဆာင္က အခန္းထဲေရာက္ေတာ့ ညီညီငယ္ ၿပန္ေရာက္ေနပါၿပီး။ နႏၵ၀င္လာသည္ကုိ ညီညီငယ္ အ့ံၾသသြားသည္။ သုိ႔ေသာ္ ဘာမွေတာ့မေၿပာၿဖစ္ပါ။

ေဒါက္….ေဒါက

“ဟာကြာ ဒီအခ်ိန္ၾကီးက်မွ ဘယ္ေကာင္လာလည္းမသိဘူး”
နႏၵေၿပာေၿပာဆုိဆုိႏွင့္ ထၿပီးတံခါးဖြင့္ေပးလုိက္သည္။

“ဟင္ ေအာင္ေအာင္”

“အင္း ငါညီညီငယ္ကုိ စာလာေမးတာ”

“ဒါဆုိ ေခါင္းအုံးေတြေရာ၊ ေဆာင္ေတြကေရာ”

“ေအာ္ဒါကေတာ့ ၾကာခ်င္လည္းၾကာႏုိင္တယ္ေလ ဒါေၾကာင့္ညည့္နက္သြားရင္ ငါကသူရဲေၾကာက္တတ္ေတာ့ ဒီမွာပဲအိပ္ေတာ့မယ္ေလ”

“အာ..မရဘူး၊ မင္းအေၾကာင္းငါသိတယ္ မရဘူး”

နႏၵက အတင္းတံခါးပိတ္ကာလုပ္သည္။ ေအာင္ေအာင္က ေၿခထုိးခံၿပီး တံခါးကုိ အတင္းလု၀င္သည္။ တံခါးၾကီးက အလယ္မွာ ႏွစ္ေယာက္တြန္းေနၾကသည္။ ညီညီငယ္လည္း ေၾကာင္ကာၾကည့္ေနမိသည္။
ေနာက္ဆုံး နႏၵတံခါးကုိ ဖြင့္ပစ္လုိက္ေတာ့သည္။ ေအာင္ေအာင္ တံခါးအတြန္း အခ်ိန္လြန္ကာ ေဆာင္မ်ားၿဖင့္ လုံးကာ ေရွ႔သုိ႔ဟက္ထုိးလဲက်သြားေတာ့သည္။

“ဟာဘယ္လုိေတြၿဖစ္ေနၾကတာလဲ”

“သူလုပ္တာ သူလုပ္တာ ညီညီငယ္”

ေအာင္ေအာင္က ညီညီငယ္ကုိ စီးတုိင္သည္။ ညီညီငယ္ မ်က္ေမွာင္ကုတ္ကာ ၾကည့္လုိက္သည္။

“မင္းကဘာၿဖစ္လုိ႔လာတာလဲ ငါ့တုိ႔အခန္းကုိ”

“ဟုိေလ ဟုိစာေမးခ်င္လုိ႔ ငါေန႔လည္က မတက္လုိက္တဲ့စာေတြေမးခ်င္လုိ႔”

“ဟင္စာကၿဖင့္ သိပ္လည္းမသင္ေသးပဲနဲ႔ ခက္တာေတြလည္းမပါေသးပါဘူး”

“ေအးေလ ဒီေကာင္ေၾကာင္ေၾကာင္ေတာင္ေတာင္နဲ႔ သြားေတာ့ မင္းအခန္းကုိ”

“မသြားဘူး”

ေအာင္ေအာင္က ေဆာင္ႏွင့္ေခါင္းအုံးကုိ ကုတင္ႏွစ္လုံးၾကားထဲခင္းလုိက္ေတာ့သည္။ ၿပီးေတာ့ လွဲခ်လုိက္ေတာ့သည္။

“၀ါး…ခုမွဇိမ္ရွိသြားတာ
ငါမင္းတုိ႔အခန္းမွာပဲလာေနရင္ေကာင္းမလား”

“မေကာင္းဘူး”

နႏၵကုိေအာင္ေအာင္ ဘုၾကည့္ ၾကည့္လုိက္သည္။

“အင္းထားပါေတာ့ ကဲမင္းဘာေမးခ်င္တာလဲ ေမး၊ ငါလည္းစာက်က္ရအုံးမယ္”

“အင္း…ေတြ႔လာ နႏၵကညီငယ္ေလာက္ေတာင္ သေဘာထားမၾကီးဘူး စိတ္ပုတ္တယ္”

နႏၵလည္း တင္းေနသည္။ သူ႔ကုိလာမၾကဳိေသာ ညီညီငယ္ကုိလည္း တင္းသည္။ ေနာက္ေတာ့ သူႏွင့္မဆုိင္သလုိ ကုတင္ေပၚတြင္လွဲခ်လုိက္ေတာ့သည္။
စားပြဲခုံက က်ဥ္းသၿဖင့္ ညီညီငယ္လည္း ေအာင္ေအာင္ခင္းထားေသာ အိပ္ယာေပၚထုိင္လုိက္ၿပီး ေအာင္ေအာင္နားမလည္ဘူး ဟုဆုိေသာ စာမ်ားကုိ စိတ္ပါလက္ပါစာရွင္းၿပေနသည္။

ညီညီငယ္ကေတာ့ ဘာမွမသိရွာပဲ စာေတြကုိ ရွင္းၿပေနသည္။ တစ္ေယာက္ေသာ သူကကုတင္ေပၚတြင္ ဟုိလိမ့္ဒီလိမ့္ ထလုိက္ထုိင္လုိက္ လုပ္ေနသည္။ တစ္ေယာက္ကေတာ့ ညီညီငယ္စာ ရွင္းၿပေနသည္ကုိ စိတ္ပါလက္ပါ နားေထာင္ေနသည္။ ရွင္းၿပတာေတြ ၀င္လာမ၀င္လာေတာ့ မသိ ေအာင္ေအာင္ကေတာ့ ေခါင္းၾကီးသာ ညိမ့္ေနပါေတာ့သည္။

“မင္းဘာၿဖစ္ေနတာလဲ”

ညီညီငယ္ နႏၵကုိရည္ရြယ္ၿပီးေမးလုိ္က္ၿခင္းၿဖစ္ပါသည္။
“မ်က္စိကုိေနာက္ေနတာပဲ ထလုိက္ထုိင္လုိက္နဲ႔”

“မင္းတုိ႔ကဆူညံေနေတာ့ ဘယ္လုိအိပ္ရမွာလဲ ငါကခရီးပန္းလာတာကြ”

“ထားလုိက္ပါကြာ ဒီေကာင္ကုိ ဘာမွေၿပာမေနနဲ့ေတာ့”

“ေဆာ္ဒီးကြာ ဟုတ္တယ္ ဒီေကာင္ပင္းပန္းလာတယ္ မနက္ၿဖန္မွရွင္းၿပေတာ့မယ္”

“ဒါဆိုိမင္းၿပန္ေတာ့ အေစာၾကီးရွိေသးတယ္”

“အာ…ၿပန္ဘူး အိပ္ခ်င္လာၿ႔ပီးကြာ အိပ္ေတာ့မယ္”

နႏၵကထၿပီး ေအာင္ေအာင္ကုိဆြဲသည္။ ေအာင္ေအာင္ကေတာ့ အတင္းပင္ေပကပ္ကာ စားပြဲခုံကုိ ဖက္ထားသည္။ ေနာက္ဆုံးေတာ့ နႏၵလက္ေလ်ာ့လုိက္ရေတာ့သည္။

“မင္းတုိ႔ေတြ ဘာၿဖစ္ေနၾကတာလဲ၊ သူအိပ္ခ်င္တာ အိပ္ပါေစ၊ ဘာၿဖစ္လဲ”

“ေအးေလ”

နႏၵမေက်နပ္ပဲ လက္ခံလုိက္ရေတာ့သည္။
ညီညီငယ္ကေတာ့ သူတုိ႔ႏွစ္ေယာက္ကုိ ပုိ၍နားမလည္ႏုိင္ေတာ့ေခ်။
ထုိရက္ကစၿပီး ေအာင္ေအာင္က ေန႔တုိင္အခန္းထဲလာသည္ မနက္က်မွ ထကာ အခန္းသုိ႔ၿပန္ပါေတာ့သည္။ နႏၵကေတာ့ စိတ္ထဲမေက်နပ္ေပမယ့္ ဘာမွမေၿပာသာေတာ့။
ပုိဆုိးသည္က ညီညီငယ္ေရခ်ဳိးခ်ိန္ကုိပါ လုိက္၍လုေနၾကေတာ့သည္။

ညီညီငယ္ ေရခ်ဳိးဘုိ႔ ေရခ်ဳိးခန္းထဲ၀င္လာၿပီး ဆုိခဲ့လွ်င္၊ နႏၵက အခန္းတူသၿဖင့္ ညီညီငယ္သြားၿပီးသည္ႏွင့္ ေနာက္ကလုိက္လာသည္။

ေအာင္ေအာင္ကေတာ့ ညီညီငယ္ကုိေၿခာင္းေနကာ ညီညီငယ္ေရခ်ဳိးထြက္ၿပီး ဆုိခဲ့လ်ွင္ သူသည္လည္း ေရခ်ဳိးရန္ ေရခ်ဳိးခန္းထဲသုိ႔၀င္လုိက္လာေတာ့သည္။ ထုိအခါမ်ဳိးတြင္ေတာ့ နႏၵႏွင့္ ေအာင္ေအာင္ ညီညီငယ္ မသိေအာင္ၾကိတ္တုိက္ေနၾကပါေတာ့သည္။

............. TBC.................
Unicode
ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (အပိုင်း 10)

“မင်းရူးနေလား အောင်အောင် မင်းကအောင်အောင်ကော ဟုတ်ရဲ့လားကွ”

“ဟုတ်တယ် ငါရူးနေတယ် ငါအခြောက်ပဲ အေးအဲဒီတော့ မင်းငါ့ကိုပေါင်းချင်ပေါင်း မပေါင်းချင်နေ၊ ငါဂရုမစိုက်ဘူး၊ ငါသိတာက ငါညီညီငယ်ကို စောင့်ရှောက်မယ် ဒါပဲ”

“ဟေ့ကောင် မင်းလက်လွတ်စပါယ်မပြောနဲ့ ညီညီငယ်ကို ဒုက္ခရောက်အောင် လူ့အသိုင်း၀ိုင်းနဲ့ ေ၀းအောင် မင်းလုပ်နေတာလား”

“မဟုတ်ဘူးကွ ဖေးမနေတာ ဒါတွေမင်းလိုကောင်မျိုးသိမှာမဟုတ်ဘူး”

နန္ဒစိတ်တွင် တင်းကြပ်သွားတော့သည်။ ဘာတွေခံစားနေသည်ကို နန္ဒနားမလည်ပါ။ သို့ပေမယ့် ညီညီငယ်ကိုတော့ ဒီကောင်ကိုမပေးနှိုင်ဘူး။

“ဟားဟား….ငါသိပြီး မင်းက ညီညီငယ်နဲ့ ငါတစ်ခုခုဖြစ်မှာဆိုးလို့ မင်းဒီလိုလုပ်ဇာတ်ခင်းလိုက်တာကို”

“ဘာလုပ်ဇာတ်လဲ”

“အောင်အောင်ရာ မင်းငယ်ပါသေးတယ် မင်းလုပ်လိုက်တာက မင်းငါနဲ့ ညီညီငယ်ကို တစ်ခုခုဖြစ်မှာကြောက်နေတယ် ဒါကြောင့် ငါနဲ့ညီညီငယ်ရဲ့ လုပ်ဇာတ်ကို မင်းဖွလိုက်တာကို”

“တော်စမ်း ငါကလုပ်စရာလား ဒီအကြောင်းတွေပေါ်လာလို့ ငါဒီလိုသေချာသွားတာ”

“မင်းမညာနဲ့ ဇာတ်လမ်းတစ်ခုကို လုပ်ဇာတ်လုပ်ပြီး မင်းဖန်တီးလိုက်တာက ထင်ထင်ခြားခြားဖြစ်နေတာပဲ၊ မင်းစဉ်းစားကြည့်စမ်း အဲဒီနေ့မနက်က ငါထွက်သွားကို ဘယ်သူမှသိတာမဟုတ်ဘူး၊ ဆရာမျိုးမင်းဆိုတာလည်း ငါပြောလို့သိရတာ၊ ဆရာတစ်ယောက်ကို ငါက ညီညီငယ်ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးပြောမယ့်သူလာ၊ ဆရာတစ်ယောက်ကို ဒါမျိုးတွေပြောလို့ရမလာ မင်းတွေးကြည့်၊ အေးငါ့ဘက်ကခိုင်လုံတယ် သက်သေတွေလည်း ရှိတယ်။ အဲ့ဒီနေ့မနက်က ငါဘယ်သူနဲ့မှမတွေ့ခဲ့ရပဲ ဒီကထွက်သွားရတာ၊ ကဲပြောစမ်းပါအုံး”

“လျှောက်မပြောနေနဲ့ မင်းမှာ အကြောင်းရာတွေ ရှိမှာပဲ လုပ်ကြံဘို့ ဘာလို့လည်းဆိုတော့ နှင်းဆီကြောင့်ပဲ”

“မင်းလုပ်တာ"

နန္ဒပြောပြောဆိုဆိုဖြင့် အောင်အောင်ထိုးလိုက်သည်။

ခွပ်

နန္ဒလက်သီးချက်က ပြင်းသွားသဖြင့် အောင်အောင် လဲကျသွားသည်။ အောင်အောင်လူးလဲထကာ ပြန်ထိုးရန် လုပ်လိုက်ချိန်မှာတော့။

“တော်ကြတော့”

အသံလာရာကို နှစ်ယောက်လုံးလှည့်ကြည့်လိုက်တော့သည်။

“ဟင်ကိုကိုလေး”

နှစ်ယောက်သားအ့ံသြမှု့တွေနှင့်အသံပါထွက်သွားသည်။

“မင်းတို့ဘာဖြစ်နေကြတာလည်း မရှက်ကြဘူးလား”

အခြေနေတွေက အံ့သြစရာကောင်းလှအောင်ပြောင်းလဲလာတော့သည်။ ဘာအကြောင်းကဘာကိိုဦးတည်သွားသည်ကိုတော့မသိတော့။

“မင်းတို့နှစ်ယောက် ဘာဖြစ်နေကြတာလည်း ရှူးနေကြလား”

“ဘယ်တုံးကရောက်နေတာလဲ”

နှစ်ယောက်သား သံပြိုင်အသံထွက်သွားတော့သည်။ သူတို့ပြောဆိုနေသည်ကို ကြားသွားလားဟု အောင်အောင်က စိုးရိမ်သွားသည်။ သူပြောသွားသော အကြောင်းရာများက ကိိုကိုလေး မကြားသင့်သော အကြောင်းရာများမဟုတ်လာ။

“မင်းတို့ကိုစိတ်မချလို့လိုက်တာ”

“ဘာကြောင့်လဲ”

“ဘာကြောင့်လဲ မမေးနဲ့ငါညီ ဖြစ်တဲ့ ညီညီငယ်နဲ့သက်ဆိုင်နေမယ်ထင်လို့လိုက်လာတာ”

ကိုကိုလေး နန္ဒတို့ထသွားပြီး ထမင်းကို အမြန်စားကာ နောက်ကလိုက်လာပါသည်။ အချိန်အနည်းငယ် ကြာသွားသည့် အကြောင်းက သူတို့ကို လမ်းစပျောက်သွားပြီး ကိုကိုလေးက အဆောင်ဘက်ကို သွားတုံး နန္ဒအောင်အောင်ကိုလှမ်းခေါ်လိုက်သည့် အသံကို ဘောလုံးကွင်းဘက်သို့ သွားသောလမ်းဘက်မှ ကြားလိုက်သဖြင့် နောက်ကလိုက်လာ ခြင်းဖြစ်ပါသည်။ ထိုကြောင့် အောင်အောင် ပြောလိုက်သော စကားများကို အပြည့်အ၀မကြားလိုက်ပါ။

သူသိသည်ကတော့ ဒီအကြောင်းရာများကို ဘယ်သူဖြန့်နေသည် ဟုမသိရှိကြပဲ တစ်ယောက်နှင့် တစ်ယောက် စွတ်ဆွဲပြောဆိုနေသည့် အကြောင်းပဲ ဖြစ်လိုက်သည်။

“မင်းတို့ပြောတဲ့ အကြောင်းရာကို နိူင်နိူင်နဲ့ အောင်ခိုင် ဖြန့်လိုက်တာ”

“ဟင်....”

“ဟာ...”

မထင်မှတ်ထားသောသူက ထိုအကြောင်းရာကို ဖြန့်လိုက်သည့်လူ ဆိုတော့ သူတို့နှစ်ယောက်လုံး အ့ံသြသွားတော့သည်။

“အစပထမက ငါလည်းတားမလို့ပဲ ဒါပေမယ့် ငါသိတဲ့အချိန်က တော်တော်ခရီးရောက်နေပြီး၊ ဒီအချိန်မှာ ငါတားလိုက်ရင်၊ ငါ့ညီကိုကာကွယ်သလို မဖြစ်ပဲ ပိုပြီးနှစ်သလိုဖြစ်သွားမှာစိုလို့ပဲ”

“မင်းက ညီညီငယ်အကိုဖြစ်ပြီး ဒီလိုငြိမ်နေနိုင်တာ အ့ံသြတယ်”

“ဟုတ်တယ် မထင်မိဘူး”

“မင်းတို့လိုပဲ ငါလဲစိုးရိမ်တဲ့သူပဲ၊ နံပါတ်(၁) တစ်ချက်က ငါတို့လောင်းထားတဲ့ကိစ္စပဲ ဒီကိစ္စကို နန္ဒကြံစည်းနေတယ်လို့ထင်လို့၊ နံပါတ်(၂) အချက်ကတော့ ငါ့ညီကို ငါကယ်ထုတ်ရမယ်၊ မင်းကလောင်းကြေးနဲ့လုပ်ထားတဲ့ အကြောင်းရာရှိတယ်၊ ငါ့ညီကိုဒဏ်ရာတွေမပေးစေချင်ဘူး။ ဟိုအရင်ကလည်း ငါ့ညီကိုငါစော်ကားခဲ့ပြီးပြီ၊ ငါကိုယ်တိုင် င့့ါညီကိုကယ်ရမယ်၊ င့ါညီအကြောင်းငါသိတာပေါ့”

“ဘာတွေလဲ”

“ဟုတ်တယ် မင်းတို့နားမလည်နိုင်တာကို ငါလက်ခံတယ်”

“ကိုကိုလေး မင်းလုပ်တာမဟုတ်ဘူး၊ မင်းက မင်းညီကိုမနစ်နာစေချင်လို့ကယ်တာဟုတ်လာ၊ ဒါဆိုမင်းညီကိုမင်းတိုက်ခိုက်နေတာနဲ့တူတူပဲ မင်းလုပ်ပုံက တိတ်ဆိတ်နေလိုက်တာ”

“ဟုတ်တယ် အဲဒီလိုလုပ်လိုက်တာကလည်း မင်းနဲ့ ငါ့ညီရဲ့ အကြောင်းရာကို ဟန့်တားစေတဲ့အကြောင်းရာပဲ”

“မဟုတ်သေးပါဘူး”

“မင်းတို့နားလည်ဘို့မလိုဘူး၊ အဓိက ကငါ့ညီမင်းကိုစိတ်နာပြီး မပါက်သက်ဘို့ပဲ၊ ဒါကငါ့ညီကို ငါကယ်ထုတ်လိုက်တဲ့ အကြောင်းရာပဲ”

“မင်းလုပ်တာကောင်းလာ ခုတော့ ညီညီငယ် စိတ်ဘယ်လောက်ခံစားနေရမလဲ”

နန္ဒ၏အလိုမကျသော အသံကို ထောက်ခံသော အားဖြင့် အောင်အောင် ခေါင်းညိတ်ပြသည်။

“သူစိတ်ခံစားရလဲ တစ်လပေါ့၊ အရင်ကတည်းငါ့ညီက တစ်ယောက်တည်းနေတတ်ခဲ့တာ ဒီအကြောင်းရာကြောင့် သူအပေါင်းသင်းကြားမှာ ဘာမှထူးလာစရာမရှိဘူး၊ ဒီအကြောင်းရာကြောင့်ပဲ မင်းနဲ့ေ၀းသွားမှာ အေးငါလိုအပ်တာလဲ ဒါပဲ၊ မင်းလည်း ငါ့ညီကို ကြည့်မရဘူးမဟုတ်လာ၊ ဒီတော့ ခုလိုသူခံစားနေရတော့့ မင်း၀မး်သာလို့ရတာပေါ့”

“တော်စမ်းပါ မင်းလုပ်တာကို ငါက၀မ်းသာနေမယ်ထင်လာ ကိုကိုလေး”

“မင်းက မင်းညီကိုကြည့်မရဘူးဆို ခုတော့ဘာဖြစ်တာလဲ”

“အေးကြည့်မရဘူး ဟုတ်တယ် မနာလိုလို့၊ မေမေတို့ သူ့အပေါ်ပသားပေးထားတာကို မကျေနပ်လို့၊ သို့ပေမယ့် ငါညီကို စိတ်ဒါဏ်ရာပေးမယ့် တခြားသူစိမ်းတစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင်တော့လက်မခံ နိုင်ဘူးကွ”

“မင်းမဟုတ်ဘူး”

“အေးဟုတ်တယ် ငါကကောက်ကျစ်တယ် ယုတ်ညံ့တယ် မင်းလောက်တော့ မဆိုးဘူး နန္ဒ”

“တော်တော့ ထက်မပြောနဲ့”

“ပြောရမှာပဲ မင်းကငါ့ညီကိုခုတုံးလုပ်ပြီး နှင်းဆီထံချည်းကပ်နေတာတွေပေါ့၊ ကြားကခံရတာ ငါ့ညီကွ”

“အင်း ဒါတွေထားတော့၊ ငါဒီအကြောင်းကြောင့် ငါစိတ်မကောင်းဘူး”

အောင်အောင်ကဒေါသထွက်ကာ။

“ဟိုကောင်တွေကိုသွားရှင်းမယ်”

“မလုပ်နဲ့ တစ်ချို့ပြဿနာကို ဖြေရှင်းရင် ပိုပြီးတော့ အမှန်ကို ဖုံးကွယ်စေတယ်၊ မင်းတို့ငါ့ညီဘက်က နာတယ်ဆိုရင်တော့ မင်းတို့က လမ်းကိုရှင်းပေးကြပေါ့၊ အလုပ်နဲ့ပြကြပေါ့”

ကိုကိုလေးပြောသော နည်းလမ်းက မှန်ကန်နေသဖြင့် သူတို့လက်ခံလိုက်သည်။
လူငယ်လေးသုံးယောက်ကတော့ ကိုယ်စီကိုယ်စီ အတ္တများနှင့် ရင်ဆိုင်နေရချိန်၀ယ်၊ ညီညီငယ်ကတော့ စာကြည့်ခန်းထဲရောက်လို့နေပါသည်။
အပြင်ကဘောလုံးကွင်းထဲမှာ ညီညီငယ်နှင့်ပက်သက်ပြီး ဖြစ်နေကြသော ပြဿနာများကိုတော့ ညီညီငယ်မသိရှာခဲ့ပါ။
နန္ဒအဆောင်က အခန်းထဲရောက်တော့ ညီညီငယ် ပြန်ရောက်နေပါပြီး။ နန္ဒ၀င်လာသည်ကို ညီညီငယ် အ့ံသြသွားသည်။ သို့သော် ဘာမှတော့မပြောဖြစ်ပါ။

ဒေါက်….ဒေါက

“ဟာကွာ ဒီအချိန်ကြီးကျမှ ဘယ်ကောင်လာလည်းမသိဘူး”
နန္ဒပြောပြောဆိုဆိုနှင့် ထပြီးတံခါးဖွင့်ပေးလိုက်သည်။

“ဟင် အောင်အောင်”

“အင်း ငါညီညီငယ်ကို စာလာမေးတာ”

“ဒါဆို ခေါင်းအုံးတွေရော၊ ဆောင်တွေကရော”

“အော်ဒါကတော့ ကြာချင်လည်းကြာနိုင်တယ်လေ ဒါကြောင့်ညည့်နက်သွားရင် ငါကသူရဲကြောက်တတ်တော့ ဒီမှာပဲအိပ်တော့မယ်လေ”

“အာ..မရဘူး၊ မင်းအကြောင်းငါသိတယ် မရဘူး”

နန္ဒက အတင်းတံခါးပိတ်ကာလုပ်သည်။ အောင်အောင်က ခြေထိုးခံပြီး တံခါးကို အတင်းလု၀င်သည်။ တံခါးကြီးက အလယ်မှာ နှစ်ယောက်တွန်းနေကြသည်။ ညီညီငယ်လည်း ကြောင်ကာကြည့်နေမိသည်။
နောက်ဆုံး နန္ဒတံခါးကို ဖွင့်ပစ်လိုက်တော့သည်။ အောင်အောင် တံခါးအတွန်း အချိန်လွန်ကာ ဆောင်များဖြင့် လုံးကာ ရှေ့သို့ဟက်ထိုးလဲကျသွားတော့သည်။

“ဟာဘယ်လိုတွေဖြစ်နေကြတာလဲ”

“သူလုပ်တာ သူလုပ်တာ ညီညီငယ်”

အောင်အောင်က ညီညီငယ်ကို စီးတိုင်သည်။ ညီညီငယ် မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည်။

“မင်းကဘာဖြစ်လို့လာတာလဲ ငါ့တို့အခန်းကို”

“ဟိုလေ ဟိုစာမေးချင်လို့ ငါနေ့လည်က မတက်လိုက်တဲ့စာတွေမေးချင်လို့”

“ဟင်စာကဖြင့် သိပ်လည်းမသင်သေးပဲနဲ့ ခက်တာတွေလည်းမပါသေးပါဘူး”

“အေးလေ ဒီကောင်ကြောင်ကြောင်တောင်တောင်နဲ့ သွားတော့ မင်းအခန်းကို”

“မသွားဘူး”

အောင်အောင်က ဆောင်နှင့်ခေါင်းအုံးကို ကုတင်နှစ်လုံးကြားထဲခင်းလိုက်တော့သည်။ ပြီးတော့ လှဲချလိုက်တော့သည်။

“ဝါး…ခုမှဇိမ်ရှိသွားတာ
ငါမင်းတို့အခန်းမှာပဲလာနေရင်ကောင်းမလား”

“မကောင်းဘူး”

နန္ဒကိုအောင်အောင် ဘုကြည့် ကြည့်လိုက်သည်။

“အင်းထားပါတော့ ကဲမင်းဘာမေးချင်တာလဲ မေး၊ ငါလည်းစာကျက်ရအုံးမယ်”

“အင်း…တွေ့လာ နန္ဒကညီငယ်လောက်တောင် သဘောထားမကြီးဘူး စိတ်ပုတ်တယ်”

နန္ဒလည်း တင်းနေသည်။ သူ့ကိုလာမကြိုသော ညီညီငယ်ကိုလည်း တင်းသည်။ နောက်တော့ သူနှင့်မဆိုင်သလို ကုတင်ပေါ်တွင်လှဲချလိုက်တော့သည်။
စားပွဲခုံက ကျဉ်းသဖြင့် ညီညီငယ်လည်း အောင်အောင်ခင်းထားသော အိပ်ယာပေါ်ထိုင်လိုက်ပြီး အောင်အောင်နားမလည်ဘူး ဟုဆိုသော စာများကို စိတ်ပါလက်ပါစာရှင်းပြနေသည်။

ညီညီငယ်ကတော့ ဘာမှမသိရှာပဲ စာတွေကို ရှင်းပြနေသည်။ တစ်ယောက်သော သူကကုတင်ပေါ်တွင် ဟိုလိမ့်ဒီလိမ့် ထလိုက်ထိုင်လိုက် လုပ်နေသည်။ တစ်ယောက်ကတော့ ညီညီငယ်စာ ရှင်းပြနေသည်ကို စိတ်ပါလက်ပါ နားထောင်နေသည်။ ရှင်းပြတာတွေ ၀င်လာမ၀င်လာတော့ မသိ အောင်အောင်ကတော့ ခေါင်းကြီးသာ ညိမ့်နေပါတော့သည်။

“မင်းဘာဖြစ်နေတာလဲ”

ညီညီငယ် နန္ဒကိုရည်ရွယ်ပြီးမေးလို်က်ခြင်းဖြစ်ပါသည်။
“မျက်စိကိုနောက်နေတာပဲ ထလိုက်ထိုင်လိုက်နဲ့”

“မင်းတို့ကဆူညံနေတော့ ဘယ်လိုအိပ်ရမှာလဲ ငါကခရီးပန်းလာတာကွ”

“ထားလိုက်ပါကွာ ဒီကောင်ကို ဘာမှပြောမနေနဲ့တော့”

“ဆော်ဒီးကွာ ဟုတ်တယ် ဒီကောင်ပင်းပန်းလာတယ် မနက်ဖြန်မှရှင်းပြတော့မယ်”

“ဒါဆိိုမင်းပြန်တော့ အစောကြီးရှိသေးတယ်”

“အာ…ပြန်ဘူး အိပ်ချင်လာြ့ပီးကွာ အိပ်တော့မယ်”

နန္ဒကထပြီး အောင်အောင်ကိုဆွဲသည်။ အောင်အောင်ကတော့ အတင်းပင်ပေကပ်ကာ စားပွဲခုံကို ဖက်ထားသည်။ နောက်ဆုံးတော့ နန္ဒလက်လျော့လိုက်ရတော့သည်။

“မင်းတို့တွေ ဘာဖြစ်နေကြတာလဲ၊ သူအိပ်ချင်တာ အိပ်ပါစေ၊ ဘာဖြစ်လဲ”

“အေးလေ”

နန္ဒမကျေနပ်ပဲ လက်ခံလိုက်ရတော့သည်။
ညီညီငယ်ကတော့ သူတို့နှစ်ယောက်ကို ပို၍နားမလည်နိုင်တော့ချေ။
ထိုရက်ကစပြီး အောင်အောင်က နေ့တိုင်အခန်းထဲလာသည် မနက်ကျမှ ထကာ အခန်းသို့ပြန်ပါတော့သည်။ နန္ဒကတော့ စိတ်ထဲမကျေနပ်ပေမယ့် ဘာမှမပြောသာတော့။
ပိုဆိုးသည်က ညီညီငယ်ရေချိုးချိန်ကိုပါ လိုက်၍လုနေကြတော့သည်။

ညီညီငယ် ရေချိုးဘို့ ရေချိုးခန်းထဲ၀င်လာပြီး ဆိုခဲ့လျှင်၊ နန္ဒက အခန်းတူသဖြင့် ညီညီငယ်သွားပြီးသည်နှင့် နောက်ကလိုက်လာသည်။

အောင်အောင်ကတော့ ညီညီငယ်ကိုခြောင်းနေကာ ညီညီငယ်ရေချိုးထွက်ပြီး ဆိုခဲ့လျှင် သူသည်လည်း ရေချိုးရန် ရေချိုးခန်းထဲသို့၀င်လိုက်လာတော့သည်။ ထိုအခါမျိုးတွင်တော့ နန္ဒနှင့် အောင်အောင် ညီညီငယ် မသိအောင်ကြိတ်တိုက်နေကြပါတော့သည်။

............. TBC.................

No comments:

Post a Comment