ပန္းမဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း (အပိုင္း 7)
ဘာေၾကာင့္မ်ား လူလူခ်င္းကုိ လူလုိမေတြးၾကပဲ ရြံစရာေကာင္းသည့္ အၾကည့္မ်ား အမူယာမ်ားကုိ ၿပဳမူေနၾကသည္နည္း ဟုေမေမႏွင့္ ကုိကုိေလးကုိ သူေမးလုိက္ခ်င္သည္။ ညီညီငယ္ ခံစားခ်က္မ်ားက ေန႔စဥ္မွတ္တမ္း စာအုပ္ေလးေပၚက်ေရာက္သြားေတာ့သည္။ ထုိစာအုပ္ေလးသည္ ညီညီငယ္ ကုိတစ္ကုိယ္တည္း ခံစားေစသည့္ အေၾကာင္းရာမ်ား၊ စိတ္တြင္ၿဖစ္ေပၚလာေသာ ခံစားမွဳ့ေ၀ဒနာေတြကုိ စာအုပ္ေလးက ဒဏ္ခံကာ ညစ္သမွ်ကုိ သည္းခံရွာေလသည္။
အိမ္၏အၿပင္သုိ႔လည္းမထြက္ေတာ့ပဲ အိမ္တြင္းေအာင္းကာ ေနလုိက္ေသာ ညီညီငယ္ကုိေတာ့ သားမ်ားႏွင့္ ပက္သက္လာလွ်င္ မွန္သည္ဟုသတ္မွတ္ထားလွ်င္ ဘယ္ေတာ့မွ လက္မေလွ်ာ့ပဲ ေနသည့္ေမေမကေတာ့ ညီညီငယ္ကုိ လာ၍ပင္မၾကည့္။
“ဒီအခ်ိန္မွာ သူတုိ႔ကုိလုိက္ေလ်ာေပးလုိိက္ရင္ ေနာင္တစ္ခ်ိန္မွာလဲ ဒီလုိလုပ္ရင္ရတာပဲ ဆုိၿပီး ၿဖစ္လာလိမ့္မယ္၊ ပစ္ထားလုိက္ ဘယ္ေတာ့မွ မေခ်ာ့နဲ႔၊ မိဘရဲ့ေမတၱာေစတနာ ဆုိတာသူတုိ႔ေတြၾကီးလာ မွသိလိမ့္မယ္”
ေဖေဖကေတာ့ အထုိက္ေလ်ာက္ လုိက္ေလ်ာသည္။
“မင္းကေလးေတြကို အဲဒီလုိၾကီးေတာ့မဆုံးမပါနဲ႔၊ ကေလးေတြက ဆုိးေနတဲ့ကေလးေတြမွမဟုတ္တာ၊ ငါ့သားေတြအားလုံးက လိမၼာတယ္၊ မင္းသာ…”
“ေအာ္ ေတာ္က က်ဳပ္ဆူတာၾကေတာ့ၿမင္တယ္ေပါ့ေလ၊ ဒီေလာက္ဆူပူေနတာမွေတာ္ကာ က်တယ္ေတာ္ေရ၊ အဲ့ဒီလုိလိမၼာတယ္ လိမၼာတယ္ ဆုိတဲ့သား၊သမီးေတြက လုပ္သြားလုိက္ၾကတာပဲေလ တစ္ခါတည္းပဲ၊ အၿပတ္ကုိလုပ္သြားလုိက္ၾကတာပဲ၊ ဒါမ်ဳိးေတြမၿဖစ္ေစခ်င္လုိ႔ ၾကဳိတင္လုပ္ေနရတာေတာ့၊ ရွင္ကေတာ့ဘယ္နားလည္မလည္လဲ၊ က်ဳပ္တုိ႔လုိ မိန္မသားေတြက လင္အတြက္လည္းပူရ၊ သားေတြအတြက္လည္းပူရ၊ ေဆြးမ်ဳိးေတြလည္းပူရ အပူသည္ၾကီးေတြကုိၿဖစ္လုိ႔၊ ရွင္တုိ႔ေတြကေတာ့ ပုိက္ဆံရွာၿပီးရင္တာ၀န္ေက်ၿပီးလုိ႔တြက္ထားၾကတဲ့သူေတြေလ၊ ပုိက္ဆံေလး ဘုတ္ကနဲေပးလုိက္၊ ၿပီးရင္ဘာၿဖစ္ၿဖစ္လွည့္ေတာင္မၾကည့္ေတာ့ဘူး၊ ဒါပဲလုပ္တတ္ၾကတာေလ”
လက္မႏွင့္ ေကာ့ကာ ပါးစပ္အတြင္းသုိ႔ ေရေသာက္သလုိလုပ္ၿပကာ အမူယာမ်ားေကာင္းေကာင္းၿဖစ္ ေမေမကေတာ့ ဆူပူေနေတာ့သည္။ အိမ္မွာေနရေသာ အခ်ိန္သည္ သူ႔အတြက္ မေပ်ာ္ေတာ့၊ အရင္လုိ လည္းေပ်ာ္ရႊင္လုိစိတ္မရွိေတာ့၊ အရင္ကဆုိရင္ အိမ္တြင္သာေနခ်င္ေသာ ညီညီငယ္ အိမ္မွာေနတာ တစ္ပတ္ပင္ မၿပည့္ေသး ခုေက်ာင္းကုိလြမ္းလွၿပီ။
ကုိကုိေလးႏွင့္သူသည္ ေက်ာင္းတုန္းက အေနနီးသေလာက္ အိမ္ေရာက္ေတာ့ သူစိမ္းမ်ားသဖြယ္ ၿဖစ္ေနၾကေတာ့သည္။
အိမ္တြင္ေနရေသာ ၇ ရက္ၿပည့္ၿပီးေနာက္ေန႔တြင္ေက်ာင္းသုိ႔ၿပန္သြားရေတာ့မည္ ၿဖစ္သၿဖင့္ ညီညီငယ္ အ၀တ္မ်ားကုိ သိမ္းကာ ေနပါသည္။
“သားငယ္”
“ဟုတ္ေဒၚေလး ဘာခုိ္င္းစရာရွိလုိ႔လဲ”
“သားငယ္ေမေမ ေခၚေနတယ္ ဖုန္းလာလုိ႔တဲ့”
“ဗ်ာ..သားဆီကုိဟုတ္လုိ႔လာ ေဒၚေလးရာ ဘယ္သူမွေခၚမယ့္သူလဲ မရွိပါဘူး”
“သားငယ္ေမေမနဲ့ေတာ့ေၿပာေနၾကတယ္ သြားသြား ဟုိမွာေစာင့္ေနတယ္”
ညီညီငယ္ အိမ္ေရွ႔ခန္းရွိ ဖုန္းရွိရာသုိ႔လွမ္းလာေတာ့ ေမေမဖုန္းေၿပာေနသည္မွာ ရြင္းရြင္းေ၀ေအာင္ ေၿပာဆုိေနသည္။ ေပ်ာ္ရႊင္ေနပုံလဲရသည္။
“ေဟာ သမီးသူငယ္ခ်င္းလာၿပီး သူနဲ႔ေၿပာလုိက္ေနာ္ သမီး”
“…..”
“ေအးကြယ္ ေအးကြယ္ ေနာက္လည္း မၾကာမၾကာဖုန္းဆက္ေနာ္ သမီး ေအးကြယ္ေအးကြယ္”
ေမေမဖုန္းေၿပာၿပီးေနာက္ သူလက္ထဲကုိ ဖုန္းထည့္က သူေဘးကထမသြားပဲ ၾကည့္ေနသည္။ သူလည္း ဖုန္းကုိကုိင္ကာ ေမေမကုိၾကည့္ေနမိသည္။
“ဟဲ့ဘာေၾကာင္ၾကည့္ေနတာလဲ ဟုိဘက္ကသမီးေလးကုိ အားနာစရာဟယ္ ေၿပာလုိက္ေလ”
“ဟုတ္..ကဲ့ေမေမ…..ဟ.ယ္လုိ”
“ညီငယ္ အစုတ္ပလုတ္ ငါ့ကုိေတာင္ ဖုန္းေခၚဘူး နင္ကေတာ့ေလ တစ္ကယ္ပဲ”
“ႏွင္းဆီလား”
“မဟုတ္ဘူးေဟ သူရဲမ သူရဲမ…တစ္ကယ္ပဲ နင္ကေတာ့ေလ၊ ငါ့ကုိေတာင္မမွတ္မိဘူးလား”
“မွတ္မိပါတယ္ နင္အသံကုိ ဒါေပမယ့္ေလ ငါဆီကုိဖုန္းလာ တာဒါပထမဦးဆုံး အၾကီမ္ ဆုိေတာ့ေလ၊ ဒါေၾကာင့္ပါ”
“ၿဖစ္ရေလ ဒီလုိမွန္းသိ ငါဆက္ပါတယ္၊ နင္ေက်ာင္းပိတ္ရက္ဘယ္ေတြသြားေသးလဲ၊ ငါကေတာ့ ေခ်ာင္းသာ ကခုမွၿပန္ေရာက္တာ နင္ကုိဆက္ခ်င္လုိ႔ ေရာက္ေရာက္ၿခင္းေခၚလုိက္တာ၊ နင္မနက္ၿဖန္ ေက်ာင္းကုိသြားေတာ့မွာလား၊ ငါလဲသြားမယ္ ၊ နင္နဲ႔တြယ္တာကုိ အရမ္းလြမ္းတာပဲ တြယ္တာကုိ ဖုန္းေခၚခ်င္ေပမယ့္ ဟယ္ သူ႔အိမ္မွာက ဖုန္းမရွိေတာ့ေလ မေခၚရဘူးသိလာ၊ နင္ေကာ ငါကုိသတိမွရရဲ့လား ၊ ရမယ္လည္း မထင္ပါဘူး
နင္မနက္ၿဖန္ေတာ့ လာေနာ္၊ တြယ္တာလည္း လာမယ္ထင္တာပဲ၊ ေသခ်ာပါတယ္ တြယ္တာလဲ လာမွာ”
“ႏွင္းဆီ”
“အင္းေၿပာ”
“နင္ေလလည္း ရွဴးအုံး”
“ဘယ္လုိ”
"တံံေတြးလည္း ၿမဳိခ်အုံး”
“ဘာ”
“ေရလည္းေသာက္အုံး”
“ေသနာ”
“ငါကေတာ့ေလ”
“ဘာၿဖစ္လဲ”
“ဂ်ပန္နားသန္႔ေဆးခပ္လုိက္အုံးမယ္”
“ေခြးေလး…ငါကေတာ့ သတိရလုိ႔ေၿပာလုိက္ရတာ သူကေတာ့ ငါ့ကုိေၿပာေနလုိက္တာမ်ား”
“နင့္အစား ေမာလုိ႔ ေရသြားေသာက္လုိက္အုံးမယ္”
“သြား…..ေစာက္ေကာင္စုတ္၊ နင့္အတြက္၀ယ္လာတဲ့လက္ေဆာင္ေတြမေပးေတာ့ဘူး”
“ငါကစတာပါ၊ ခုငါအ၀တ္ေတြထည့္ေနတယ္ မၿပီးေသးဘူး၊ မနက္ၿဖန္က်ရင္ေတြ႔ၾကတာေပါ့ဟာ”
“အင္းအင္း ငါလည္းလုပ္ရအုံးမယ္၊ ဟယ္ အမ်ားၾကီးလုပ္ရအုံးမယ္၊ ဒါဆုိ..ဒါပဲ..ဒါပဲ”
ညီညီငယ္ ဖုန္းခ်လုိက္ေတာ့ တစ္ခ်ိန္လုံးအနားတြင္ထုိင္ကာ နားေထာင္ေနေသာ ေမေမသည္ ၿပဳံးခ်ဳိစြာ သူ႔အားၾကည့္လုိက္သည္။ ေဒၚေလးစမ္းေဌးလည္းေရာက္ေနသည္။
“သားသူငယ္ခ်င္းလား”
“ဟုတ္တယ္ေမေမ”
“စကားေၿပာေလးက ယဥ္ေက်းလုိက္တာ၊ နာမည္ေလးက ႏွင္းဆီေနာ္”
“ဟုတ္”
“အသံေလးကခ်ဳိလုိ႔ ရုပ္ကေလးလည္း ခ်စ္စရာေလးပဲေနမယ္၊ ေမေမနဲ့မိတ္ဆက္ေပးေလ”
“ရပါတယ္ေမေမ မနက္ၿဖန္ၾကေတာ့ ေက်ာင္းမွာ ေတြ႔ၾကတဲ့အခါ မိတ္ဆက္ေပးမွာမယ္”
ညီညီငယ္ ေၿပာဆုိၿပီးေနာက္ လွည့္ထြက္လာခဲ့သည္။ ၾကားလုိက္သည့္ စကားမ်ားေၾကာင့္ ညီညီငယ္ စိတ္ပ်က္သြားမိေတာ့သည္။
“မမ နင္ကသားေလးသူငယ္ခ်င္းမေလးနဲ႔ မိတ္ဆက္ခုိင္းေနတယ္”
“အင္းေလ ဘာၿဖစ္လုိ႔လဲ”
“သားၾကီးၾကေတာ့ ေကာင္းမေလးေတြနဲ႔ဆုိ ဘာၿဖစ္တယ္ ညာၿဖစ္တယ္ ေၿပာဆုိေနၿပီးေတာ့”
“ဟဲ့နင္ဘာနားလည္လုိ႔လဲ မသိပဲ၀င္၀င္ေၿပာ၊ သားငယ္ကစိတ္က ဟုိမေရာက္ဒီမေရာက္ၿဖစ္ေနလုိ႔ အဲ့ဒါေၾကာင့္ ငါစီစဥ္ေနတာ၊ နင္မသိပဲ ၀င္၀င္မပါနဲ႔”
ဟင္…………
အစကေတာ့ သူကရုိးရုိးသားသား ထင္မွတ္ၿပီး ပုံမွန္ေၿပာဆုိေနသည္ဟု၊ ခုေတာ့ သူကုိယုံၾကည္မွဳ႔တစ္စုံတစ္ရာ ေတာင္မရွိေတာ့ပဲ စိတ္ကုိေၿဖးဘုိ႔အတြက္တဲ့၊ ညီညီငယ္ ကုိယ့္ကုိကုိယ္ စိတ္ပ်က္မိသြားပါေတာ့သည္။
ငါဒီေလာက္ေတာင္မွ အမ်ားအၿမင္ဆုိး၀ါးေနလုိ႔လာ…
ငါေနပုံထုိင္ပုံေတြက အၿမင္မေတာ္ေအာင္ ၿဖစ္ေနလုိ႔လာ…
ငါကေလာကၾကီးနဲ႔ ခြ်တ္ေခ်ွာ္ေအာင္ဘာေတြမ်ားလုပ္ေနလုိ႔လဲ….
“ကေလးၾကားသြားအုံးမယ္ မမရယ္”
“ၾကားၾကားေအ ငါေတာ့ ဒီကေလးကုိ အားကုိမရတာ မေၿပာလုိက္ခ်င္ဘူး လူပုံကႏြဲ႔ႏြဲ႔နဲ့ ေနပုံထုိင္ပုံေတြကုိမၾကဳိက္တာ စာေတာ္တာေလး တစ္ခုပဲ ေကာင္းတယ္”
“သားေလးက လိမၼာေနတာကုိ မမကမၾကည့္ခ်င္လုိ႔လာ”
“အုိေတာ္ ဆုိးေပေနတာမွေကာင္းအုံးမယ္၊ ခုေတာ့ ဘယ္လုိမွကုိစိတ္မခ်ႏုိင္တာ ဟုိတစ္ရက္လည္း ၾကည့္ပါလာ ဘာေတြမဟုတ္က ဟုတ္ကေတြသေဘာက်ၿပီး သြားေပါင္းေနတယ္မသိဘူး ဒါမ်ဳိးေတြနဲ႔မွပတ္သက္ရတယ္လုိ႔”
“ဘယ္သူေတြတုံး”
“ဟဲ့ လမ္းထဲက အေၿခာက္မေတြေပါ့၊ ဒင္းတုိ႔ကုိလဲ သြားေကာထားေသးတယ္ က်မသားကေလးကုိ မပ်က္စီးၾကပါနဲ႔လုိ႔၊ သြားကုိေၿပာထားလုိ႔”
“မမကေတာ့ ႏုိ္င္ကုိမႏုိင္ဘူး”
“မရဘူးေဟ က်ဳပ္သားေတြကုိ လာမထိနဲ႔ ထိလို႔ကေတာ့ ဘယ္သူရယ္ဘယ္၀ါရယ္ မခံဘူး ပက္ပက္စက္စက္ကုိေၿပာပစ္မွာ”
“မင္းကလဲမဟုတ္ေသးပါဘူး ကေလးကုိတအားမေၿပာနဲ႔ ကေလးက လူပ်ဳိေလးၿဖစ္ေနၿပီး မင္းလုပ္ပုံေတြက ကေလးကုိ ေရႏွစ္ေနသလုိပဲ”
ေဖေဖ အလုပ္ကၿပန္လာသည့္အခ်ိန္တြင္တုိက္ဆုိင္သြားကာ ေဖေဖကေမေမကုိ၀င္ေၿပာသည္။
“ရွင္တုိ႔ေမာင္ႏွမေတြကေလ က်ဳပ္ကုိဆုိအေကာင္းၿမင္ၾကတာမဟုတ္ဘူး၊ က်ဳပ္ကေတာ့ က်ဳပ္သားေတြနဲ႔ ပက္သက္လာလုိ႔ကေတာ့ ဘယ္သူမ်က္နာမွေထာက္မေနႏုိင္ဘူး၊ ရွင္တုိ႔လုိလဲ မေနႏုိင္ဘူး”
ေမေမေၿပာေၿပာဆုိဆုိၿဖင့္ ေဘာက္ဆက္ဆက္ထကာ ထြက္သြားေတာ့သည္။
ညီညီငယ္ မိမိအခန္းထဲၿပန္ေရာက္ေတာ့ အခန္း၏၀ရမ္တာတြင္ ရပ္ကာ အၿပင္ကုိေငးေမာေနမိသည္။ ထုိအခ်ိန္ေဒၚေလး အခန္းထဲ၀င္လာပါေတာ့သည္။
“သားငယ္”
“ဟုတ္ေဒၚေလး”
ေဒၚေလးက ညီညီငယ္အ၀တ္မ်ား ထုတ္ေနသည့္ေနရာသုိ႔၀င္ထုိင္လုိက္ၿပီး အ၀တ္စားမ်ားေခါက္ေပးေနသည္။ ညီညီငယ္ ေဒၚေလးအနားသြားကာ ေဒၚေလးေပါင္ေပၚတြင္ေခါင္းတင္ကာ လွဲလုိက္သည္။
“သားငယ္ စိတ္ညစ္ေနလာ”
“ေဒၚေလးရယ္ သားကလူဆုိးၾကီးၿဖစ္ေနတာလား”
“အုိ မဟုတ္တာ၊ အဲဒီလုိမေတြးရဘူးေလ သားေမေမက သားကုိခ်စ္လြန္းလုိ႔ ခုလုိၿဖစ္ေနတာပါ”
“ကုိေလးက်ေတာ့ ဘာလုပ္လုပ္အကုန္အေကာင္းၿမင္ေနတယ္”
“သားကုိ ကေလးတစ္ေယာက္လုိပဲေတြးထားလု႔ိၿဖစ္တယ္၊ သားကုိေလ အစစရာ အားလုံးၿပည့္စုံေစခ်င္တယ္ ဒါေၾကာင့္ပါသားေလးရယ္၊ သားေလးၾကီးလာရင္ ေမေမရဲ့ေစတနာေတြကုိ နားလည္လာမွာပါ”
“ဟုတ္ကဲ့ သားလည္းဒီလုိပဲေမ်ွာ္လင့္ရတာပါပဲ၊ ဒါေပမယ့္ေလ သားဘာေၿပာေၿပာလက္မခံမေပးဘူး၊ ေၿဖးရွင္းခြင့္ တစ္စုံတစ္ရာ ေတာင္သားမွာ ရပုိင္ခြင့္မရွိဘူး”
“ ဒါေတြက ေဒၚေလးအၿပစ္ေတြေၾကာင့္ပါ”
“မဟုတ္သားေလးရယ္ပါဘူး သားကုိယ္တုိင္လည္း ေက်နပ္စြာလက္ခံခဲ့တာပဲေလ ဒါေတြက ေဒၚေလးနဲ့မဆုိင္ပါဘူး”
ေဒၚေလးကေတာ့ ညီညီငယ္ဆံပင္မ်ားကုိ ပြတ္သပ္ရင္ မ်က္ရည္၀ဲေနရွာပါသည္။
ေက်ာင္းၾကီးသုိ႔ သူတုိ႔အားလုံးၿပန္ေရာက္ၾကခ်ိန္မွာေတာ့ ဆယ္တန္းေက်ာင္းသားေတြက စာေမးပြဲအတြက္ လုံးေနၾကပါေတာ့သည္။ သူတုိ႕ကေတာ့ ေက်ာင္းၾကီးထဲသုိ႔ ၁၀ တန္းအတန္းၾကီးသမား သဖြယ္ လူေတြကေတာ့ အနည္းငယ္ ေၿမွာက္ၾကြေၿမွာက္ၾကြၿဖစ္ေနသည္ဟု ထင္မိသည္။
နႏၵကေတာ့ ႏူတ္ခမ္းေမႊးစိမ္းစိမ္းေလ ထြက္ေနသည့္ သူ႔ႏူတ္ခမ္းကုိ သပ္ကာ ေနသည္။
“ေဟ့ေကာင္နႏၵ”
“ဘာတံုး”
“မင္းတုိ႔ေက်ာင္းပိတ္တုန္းက ဘယ္ေတြသြားေသးလဲ”
“အေဖတုိ႕ရြာကုိခဏသြားတယ္ ၿပီးေတာ့ ငါနဲ႔ငါညီမေလးပဲ ၿပန္လာတယ္ ေက်ာင္းအမွီၿပန္ရတာ အဘြားကေနမေကာင္းလုိ႔ အေဖတုိ႔ေတာ့ ေနခဲ့ၾကတယ္”
“ေအာ္..ဒါေၾကာင့္ မင္းအိမ္သြားတုံးက တံခါးၾကီးပိတ္ထားတာကုိ”
“အဲ မင္းလာေသးတယ္ေပါ့ေလ ေအာင္ေအာင္”
“ဟုတ္တယ္ ပ်င္းတာနဲ႔လာေသးတယ္၊ ငါဟုိကားေတြရွိေတာ့ မင္းကုိၿပခ်င္လို႔လာတာ မင္းကမရွိေတာ့ ဘယ္ၿပႏူိင္မလဲ”
“ဟာကြာ နာလုိက္တာ အခုေရာပါေသးလား”
“ခ်ီးပဲ ဘယ္ကပါရမွာလဲ ေက်ာင္းထဲမွာ”
“အဟီး ဟုတ္သား ငါလဲ ၾကည့္ခ်င္ေဇာၾကီးသြားတယ္ ၾကည့္ခ်င္လုိက္တာကြာ တစ္ခါမွမၾကည့္ရေသးဘူး”
“ဒါနဲ႔ မင္းအခ်စ္ေတာ္ေလနဲ႔ ၿပန္ေနမွာလား”
“ဘယ္ကငါ့အခ်စ္ေတာ္လဲ”
“ဟုိအေၿခာက္ေလးေပါ့”
“ဟာကြာ အခန္းေၿပာင္းလုိ႔ရရင္ေတာ့ ေၿပာင္းခ်င္တယ္”
“ဒါဆုိငါနဲ႔ေၿပာင္း”
“ဘာၿဖစ္လုိ႔လဲ”
“ဟဲဟဲ ဇာတ္လမ္းေတြဖန္မလုိ႔ေပ့ါကြ ငါ့ကုိငါ့ထက္ၾကီးတဲ့အကုိၾကီးေတြက သင္ေပးလုိက္တယ္၊ အေၿခာက္ဆုိလည္းေရွာင္မေနနဲ႔ ေဆာ္သာေဆာ္ဆုိပဲ ဟီးဟီး”
“ေခြးေကာင္ ေခြးက်င့္ၾကံေနတယ္ေပါ့ ေသေတာင္မေၿပာင္းေပးဘူး”
“ဟာကြာ မင္းပဲသူနဲ႔မေနခ်င္ဘူးဆုိ”
“ေနပါရတယ္ မေနခ်င္လဲ ဘာမွမၿဖစ္ဘူး သူကသူ႔ဟာသူေနတာ ငါလဲ ငါေနတတ္သလုိေနတာ ငါ့တုိ႔ႏွစ္ေယာက္ၾကားမွာေတာ့ အေဆာင္နဲ႔ပက္သက္ၿပီး ဘာၿပႆနာမွမရွိတဲ့အတြက္ ဒီအတုိင္းပဲေကာင္းတယ္”
ေအာင္ေအာင္ကေတာ့ နႏၵအနားကပ္ကာ ညစ္ေနပါသည္။
“ဒါဆုိငါနဲ့အတူမင္းလာေန ေအာင္ခုိင္ကုိ အဲဒီအေၿခာက္နဲ႔ေနခုိင္းလုိက္မယ္”
“ေသနာ သြားေတာ့ မင္းဘာမွလာမေၿပာနဲ႔ေတာ့”
အေဆာင္ေရွ႔ေရာက္ေတာ့ ညီညီငယ္ အထုတ္မ်ားကုိ သယ္ေနသည္ကုိေတြ႔ရသည္။ စာအုပ္တစ္ခ်ဳိ႔ကုိ အခန္းထဲမွ ထုတ္ယူသြားသည္ကုိ ၿမင္ရေတာ့။
“ဘာၿဖစ္လုိ႔စာအုပ္ေတြသယ္ေနတာလဲ”
ညီညီငယ္ နႏၵကုိတစ္ခ်က္ၾကည့္လုိက္ၿပီး
“ငါ့အကုိနဲ႔အတူတူေနမလုိ႔ အခန္းေၿပာင္းေနတာ”
“ဘာကြ”
ညီညီငယ္ကေတာ့ စာအုပ္ေတြ ဆုေနသည္။ ေက်ာင္းအ၀တ္စာေတြလည္း ဗီရုိထဲမွထုတ္ကာ ကုတင္ေပၚေရာက္လုိ႔ေနပါသည္။
“မင္းအဲလုိေၿပာင္းလုိ႔ရမလားကြ”
“ဘာၿဖစ္လုိ႔လဲ”
“ေက်ာင္းကစည္းကမ္းရွိတယ္ဆုိတာမင္းသိတယ္ေနာ္ သူ႔တုိ႔ေပးထားတဲ့ အခန္းမွာမေနပဲ ေၿပာင္းခ်င္တုိင္း ေၿပာင္းလုိ႔မရဘူးကြ”
“ဟင္ ဟုတ္လုိ႔လားကြာ တစ္ခ်ဳိ႔ေတြဆုိ ဒီလုိပဲေၿပာင္းေနၾကတာပဲ”
“မရဘူးကြ”
ထုိအခ်ိန္တြင္ ကုိကုိေလး အခန္းမွ ႏုိင္ႏုိင္သည္လည္း အထုတ္မ်ားယူကာ အခန္းထဲသုိ႔၀င္လာပါသည္။
“မင္းကဘာလာလုပ္တာလဲ”
“အဲ..ညီညီငယ္နဲ႔ အခန္းေၿပာင္းတာေလ”
“မရဘူး မင္းတုိ႔သေဘာနဲ႔မင္းတုိ႔လုပ္လုိ႔မရဘူး”
နႏၵ ၀ူး၀ူး၀ါး၀ါး ႏွင့္လုပ္ေနသၿဖင့္ ညီညီငယ္ေၾကာင္ၾကည့္ေနသည္။ ႏုိင္ႏုိင္ကလဲ ၿပဴးၾကည့္ေနသလုိ၊ ေအာင္ေအာင္ကေတာ့ ၀မ္းသာသည့္ အၾကည့္မ်ားၿဖင့္ ေဘးမွရပ္ၾကည့္ေနသည္။
ညီညီငယ္လက္ထဲမွ စာအုပ္မ်ားကုိ လုယူကာ စာအုပ္ဆင္ေပၚတင္လုိက္သည္။ ကုတင္ေပၚမွအ၀တ္မ်ားကုိ ဗီရုိထဲ ထည့္လုိက္ေတာ့သည္။
နႏၵလုပ္ေနသည္ကုိ ညီညီငယ္ကေတာ့ နားေတာ့မလည္ႏုိင္ေတာ့၊ အရင္ႏွစ္ကေတာ့ အခန္းေၿပာင္းရန္ေၿပာေနၿပီး ခုၾကေတာ့ အခ်ဳိးေၿပာင္းသြားေသာ နႏၵကုိၾကည့္ရင္ ႏိူင္ႏူိင္ႏွင့္ ေအာင္ေအာင္ပင္နားမလည္ႏုိင္ေတာ့။
“အဲဒီလုိ ဟုိလူေၿပာင္းဒီလူေၿပာင္းလုပ္ေနတာေတြမေ
ကာင္းဘူး ငါလည္း အခန္းလူေၿပာင္းသြားရင္ ေနရထုိင္ရခက္တယ္”
“ဘာမွလည္းမဆုိင္ဘူး”
“မင္း၀င္မပါနဲ႔ ေအာင္ေအာင္၊ သြားမင္းလဲ ၿပန္ေတာ့ မင္းအခန္းကုိ”
“အာ ငါကုိဟုိေရြ႔ခုိင္းဒီေရြ႔ခုိင္းနဲ႔”
“လွ်ာမရွည္နဲ႔ နုိင္ႏုိင္ မင္းတုိ႔ ကုိယ့္သေဘာနဲ႔ကုိယ္လုပ္ၿပီးေတာ့ ခံေပါ့၊ ဘယ္မွာလဲ မင္းအ၀တ္အိတ္က”
ညီညီငယ္ကုိလွမ္းလုိက္ၿခင္းၿဖစ္ပါသည္။
“သူတို႔အခန္းမွာ”
“သြားယူေလ ဘာရပ္လုပ္ေနတာလဲ၊ အာမၿဖစ္ေသးပါဘူး မင္းေနခဲ့ ငါသြားယူမယ္”
ေၿပာေၿပာဆုိဆုိႏွင့္ နႏၵထြက္သြားၿပီးမွ ၿပန္လွည့္လာၿပီး။
“မင္းတုိ႔ကေရာ ဘာရပ္လုပ္ေနတာလ
ဲ ကုိယ့္အခန္းကုိယ္ၿပန္ၾကေလ၊ ဟုိေကာင္ႏုိင္ႏုိင္ မင္းပစၥည္းေတြဘာက်န္ေသးလဲ တစ္ခါတည္းယူသြား၊ လာေလ ဘာရပ္လုပ္ေနၾကတာလဲ”
နႏၵပြတ္ေလာရုိက္ကာ ၿဖစ္ေနေတာ့သည္။ ကုိကုိေလးတုိ႔ အခန္းေရာက္ေတာ့ ကုိကို္ေလးက ကုတင္ေပၚတြင္လွဲေနပါသည္။
“ဟင္ ႏူိင္ႏူိင္ မင္းကၿပန္လာတယ္ ဘယ္မွာလည္းငါ့ညီ”
“နႏၵက….”
“ညီညီငယ္က အခန္းမေၿပာင္းေတာ့ဘူးတဲ့ ဒါေၾကာင့္ ငါလာၿပီးေတာ့ ညီညီငယ္ အ၀တ္စားေတြလာယူတာ၊ အခန္းေၿပာင္းရင္ စာက်က္ရတာလဲ မေကာင္းဘူး ေနသားက်ေနတဲ့ သူအခ်င္းခ်င္းေနတာပုိေကာင္းပါတယ္၊ ဟုတ္တယ္မဟုတ္လား ကုိေလး”
“အဲ…အင္းဟုတ္ပါတယ္ေလ”
ကုိကုိေလး နႏၵအေၿဖကုိ ေရာေယာင္ကာ ေၿဖေပးလုိက္မိသည္။ ရွင္းရွင္းေၿပာရရင္ သူလည္း သူ႔ညီ ညီညီငယ္ ႏွင့္ အတူတူမေနခ်င္ပါ၊ ေမေမကအတင္းေနခုိင္း၍သာ လုပ္လုိက္ၿခင္းၿဖစ္ပါသည္။ ခုေတာ့ နႏၵကလာေၿပာေနသၿဖင့္ သူလည္း ဒီအတုိင္းပဲေနလုိက္ပါေတာ့သည္။
နႏၵအခန္းထဲ ၿပန္ေရာက္ေတာ့ ညီညီငယ္ စာအုပ္ေတြ စီေနသည္။ သူ႔ကုိတစ္ခ်က္လွည့္ၾကည့္လုိက္ၿပီး ၿပန္လွည့္သြားကာ ဆက္လုပ္ေနလုိက္သည္။
“ေက်းဇူးတင္ပါတယ္”
“ရပါတယ္ အခန္းေဖၚအခ်င္းခ်င္းပဲ ဒီေလာက္ေတာ့ရွိမွာေပါ့ မင္းမေၿပာင္းရေအာင္လုပ္ေပးလုိက္တာကုိလဲ စိတ္ထဲမထားနဲ႔ မင္းလဲအခန္းမေၿပာင္းခ်င္တာငါသိတာေပါ့”
ညီညီငယ္ လွည့္ၾကည့္လုိက္သည္။
“ငါကဘယ္အခန္းမွာေနေန ဒီအတုိင္းပါပဲ မေၿပာင္းခ်င္ဘူးလုိ႔လဲ မေၿပာပါဘူး”
“အဲ…..”
နႏၵညီညီငယ္စကားေၾကာင့္ သယ္လာေသာ အ၀တ္အိတ္ၾကီးကုိ ကန္ပစ္လုိက္ၿပီးေနာက္မွ စဥ္းစားသလုိၾကည့္လုိက္သည္။
( ငါဘာေတြလုပ္ေနပါလိမ့္ သူဟာသူ ေၿပာင္းခ်င္ေၿပာင္း မေၿပာင္းခ်င္ေန ငါနဲ့ဘာဆုိင္တာမွတ္လုိ႔ )
ဘာေတြၿဖစ္ကုန္တာပါလိမ့္၊.။
“ဟာခုမွသတိရတယ္ စာအုပ္ေတြ ယူဘုိ႔ေမ့ေနတယ္၊ ငါ့ညီမဆီ စာအုပ္ေတြသြားယူလုိက္အုံးမယ္”
နႏၵ သူ႔ဟာသူ ေၿပာသလုိလုပ္ကာ ထြက္သြားပါေတာ့သည္။
“ဒီေကာင္ဘာေတြၿဖစ္ေနတာလဲမသိဘူး”
“ဟယ္ငါကေတာ့ နင္တုိ႕ကုိလြမ္းလုိက္ရတာ နင္တုိ႔က ငါ့ကုိသတိေတာင္မရၾကဘူးေပါ့ေလ”
“သတိရဘုိ႔ေနေနသာသာ အလုပ္ေတြနဲ႔ အားတာမဟုတ္ဘူး ႏွင္းဆီရဲ့”
“တြယ္တာဆုတ္ပလုတ္၊ ညီညီငယ္ကေရာ ဘာေတြလုပ္ေနရလုိ႔လဲ”
“အိမ္မွာ ဆူပူေနတာေန႔တုိင္ပဲ စိတ္ညစ္လြန္းလုိ႔ သတိကုိမရတာ”
“ေသနာဆုတ္ေတြ နင္တု႔ိအတြက္ယူလာတဲ့ လက္ေဆာင္ေတြမေပးပဲနဲ႔ေနလုိက္မယ္ ဘာမွတ္ေနလဲ”
သူတုိ႔သုံးေယာက္ ထုံစံအတုိင္း မက်ဥ္းပင္ေအာက္မွာ ေလထုိင္ပစ္ေနၾကပါသည္။ ေက်ာင္းပိတ္တုန္း ဘယ္ေတြသြားသည္ ဘယ္ကုိေရာက္သည္ဟု ႏွင္းဆီကေတာ့ ေရပတ္မ၀င္ေအာင္ေၿပာေနသည္။ သူႏွင့္ တြယ္တာကေတာ့ ႏွင္းဆီေၿပာသမွ်ခရီးေတြကုိ စိတ္တြင္ေတြးကာ ႏွင္းဆီႏွင့္ အတူေပ်ာ္ရႊင္ေနမိၾကသည္။
“ဟဲ့နင္တုိ႔သိၿပီးပီလား”
“ဘာကုိလဲ”
“ေနာက္လဆုိရင္ေလ သၾကၤန္က်ၿပီး”
“အဲဒီေတာ့ နင္ကသီလရွင္၀တ္မလုိ႔လာ တြယ္တာ”
“ဘယ္ကလာ သၾကၤန္က်ရင္ ငါတုိ႔ေက်ာင္းက ခရီးတုိထြက္မယ္တဲ့ ၁၀ တန္းေၿဖၿပီး ေက်ာင္းသားမ်ားနဲ႔တဲ့”
“ဟုတ္တယ္ ငါလဲၾကားတယ္”
“ေပ်ာ္စရာၾကီးေနမွာေနာ္”
“ဘယ္သြားၾကမွာလဲတဲ့”
“ေတာင္တက္ခရီးတဲ့”
“ဟယ္တကယ္၊ ေပ်ာ္စရာၾကီး”
ႏွင္းဆီကေတာ့ ေပ်ာ္ရႊင္ေနပါေတာ့သည္။
“ညီငယ္ နင္ပုံၾကည့္ရတာလဲ စိတ္မပါသလုိပဲ ၿငိမ္ေနလုိက္တာ”
“ငါကခုမွသိရတာ”
“အဲဒါေၾကာင့္ေၿပာတာေပါ့ နားေလးဘာေလ လည္းစြင့္ထားအုံး ေၿပာလုိက္ရင္ ဘာမွမသိတာကမ်ားေနတယ္”
“အဟက္”
“သြားမေၿပာမေနနဲ႔ တြယ္တာ သူပုံကုိက အဲဒီလုိပဲ”
ညီညီငယ္ သူငယ္ခ်င္းမေလးမ်ားႏွင့္ေတြ႔လုိက္ရရင္ စိတ္ခ်မ္းသာသြားရသည္ကုိေတာ့ ၀န္ခံပါသည္။ သူစိတ္မ်ားလဲ ေပါ့ပါးသြားပါသည္။
သူတုိ႔ဘ၀သည္ အေရးၾကီးဆုံးေသာ ဆုံးၿဖတ္ရမည့္ ဘ၀ေက်ာင္းစာမ်ားကုိ စတင္ရန္ က်ည္ၿဖည့္ရေတာ့မည္ မဟုတ္လား၊ စိတ္ခ်မ္းခ်မ္းသာသာေလးပဲ ေနခ်င္ပါသည္။
.................. TBC....... .
Unicode
ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း (အပိုင်း 7)
ဘာကြောင့်များ လူလူချင်းကို လူလိုမတွေးကြပဲ ရွံစရာကောင်းသည့် အကြည့်များ အမူယာများကို ပြုမူနေကြသည်နည်း ဟုမေမေနှင့် ကိုကိုလေးကို သူမေးလိုက်ချင်သည်။ ညီညီငယ် ခံစားချက်များက နေ့စဉ်မှတ်တမ်း စာအုပ်လေးပေါ်ကျရောက်သွားတော့သည်။ ထိုစာအုပ်လေးသည် ညီညီငယ် ကိုတစ်ကိုယ်တည်း ခံစားစေသည့် အကြောင်းရာများ၊ စိတ်တွင်ဖြစ်ပေါ်လာသော ခံစားမှု့ေ၀ဒနာတွေကို စာအုပ်လေးက ဒဏ်ခံကာ ညစ်သမျှကို သည်းခံရှာလေသည်။
အိမ်၏အပြင်သို့လည်းမထွက်တော့ပဲ အိမ်တွင်းအောင်းကာ နေလိုက်သော ညီညီငယ်ကိုတော့ သားများနှင့် ပက်သက်လာလျှင် မှန်သည်ဟုသတ်မှတ်ထားလျှင် ဘယ်တော့မှ လက်မလျှော့ပဲ နေသည့်မေမေကတော့ ညီညီငယ်ကို လာ၍ပင်မကြည့်။
“ဒီအချိန်မှာ သူတို့ကိုလိုက်လျောပေးလိုိက်ရင် နောင်တစ်ချိန်မှာလဲ ဒီလိုလုပ်ရင်ရတာပဲ ဆိုပြီး ဖြစ်လာလိမ့်မယ်၊ ပစ်ထားလိုက် ဘယ်တော့မှ မချော့နဲ့၊ မိဘရဲ့မေတ္တာစေတနာ ဆိုတာသူတို့တွေကြီးလာ မှသိလိမ့်မယ်”
ဖေဖေကတော့ အထိုက်လျောက် လိုက်လျောသည်။
“မင်းကလေးတွေကို အဲဒီလိုကြီးတော့မဆုံးမပါနဲ့၊ ကလေးတွေက ဆိုးနေတဲ့ကလေးတွေမှမဟုတ်တာ၊ ငါ့သားတွေအားလုံးက လိမ္မာတယ်၊ မင်းသာ…”
“အော် တော်က ကျုပ်ဆူတာကြတော့မြင်တယ်ပေါ့လေ၊ ဒီလောက်ဆူပူနေတာမှတော်ကာ ကျတယ်တော်ရေ၊ အဲ့ဒီလိုလိမ္မာတယ် လိမ္မာတယ် ဆိုတဲ့သား၊သမီးတွေက လုပ်သွားလိုက်ကြတာပဲလေ တစ်ခါတည်းပဲ၊ အပြတ်ကိုလုပ်သွားလိုက်ကြတာပဲ၊ ဒါမျိုးတွေမဖြစ်စေချင်လို့ ကြိုတင်လုပ်နေရတာတော့၊ ရှင်ကတော့ဘယ်နားလည်မလည်လဲ၊ ကျုပ်တို့လို မိန်မသားတွေက လင်အတွက်လည်းပူရ၊ သားတွေအတွက်လည်းပူရ၊ ဆွေးမျိုးတွေလည်းပူရ အပူသည်ကြီးတွေကိုဖြစ်လို့၊ ရှင်တို့တွေကတော့ ပိုက်ဆံရှာပြီးရင်တာ၀န်ကျေပြီးလို့တွက်ထားကြတဲ့သူတွေလေ၊ ပိုက်ဆံလေး ဘုတ်ကနဲပေးလိုက်၊ ပြီးရင်ဘာဖြစ်ဖြစ်လှည့်တောင်မကြည့်တော့ဘူး၊ ဒါပဲလုပ်တတ်ကြတာလေ”
လက်မနှင့် ကော့ကာ ပါးစပ်အတွင်းသို့ ရေသောက်သလိုလုပ်ပြကာ အမူယာများကောင်းကောင်းဖြစ် မေမေကတော့ ဆူပူနေတော့သည်။ အိမ်မှာနေရသော အချိန်သည် သူ့အတွက် မပျော်တော့၊ အရင်လို လည်းပျော်ရွှင်လိုစိတ်မရှိတော့၊ အရင်ကဆိုရင် အိမ်တွင်သာနေချင်သော ညီညီငယ် အိမ်မှာနေတာ တစ်ပတ်ပင် မပြည့်သေး ခုကျောင်းကိုလွမ်းလှပြီ။
ကိုကိုလေးနှင့်သူသည် ကျောင်းတုန်းက အနေနီးသလောက် အိမ်ရောက်တော့ သူစိမ်းများသဖွယ် ဖြစ်နေကြတော့သည်။
အိမ်တွင်နေရသော ၇ ရက်ပြည့်ပြီးနောက်နေ့တွင်ကျောင်းသို့ပြန်သွားရတော့မည် ဖြစ်သဖြင့် ညီညီငယ် အ၀တ်များကို သိမ်းကာ နေပါသည်။
“သားငယ်”
“ဟုတ်ဒေါ်လေး ဘာခို်င်းစရာရှိလို့လဲ”
“သားငယ်မေမေ ခေါ်နေတယ် ဖုန်းလာလို့တဲ့”
“ဗျာ..သားဆီကိုဟုတ်လို့လာ ဒေါ်လေးရာ ဘယ်သူမှခေါ်မယ့်သူလဲ မရှိပါဘူး”
“သားငယ်မေမေနဲ့တော့ပြောနေကြတယ် သွားသွား ဟိုမှာစောင့်နေတယ်”
ညီညီငယ် အိမ်ရှေ့ခန်းရှိ ဖုန်းရှိရာသို့လှမ်းလာတော့ မေမေဖုန်းပြောနေသည်မှာ ရွင်းရွင်းေ၀အောင် ပြောဆိုနေသည်။ ပျော်ရွှင်နေပုံလဲရသည်။
“ဟော သမီးသူငယ်ချင်းလာပြီး သူနဲ့ပြောလိုက်နော် သမီး”
“…..”
“အေးကွယ် အေးကွယ် နောက်လည်း မကြာမကြာဖုန်းဆက်နော် သမီး အေးကွယ်အေးကွယ်”
မေမေဖုန်းပြောပြီးနောက် သူလက်ထဲကို ဖုန်းထည့်က သူဘေးကထမသွားပဲ ကြည့်နေသည်။ သူလည်း ဖုန်းကိုကိုင်ကာ မေမေကိုကြည့်နေမိသည်။
“ဟဲ့ဘာကြောင်ကြည့်နေတာလဲ ဟိုဘက်ကသမီးလေးကို အားနာစရာဟယ် ပြောလိုက်လေ”
“ဟုတ်..ကဲ့မေမေ…..ဟ.ယ်လို”
“ညီငယ် အစုတ်ပလုတ် ငါ့ကိုတောင် ဖုန်းခေါ်ဘူး နင်ကတော့လေ တစ်ကယ်ပဲ”
“နှင်းဆီလား”
“မဟုတ်ဘူးဟေ သူရဲမ သူရဲမ…တစ်ကယ်ပဲ နင်ကတော့လေ၊ ငါ့ကိုတောင်မမှတ်မိဘူးလား”
“မှတ်မိပါတယ် နင်အသံကို ဒါပေမယ့်လေ ငါဆီကိုဖုန်းလာ တာဒါပထမဦးဆုံး အကြီမ် ဆိုတော့လေ၊ ဒါကြောင့်ပါ”
“ဖြစ်ရလေ ဒီလိုမှန်းသိ ငါဆက်ပါတယ်၊ နင်ကျောင်းပိတ်ရက်ဘယ်တွေသွားသေးလဲ၊ ငါကတော့ ချောင်းသာ ကခုမှပြန်ရောက်တာ နင်ကိုဆက်ချင်လို့ ရောက်ရောက်ခြင်းခေါ်လိုက်တာ၊ နင်မနက်ဖြန် ကျောင်းကိုသွားတော့မှာလား၊ ငါလဲသွားမယ် ၊ နင်နဲ့တွယ်တာကို အရမ်းလွမ်းတာပဲ တွယ်တာကို ဖုန်းခေါ်ချင်ပေမယ့် ဟယ် သူ့အိမ်မှာက ဖုန်းမရှိတော့လေ မခေါ်ရဘူးသိလာ၊ နင်ကော ငါကိုသတိမှရရဲ့လား ၊ ရမယ်လည်း မထင်ပါဘူး
နင်မနက်ဖြန်တော့ လာနော်၊ တွယ်တာလည်း လာမယ်ထင်တာပဲ၊ သေချာပါတယ် တွယ်တာလဲ လာမှာ”
“နှင်းဆီ”
“အင်းပြော”
“နင်လေလည်း ရှူးအုံး”
“ဘယ်လို”
"တံံတွေးလည်း မြိုချအုံး”
“ဘာ”
“ရေလည်းသောက်အုံး”
“သေနာ”
“ငါကတော့လေ”
“ဘာဖြစ်လဲ”
“ဂျပန်နားသန့်ဆေးခပ်လိုက်အုံးမယ်”
“ခွေးလေး…ငါကတော့ သတိရလို့ပြောလိုက်ရတာ သူကတော့ ငါ့ကိုပြောနေလိုက်တာများ”
“နင့်အစား မောလို့ ရေသွားသောက်လိုက်အုံးမယ်”
“သွား…..စောက်ကောင်စုတ်၊ နင့်အတွက်၀ယ်လာတဲ့လက်ဆောင်တွေမပေးတော့ဘူး”
“ငါကစတာပါ၊ ခုငါအ၀တ်တွေထည့်နေတယ် မပြီးသေးဘူး၊ မနက်ဖြန်ကျရင်တွေ့ကြတာပေါ့ဟာ”
“အင်းအင်း ငါလည်းလုပ်ရအုံးမယ်၊ ဟယ် အများကြီးလုပ်ရအုံးမယ်၊ ဒါဆို..ဒါပဲ..ဒါပဲ”
ညီညီငယ် ဖုန်းချလိုက်တော့ တစ်ချိန်လုံးအနားတွင်ထိုင်ကာ နားထောင်နေသော မေမေသည် ပြုံးချိုစွာ သူ့အားကြည့်လိုက်သည်။ ဒေါ်လေးစမ်းဌေးလည်းရောက်နေသည်။
“သားသူငယ်ချင်းလား”
“ဟုတ်တယ်မေမေ”
“စကားပြောလေးက ယဉ်ကျေးလိုက်တာ၊ နာမည်လေးက နှင်းဆီနော်”
“ဟုတ်”
“အသံလေးကချိုလို့ ရုပ်ကလေးလည်း ချစ်စရာလေးပဲနေမယ်၊ မေမေနဲ့မိတ်ဆက်ပေးလေ”
“ရပါတယ်မေမေ မနက်ဖြန်ကြတော့ ကျောင်းမှာ တွေ့ကြတဲ့အခါ မိတ်ဆက်ပေးမှာမယ်”
ညီညီငယ် ပြောဆိုပြီးနောက် လှည့်ထွက်လာခဲ့သည်။ ကြားလိုက်သည့် စကားများကြောင့် ညီညီငယ် စိတ်ပျက်သွားမိတော့သည်။
“မမ နင်ကသားလေးသူငယ်ချင်းမလေးနဲ့ မိတ်ဆက်ခိုင်းနေတယ်”
“အင်းလေ ဘာဖြစ်လို့လဲ”
“သားကြီးကြတော့ ကောင်းမလေးတွေနဲ့ဆို ဘာဖြစ်တယ် ညာဖြစ်တယ် ပြောဆိုနေပြီးတော့”
“ဟဲ့နင်ဘာနားလည်လို့လဲ မသိပဲ၀င်၀င်ပြော၊ သားငယ်ကစိတ်က ဟိုမရောက်ဒီမရောက်ဖြစ်နေလို့ အဲ့ဒါကြောင့် ငါစီစဉ်နေတာ၊ နင်မသိပဲ ၀င်၀င်မပါနဲ့”
ဟင်…………
အစကတော့ သူကရိုးရိုးသားသား ထင်မှတ်ပြီး ပုံမှန်ပြောဆိုနေသည်ဟု၊ ခုတော့ သူကိုယုံကြည်မှု့တစ်စုံတစ်ရာ တောင်မရှိတော့ပဲ စိတ်ကိုဖြေးဘို့အတွက်တဲ့၊ ညီညီငယ် ကိုယ့်ကိုကိုယ် စိတ်ပျက်မိသွားပါတော့သည်။
ငါဒီလောက်တောင်မှ အများအမြင်ဆိုးဝါးနေလို့လာ…
ငါနေပုံထိုင်ပုံတွေက အမြင်မတော်အောင် ဖြစ်နေလို့လာ…
ငါကလောကကြီးနဲ့ ချွတ်ချှော်အောင်ဘာတွေများလုပ်နေလို့လဲ….
“ကလေးကြားသွားအုံးမယ် မမရယ်”
“ကြားကြားအေ ငါတော့ ဒီကလေးကို အားကိုမရတာ မပြောလိုက်ချင်ဘူး လူပုံကနွဲ့နွဲ့နဲ့ နေပုံထိုင်ပုံတွေကိုမကြိုက်တာ စာတော်တာလေး တစ်ခုပဲ ကောင်းတယ်”
“သားလေးက လိမ္မာနေတာကို မမကမကြည့်ချင်လို့လာ”
“အိုတော် ဆိုးပေနေတာမှကောင်းအုံးမယ်၊ ခုတော့ ဘယ်လိုမှကိုစိတ်မချနိုင်တာ ဟိုတစ်ရက်လည်း ကြည့်ပါလာ ဘာတွေမဟုတ်က ဟုတ်ကတွေသဘောကျပြီး သွားပေါင်းနေတယ်မသိဘူး ဒါမျိုးတွေနဲ့မှပတ်သက်ရတယ်လို့”
“ဘယ်သူတွေတုံး”
“ဟဲ့ လမ်းထဲက အခြောက်မတွေပေါ့၊ ဒင်းတို့ကိုလဲ သွားကောထားသေးတယ် ကျမသားကလေးကို မပျက်စီးကြပါနဲ့လို့၊ သွားကိုပြောထားလို့”
“မမကတော့ နို်င်ကိုမနိုင်ဘူး”
“မရဘူးဟေ ကျုပ်သားတွေကို လာမထိနဲ့ ထိလို့ကတော့ ဘယ်သူရယ်ဘယ်ဝါရယ် မခံဘူး ပက်ပက်စက်စက်ကိုပြောပစ်မှာ”
“မင်းကလဲမဟုတ်သေးပါဘူး ကလေးကိုတအားမပြောနဲ့ ကလေးက လူပျိုလေးဖြစ်နေပြီး မင်းလုပ်ပုံတွေက ကလေးကို ရေနှစ်နေသလိုပဲ”
ဖေဖေ အလုပ်ကပြန်လာသည့်အချိန်တွင်တိုက်ဆိုင်သွားကာ ဖေဖေကမေမေကို၀င်ပြောသည်။
“ရှင်တို့မောင်နှမတွေကလေ ကျုပ်ကိုဆိုအကောင်းမြင်ကြတာမဟုတ်ဘူး၊ ကျုပ်ကတော့ ကျုပ်သားတွေနဲ့ ပက်သက်လာလို့ကတော့ ဘယ်သူမျက်နာမှထောက်မနေနိုင်ဘူး၊ ရှင်တို့လိုလဲ မနေနိုင်ဘူး”
မေမေပြောပြောဆိုဆိုဖြင့် ဘောက်ဆက်ဆက်ထကာ ထွက်သွားတော့သည်။
ညီညီငယ် မိမိအခန်းထဲပြန်ရောက်တော့ အခန်း၏၀ရမ်တာတွင် ရပ်ကာ အပြင်ကိုငေးမောနေမိသည်။ ထိုအချိန်ဒေါ်လေး အခန်းထဲ၀င်လာပါတော့သည်။
“သားငယ်”
“ဟုတ်ဒေါ်လေး”
ဒေါ်လေးက ညီညီငယ်အ၀တ်များ ထုတ်နေသည့်နေရာသို့၀င်ထိုင်လိုက်ပြီး အ၀တ်စားများခေါက်ပေးနေသည်။ ညီညီငယ် ဒေါ်လေးအနားသွားကာ ဒေါ်လေးပေါင်ပေါ်တွင်ခေါင်းတင်ကာ လှဲလိုက်သည်။
“သားငယ် စိတ်ညစ်နေလာ”
“ဒေါ်လေးရယ် သားကလူဆိုးကြီးဖြစ်နေတာလား”
“အို မဟုတ်တာ၊ အဲဒီလိုမတွေးရဘူးလေ သားမေမေက သားကိုချစ်လွန်းလို့ ခုလိုဖြစ်နေတာပါ”
“ကိုလေးကျတော့ ဘာလုပ်လုပ်အကုန်အကောင်းမြင်နေတယ်”
“သားကို ကလေးတစ်ယောက်လိုပဲတွေးထားလု့ိဖြစ်တယ်၊ သားကိုလေ အစစရာ အားလုံးပြည့်စုံစေချင်တယ် ဒါကြောင့်ပါသားလေးရယ်၊ သားလေးကြီးလာရင် မေမေရဲ့စေတနာတွေကို နားလည်လာမှာပါ”
“ဟုတ်ကဲ့ သားလည်းဒီလိုပဲမျှော်လင့်ရတာပါပဲ၊ ဒါပေမယ့်လေ သားဘာပြောပြောလက်မခံမပေးဘူး၊ ဖြေးရှင်းခွင့် တစ်စုံတစ်ရာ တောင်သားမှာ ရပိုင်ခွင့်မရှိဘူး”
“ ဒါတွေက ဒေါ်လေးအပြစ်တွေကြောင့်ပါ”
“မဟုတ်သားလေးရယ်ပါဘူး သားကိုယ်တိုင်လည်း ကျေနပ်စွာလက်ခံခဲ့တာပဲလေ ဒါတွေက ဒေါ်လေးနဲ့မဆိုင်ပါဘူး”
ဒေါ်လေးကတော့ ညီညီငယ်ဆံပင်များကို ပွတ်သပ်ရင် မျက်ရည်၀ဲနေရှာပါသည်။
ကျောင်းကြီးသို့ သူတို့အားလုံးပြန်ရောက်ကြချိန်မှာတော့ ဆယ်တန်းကျောင်းသားတွေက စာမေးပွဲအတွက် လုံးနေကြပါတော့သည်။ သူတို့ကတော့ ကျောင်းကြီးထဲသို့ ၁၀ တန်းအတန်းကြီးသမား သဖွယ် လူတွေကတော့ အနည်းငယ် မြှောက်ကြွမြှောက်ကြွဖြစ်နေသည်ဟု ထင်မိသည်။
နန္ဒကတော့ နူတ်ခမ်းမွှေးစိမ်းစိမ်းလေ ထွက်နေသည့် သူ့နူတ်ခမ်းကို သပ်ကာ နေသည်။
“ဟေ့ကောင်နန္ဒ”
“ဘာတုံး”
“မင်းတို့ကျောင်းပိတ်တုန်းက ဘယ်တွေသွားသေးလဲ”
“အဖေတို့ရွာကိုခဏသွားတယ် ပြီးတော့ ငါနဲ့ငါညီမလေးပဲ ပြန်လာတယ် ကျောင်းအမှီပြန်ရတာ အဘွားကနေမကောင်းလို့ အဖေတို့တော့ နေခဲ့ကြတယ်”
“အော်..ဒါကြောင့် မင်းအိမ်သွားတုံးက တံခါးကြီးပိတ်ထားတာကို”
“အဲ မင်းလာသေးတယ်ပေါ့လေ အောင်အောင်”
“ဟုတ်တယ် ပျင်းတာနဲ့လာသေးတယ်၊ ငါဟိုကားတွေရှိတော့ မင်းကိုပြချင်လို့လာတာ မင်းကမရှိတော့ ဘယ်ပြနိူင်မလဲ”
“ဟာကွာ နာလိုက်တာ အခုရောပါသေးလား”
“ချီးပဲ ဘယ်ကပါရမှာလဲ ကျောင်းထဲမှာ”
“အဟီး ဟုတ်သား ငါလဲ ကြည့်ချင်ဇောကြီးသွားတယ် ကြည့်ချင်လိုက်တာကွာ တစ်ခါမှမကြည့်ရသေးဘူး”
“ဒါနဲ့ မင်းအချစ်တော်လေနဲ့ ပြန်နေမှာလား”
“ဘယ်ကငါ့အချစ်တော်လဲ”
“ဟိုအခြောက်လေးပေါ့”
“ဟာကွာ အခန်းပြောင်းလို့ရရင်တော့ ပြောင်းချင်တယ်”
“ဒါဆိုငါနဲ့ပြောင်း”
“ဘာဖြစ်လို့လဲ”
“ဟဲဟဲ ဇာတ်လမ်းတွေဖန်မလို့ပေ့ါကွ ငါ့ကိုငါ့ထက်ကြီးတဲ့အကိုကြီးတွေက သင်ပေးလိုက်တယ်၊ အခြောက်ဆိုလည်းရှောင်မနေနဲ့ ဆော်သာဆော်ဆိုပဲ ဟီးဟီး”
“ခွေးကောင် ခွေးကျင့်ကြံနေတယ်ပေါ့ သေတောင်မပြောင်းပေးဘူး”
“ဟာကွာ မင်းပဲသူနဲ့မနေချင်ဘူးဆို”
“နေပါရတယ် မနေချင်လဲ ဘာမှမဖြစ်ဘူး သူကသူ့ဟာသူနေတာ ငါလဲ ငါနေတတ်သလိုနေတာ ငါ့တို့နှစ်ယောက်ကြားမှာတော့ အဆောင်နဲ့ပက်သက်ပြီး ဘာပြဿနာမှမရှိတဲ့အတွက် ဒီအတိုင်းပဲကောင်းတယ်”
အောင်အောင်ကတော့ နန္ဒအနားကပ်ကာ ညစ်နေပါသည်။
“ဒါဆိုငါနဲ့အတူမင်းလာနေ အောင်ခိုင်ကို အဲဒီအခြောက်နဲ့နေခိုင်းလိုက်မယ်”
“သေနာ သွားတော့ မင်းဘာမှလာမပြောနဲ့တော့”
အဆောင်ရှေ့ရောက်တော့ ညီညီငယ် အထုတ်များကို သယ်နေသည်ကိုတွေ့ရသည်။ စာအုပ်တစ်ချို့ကို အခန်းထဲမှ ထုတ်ယူသွားသည်ကို မြင်ရတော့။
“ဘာဖြစ်လို့စာအုပ်တွေသယ်နေတာလဲ”
ညီညီငယ် နန္ဒကိုတစ်ချက်ကြည့်လိုက်ပြီး
“ငါ့အကိုနဲ့အတူတူနေမလို့ အခန်းပြောင်းနေတာ”
“ဘာကွ”
ညီညီငယ်ကတော့ စာအုပ်တွေ ဆုနေသည်။ ကျောင်းအ၀တ်စာတွေလည်း ဗီရိုထဲမှထုတ်ကာ ကုတင်ပေါ်ရောက်လို့နေပါသည်။
“မင်းအဲလိုပြောင်းလို့ရမလားကွ”
“ဘာဖြစ်လို့လဲ”
“ကျောင်းကစည်းကမ်းရှိတယ်ဆိုတာမင်းသိတယ်နော် သူ့တို့ပေးထားတဲ့ အခန်းမှာမနေပဲ ပြောင်းချင်တိုင်း ပြောင်းလို့မရဘူးကွ”
“ဟင် ဟုတ်လို့လားကွာ တစ်ချို့တွေဆို ဒီလိုပဲပြောင်းနေကြတာပဲ”
“မရဘူးကွ”
ထိုအချိန်တွင် ကိုကိုလေး အခန်းမှ နိုင်နိုင်သည်လည်း အထုတ်များယူကာ အခန်းထဲသို့၀င်လာပါသည်။
“မင်းကဘာလာလုပ်တာလဲ”
“အဲ..ညီညီငယ်နဲ့ အခန်းပြောင်းတာလေ”
“မရဘူး မင်းတို့သဘောနဲ့မင်းတို့လုပ်လို့မရဘူး”
နန္ဒ ၀ူး၀ူးဝါးဝါး နှင့်လုပ်နေသဖြင့် ညီညီငယ်ကြောင်ကြည့်နေသည်။ နိုင်နိုင်ကလဲ ပြူးကြည့်နေသလို၊ အောင်အောင်ကတော့ ၀မ်းသာသည့် အကြည့်များဖြင့် ဘေးမှရပ်ကြည့်နေသည်။
ညီညီငယ်လက်ထဲမှ စာအုပ်များကို လုယူကာ စာအုပ်ဆင်ပေါ်တင်လိုက်သည်။ ကုတင်ပေါ်မှအ၀တ်များကို ဗီရိုထဲ ထည့်လိုက်တော့သည်။
နန္ဒလုပ်နေသည်ကို ညီညီငယ်ကတော့ နားတော့မလည်နိုင်တော့၊ အရင်နှစ်ကတော့ အခန်းပြောင်းရန်ပြောနေပြီး ခုကြတော့ အချိုးပြောင်းသွားသော နန္ဒကိုကြည့်ရင် နိူင်နိူင်နှင့် အောင်အောင်ပင်နားမလည်နိုင်တော့။
“အဲဒီလို ဟိုလူပြောင်းဒီလူပြောင်းလုပ်နေတာတွေမေ
ကာင်းဘူး ငါလည်း အခန်းလူပြောင်းသွားရင် နေရထိုင်ရခက်တယ်”
“ဘာမှလည်းမဆိုင်ဘူး”
“မင်း၀င်မပါနဲ့ အောင်အောင်၊ သွားမင်းလဲ ပြန်တော့ မင်းအခန်းကို”
“အာ ငါကိုဟိုရွေ့ခိုင်းဒီရွေ့ခိုင်းနဲ့”
“လျှာမရှည်နဲ့ နိုင်နိုင် မင်းတို့ ကိုယ့်သဘောနဲ့ကိုယ်လုပ်ပြီးတော့ ခံပေါ့၊ ဘယ်မှာလဲ မင်းအ၀တ်အိတ်က”
ညီညီငယ်ကိုလှမ်းလိုက်ခြင်းဖြစ်ပါသည်။
“သူတို့အခန်းမှာ”
“သွားယူလေ ဘာရပ်လုပ်နေတာလဲ၊ အာမဖြစ်သေးပါဘူး မင်းနေခဲ့ ငါသွားယူမယ်”
ပြောပြောဆိုဆိုနှင့် နန္ဒထွက်သွားပြီးမှ ပြန်လှည့်လာပြီး။
“မင်းတို့ကရော ဘာရပ်လုပ်နေတာလ
ဲ ကိုယ့်အခန်းကိုယ်ပြန်ကြလေ၊ ဟိုကောင်နိုင်နိုင် မင်းပစ္စည်းတွေဘာကျန်သေးလဲ တစ်ခါတည်းယူသွား၊ လာလေ ဘာရပ်လုပ်နေကြတာလဲ”
နန္ဒပွတ်လောရိုက်ကာ ဖြစ်နေတော့သည်။ ကိုကိုလေးတို့ အခန်းရောက်တော့ ကိုကို်လေးက ကုတင်ပေါ်တွင်လှဲနေပါသည်။
“ဟင် နိူင်နိူင် မင်းကပြန်လာတယ် ဘယ်မှာလည်းငါ့ညီ”
“နန္ဒက….”
“ညီညီငယ်က အခန်းမပြောင်းတော့ဘူးတဲ့ ဒါကြောင့် ငါလာပြီးတော့ ညီညီငယ် အ၀တ်စားတွေလာယူတာ၊ အခန်းပြောင်းရင် စာကျက်ရတာလဲ မကောင်းဘူး နေသားကျနေတဲ့ သူအချင်းချင်းနေတာပိုကောင်းပါတယ်၊ ဟုတ်တယ်မဟုတ်လား ကိုလေး”
“အဲ…အင်းဟုတ်ပါတယ်လေ”
ကိုကိုလေး နန္ဒအဖြေကို ရောယောင်ကာ ဖြေပေးလိုက်မိသည်။ ရှင်းရှင်းပြောရရင် သူလည်း သူ့ညီ ညီညီငယ် နှင့် အတူတူမနေချင်ပါ၊ မေမေကအတင်းနေခိုင်း၍သာ လုပ်လိုက်ခြင်းဖြစ်ပါသည်။ ခုတော့ နန္ဒကလာပြောနေသဖြင့် သူလည်း ဒီအတိုင်းပဲနေလိုက်ပါတော့သည်။
နန္ဒအခန်းထဲ ပြန်ရောက်တော့ ညီညီငယ် စာအုပ်တွေ စီနေသည်။ သူ့ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ပြန်လှည့်သွားကာ ဆက်လုပ်နေလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“ရပါတယ် အခန်းဖေါ်အချင်းချင်းပဲ ဒီလောက်တော့ရှိမှာပေါ့ မင်းမပြောင်းရအောင်လုပ်ပေးလိုက်တာကိုလဲ စိတ်ထဲမထားနဲ့ မင်းလဲအခန်းမပြောင်းချင်တာငါသိတာပေါ့”
ညီညီငယ် လှည့်ကြည့်လိုက်သည်။
“ငါကဘယ်အခန်းမှာနေနေ ဒီအတိုင်းပါပဲ မပြောင်းချင်ဘူးလို့လဲ မပြောပါဘူး”
“အဲ…..”
နန္ဒညီညီငယ်စကားကြောင့် သယ်လာသော အ၀တ်အိတ်ကြီးကို ကန်ပစ်လိုက်ပြီးနောက်မှ စဉ်းစားသလိုကြည့်လိုက်သည်။
( ငါဘာတွေလုပ်နေပါလိမ့် သူဟာသူ ပြောင်းချင်ပြောင်း မပြောင်းချင်နေ ငါနဲ့ဘာဆိုင်တာမှတ်လို့ )
ဘာတွေဖြစ်ကုန်တာပါလိမ့်၊.။
“ဟာခုမှသတိရတယ် စာအုပ်တွေ ယူဘို့မေ့နေတယ်၊ ငါ့ညီမဆီ စာအုပ်တွေသွားယူလိုက်အုံးမယ်”
နန္ဒ သူ့ဟာသူ ပြောသလိုလုပ်ကာ ထွက်သွားပါတော့သည်။
“ဒီကောင်ဘာတွေဖြစ်နေတာလဲမသိဘူး”
“ဟယ်ငါကတော့ နင်တို့ကိုလွမ်းလိုက်ရတာ နင်တို့က ငါ့ကိုသတိတောင်မရကြဘူးပေါ့လေ”
“သတိရဘို့နေနေသာသာ အလုပ်တွေနဲ့ အားတာမဟုတ်ဘူး နှင်းဆီရဲ့”
“တွယ်တာဆုတ်ပလုတ်၊ ညီညီငယ်ကရော ဘာတွေလုပ်နေရလို့လဲ”
“အိမ်မှာ ဆူပူနေတာနေ့တိုင်ပဲ စိတ်ညစ်လွန်းလို့ သတိကိုမရတာ”
“သေနာဆုတ်တွေ နင်တု့ိအတွက်ယူလာတဲ့ လက်ဆောင်တွေမပေးပဲနဲ့နေလိုက်မယ် ဘာမှတ်နေလဲ”
သူတို့သုံးယောက် ထုံစံအတိုင်း မကျဉ်းပင်အောက်မှာ လေထိုင်ပစ်နေကြပါသည်။ ကျောင်းပိတ်တုန်း ဘယ်တွေသွားသည် ဘယ်ကိုရောက်သည်ဟု နှင်းဆီကတော့ ရေပတ်မ၀င်အောင်ပြောနေသည်။ သူနှင့် တွယ်တာကတော့ နှင်းဆီပြောသမျှခရီးတွေကို စိတ်တွင်တွေးကာ နှင်းဆီနှင့် အတူပျော်ရွှင်နေမိကြသည်။
“ဟဲ့နင်တို့သိပြီးပီလား”
“ဘာကိုလဲ”
“နောက်လဆိုရင်လေ သင်္ကြန်ကျပြီး”
“အဲဒီတော့ နင်ကသီလရှင်၀တ်မလို့လာ တွယ်တာ”
“ဘယ်ကလာ သင်္ကြန်ကျရင် ငါတို့ကျောင်းက ခရီးတိုထွက်မယ်တဲ့ ၁၀ တန်းဖြေပြီး ကျောင်းသားများနဲ့တဲ့”
“ဟုတ်တယ် ငါလဲကြားတယ်”
“ပျော်စရာကြီးနေမှာနော်”
“ဘယ်သွားကြမှာလဲတဲ့”
“တောင်တက်ခရီးတဲ့”
“ဟယ်တကယ်၊ ပျော်စရာကြီး”
နှင်းဆီကတော့ ပျော်ရွှင်နေပါတော့သည်။
“ညီငယ် နင်ပုံကြည့်ရတာလဲ စိတ်မပါသလိုပဲ ငြိမ်နေလိုက်တာ”
“ငါကခုမှသိရတာ”
“အဲဒါကြောင့်ပြောတာပေါ့ နားလေးဘာလေ လည်းစွင့်ထားအုံး ပြောလိုက်ရင် ဘာမှမသိတာကများနေတယ်”
“အဟက်”
“သွားမပြောမနေနဲ့ တွယ်တာ သူပုံကိုက အဲဒီလိုပဲ”
ညီညီငယ် သူငယ်ချင်းမလေးများနှင့်တွေ့လိုက်ရရင် စိတ်ချမ်းသာသွားရသည်ကိုတော့ ၀န်ခံပါသည်။ သူစိတ်များလဲ ပေါ့ပါးသွားပါသည်။
သူတို့ဘ၀သည် အရေးကြီးဆုံးသော ဆုံးဖြတ်ရမည့် ဘ၀ကျောင်းစာများကို စတင်ရန် ကျည်ဖြည့်ရတော့မည် မဟုတ်လား၊ စိတ်ချမ်းချမ်းသာသာလေးပဲ နေချင်ပါသည်။
.................. TBC....... .
No comments:
Post a Comment