ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း ( အပိုင္း ေလး )
စိတ္ကေတာ့ မေက်နပ္စြာ တင္းေနမိသည္္။ ထုိသုိ႔မၿဖစ္သင့္ဟု ညီညီငယ္ထင္မိသည္။ အေၾကာင္းမတုိက္ဆုိင္စြာ ႏွလုံးေသြးရပ္သြားကာ ေသသြားခဲ့လွ်င္ ဒါကေနာက္ရမည့္အပုိင္းမဟုတ္ေတာ့၊ သူ႔အားခင္မင္လုိ႔၊ စခ်င္လုိ႔၊ ေနာက္ေၿပာင္တဲ့သူ ၿဖစ္ခဲ့လွ်င္ ထုိသုိ႔တိတစိတ္ထြက္သြား စရာအေၾကာင္းမရွိ၊ အနည္းဆုံးေတာ့ ေနာက္တာပါဟုေတာ့ ေၿပာခဲ့သင့္သည္။ ဤသုိ႔ဆုိခဲ့လွ်င္ သူ႔အား တမင္လုပ္ယူကာ ၿဖစ္ခ်င္ရာ ၿဖစ္ဟုသေဘာထားခဲ့ၿပီး လုပ္သြားခဲ့သူသည္ သာမန္မဟုတ္ေတာ့။
ေနာက္တေန႔တြင္ေတာ့ ညီညီငယ္ အိမ္ကုိဖုန္းဆက္ေခၚလုိက္သည္။ မည္သည့္အခိ်န္ပဲၿဖစ္ပါေစ၊ ေက်ာင္း၀န္ထဲမွာ ဖုန္းေၿပာခ်င္လွ်င္ ေက်ာင္း၏ရုံးခန္းထဲလာၿပီးမွ ဖုန္းေခၚဆုိခြင့္သာရွိပါသည္။ အၿပင္မွလာသည့္ ဖုန္းေခၚမ်ားၿဖစ္ခဲ့လွ်င္ ေက်ာင္း၀န္းအတြင္းတက္ဆင္ထားေသာ စပီကာအတြင္းမွ သက္ဆုိင္သူ နာမည္ကုိေခၚဆုိ၍ ေက်ာင္းရုံးခန္းသုိ႔သြားကာ ဖုန္းေၿပာဆုိရသည့္ ေက်ာင္း၏စည္းကမ္းတစ္ခုပင္ ၿဖစ္ပါသည္။
“ေမေမ“
“သားငယ္ အားလုံးအဆင္ေၿပလား စာေတြလုိက္ႏုိင္တယ္ေနာ္၊ ေအးၾကဳိးစားေနာ္“
“ဟုတ္ကဲ့ေမေမ“
“ကုိကုိနဲ႔လည္း တည့္ေအာင္ေပါင္းေနာ္
ညီအကုိေလးႏွစ္ေယာက္ရွိတာ ဟုတ္ၿပီးလား ကုိကုိစကားလည္းနားေထာင္အုံး“
“ေမေမ“
“အင္း“
“သားၿပန္လာခ်င္တယ္“
“ဘာၿဖစ္လုိ႔စိတ္ေတြကုိ ေပ်ာ့ညံ့ေနရတာလဲ၊
ေယာက်္ားတစ္ေယာက္အေနနဲ႔ ေပ်ာ့ညံ့ေနလို႔မရဘူး“
“သူတို႔ သားကုိ မေက်နပ္ၾကဘူး“
“မင္းသာမွန္မွန္ကန္ကန္ေနခဲ့ရင္ ေလာကၾကီးကလည္း မွန္မွန္ကန္ကန္မင္းဘက္ကရွိေနမွာပဲ“
ေမေမအသံမ်ား အနည္းငယ္မာလာသည္။ သူ၀မ္းနည္းသြားေတာ့သည္။ သူႏွင့္စကားေၿပာတိုင္ ( သားေၿပာေလ ေမေမနားေထာင္ေနမယ္လုိ႔ ဘာလုိ႔မေၿပာတာလဲ၊ ဘာၿဖစ္လို႔ေၿပာခြင့္မေပးတာလဲ )
“ကဲကဲ အေၾကာင္းမရွိ အေၾကာင္းရွာၿပီး ၿပန္ဘုိ႔မလုပ္နဲ႔၊ သားတုိ႔ကုိေကာင္းေစခ်င္လုိ႔ ပုိ႔ထားတာ၊ ၾကဳိးစားရမယ္၊ ေမြးရက်ဳိးနပ္ေအာင္ လူေတာ္ေလးေတြၿဖစ္ေအာင္လုပ္ၾက၊ ဒါပဲ ေမေမလည္း လုပ္စရာေတြရွိေနလုိ႔၊ လကုန္မွပဲ ေက်ာင္းကုိလာေခၚေတာ့မယ္၊ က်မၼားေရးလည္းဂရုစိုက္၊ ဟုတ္ၿပီးလာ၊ ဒါပဲေနာ္ စိတ္ဓါတ္က်မေနနဲ႔“
စိတ္ဓါတ္က်စြာ ေက်ာင္းရုံးခန္းထဲမွ ထြက္လာခဲ့ေတာ့သည္။ ေက်ာင္းရုံးခန္းထဲမွ သူထြက္လာေတာ့ ေက်ာင္းစာသင္ခန္းထဲသို႕သြားခ်င္စိတ္မရွိေတာ့ပဲ မက်ဥ္းပင္ေအာက္သုိ႕ထြက္လာခဲ့ေတာ့သည္။
“ေဟ့ေကာင္ နႏၵ ညကဘာေတြသတင္းထူးေသးလဲ "
ေအာင္ခုိင္ႏွင့္ ႏုိင္ႏုိင္ေရာက္လာကာ ေမးၾကၿခင္းၿဖစ္ပါသည္။ သူတို႔သည္ အခန္းၿခင္းမတူေသာ္လည္း ေဘာလုံးကန္အေဖၚသူငယ္ခ်င္းမ်ား ၿဖစ္ၾကပါသည္။
နႏၵသူတုိ႔အေမးကုိ မ်က္ေမွာင္ကုတ္ကာ ေသၿခားစဥ္းစားသည္၊ ဘာမွအေၿဖမထြက္လာ၊ ထိုေၾကာင့္ေခါင္းခါးကာ ေၿဖေပးလုိက္သည္။
“ဟင့္အင္း ဘာၿဖစ္လုိ႔လဲ”
ေရွ႔မွထုိင္ေနေသာ ေအာင္ေအာင္လွည့္ၾကည့္ကာ စကား၀ုိင္းထဲ၀င္ပါလာသည္။
“ဘာမဟုတ္တာလုပ္ထားလုိ႔လဲ မင္းတုိ႔ဒီလုိေမးလာရင္ေတာ့ တစ္ခုခုေတာ့ လုပ္ထားၿပီးဆုိတာ သိေနတယ္”
“အဟဲ ”
စပ္ၿဖီးၿဖီးႏွင့္ ၾကည့္ေနၾကေသာ ေအာင္ခုိင္ႏွင့္ႏုိင္ႏုိင္ ကုိနာမလည္ကာၾကည့္ေနသည္။ ထုိေနာက္ ေအာင္ခုိင္က ေလသံတုိးေလၿဖင့
္
“ ညက ညီညီငယ္ဆုိတဲ့ေကာင္ကုိ ေၿခာက္လုိက္လုိ႔ေၿပာေနၾကတာ”
“ ၀ူး…မုိက္လွၾကီးလာ ခုမွလာေၿပာရလာဟ ”
ေအာင္ေအာင္၀မ္းသာ အားရေၿပာဆုိသည္။ နႏၵၿပန္စဥ္းစားလုိက္ေတာ့ ညကအခန္းထဲကို မ်က္နာတြင္ေသြးမရွိေတာ့ပဲ ၿပန္ေၿပးလာေသာ ညီညီငယ္မ်က္နာကုိ ၿပန္ၿမင္ေယာင္မိသည္။
“ၾကည့္လည္း လုပ္ၾကအုံး လန္႔ၿပီးေသသြားအုံးမယ္”
“သန္သန္မာမာ ၾကီးပါကြာ မေသႏုိင္ပါဘူး မသကာ ေဆးရုံးေလာက္ပါပဲ”
“ဟုတ္ေတာ့မဟုတ္ေသးပါဘူးကြာ”
“ဘာလည္း မင္းကနာလုိ႔လာ အဲဒီေကာင္ဘက္က”
“သြားစမ္းပါ… အေနသာၾကီး သူဟာသူဘာၿဖစ္ၿဖစ္ မင္းတုိ႔အတြက္ေၿပာတာ ေသသြားရင္အမွဳ့ပက္ေနမယ္”
“ဘယ္သူသိတာမွတ္လုိ႔”
“ဘယ္သူသိတာမွတ္လုိ႔ဟုတ္လာ ခုေတာင္ငါတုိ႔သိသြားၿပီေလ”
“မင္းကအဲဒီေကာင္ဘက္ကနာေနတာလား”
“မင္းေၿပာေတာ့ ဒီအေၿခာက္ကုိမုန္းတယ္ဆုိ”
“ေအးေလ ခုၾကေတာ့ သူ႔ဘက္ကနာေနတယ္၊ မင္းသြားမေၿပာရင္ သူဘယ္လုိမွမသိႏုိင္ဘူး”
သူငယ္ခ်င္းမ်ား၏တစ္ေယာက္တစ္ေပါက္ မွတ္ခ်က္ေပးေနသည့္စကားမ်ားကုိ နႏၵစိတ္ပ်က္မိသည္။
“ေအး…မင္းတုိ႔ေၿပာသလုိ ငါသူ႔ကုိမုန္းေနတာ ၾကည့္မရတာမွန္တယ္၊ မုန္းေနလုိ႔ၾကည့္မရလုိ႔ လုိက္ၿပီးၿပႆနာရွာေနၿပီး တမင္ညစ္ပတ္ေနရင္ မတရားတာလုပ္ေနရင္ မတရားဘူးေလ၊ ငါကေတာ့ အမွန္ဘက္ကရပ္တည္ရမွာပဲ၊ သူအမွားေတြလုပ္ေနရင္၊ မတရားတာေတြလုပ္ေနရင္ ငါလက္ပုိက္ၿပီး ၾကည့္ေနလုိက္မယ္၊ သြားလည္းမတားဘူး လႊတ္ေပးထားလုိက္မွာပဲ၊ မင္းတုိ႔ၾကေတာ့ ငါ့သူငယ္ခ်င္းေတြေလ ငါ့သူငယ္ခ်င္းေတြကုိ ေကာင္းေစခ်င္တယ္၊ ဒါေၾကာင့္ငါသူငယ္ခ်င္းေတြ အမွားေနလုပ္ေနရင္ ငါေၿပာရမွာပဲ”
နႏၵ၏ စကားမ်ားေၾကာင့္ သူတုိ႔ၿငိမ္က်သြားသည္။
“မင္းတုိ႔ေဘာလုံးပြဲၾကည့္ေနတယ္ဆုိပါဆုိ႔၊ မင္းတုိ႔က ကစားတဲ့အသင္းေပၚမွာပဲ ၾကည့္ေနမယ္၊ ႏွစ္ဘက္မွာ ရပ္တည္ေနတဲ့ ဒိိုင္ကုိေတာ့မင္းတုိ႔မၿမင္ၾကဘူး၊ မင္းတုိ႔အသင္းက တစ္ခုခုၿခြတ္ေလွ်ာ္လုိ႔ ၿပစ္ဒါဏ္ေပး ၿဖစ္ခဲ့ရင္ ဒုိင္ညစ္တယ္လုိ႔မင္းတုိ႔ ၿမင္ခ်င္ၿမင္လိမ့္မယ္၊ တစ္ၿခားအသင္းဘက္ကုိ ၿပစ္ဒါဏ္ေပးခဲ့ရင္ ဒုိင္ေတာ္တယ္လုိ႔မင္းတို႔ၿမင္လိမ့္မယ္၊ ဒိုင္လုိက္ၾကည့္ေနရတဲ့ အပုိင္းေတြကုိေတာ့မင္းတုိ႔မၿမင္ပဲ ၿဖစ္ေနမယ္၊ ဒုိင္လုိပဲ မင္းတုိ႔မွ်မွ်တတေတြးၾကစမ္းပါကြာ၊ ငါ့သူငယ္ခ်င္းေတြကုိ ငါကေကာင္းေစခ်င္တယ္”
နႏၵစကားမ်ားကုိ နားေထာင္ေနေသာ သူငယ္ခ်င္းမ်ားကေတာ့ နႏၵကုိ ၾကည့္ေနၾကသည္။
“မင္းစကားကုိၾကားေတာ့ ၀မ္းသာမိတာေတာ့အမွန္ပဲ ဒါေပမယ့္ မင္းအတြက္ငါတုိ႔က လုပ္ေပးခ်င္တာပါ”
“အင္းပါ ငါနားလည္ပါတယ္ ငါေၿပာခ်င္တာက တရားမွ်တစြာလုပ္ေစခ်င္တယ္”
ထုိအခ်ိန္ ဆရာမအတန္းထဲ၀င္လာသၿဖင့္ ေအာင္ခုိင္ႏွင့္ ႏုိင္ႏုိင္ သူတုိ႔အခန္းဘက္သုိ႔ ၿပန္ကူးသြားေတာ့သည္။ စာသင္ေနသည့္တေလွ်ာက္လုံး နႏၵ ႏွင္းဆီရွိရာသုိ႔ မ်က္လုံးက ေရာက္ေရာက္သြားသည္။ သူ႔စိတ္ထဲ ဒီေန႔ၾကည့္ရေသာ ႏွင္းဆီတြင္တစ္ခုခုလုိေနသလုိ ခံစားရသည္။ ဘာေတြလုိေနသည္ကုိ ေသၿခားမကြဲၿပားတတ္၊ အေၿဖမထုတ္တတ္ခဲ့ေတာ့။
ေလညွင္းေလးေတြက ညီညီငယ္ကုိ ကလူးကာ ေက်ာ္ၿဖတ္သြားေပမယ့္ ညီညီငယ္ ကုိေတာ့ ေအးၿမခြင့္မေပးသာ၊ ရင္ခြင္တစ္ခုလုံးပူေလာင္ကာ ၀မ္းနည္းေနမိသည္။ သူလူေတြႏွင့္ ေ၀းရာသုိ႔ ေၿပးထြက္သြားခ်င္ေတာ့သည္။ အမုန္းေတြ မာနေတြ ပကာသနေတြ မရွိတဲ့ ဟုိးဘက္အၿခမ္းမွာ ဘာေတြရွိေနမည္နည္း။
သူေလးတြဲစြာေခါင္းငုိက္စုိက္ခ်လုိက္မိသည္။
“မင္းဒီမွာဘာလုပ္ေနတာလဲ”
“ဟင္.... ကုိေလး”
ကုိေလး ဘယ္အခ်ိန္ကေရာက္ေနသည္မသိ၊ ကုိကုိေလး ေရာက္လာသည္ကုိ ညီညီငယ္မသိပဲ စိတ္နဲ႔ကုိယ္ကင္းကြာ ေနမိခဲ့သည္။
“ဘာမွမဟုတ္ပါဘူး ဒီလိုပါပ
ဲ
“ေမေမဖုန္းေခၚလုိ႕ ခုပဲေၿပာၿပီးၿပန္လာတာ၊
ေမေမတုိ႔စုိးရိမ္ေအာင္မလုပ္ပါနဲ႔လား မင္းကုိဘယ္သူေတြက မေက်နပ္ဘူးလုိ႔ေၿပာေနလုိ႔လည္း”
က်ေနာ္ေၿပာေတာ့ေရာ ကုိေလးကယုံမွာ ဟုတ္လုိ႔လားလုိ႔ ေမးလုိက္ခ်င္ပါသည္။
“က်ေနာ္အိမ္ကုိလြမ္းလုိ႔”
“အဲဒါေတြငါမၾကဳိက္တာ မင္းကုိမင္း မိန္ခေလးမ်ားမွတ္ေနလာ ေပ်ာ့ညံ့လုိက္တာလည္း ႏွစ္ေယာက္မရွိဘူး”
“မိန္ခေလး ၿဖစ္ၿဖစ္ ေယာက်္ားေလး ၿဖစ္ၿဖစ္ ခံစားခ်က္ၿခင္းကေတာ့တူတာပါပဲ ကုိေလးရယ္”
“ဒီေက်ာင္းမွာလာေနတဲ့သူေတြထဲမွာ မိန္ခေလးေတြလည္းပါတာပဲ မင္းေလာက္ေတာ့ ေပ်ာ့ညံ့မေနဘူး”
“ဟုတ္ က်ေနာ္ၾကဳိးစားမွာပါ”
“မင္းကုိင့ါအခန္းထဲၿပန္ေၿပာင္းေနမလာ၊ ေမေမက ညီအကုိႏွစ္ေယာက္ အတူတူေနရင္ေကာင္းမယ္လုိ႔ ေၿပာလုိက္လုိ႔”
“ဟင့္အင္း က်ေနာ္အခန္းမေၿပာင္းခ်င္ေတာ့ဘူး”
“အင္းေလ မင္းသေဘာပဲ၊
ဒါနဲ႔မင္းဒီမွာဘာလုပ္ေနတာလဲ၊ ေက်ာင္းစာေတြ လြတ္ကုန္မယ္၊ ေမေမတုိ႔ေမွ်ာ္လင့္ထားေတြေတာ့ မရုိက္ခ်ဳိးပစ္နဲ႔”
“ဟုတ္ ခဏေနရင္ ေက်ာင္းခန္းထဲသြားေတာ့မယ္”
“အင္းၿပီးေရာေလ သိပ္ၿပီးလည္းၾကာမေနနဲ႔”
“ဟုတ္”
ကုိကုိေလး ထြက္သြားသည္ကုိ ခဏၾကည့္ေနၿပီးေတာ့မွ ေက်ာင္းခန္းဘက္သုိ႔ၿပန္လာလုိက္ေတာ့သည္။ ဆရာမအတန္းထဲတြင္ စာသင္ေနသည္ကုိ ခြင့္ေတာင္းၿပီး ႏွင္းဆီေဘးမွ မိမိလြယ္အိတ္တင္ထားသည့္ ခုန္ကုိ ၀င္ထုိင္လုိက္ေတာ့သည္။
နႏၵႏွင္းဆီကုိၾကည့္ေနရင္က ညီညီငယ္၀င္ထုိင္တာကုိ ၿမင္လုိက္သည္။ ႏွင္းဆီ ညီညီငယ္အနားကပ္ကာ တစ္စုံတစ္ရာ ေၿပာလုိက္ၿပီး ၿပဳံးၿပကာ စာအုပ္ထုိးေပးလုိက္သည္ကုိၿမင္လုိက္သည္။ နႏၵစိတ္ထဲတြင္ ႏွင္းဆီကုိ ၾကည့္ေနသည့္အေနထား ခုမွၿပည့္စုံသြားသည္ဟု စိတ္ထဲထင္မွတ္မိသည္။ ႏွင္းဆီအၿပဳံးကုိ ၿမင္လုိက္၍ ၿဖစ္မည္။
ေက်ာင္းသင္ခန္းစာမ်ားၿပီး ေနာက္အတန္းလႊတ္သည္ႏွင့္ ညီညီငယ္တုိ႔ အခန္းထဲမွထြက္လာခဲ့ေတာ့သည္။ ထုိအခ်ိန္ဆုိ အားလုံးေသာ အတန္းထဲမွေက်ာင္းသား၊သူမ်ား မိမိတုိ႔အေဆာင္ကုိ ၿပန္ခ်င္သူကၿပန္၊ ေဘာလုံးကန္ခ်င္သူႏွင့္ အၿခားေသာ အားကစားမ်ားလုပ္လုိသူမ်ားကေတာ့ အေဆာင္သုိ႔ၿပန္ကာ အားကစား၀တ္စုံမ်ား လည္ၿပီးအားကစားရုံးသုိ႔သြားရန္ ၿပင္ဆင္ေနၾကပါေတာ့သည္။
ညီညီငယ္တုိ႕ကေတာ့ ထုံစံအတုိင္း မက်ဥ္းပင္ေအာက္သုိ႔ သြားရန္ထြက္လာခဲ့ၾကေတာ့သည္။
“ငါဒီေန႕အေဆာင္ကုိ ၿပန္ေတာ့မယ္ဟာ မလုိက္ေတာ့ဘူး”
“ဘာၿဖစ္ရၿပန္တာလဲ”
“ဘာရယ္မဟုတ္ပါဘူး ငါနားခ်င္စိတ္ရွိေနလုိ႔”
“မဟုတ္ေသးပါဘူးဟယ္”
ႏွင္းဆီႏွင့္တြယ္တာကေတာ့ ညီညီငယ္ကုိနားမလည္သလုိၾကည့္ရင္ေၿပာဆုိေနၾကပါေတာ့သည္။ ႏွင္းဆီတစ္ခ်က္ စဥ္းစားလုိက္ၿပီး၊
“အိမ္နဲ႔ ဖုန္းသြားေၿပာတုံးကအဆင္မေၿပလုိ႔လား”
“အင္း”
“ဒါဆုိလည္းဘာၿဖစ္လဲဟယ္ နင္စိတ္ညစ္တာေတြကုိ ငါတုိ႔ကုိေၿပာၿပေပါ့၊ နင္တစ္ေယာက္တည္း ခံစားေနရင္ မေကာင္းဘူးေလ စိတ္ေပါ့သြားတာေပါ့”
“ထားလုိက္ပါဟာ”
ႏွင္းဆီ အလုိမက်သလုိၾကည့္လုိက္ၿပီး၊
“ေၿပာ..နင္မေၿပာရင္ မသြားရဘူး”
“အဲလုိမလုပ္နဲ႔ေလ ငါေၾကာင့္နင္တုိ႔ကုိစိတ္မညစ္ေစခ်င္ဘူး”
“အဲဒါေၿပာတာေပါ့နင္ကငါတုိ႔ခင္သလုိမခင္ဘူး”
တြယ္တာ၏မွတ္ခ်က္က ႏွင္းဆီကုိပံ့ပုိးေပးသလုိၿဖစ္ေနေတာ့သည္။
“ဒီမယ္ညီငယ္ နင္ငါတုိ႔ကုိတစ္ကယ္ခင္ရင္ နင္ေၿပာရမယ္၊ သူငယ္ခ်င္းဆုိတာ ဆုိးတုိင္ပင္ ေကာင္းတုိင္ပင္ပဲ ငါတုိ႔ကေတာ့ နင္ကုိသူငယ္ခ်င္းတစ္ေယာက္လုိကုိ ခင္တာ၊ နင္စိတ္ထဲမွာ ငါတုိ႕ကနင့္သူငယ္ခ်င္းမဟုတ္ဘူး ဆုိရင္ေတာ့ နင္ဘာမွေၿပာစရာမလုိေတာ့ဘူး၊ နင္အေဆာင္ကုိ နင္သြားႏုိင္တယ္၊ ေအးနင္တစ္ေယာက္တည္း နားခ်င္လုိ႔သြားတယ္ဆုိခဲ့ရင္၊ ငါတုိ႔အေပၚသူငယ္ခ်င္းစိတ္ရွိတယ္ ဆုိခဲ့ရင္ နင္ေၿပာၿပီးသြား၊ ငါခြင့္ၿပဳတယ္၊ ဒီလုိမွမဟုတ္ရင္ေတာ့ ငါတုိ႔ကုိအေပၚယံေလာက္ေတာ့လာမခင္နဲ႔”
ႏွင္းဆီ၏ၿပတ္သားေသာ စကားမ်ားေၾကာင့္ ညီညီငယ္မွာ အေနရခက္သြားေတာ့သည္။ သူငယ္ခ်င္းမေလးမ်ား သည္ညီညီငယ္ကုိ မ်က္ေစာင္းၾကီးထုိးလွ်က္ၾကည့္ေနၾကေတာ့သည္။ ညီညီငယ္ ဘာတတ္ႏုိင္ေတာ့မည္နည္းလဲ၊ ညကအၿဖစ္ပ်က္ကုိ ၿပန္ေၿပာင္းကာ အတုိခ်ဳပ္ေၿပာလုိက္ေတာ့သည္။
“ငါအိမ္ကုိဖုန္းေခၚတယ္ အိမ္ကငါကုိဘာမွအေၿပာမခံဘူး ဘာမွရွင္းၿပခြင့္မေပးဘူး၊ အဲဒါကုိငါ၀မ္းနည္းတာ”
“ေတာက္….ေတာ္ေတာ္ယုတ္မာၾကပါလာ၊ နင္ကလည္း အေဆာင္မူးကုိ ၿဖစ္ၿဖစ္ၿခင္းသြားတုိင္ရမွာ”
“အိမ္ကေတာင္မယုံတာ တစ္ၿခားလူေတြကေကာယုံမွာတဲ့လာဟာ၊ ငါဆုိဘယ္သူကမွ အယုံၾကည္မရွိဘူးေလ”
“လြန္ကုိလြန္ လြန္းတယ္ဟယ္၊ စတာေနာက္တာဆုိရင္လည္း နည္းနည္းေတာ့ ေၿပာသြားသင့္တာေပါ့”
တြယ္တာ၏မွတ္ခ်က္ကုိ ႏွင္းဆီေခါင္းညိတ္ရင္ ေထာက္ခံသည္။ ထုိအခ်ိန္ အေဆာင္ဘက္လမ္းမွ နႏၵ တုိ႔အုပ္စု ေဘာလုံးကန္အ၀တ္စားမ်ားၿဖင့္ ဆင္းလာသည့္လမ္းကုိ ၿမင္လုိက္သည္။
“ေအး..နင္သြားနားေတာ့ ငါခြင့္ၿပဳတယ္ ဒီတစ္ရက္ပဲေနာ္ သြားေတာ့”
“ငါကုိစိတ္မဆုိးပါဘူးေနာ္”
“အင္းမဆုိးပါဘူး နင္သြားေတာ့”
ညီညီငယ္ တြယ္တာႏွင့္ႏွင္းဆီ ကုိႏူတ္ဆက္ၿပီး အေဆာင္ဘက္သုိ႔ထြက္လာခဲ့ေတာ့သည္။
ႏွင္းဆီ ညီညီငယ္ထြက္သြားရာကုိ ၾကည့္ၿပီးမွ တြယ္တာကုိ လက္ဆြဲကာ နႏၵတုိ႔ဆင္းလာသည့္ လမ္းဘက္သုိ႔ ထြက္ခဲ့လာေတာ့သည္။
နႏၵ၊ ေအာင္ေအာင္၊ ေအာင္ခုိင္ ႏွင့္ ႏုိင္ႏုိင္တုိ႔ ေဘာလုံးကုိေတာ့ကာ တစ္ေယာက္ႏွင့္တစ္ေယာက္ စေနာက္ၿပီး သြားေနၾကသည္။ သူတို႔ေနာက္မွ ႏွင္းဆီလုိက္လာသည္ကုိ ေတာ့မသိပါ။ နႏၵေဘာလုံးကုိ ေခါင္းၿဖင့္ေတာ့လုိက္တာ မမွီပဲ ေနာက္သုိ႔ေက်ာ္သြားသည္။ ေဘာလုံးက ႏွင္းဆီတုိ႔ေရွ႔သုိ႔ေရာက္သြားသည္။
“ဟင္ ႏွင္းဆီ”
ႏွင္းဆီ ေဘာလုံးကုိေကာက္ကုိင္ၿပီး နႏၵ၏ရင္၀ကို ပစ္ေပါက္လုိက္သည္။ ႏွင္းဆီဆႏၵ မၿပည့္ပါ နႏၵကေဘာလုံးကုိ အလြယ္တကူဖမ္းလုိက္ေသာေၾကာင့္ၿဖစ္သည္။
“နင္အၾကံေတာ္ေတာ္ပက္စက္တာပဲ”
“ဘယ္လုိ”
“နင္လုပ္ထားတာကုိ လူတုိင္းမသိဘူးလုိ႔မွတ္ေနလာ”
“ဘာေတြလာေၿပာေနတာလဲ နွင္းဆီ”
ႏွင္းဆီ၏ မ်က္၀န္းထဲအၾကည့္မ်ားက ၀ါးစားေတာ့မည့္ အၾကည့္မ်ဳိး၊ တြယ္တာက ႏွင္းဆီလက္ကုိဆြဲသည္။ ႏွင္းဆီကပုတ္ခ်လုိက္သည္။
“နင္ညက ညီညီငယ္ကုိဘာလုပ္လုိက္လဲ”
“ဘာ…ငါကဘာလုပ္ရမွာလဲ”
ႏွင္းဆီ၏စကားေၾကာင့္ နႏၵသူငယ္ခ်င္းသုံးေယာက္က နႏၵကုိၾကည့္ၾကသည္။
“ေအးတစ္ၿခားလူေတြကုိလိမ္လုိ႔ေတာ့ရမယ္ ငါ့ေတာ့မရဘူး သိလား”
“နင္ဘာေတြေၿပာေနတာလဲ ငါတစ္ခုမွနားမလည္ဘူး”
“ေအာ္ နင္ကခုခ်ိန္ထိ ၀င္မခံေသးပဲကုိ၊ နင္၀င္မခံရင္ေတာ့ငါလဲ ေၿပာရမွာပဲ”
“ဟာကြာ ဘာေတြလဲ”
“နင္ညက ညီညီငယ္ကုိ ေၿခာက္လုိက္တာေလ အဲဒါကုိနင္က ခုမွမသိခ်င္ေယာင္ ေဆာင္ေနလုိက္တာ နင္ရုပ္ရွင္သရုပ္ေဆာင္ လုပ္ပါလား သိပ္အုိက္တင္ေကာင္းတာပဲ”
ႏွင္းဆီ၏မဲ့ကာ ရြ႕ဲကာေၿပာလုိက္ေသာ စကားေၾကာင့္ နႏၵတုိ႔အားလုံးသေဘာေပါက္သြားေတာ့သည္။
“ေအာ္...အဲဒါက….”
ေအာင္ခုိင္ ၀င္ရွင္းမည္လုပ္ေနသည္ကုိ နႏၵကလက္ၿဖစ္ကာ ၿပီးတားလုိက္သည္။ ေအာင္ခုိင္ ေၿပာမည့္စကားမ်ား ေပ်ာက္သြားေတာ့သည္။
“ေနစမ္းပါအုံး အဲ့ဒီအေၿခာက္က နင္ကုိလာတုိင္းတာလာ”
“ေတာ္စမ္း ညီညီငယ္က ေၿခာက္ေနတာမဟုတ္ဘူး ေၿခာက္တာကနင္ သူမ်ားကုိ မနာလုိလုိ႔ လုိက္ၿပီး ေခ်ာက္တြန္းခ်င္ေနတာက နင္”
“ေအာ္…ဒါဆုိငါကေမးပါအုံးမယ္ နင္ကအဲ့ဒီေကာင္ဘက္က နာေနရေအာင္ နင္နဲ႔ အဲ့ေကာင္က ဘာေတြလဲ”
“ေသၿခားမွတ္ထား ငါတုိ႔ကသူငယ္ခ်င္းေတြ”
“သူငယ္ခ်င္းေတြဟုတ္လား….ဟားဟားဟား…..ဟုတ္မွလည္းေၿပာ၊ နင္တုိ႔ကသူငယ္ခ်င္းေတြ ၿဖစ္ေနရင္လည္း အဲေလာက္နာစရာမလုိပါဘူး”
“နာမွာပဲ မတရားတာေတာ့ လက္ပုိက္ၾကည့္မေနႏုိင္ဘူး”
“နင္ေကာင္ကုိ ေသခ်ာေပါင္း ေအးေလ ဟုတ္ပါတယ္ အေၿခာက္က ဒီလုိပဲေပါင္းသင္းတတ္တာကုိ”
“ေတာ္စမ္း လူပုံၿခင္းႏွဳိင္းမလာ၊ ညီညီငယ္ကသန္႔လုိ႔ နင္လုိေတာ့ စုတ္ပဲ့ေနတာမဟုတ္ဘူး၊ ၿပီးေတာ့ ညီညီငယ္ ကနင္လုိမ်ဳိး ဂ်ပုိးမဟုတ္ဘူး သီးသန္႔ေနတတ္သလုိေနတာ နင္ကသာ ေနရာတကာ ၀င္စြတ္ဖက္ၿခင္ေနတာ ေၿခာက္တာကနင္”
“ညီညီငယ္ဘာၿဖစ္လုိ႔လဲ”
ႏွင္းဆီေဒါၾကီးမာန္ၾကီးႏွင့္ ေၿပာေနလုိက္မိသည့္အခ်ိန္တြင္ ေနာက္မွထြက္လာေသာ အသံေၾကာင့္ သူတုိ႔အားလုံး လွည့္ၾကည့္လုိက္ေတာ့ ညီညီငယ္၏ အကုိ ကုိကုိေလးကုိ ေတြ႔လုိက္ရေတာ့သည္။
ကုိကုိေလး သည္ ေဘာကန္ရန္ အတြက္ ေဘာလုံးကြင္းသုိ႔ ထြက္လာရင္မွ ႏွင္းဆီႏွင့္ နႏၵတုိ႔ အုပ္စုရပ္စကားေၿပာေနတာကုိေတြ႔လုိက္ၿခင္းၿဖစ္ပါသည္။
ကုိကုိေလး ေရာက္လာသည္ကုိ သူတုိ႔အုပ္စုမသိလုိ္က္ပါ။
“ဒီမယ္ ရွင္က ညီညီငယ္ရဲ့အကုိမဟုတ္လား”
“ဟုတ္ပါတယ္”
“ရွင့္ညီကုိ တစ္ၿခားလူေတြေစာ္ကားေနတာကုိ ရွင္ကဒီအတုိင္းၾကည့္ေနႏုိင္တာ အံံ့တယ္”
“ဗ်ာ”
“ရွင္ေကာသိရဲ့လာ ရွင္ညီကုိ သူတုိ႔က အေၿခာက္လုိ႔ေစာ္ကားေနတာေလ”
ကုိကုိေလး နႏၵကုိၾကည့္လုိက္သည္။
ထုိေနာက္ သူတို႔အုပ္စုေလးသည္ အေၿခတင္စကားမ်ားၾကရင္မွ အေၾကာင္းတစ္ခုကုိ ေရာက္သြားေတာ့သည္။
ႏွင္းဆီ၏အကဲပါ မူ႔ကုိ နႏၵၾကည့္မရေတာ့၊ ထုိေၾကာင့္ရည္ရြယ္မထားေသာ အေၾကာင္းရာမ်ားၿဖစ္ပ်က္သြားေတာ့သည္။
“ဒီမယ္ နင့္ညီညီငယ္က အေၿခာက္ဟုတ္မဟုတ္ဆုိတာကုိ ေလာင္းမလား”
“အဟက္..ငါကေလာင္းၿပီးသားပဲ ေအးနင္ရွဳံးလုိ႔ကေတာ့ နင္ေပးဆပ္ရမယ့္အရာကအၾကီးၾကီးပဲ”
ႏွင္းဆီကေတာ့ အပုိင္တြက္ၿပီးသာ ဟုသတ္မွတ္ကာ လက္ခံလုိက္သည္။
“ဟာ ဘာၿဖစ္လုိ႔ ငါ့ညီကေလာင္းေၾကးထဲပါသြားရတာလဲ”
“ဒီမယ္ ေလာင္းၾကတဲ့ပြဲမွာသန္႔သန္႔ေလ လုပ္ရမယ္၊ ဒုိင္ကုိ သူ႔အကုိၿဖစ္တဲ့ကုိကုိေလးပဲ လုပ္ရမယ္”
“ဟာ….ဘာေတြလဲ”
ႏွင္းဆီ၏ စကားမ်ားေၾကာင့္ ကုိကုိေလး စိတ္ပ်က္စြာ ညီးတြားမိသည္။
“ေအး သေဘာတူညီခ်က္အရ ဒီမွာရပ္ေနတဲ့သူေတြက သက္ေသ၊ မညစ္ပတ္ရဘူး၊ ဒီအေၾကာင္းကုိ ညီညီငယ္ဆီ လုံး၀မေၿပာရဘူး၊ မသက္ဆုိင္တာေတြမလုပ္ရဘူး၊ ရည္းစားစကား ကုိညီညီအားဒီထဲကလူေတြက ဘယ္သူကမွစမေၿပာရဘူး၊ ေပါက္ၾကားတယ္လုိ႔ သတင္းၾကားရင္၊ ေပါက္ၾကားတဲ့ သူဘက္ကအရွဳံး၊ ရွဳံးတဲ့သူက ႏုိင္တဲ့သူရဲ့ လုိအင္ဆႏၵကုိ တသက္လုံးေပးဆပ္ရမယ္”
“ရတယ္ နႏၵတုိ႔က စိမ္ေခၚရင္တိမ္ေပၚထိလုိ္က္မယ္ သေဘာတူတယ္”
“ဟာကြာ ငါ့ညီကုိနစ္နာေအာင္ေတာ့မလုပ္ၾကနဲ႔”
“မလုပ္ဘူး ကုိကုိေလးရာ ငါကေတာ့ မင္းကုိေတာ့အားနာတယ္ ဒါေပမယ့္ ဒီေကာင္အေၿခာက္ဟုတ္မဟုတ္ ငါအတြက္ သက္ေသၿပရုံေလးပဲ၊ ဒါနဲ႔အခ်ိန္အတုိင္းတာက”
“ဒီေက်ာင္းမွာ ရွိေနသည့္အခ်ိန္ထိ”
ႏွင္းဆီစကားမ်ားက ၿပတ္သားစြာ ထြက္လာခဲ့ေတာ့သည္။ ထုိရက္က ထုိအုပ္စုေလးထဲတြင္ မသက္ဆုိင္ေသာ သူုအားဦးတည္ၿပီး ေလာင္းေၾကးအၿဖင့္ ၿဖစ္ပ်က္သြားခဲ့သည္။ ထုိအရာသည္ သူတို႔အုပ္စုေလး အား ၀မ္းနည္းၿခင္းေတြ၊ ေၾကကြဲၿခင္းေတြ၊ အမုန္းအာဃာသေတြ၊ မနာလုိမွဳ႔ေတြ ၿဖစ္ေပၚေစခဲ့ပါေတာ့သည္။
ထုိရက္က ေက်ာင္းၾကီးထံတြင္တြင္ သူတုိ႔ပညာသင္ယူခဲ့သည့္ ၉တန္း ႏွစ္၀က္သုိ႔ ေရာက္ေနသည့္ အခ်ိန္ပင္ၿဖစ္ ပါေတာ့သည္။
ညီညီငယ္ အခန္းထဲၿပန္ေရာက္ေတာ့ စားၾကည့္စားပြဲမွာ စာထုိင္ဖတ္ၿခင္စိတ္လည္းမရွိေတာ့၊ ထုိေၾကာင့္ အိပ္ယာထဲတြင္လဲေလ်ာင္းေနရင္က၊ ညကသူ႔အား ေၿခာက္သြားေသာသူမည္သူၿဖစ္မည္နည္းဟု စိတ္ထဲေတြးေတာ ေနမိရင္ အိပ္ေပ်ာ္သြားေတာ့သည္။
နႏၵေဘာကန္ၿပီးၿပန္လာေတာ့ အခန္းထဲ ညီညီငယ္ အိပ္ေနသည္ကုိ ေတြ႔လုိက္ရၿပီး၊ ညေနက ၿဖစ္ပ်က္သြားေသာ အေၾကာင္းမ်ားက ေခါင္းထဲ၀င္လာေတာ့သည္။ စိတ္ထဲမွ ညီညီငယ္အား ေၿပးထုိးခ်င္စိတ္ေပၚသြားေတာ့သည္။ သုိ႔ေပမယ့္ သူလုပ္လုိ႔မၿဖစ္ပါ။ သူတုိ႔ေလာင္းေၾကးထဲတြင္ ညီညီငယ္အား မေႏွာင့္ယွက္ရန္လည္း ပါထားသည္ မဟုတ္လာ။ ထုိေၾကာင့္ေရခ်ဳိးရန္ၿပန္ထြက္ခဲ့ေတာ့သည္။ အခန္းထဲၾကာၾကာမေနခ်င္ ၍လည္း ၿဖစ္ပါသည္။
ညီညီငယ္သည္ အိပ္ေနရင္းမွ အခန္းထဲ တစ္ခြ်တ္ခ်ြတ္ႏွင့္ လွဳပ္ရွားမွဳ့တစ္ခုခုလုပ္ေနသည္ဟု စိတ္ထင္၍ မ်က္လုံးမသိမသာ ခုိးဖြင့္ၾကည့္လိုက္သည္။ နႏၵ ေရခ်ဳိးၿပီးၿပန္လာပုံရသည္။ ေရဆုိပုဆုိးႏွင့္ၿဖစ္ေနပါသည္။ နႏၵလည္း ညီညီငယ္ရွိေနသၿဖင့္ ေရခ်ဳိးခန္းသြားတုံးက အပုိပုဆိုတစ္ထည္ ေမ့ၿပီးမယူသြားခဲ့သၿဖင့္ ေရဆုိပုဆုိးၿဖင့္ ၿပန္၀င္လာခဲ့ရပါသည္။
“ဒင္းေၾကာင့္ေရဆုိပုဆုိလဲ ဖုိ႔ေတာင္ေမ့ၿပီးမယူသြားမိဘူး”
နႏၵ၏စကားမ်ားကုိ ၾကားလုိက္သၿဖင့္ ညီညီငယ္ အိပ္ခ်င္ေယာင္ေဆာင္လုိက္သည္။ ဘာမ်ားထက္ေၿပာမလဲဟု သိခ်င္စိတ္ၿဖစ္ေနေသာေၾကာင့္လည္း ပါသည္။
မသိမသာ မ်က္လုံးေလးဖြင့္ၾကည့္လုိက္ေတာ့………
…….ဟင္……………….
စိတ္ထဲအံ့ၾသကာ အသံထြက္မွာကုိပင္ေၾကာက္လုိက္မိသည္။ အဘယ့္ေၾကာင့္ဆုိေသာ္ နႏၵက ညီညီငယ္ကုိ ေသၿခားၾကည့္ၿပီး အိပ္ေနသည္ဟု ထင္မွတ္ကာ ပုဆုိးကုိ ကြင္းလုံးၿခြတ္လုိက္ကာ အ၀တ္လဲရန္အတြက္ ကုန္းကုန္းကြကြ ရွားေနေသာေၾကာင့္ၿဖစ္ပါသည္။
ဟာ…ဒီေကာင္ပစၥည္းကနည္းတာၾကီးမဟုတ္ဘူး….
ညီညီငယ္မွာ ကတုန္ကရင္မၿဖစ္ရုံတမည္းရွိေနေတာ့သည္။ နႏၵကေတာ့ အရင္ရက္ေတြကလည္း ဒီအခ်ိန္ဆုိလွ်င္ ညီညီငယ္အခန္းထဲမရွိသည့္အတြက္ ခုလုိပင္လြတ္လြတ္လပ္လပ္ အ၀တ္စားလဲေနသည္မဟုတ္လား၊ ခုလည္း ညီညီငယ္ ရွိေနေပမယ့္ အိပ္ေနသည္ဟု ထင္မွတ္မိေသာေၾကာင့္ အရင္အတုိင္း ၿပဳလုပ္ေနၿခင္းၿဖစ္ပါသည္။
............TBC..................
...
Unicode
ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း4)
စိတ်ကတော့ မကျေနပ်စွာ တင်းနေမိသည််။ ထိုသို့မဖြစ်သင့်ဟု ညီညီငယ်ထင်မိသည်။ အကြောင်းမတိုက်ဆိုင်စွာ နှလုံးသွေးရပ်သွားကာ သေသွားခဲ့လျှင် ဒါကနောက်ရမည့်အပိုင်းမဟုတ်တော့၊ သူ့အားခင်မင်လို့၊ စချင်လို့၊ နောက်ပြောင်တဲ့သူ ဖြစ်ခဲ့လျှင် ထိုသို့တိတစိတ်ထွက်သွား စရာအကြောင်းမရှိ၊ အနည်းဆုံးတော့ နောက်တာပါဟုတော့ ပြောခဲ့သင့်သည်။ ဤသို့ဆိုခဲ့လျှင် သူ့အား တမင်လုပ်ယူကာ ဖြစ်ချင်ရာ ဖြစ်ဟုသဘောထားခဲ့ပြီး လုပ်သွားခဲ့သူသည် သာမန်မဟုတ်တော့။
နောက်တနေ့တွင်တော့ ညီညီငယ် အိမ်ကိုဖုန်းဆက်ခေါ်လိုက်သည်။ မည်သည့်အခိျန်ပဲဖြစ်ပါစေ၊ ကျောင်း၀န်ထဲမှာ ဖုန်းပြောချင်လျှင် ကျောင်း၏ရုံးခန်းထဲလာပြီးမှ ဖုန်းခေါ်ဆိုခွင့်သာရှိပါသည်။ အပြင်မှလာသည့် ဖုန်းခေါ်များဖြစ်ခဲ့လျှင် ကျောင်း၀န်းအတွင်းတက်ဆင်ထားသော စပီကာအတွင်းမှ သက်ဆိုင်သူ နာမည်ကိုခေါ်ဆို၍ ကျောင်းရုံးခန်းသို့သွားကာ ဖုန်းပြောဆိုရသည့် ကျောင်း၏စည်းကမ်းတစ်ခုပင် ဖြစ်ပါသည်။
“မေမေ“
“သားငယ် အားလုံးအဆင်ပြေလား စာတွေလိုက်နိုင်တယ်နော်၊ အေးကြိုးစားနော်“
“ဟုတ်ကဲ့မေမေ“
“ကိုကိုနဲ့လည်း တည့်အောင်ပေါင်းနော်
ညီအကိုလေးနှစ်ယောက်ရှိတာ ဟုတ်ပြီးလား ကိုကိုစကားလည်းနားထောင်အုံး“
“မေမေ“
“အင်း“
“သားပြန်လာချင်တယ်“
“ဘာဖြစ်လို့စိတ်တွေကို ပျော့ညံ့နေရတာလဲ၊
ယောကျ်ားတစ်ယောက်အနေနဲ့ ပျော့ညံ့နေလို့မရဘူး“
“သူတို့ သားကို မကျေနပ်ကြဘူး“
“မင်းသာမှန်မှန်ကန်ကန်နေခဲ့ရင် လောကကြီးကလည်း မှန်မှန်ကန်ကန်မင်းဘက်ကရှိနေမှာပဲ“
မေမေအသံများ အနည်းငယ်မာလာသည်။ သူ၀မ်းနည်းသွားတော့သည်။ သူနှင့်စကားပြောတိုင် ( သားပြောလေ မေမေနားထောင်နေမယ်လို့ ဘာလို့မပြောတာလဲ၊ ဘာဖြစ်လို့ပြောခွင့်မပေးတာလဲ )
“ကဲကဲ အကြောင်းမရှိ အကြောင်းရှာပြီး ပြန်ဘို့မလုပ်နဲ့၊ သားတို့ကိုကောင်းစေချင်လို့ ပို့ထားတာ၊ ကြိုးစားရမယ်၊ မွေးရကျိုးနပ်အောင် လူတော်လေးတွေဖြစ်အောင်လုပ်ကြ၊ ဒါပဲ မေမေလည်း လုပ်စရာတွေရှိနေလို့၊ လကုန်မှပဲ ကျောင်းကိုလာခေါ်တော့မယ်၊ ကျမ္မားရေးလည်းဂရုစိုက်၊ ဟုတ်ပြီးလာ၊ ဒါပဲနော် စိတ်ဓါတ်ကျမနေနဲ့“
စိတ်ဓါတ်ကျစွာ ကျောင်းရုံးခန်းထဲမှ ထွက်လာခဲ့တော့သည်။ ကျောင်းရုံးခန်းထဲမှ သူထွက်လာတော့ ကျောင်းစာသင်ခန်းထဲသို့သွားချင်စိတ်မရှိတော့ပဲ မကျဉ်းပင်အောက်သို့ထွက်လာခဲ့တော့သည်။
“ဟေ့ကောင် နန္ဒ ညကဘာတွေသတင်းထူးသေးလဲ "
အောင်ခိုင်နှင့် နိုင်နိုင်ရောက်လာကာ မေးကြခြင်းဖြစ်ပါသည်။ သူတို့သည် အခန်းခြင်းမတူသော်လည်း ဘောလုံးကန်အဖေါ်သူငယ်ချင်းများ ဖြစ်ကြပါသည်။
နန္ဒသူတို့အမေးကို မျက်မှောင်ကုတ်ကာ သေခြားစဉ်းစားသည်၊ ဘာမှအဖြေမထွက်လာ၊ ထိုကြောင့်ခေါင်းခါးကာ ဖြေပေးလိုက်သည်။
“ဟင့်အင်း ဘာဖြစ်လို့လဲ”
ရှေ့မှထိုင်နေသော အောင်အောင်လှည့်ကြည့်ကာ စကား၀ိုင်းထဲ၀င်ပါလာသည်။
“ဘာမဟုတ်တာလုပ်ထားလို့လဲ မင်းတို့ဒီလိုမေးလာရင်တော့ တစ်ခုခုတော့ လုပ်ထားပြီးဆိုတာ သိနေတယ်”
“အဟဲ ”
စပ်ဖြီးဖြီးနှင့် ကြည့်နေကြသော အောင်ခိုင်နှင့်နိုင်နိုင် ကိုနာမလည်ကာကြည့်နေသည်။ ထိုနောက် အောင်ခိုင်က လေသံတိုးလေဖြင့
်
“ ညက ညီညီငယ်ဆိုတဲ့ကောင်ကို ခြောက်လိုက်လို့ပြောနေကြတာ”
“ ၀ူး…မိုက်လှကြီးလာ ခုမှလာပြောရလာဟ ”
အောင်အောင်၀မ်းသာ အားရပြောဆိုသည်။ နန္ဒပြန်စဉ်းစားလိုက်တော့ ညကအခန်းထဲကို မျက်နာတွင်သွေးမရှိတော့ပဲ ပြန်ပြေးလာသော ညီညီငယ်မျက်နာကို ပြန်မြင်ယောင်မိသည်။
“ကြည့်လည်း လုပ်ကြအုံး လန့်ပြီးသေသွားအုံးမယ်”
“သန်သန်မာမာ ကြီးပါကွာ မသေနိုင်ပါဘူး မသကာ ဆေးရုံးလောက်ပါပဲ”
“ဟုတ်တော့မဟုတ်သေးပါဘူးကွာ”
“ဘာလည်း မင်းကနာလို့လာ အဲဒီကောင်ဘက်က”
“သွားစမ်းပါ… အနေသာကြီး သူဟာသူဘာဖြစ်ဖြစ် မင်းတို့အတွက်ပြောတာ သေသွားရင်အမှု့ပက်နေမယ်”
“ဘယ်သူသိတာမှတ်လို့”
“ဘယ်သူသိတာမှတ်လို့ဟုတ်လာ ခုတောင်ငါတို့သိသွားပြီလေ”
“မင်းကအဲဒီကောင်ဘက်ကနာနေတာလား”
“မင်းပြောတော့ ဒီအခြောက်ကိုမုန်းတယ်ဆို”
“အေးလေ ခုကြတော့ သူ့ဘက်ကနာနေတယ်၊ မင်းသွားမပြောရင် သူဘယ်လိုမှမသိနိုင်ဘူး”
သူငယ်ချင်းများ၏တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးနေသည့်စကားများကို နန္ဒစိတ်ပျက်မိသည်။
“အေး…မင်းတို့ပြောသလို ငါသူ့ကိုမုန်းနေတာ ကြည့်မရတာမှန်တယ်၊ မုန်းနေလို့ကြည့်မရလို့ လိုက်ပြီးပြဿနာရှာနေပြီး တမင်ညစ်ပတ်နေရင် မတရားတာလုပ်နေရင် မတရားဘူးလေ၊ ငါကတော့ အမှန်ဘက်ကရပ်တည်ရမှာပဲ၊ သူအမှားတွေလုပ်နေရင်၊ မတရားတာတွေလုပ်နေရင် ငါလက်ပိုက်ပြီး ကြည့်နေလိုက်မယ်၊ သွားလည်းမတားဘူး လွှတ်ပေးထားလိုက်မှာပဲ၊ မင်းတို့ကြတော့ ငါ့သူငယ်ချင်းတွေလေ ငါ့သူငယ်ချင်းတွေကို ကောင်းစေချင်တယ်၊ ဒါကြောင့်ငါသူငယ်ချင်းတွေ အမှားနေလုပ်နေရင် ငါပြောရမှာပဲ”
နန္ဒ၏ စကားများကြောင့် သူတို့ငြိမ်ကျသွားသည်။
“မင်းတို့ဘောလုံးပွဲကြည့်နေတယ်ဆိုပါဆို့၊ မင်းတို့က ကစားတဲ့အသင်းပေါ်မှာပဲ ကြည့်နေမယ်၊ နှစ်ဘက်မှာ ရပ်တည်နေတဲ့ ဒိိုင်ကိုတော့မင်းတို့မမြင်ကြဘူး၊ မင်းတို့အသင်းက တစ်ခုခုခြွတ်လျှော်လို့ ပြစ်ဒါဏ်ပေး ဖြစ်ခဲ့ရင် ဒိုင်ညစ်တယ်လို့မင်းတို့ မြင်ချင်မြင်လိမ့်မယ်၊ တစ်ခြားအသင်းဘက်ကို ပြစ်ဒါဏ်ပေးခဲ့ရင် ဒိုင်တော်တယ်လို့မင်းတို့မြင်လိမ့်မယ်၊ ဒိုင်လိုက်ကြည့်နေရတဲ့ အပိုင်းတွေကိုတော့မင်းတို့မမြင်ပဲ ဖြစ်နေမယ်၊ ဒိုင်လိုပဲ မင်းတို့မျှမျှတတတွေးကြစမ်းပါကွာ၊ ငါ့သူငယ်ချင်းတွေကို ငါကကောင်းစေချင်တယ်”
နန္ဒစကားများကို နားထောင်နေသော သူငယ်ချင်းများကတော့ နန္ဒကို ကြည့်နေကြသည်။
“မင်းစကားကိုကြားတော့ ၀မ်းသာမိတာတော့အမှန်ပဲ ဒါပေမယ့် မင်းအတွက်ငါတို့က လုပ်ပေးချင်တာပါ”
“အင်းပါ ငါနားလည်ပါတယ် ငါပြောချင်တာက တရားမျှတစွာလုပ်စေချင်တယ်”
ထိုအချိန် ဆရာမအတန်းထဲ၀င်လာသဖြင့် အောင်ခိုင်နှင့် နိုင်နိုင် သူတို့အခန်းဘက်သို့ ပြန်ကူးသွားတော့သည်။ စာသင်နေသည့်တလျှောက်လုံး နန္ဒ နှင်းဆီရှိရာသို့ မျက်လုံးက ရောက်ရောက်သွားသည်။ သူ့စိတ်ထဲ ဒီနေ့ကြည့်ရသော နှင်းဆီတွင်တစ်ခုခုလိုနေသလို ခံစားရသည်။ ဘာတွေလိုနေသည်ကို သေခြားမကွဲပြားတတ်၊ အဖြေမထုတ်တတ်ခဲ့တော့။
လေညှင်းလေးတွေက ညီညီငယ်ကို ကလူးကာ ကျော်ဖြတ်သွားပေမယ့် ညီညီငယ် ကိုတော့ အေးမြခွင့်မပေးသာ၊ ရင်ခွင်တစ်ခုလုံးပူလောင်ကာ ၀မ်းနည်းနေမိသည်။ သူလူတွေနှင့် ေ၀းရာသို့ ပြေးထွက်သွားချင်တော့သည်။ အမုန်းတွေ မာနတွေ ပကာသနတွေ မရှိတဲ့ ဟိုးဘက်အခြမ်းမှာ ဘာတွေရှိနေမည်နည်း။
သူလေးတွဲစွာခေါင်းငိုက်စိုက်ချလိုက်မိသည်။
“မင်းဒီမှာဘာလုပ်နေတာလဲ”
“ဟင်.... ကိုလေး”
ကိုလေး ဘယ်အချိန်ကရောက်နေသည်မသိ၊ ကိုကိုလေး ရောက်လာသည်ကို ညီညီငယ်မသိပဲ စိတ်နဲ့ကိုယ်ကင်းကွာ နေမိခဲ့သည်။
“ဘာမှမဟုတ်ပါဘူး ဒီလိုပါပ
ဲ
“မေမေဖုန်းခေါ်လို့ ခုပဲပြောပြီးပြန်လာတာ၊
မေမေတို့စိုးရိမ်အောင်မလုပ်ပါနဲ့လား မင်းကိုဘယ်သူတွေက မကျေနပ်ဘူးလို့ပြောနေလို့လည်း”
ကျနော်ပြောတော့ရော ကိုလေးကယုံမှာ ဟုတ်လို့လားလို့ မေးလိုက်ချင်ပါသည်။
“ကျနော်အိမ်ကိုလွမ်းလို့”
“အဲဒါတွေငါမကြိုက်တာ မင်းကိုမင်း မိန်ခလေးများမှတ်နေလာ ပျော့ညံ့လိုက်တာလည်း နှစ်ယောက်မရှိဘူး”
“မိန်ခလေး ဖြစ်ဖြစ် ယောကျ်ားလေး ဖြစ်ဖြစ် ခံစားချက်ခြင်းကတော့တူတာပါပဲ ကိုလေးရယ်”
“ဒီကျောင်းမှာလာနေတဲ့သူတွေထဲမှာ မိန်ခလေးတွေလည်းပါတာပဲ မင်းလောက်တော့ ပျော့ညံ့မနေဘူး”
“ဟုတ် ကျနော်ကြိုးစားမှာပါ”
“မင်းကိုင့ါအခန်းထဲပြန်ပြောင်းနေမလာ၊ မေမေက ညီအကိုနှစ်ယောက် အတူတူနေရင်ကောင်းမယ်လို့ ပြောလိုက်လို့”
“ဟင့်အင်း ကျနော်အခန်းမပြောင်းချင်တော့ဘူး”
“အင်းလေ မင်းသဘောပဲ၊
ဒါနဲ့မင်းဒီမှာဘာလုပ်နေတာလဲ၊ ကျောင်းစာတွေ လွတ်ကုန်မယ်၊ မေမေတို့မျှော်လင့်ထားတွေတော့ မရိုက်ချိုးပစ်နဲ့”
“ဟုတ် ခဏနေရင် ကျောင်းခန်းထဲသွားတော့မယ်”
“အင်းပြီးရောလေ သိပ်ပြီးလည်းကြာမနေနဲ့”
“ဟုတ်”
ကိုကိုလေး ထွက်သွားသည်ကို ခဏကြည့်နေပြီးတော့မှ ကျောင်းခန်းဘက်သို့ပြန်လာလိုက်တော့သည်။ ဆရာမအတန်းထဲတွင် စာသင်နေသည်ကို ခွင့်တောင်းပြီး နှင်းဆီဘေးမှ မိမိလွယ်အိတ်တင်ထားသည့် ခုန်ကို ၀င်ထိုင်လိုက်တော့သည်။
နန္ဒနှင်းဆီကိုကြည့်နေရင်က ညီညီငယ်၀င်ထိုင်တာကို မြင်လိုက်သည်။ နှင်းဆီ ညီညီငယ်အနားကပ်ကာ တစ်စုံတစ်ရာ ပြောလိုက်ပြီး ပြုံးပြကာ စာအုပ်ထိုးပေးလိုက်သည်ကိုမြင်လိုက်သည်။ နန္ဒစိတ်ထဲတွင် နှင်းဆီကို ကြည့်နေသည့်အနေထား ခုမှပြည့်စုံသွားသည်ဟု စိတ်ထဲထင်မှတ်မိသည်။ နှင်းဆီအပြုံးကို မြင်လိုက်၍ ဖြစ်မည်။
ကျောင်းသင်ခန်းစာများပြီး နောက်အတန်းလွှတ်သည်နှင့် ညီညီငယ်တို့ အခန်းထဲမှထွက်လာခဲ့တော့သည်။ ထိုအချိန်ဆို အားလုံးသော အတန်းထဲမှကျောင်းသား၊သူများ မိမိတို့အဆောင်ကို ပြန်ချင်သူကပြန်၊ ဘောလုံးကန်ချင်သူနှင့် အခြားသော အားကစားများလုပ်လိုသူများကတော့ အဆောင်သို့ပြန်ကာ အားကစား၀တ်စုံများ လည်ပြီးအားကစားရုံးသို့သွားရန် ပြင်ဆင်နေကြပါတော့သည်။
ညီညီငယ်တို့ကတော့ ထုံစံအတိုင်း မကျဉ်းပင်အောက်သို့ သွားရန်ထွက်လာခဲ့ကြတော့သည်။
“ငါဒီနေ့အဆောင်ကို ပြန်တော့မယ်ဟာ မလိုက်တော့ဘူး”
“ဘာဖြစ်ရပြန်တာလဲ”
“ဘာရယ်မဟုတ်ပါဘူး ငါနားချင်စိတ်ရှိနေလို့”
“မဟုတ်သေးပါဘူးဟယ်”
နှင်းဆီနှင့်တွယ်တာကတော့ ညီညီငယ်ကိုနားမလည်သလိုကြည့်ရင်ပြောဆိုနေကြပါတော့သည်။ နှင်းဆီတစ်ချက် စဉ်းစားလိုက်ပြီး၊
“အိမ်နဲ့ ဖုန်းသွားပြောတုံးကအဆင်မပြေလို့လား”
“အင်း”
“ဒါဆိုလည်းဘာဖြစ်လဲဟယ် နင်စိတ်ညစ်တာတွေကို ငါတို့ကိုပြောပြပေါ့၊ နင်တစ်ယောက်တည်း ခံစားနေရင် မကောင်းဘူးလေ စိတ်ပေါ့သွားတာပေါ့”
“ထားလိုက်ပါဟာ”
နှင်းဆီ အလိုမကျသလိုကြည့်လိုက်ပြီး၊
“ပြော..နင်မပြောရင် မသွားရဘူး”
“အဲလိုမလုပ်နဲ့လေ ငါကြောင့်နင်တို့ကိုစိတ်မညစ်စေချင်ဘူး”
“အဲဒါပြောတာပေါ့နင်ကငါတို့ခင်သလိုမခင်ဘူး”
တွယ်တာ၏မှတ်ချက်က နှင်းဆီကိုပံ့ပိုးပေးသလိုဖြစ်နေတော့သည်။
“ဒီမယ်ညီငယ် နင်ငါတို့ကိုတစ်ကယ်ခင်ရင် နင်ပြောရမယ်၊ သူငယ်ချင်းဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပဲ ငါတို့ကတော့ နင်ကိုသူငယ်ချင်းတစ်ယောက်လိုကို ခင်တာ၊ နင်စိတ်ထဲမှာ ငါတို့ကနင့်သူငယ်ချင်းမဟုတ်ဘူး ဆိုရင်တော့ နင်ဘာမှပြောစရာမလိုတော့ဘူး၊ နင်အဆောင်ကို နင်သွားနိုင်တယ်၊ အေးနင်တစ်ယောက်တည်း နားချင်လို့သွားတယ်ဆိုခဲ့ရင်၊ ငါတို့အပေါ်သူငယ်ချင်းစိတ်ရှိတယ် ဆိုခဲ့ရင် နင်ပြောပြီးသွား၊ ငါခွင့်ပြုတယ်၊ ဒီလိုမှမဟုတ်ရင်တော့ ငါတို့ကိုအပေါ်ယံလောက်တော့လာမခင်နဲ့”
နှင်းဆီ၏ပြတ်သားသော စကားများကြောင့် ညီညီငယ်မှာ အနေရခက်သွားတော့သည်။ သူငယ်ချင်းမလေးများ သည်ညီညီငယ်ကို မျက်စောင်းကြီးထိုးလျှက်ကြည့်နေကြတော့သည်။ ညီညီငယ် ဘာတတ်နိုင်တော့မည်နည်းလဲ၊ ညကအဖြစ်ပျက်ကို ပြန်ပြောင်းကာ အတိုချုပ်ပြောလိုက်တော့သည်။
“ငါအိမ်ကိုဖုန်းခေါ်တယ် အိမ်ကငါကိုဘာမှအပြောမခံဘူး ဘာမှရှင်းပြခွင့်မပေးဘူး၊ အဲဒါကိုငါ၀မ်းနည်းတာ”
“တောက်….တော်တော်ယုတ်မာကြပါလာ၊ နင်ကလည်း အဆောင်မူးကို ဖြစ်ဖြစ်ခြင်းသွားတိုင်ရမှာ”
“အိမ်ကတောင်မယုံတာ တစ်ခြားလူတွေကကောယုံမှာတဲ့လာဟာ၊ ငါဆိုဘယ်သူကမှ အယုံကြည်မရှိဘူးလေ”
“လွန်ကိုလွန် လွန်းတယ်ဟယ်၊ စတာနောက်တာဆိုရင်လည်း နည်းနည်းတော့ ပြောသွားသင့်တာပေါ့”
တွယ်တာ၏မှတ်ချက်ကို နှင်းဆီခေါင်းညိတ်ရင် ထောက်ခံသည်။ ထိုအချိန် အဆောင်ဘက်လမ်းမှ နန္ဒ တို့အုပ်စု ဘောလုံးကန်အ၀တ်စားများဖြင့် ဆင်းလာသည့်လမ်းကို မြင်လိုက်သည်။
“အေး..နင်သွားနားတော့ ငါခွင့်ပြုတယ် ဒီတစ်ရက်ပဲနော် သွားတော့”
“ငါကိုစိတ်မဆိုးပါဘူးနော်”
“အင်းမဆိုးပါဘူး နင်သွားတော့”
ညီညီငယ် တွယ်တာနှင့်နှင်းဆီ ကိုနူတ်ဆက်ပြီး အဆောင်ဘက်သို့ထွက်လာခဲ့တော့သည်။
နှင်းဆီ ညီညီငယ်ထွက်သွားရာကို ကြည့်ပြီးမှ တွယ်တာကို လက်ဆွဲကာ နန္ဒတို့ဆင်းလာသည့် လမ်းဘက်သို့ ထွက်ခဲ့လာတော့သည်။
နန္ဒ၊ အောင်အောင်၊ အောင်ခိုင် နှင့် နိုင်နိုင်တို့ ဘောလုံးကိုတော့ကာ တစ်ယောက်နှင့်တစ်ယောက် စနောက်ပြီး သွားနေကြသည်။ သူတို့နောက်မှ နှင်းဆီလိုက်လာသည်ကို တော့မသိပါ။ နန္ဒဘောလုံးကို ခေါင်းဖြင့်တော့လိုက်တာ မမှီပဲ နောက်သို့ကျော်သွားသည်။ ဘောလုံးက နှင်းဆီတို့ရှေ့သို့ရောက်သွားသည်။
“ဟင် နှင်းဆီ”
နှင်းဆီ ဘောလုံးကိုကောက်ကိုင်ပြီး နန္ဒ၏ရင်၀ကို ပစ်ပေါက်လိုက်သည်။ နှင်းဆီဆန္ဒ မပြည့်ပါ နန္ဒကဘောလုံးကို အလွယ်တကူဖမ်းလိုက်သောကြောင့်ဖြစ်သည်။
“နင်အကြံတော်တော်ပက်စက်တာပဲ”
“ဘယ်လို”
“နင်လုပ်ထားတာကို လူတိုင်းမသိဘူးလို့မှတ်နေလာ”
“ဘာတွေလာပြောနေတာလဲ နှင်းဆီ”
နှင်းဆီ၏ မျက်၀န်းထဲအကြည့်များက ဝါးစားတော့မည့် အကြည့်မျိုး၊ တွယ်တာက နှင်းဆီလက်ကိုဆွဲသည်။ နှင်းဆီကပုတ်ချလိုက်သည်။
“နင်ညက ညီညီငယ်ကိုဘာလုပ်လိုက်လဲ”
“ဘာ…ငါကဘာလုပ်ရမှာလဲ”
နှင်းဆီ၏စကားကြောင့် နန္ဒသူငယ်ချင်းသုံးယောက်က နန္ဒကိုကြည့်ကြသည်။
“အေးတစ်ခြားလူတွေကိုလိမ်လို့တော့ရမယ် ငါ့တော့မရဘူး သိလား”
“နင်ဘာတွေပြောနေတာလဲ ငါတစ်ခုမှနားမလည်ဘူး”
“အော် နင်ကခုချိန်ထိ ၀င်မခံသေးပဲကို၊ နင်၀င်မခံရင်တော့ငါလဲ ပြောရမှာပဲ”
“ဟာကွာ ဘာတွေလဲ”
“နင်ညက ညီညီငယ်ကို ခြောက်လိုက်တာလေ အဲဒါကိုနင်က ခုမှမသိချင်ယောင် ဆောင်နေလိုက်တာ နင်ရုပ်ရှင်သရုပ်ဆောင် လုပ်ပါလား သိပ်အိုက်တင်ကောင်းတာပဲ”
နှင်းဆီ၏မဲ့ကာ ရွ့ဲကာပြောလိုက်သော စကားကြောင့် နန္ဒတို့အားလုံးသဘောပေါက်သွားတော့သည်။
“အော်...အဲဒါက….”
အောင်ခိုင် ၀င်ရှင်းမည်လုပ်နေသည်ကို နန္ဒကလက်ဖြစ်ကာ ပြီးတားလိုက်သည်။ အောင်ခိုင် ပြောမည့်စကားများ ပျောက်သွားတော့သည်။
“နေစမ်းပါအုံး အဲ့ဒီအခြောက်က နင်ကိုလာတိုင်းတာလာ”
“တော်စမ်း ညီညီငယ်က ခြောက်နေတာမဟုတ်ဘူး ခြောက်တာကနင် သူများကို မနာလိုလို့ လိုက်ပြီး ချောက်တွန်းချင်နေတာက နင်”
“အော်…ဒါဆိုငါကမေးပါအုံးမယ် နင်ကအဲ့ဒီကောင်ဘက်က နာနေရအောင် နင်နဲ့ အဲ့ကောင်က ဘာတွေလဲ”
“သေခြားမှတ်ထား ငါတို့ကသူငယ်ချင်းတွေ”
“သူငယ်ချင်းတွေဟုတ်လား….ဟားဟားဟား…..ဟုတ်မှလည်းပြော၊ နင်တို့ကသူငယ်ချင်းတွေ ဖြစ်နေရင်လည်း အဲလောက်နာစရာမလိုပါဘူး”
“နာမှာပဲ မတရားတာတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး”
“နင်ကောင်ကို သေချာပေါင်း အေးလေ ဟုတ်ပါတယ် အခြောက်က ဒီလိုပဲပေါင်းသင်းတတ်တာကို”
“တော်စမ်း လူပုံခြင်းနှိုင်းမလာ၊ ညီညီငယ်ကသန့်လို့ နင်လိုတော့ စုတ်ပဲ့နေတာမဟုတ်ဘူး၊ ပြီးတော့ ညီညီငယ် ကနင်လိုမျိုး ဂျပိုးမဟုတ်ဘူး သီးသန့်နေတတ်သလိုနေတာ နင်ကသာ နေရာတကာ ၀င်စွတ်ဖက်ခြင်နေတာ ခြောက်တာကနင်”
“ညီညီငယ်ဘာဖြစ်လို့လဲ”
နှင်းဆီဒေါကြီးမာန်ကြီးနှင့် ပြောနေလိုက်မိသည့်အချိန်တွင် နောက်မှထွက်လာသော အသံကြောင့် သူတို့အားလုံး လှည့်ကြည့်လိုက်တော့ ညီညီငယ်၏ အကို ကိုကိုလေးကို တွေ့လိုက်ရတော့သည်။
ကိုကိုလေး သည် ဘောကန်ရန် အတွက် ဘောလုံးကွင်းသို့ ထွက်လာရင်မှ နှင်းဆီနှင့် နန္ဒတို့ အုပ်စုရပ်စကားပြောနေတာကိုတွေ့လိုက်ခြင်းဖြစ်ပါသည်။
ကိုကိုလေး ရောက်လာသည်ကို သူတို့အုပ်စုမသိလို်က်ပါ။
“ဒီမယ် ရှင်က ညီညီငယ်ရဲ့အကိုမဟုတ်လား”
“ဟုတ်ပါတယ်”
“ရှင့်ညီကို တစ်ခြားလူတွေစော်ကားနေတာကို ရှင်ကဒီအတိုင်းကြည့်နေနိုင်တာ အံံ့တယ်”
“ဗျာ”
“ရှင်ကောသိရဲ့လာ ရှင်ညီကို သူတို့က အခြောက်လို့စော်ကားနေတာလေ”
ကိုကိုလေး နန္ဒကိုကြည့်လိုက်သည်။
ထိုနောက် သူတို့အုပ်စုလေးသည် အခြေတင်စကားများကြရင်မှ အကြောင်းတစ်ခုကို ရောက်သွားတော့သည်။
နှင်းဆီ၏အကဲပါ မူ့ကို နန္ဒကြည့်မရတော့၊ ထိုကြောင့်ရည်ရွယ်မထားသော အကြောင်းရာများဖြစ်ပျက်သွားတော့သည်။
“ဒီမယ် နင့်ညီညီငယ်က အခြောက်ဟုတ်မဟုတ်ဆိုတာကို လောင်းမလား”
“အဟက်..ငါကလောင်းပြီးသားပဲ အေးနင်ရှုံးလို့ကတော့ နင်ပေးဆပ်ရမယ့်အရာကအကြီးကြီးပဲ”
နှင်းဆီကတော့ အပိုင်တွက်ပြီးသာ ဟုသတ်မှတ်ကာ လက်ခံလိုက်သည်။
“ဟာ ဘာဖြစ်လို့ ငါ့ညီကလောင်းကြေးထဲပါသွားရတာလဲ”
“ဒီမယ် လောင်းကြတဲ့ပွဲမှာသန့်သန့်လေ လုပ်ရမယ်၊ ဒိုင်ကို သူ့အကိုဖြစ်တဲ့ကိုကိုလေးပဲ လုပ်ရမယ်”
“ဟာ….ဘာတွေလဲ”
နှင်းဆီ၏ စကားများကြောင့် ကိုကိုလေး စိတ်ပျက်စွာ ညီးတွားမိသည်။
“အေး သဘောတူညီချက်အရ ဒီမှာရပ်နေတဲ့သူတွေက သက်သေ၊ မညစ်ပတ်ရဘူး၊ ဒီအကြောင်းကို ညီညီငယ်ဆီ လုံး၀မပြောရဘူး၊ မသက်ဆိုင်တာတွေမလုပ်ရဘူး၊ ရည်းစားစကား ကိုညီညီအားဒီထဲကလူတွေက ဘယ်သူကမှစမပြောရဘူး၊ ပေါက်ကြားတယ်လို့ သတင်းကြားရင်၊ ပေါက်ကြားတဲ့ သူဘက်ကအရှုံး၊ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့ လိုအင်ဆန္ဒကို တသက်လုံးပေးဆပ်ရမယ်”
“ရတယ် နန္ဒတို့က စိမ်ခေါ်ရင်တိမ်ပေါ်ထိလို်က်မယ် သဘောတူတယ်”
“ဟာကွာ ငါ့ညီကိုနစ်နာအောင်တော့မလုပ်ကြနဲ့”
“မလုပ်ဘူး ကိုကိုလေးရာ ငါကတော့ မင်းကိုတော့အားနာတယ် ဒါပေမယ့် ဒီကောင်အခြောက်ဟုတ်မဟုတ် ငါအတွက် သက်သေပြရုံလေးပဲ၊ ဒါနဲ့အချိန်အတိုင်းတာက”
“ဒီကျောင်းမှာ ရှိနေသည့်အချိန်ထိ”
နှင်းဆီစကားများက ပြတ်သားစွာ ထွက်လာခဲ့တော့သည်။ ထိုရက်က ထိုအုပ်စုလေးထဲတွင် မသက်ဆိုင်သော သူုအားဦးတည်ပြီး လောင်းကြေးအဖြင့် ဖြစ်ပျက်သွားခဲ့သည်။ ထိုအရာသည် သူတို့အုပ်စုလေး အား ၀မ်းနည်းခြင်းတွေ၊ ကြေကွဲခြင်းတွေ၊ အမုန်းအာဃာသတွေ၊ မနာလိုမှု့တွေ ဖြစ်ပေါ်စေခဲ့ပါတော့သည်။
ထိုရက်က ကျောင်းကြီးထံတွင်တွင် သူတို့ပညာသင်ယူခဲ့သည့် ၉တန်း နှစ်၀က်သို့ ရောက်နေသည့် အချိန်ပင်ဖြစ် ပါတော့သည်။
ညီညီငယ် အခန်းထဲပြန်ရောက်တော့ စားကြည့်စားပွဲမှာ စာထိုင်ဖတ်ခြင်စိတ်လည်းမရှိတော့၊ ထိုကြောင့် အိပ်ယာထဲတွင်လဲလျောင်းနေရင်က၊ ညကသူ့အား ခြောက်သွားသောသူမည်သူဖြစ်မည်နည်းဟု စိတ်ထဲတွေးတော နေမိရင် အိပ်ပျော်သွားတော့သည်။
နန္ဒဘောကန်ပြီးပြန်လာတော့ အခန်းထဲ ညီညီငယ် အိပ်နေသည်ကို တွေ့လိုက်ရပြီး၊ ညနေက ဖြစ်ပျက်သွားသော အကြောင်းများက ခေါင်းထဲ၀င်လာတော့သည်။ စိတ်ထဲမှ ညီညီငယ်အား ပြေးထိုးချင်စိတ်ပေါ်သွားတော့သည်။ သို့ပေမယ့် သူလုပ်လို့မဖြစ်ပါ။ သူတို့လောင်းကြေးထဲတွင် ညီညီငယ်အား မနှောင့်ယှက်ရန်လည်း ပါထားသည် မဟုတ်လာ။ ထိုကြောင့်ရေချိုးရန်ပြန်ထွက်ခဲ့တော့သည်။ အခန်းထဲကြာကြာမနေချင် ၍လည်း ဖြစ်ပါသည်။
ညီညီငယ်သည် အိပ်နေရင်းမှ အခန်းထဲ တစ်ချွတ်ချွတ်နှင့် လှုပ်ရှားမှု့တစ်ခုခုလုပ်နေသည်ဟု စိတ်ထင်၍ မျက်လုံးမသိမသာ ခိုးဖွင့်ကြည့်လိုက်သည်။ နန္ဒ ရေချိုးပြီးပြန်လာပုံရသည်။ ရေဆိုပုဆိုးနှင့်ဖြစ်နေပါသည်။ နန္ဒလည်း ညီညီငယ်ရှိနေသဖြင့် ရေချိုးခန်းသွားတုံးက အပိုပုဆိုတစ်ထည် မေ့ပြီးမယူသွားခဲ့သဖြင့် ရေဆိုပုဆိုးဖြင့် ပြန်၀င်လာခဲ့ရပါသည်။
“ဒင်းကြောင့်ရေဆိုပုဆိုလဲ ဖို့တောင်မေ့ပြီးမယူသွားမိဘူး”
နန္ဒ၏စကားများကို ကြားလိုက်သဖြင့် ညီညီငယ် အိပ်ချင်ယောင်ဆောင်လိုက်သည်။ ဘာများထက်ပြောမလဲဟု သိချင်စိတ်ဖြစ်နေသောကြောင့်လည်း ပါသည်။
မသိမသာ မျက်လုံးလေးဖွင့်ကြည့်လိုက်တော့………
…….ဟင်……………….
စိတ်ထဲအံ့သြကာ အသံထွက်မှာကိုပင်ကြောက်လိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် နန္ဒက ညီညီငယ်ကို သေခြားကြည့်ပြီး အိပ်နေသည်ဟု ထင်မှတ်ကာ ပုဆိုးကို ကွင်းလုံးခြွတ်လိုက်ကာ အ၀တ်လဲရန်အတွက် ကုန်းကုန်းကွကွ ရှားနေသောကြောင့်ဖြစ်ပါသည်။
ဟာ…ဒီကောင်ပစ္စည်းကနည်းတာကြီးမဟုတ်ဘူး….
ညီညီငယ်မှာ ကတုန်ကရင်မဖြစ်ရုံတမည်းရှိနေတော့သည်။ နန္ဒကတော့ အရင်ရက်တွေကလည်း ဒီအချိန်ဆိုလျှင် ညီညီငယ်အခန်းထဲမရှိသည့်အတွက် ခုလိုပင်လွတ်လွတ်လပ်လပ် အ၀တ်စားလဲနေသည်မဟုတ်လား၊ ခုလည်း ညီညီငယ် ရှိနေပေမယ့် အိပ်နေသည်ဟု ထင်မှတ်မိသောကြောင့် အရင်အတိုင်း ပြုလုပ်နေခြင်းဖြစ်ပါသည်။
............TBC..................
No comments:
Post a Comment