Free Bitcoin

BitMiner - free and simple next generation Bitcoin mining software

Thursday, April 19, 2018

ပန္း မဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း ( အပိုင္း ငါး )

ပန္း မဟုတ္ေသာ ပန္းတစ္ပြင့္ အေၾကာင္း ( အပိုင္း ငါး )



နႏၵ ညီညီငယ္ရွိေနသည္ကုိ ေမ့ေလ်ာ့သြားေတာ့သည္။ အခန္းတစ္ခုလုံးလည္း တိတ္ဆိတ္ေနသည္က နႏၵကုိယခင္အတုိင္းတစ္ေယာက္တည္း ရွိေစသည့္အသိက ၀င္ေရာက္သြားသည့္အတြက္လည္း ၿဖစ္ပါသည္။ နံရံကပ္ ဗီရုိထဲမွ အ၀တ္မ်ား ဆြဲထုတ္ကာ မိမိအိပ္ယာေပၚသုိ႔ပစ္တင္လုိက္သည္။ ထုိေနာက္ အ၀တ္ကုိ မ၀တ္ေသးပဲ နံရံကပဗီရုိမွတပ္ထားေသာ ၾကည့္မွန္မွ မိမိကုိယ္ကုိၿပန္ၾကည့္လုိက္သည္။ ထုိေနာက္ ဒီအခ်ိန္လုပ္ေနၾကအတုိင္း မိမိပစၥည္းကုိမၾကည့္ကာ ပြတ္သပ္ေနသည္။

ညီညီငယ္အသက္ရွဴးမွားေလာက္ေအာင္ ၿဖစ္သြားရေတာ့သည္။ ဒီအသက္္ဒီအရြယ္ထိ မိမိပစၥည္းမွ လြဲ၍ တစ္ၿခားေသာ တစ္စိမ္းတစ္ေယာက္၏ ပစၥည္းကုိ မၿမင္ဖူသည့္သူ႔အတြက္ကေတာ့ အၿပင္မွာ လတ္လတ္ဆတ္ဆတ္ၾကီး ၿမင္လုိက္ရေတာ့ ေခါင္းေမႊးမ်ားပင္ေထာင္သြားေတာ့သည္။ နႏၵက သူရွိေနသည္ကုိ မသိေလေရာသလား။
နႏၵသည္ အားကစားလုပ္၍လာမသိ ၾကံ့ခုိင္ေသာ ခႏၵာကုိယ္ကုိ မနာလုိခ်င္စဖြယ္ပုိင္ဆုိင္ထားသည္။ ေတာင့္တင္းသည္။ တင္ေလးကလည္း ေကာက္ေနသည္။ သူ၏ေကာက္ေၾကာင္းမ်ားက လွပပါသည္။ ေပါင္းရင္းတြင္ အေမႊးႏုေလးမ်ားက တန္းေနသည္။ ရင္အုပ္မွ အေမႊးနုစိမ္းမ်ားက သီးကလွလွပပတန္းေနသည္။ ႏုိ႔သီးေခါင္းေလးမ်ားက ရဲတြတ္ေနသည္။ နႏၵကုိသတိေမ့ေရာစြာၾကည့္ေနမိသည့္ ညီညီငယ္ မ်က္လုံးလည္း ပြင့္လုိ႔ေနပါေတာ့သည္။
နႏၵလက္က ႏုိ႔သီးေခါင္းေလးကုိ လက္ကေလးၿဖင့္ပြတ္သပ္ေနသည့္ နႏၵ မ်က္နာကုိ မုိးေမာ့လုိက္ကာ လက္က သူ၏ ပစၥည္းဆီ ဆင္းသက္သြားေတာ့သည္။ ေပါင္းရင္းတုတ္တုတ္ သုိ႔ပြတ္သပ္ကာ ေနသည္။ သူ၏ပစၥည္းသည္ ၾကဳိက္ႏွစ္သက္သည့္သေဘာရွိကာ လွလွပပ ေခါင္းညိတ္ေနရွာသည္။ ထုိအရာကုိ ညီညီငယ္ ေတြ႔လုိက္ေတာ့ မိမိလည္း ဘာေတြၿဖစ္သြားသည္မသိ၊ လန္႔ၿဖတ္သြားသည္ကေတာ့ အမွန္ပင္ၿဖစ္သည္။ ထုိေနာက္ အသိတစ္ခ်က္၀င္လာကာ သူ႔အားအထင္ေသး ၍တမင္လုပ္ေနသည္ဟု ထင္မွတ္မိသြားသည့္ ေနာက္ေတာ့၊ ရုတ္တရက္ ညီညီငယ္ ၀ုန္းဆုိထရပ္လုိက္ပါေတာ့သည္။

“အား……”

ညီညီငယ္ ေအာ္ၿခင္းမဟုတ္၊ နႏၵလန္႔ၿပီးေအာ္လုိက္တာၿဖစ္ပါသည္။ နႏၵ ၀ုန္းဆုိသည့္အသံေၾကာင့္ ေနာက္သုိ႔လွည့္ၾကည့္လုိက္ေတာ့ ညီညီငယ္က လက္သီးက်စ္က်စ္ပါေအာင္ဆုပ္ၿပီး ဆူးကနဲၾကည့္ေနသည့္အတြက္ လန္႔ၿပီး အားကနဲေအာ္ကာ ေနာက္သုိ႔ ခုန္လုိက္သည္။ ထုိေနာက္ ဗီရုိႏွင့္ေခါင္းမိတ္ဆက္ကာ ပလက္လန္လဲက်သြားေတာ့သည္။ လူက ကားယားၾကီးၿဖစ္ကာ ညီညီငယ္အား ဒုတ္ၿပခဲၿပ ၿဖင့္ေနေတာ့သည္။
ညီညီငယ္သည္ ရွက္သည္ကတစ္ေၾကာင္း သူ႔ကုိအထင္ေသး၍ လုပ္သည္ဟုထင္သြားသည္ကတစ္ေၾကာင္း စိတ္ညစ္တာေတြကတစ္ေၾကာင္း ေၾကာင့္ နႏၵကုိေၿပးကန္ၿခင္သည့္စိတ္ကုိ ထိန္းကာ တံခါးဖြင့္ကာ အၿပင္သုိ႔ထြက္သြားၿပီး တံခါးမအား ေဆာင့္ပိတ္လုိက္ပါေတာ့သည္။

ေတာက္……….

၀ုန္း…………….

နႏၵကေတာ့ ထုိေနရာတြင္ လိပ္ပလက္လန္သလုိ ယက္ကန္ယက္ကန္က်န္ခဲ့ပါေတာ့သည္။

“ဟာကြာ ….ရွက္လုိက္တာ ဒီေကာင္ရွိေနတာကုိ ေမ့သြားတယ္၊ ေမ့ခ်င္အုံး ေမ့ခ်င္အုံး”

မိမိေခါင္းကုိယ္ လက္သီးၿဖင့္ထုလုိက္မိေတာ့သည္။

“အ…”

ယခုေတာ့သူ႔ ပစၥည္းသည္ ယခင္က သူဘာမွမၿဖစ္ခဲ့သလုိ ၿငိမ္က်သြားသည္က ကေလးေလး အိပ္ေနသလုိ။

ေတာက္………

ညီညီငယ္ မေက်နပ္ေသးပါ၊ ဘာသေဘာၿဖင့္ ဒီေကာင္ဒီလုိလုပ္ေနသည္ကုိ နားမလည္ေခ်။ ေသၿခားတာကေတာ့ သူရွိေန၍ တမင္လုပ္ေနသည္ဟုထင္မွတ္မိသြားေတာ့သည္။ ထုိညက ညီညီငယ္ အၿပင္တြင္ ေခါက္တုန္႔ေခါက္ၿပန္ေလွ်ာက္ေနရင္းက၊ စိတ္ထဲတြင္ နႏၵၿပဳမူေနသည္ကုိ ၿမင္ေရာင္ရင္ မနည္းကုိ အၿပင္ထုတ္ပစ္ရသည္။ စိတ္ေတြ ၿငိမ္လုိ႔ အဆင္ေၿပမွ အခန္းထဲသုိ႔ၿပန္၀င္လာခဲ့ေတာ့သည္။ ၿပန္၀င္လာသည့္အခ်ိန္ကလည္း ေတာ္ေတာ္ၾကီးကုိ ေနာက္က်ကာ ညည့္နက္သြားေတာ့သည္။ ထုိညက ညီညီငယ္ ထမင္းငတ္ခဲ့ပါသည္။ ထုိအတူနႏၵလည္း ထမင္းထြက္မစားပဲ ရွက္လုိ႔ အခန္းေအာင္းကာ ငတ္ခဲ့ရပါသည္။

ညီညီငယ္ အခန္းထဲၿပန္၀င္လာေတာ့ နႏၵအိပ္ခ်င္ေယာင္ေဆာင္ကာ ၿခင္ေထာင္ထဲမွ ခုိးၾကည့္ေနမိသည္။ ညီညီငယ္ သူ႔၏ၿခင္ေထာင္နားသုိ႔ ကပ္လာေတာ့ အတင္းမ်က္စိမွိတ္ကာ ေနလုိက္သည္။ ညီညီငယ္ ကလည္း နႏၵအိပ္ေနသည္ ဟုတ္မဟုတ္ ၾကည့္ၿခင္းၿဖစ္ပါသည္။ ထုိေနာက္ စာၾကည့္စားပြဲမွာထုိင္ကာ စာက်က္ေနလုိက္ပါေတာ့သည္။
ထုိညက သူတို႔ႏွစ္ေယာက္လုံး အိပ္ေရးပ်က္ခဲ့ၾကပါေတာ့သည္။ တစ္ေယာက္က အိပ္မရ၍ စာက်က္ေနၿပီး တစ္ေယာက္ကေတာ့ ၿခင္ေထာင္ထဲမွ ညီညီငယ္ကုိ ရွက္လုိ႔ အိပ္မရပဲ မနက္မုိးလင္းသြားေတာ့သည္။ အေဆာင္သည္ စာက်က္ခ်ိန္မ်ားကုိသတ္မွတ္ထားသည့္ ၿဖစ္ေသာေၾကာင့္ မနက္ ၄နာရီတြင္ အိပ္မရေအာင္ တရားေခြမ်ားၿဖင့္ ႏုိးေစၿပီး စာက်က္ခုိင္းပါေတာ့သည္။

ညီညီငယ္ထကာ ေရခ်ဳိးဘုိ႔ထြက္လာေတာ့သည္။ ထုိအခါမွ နႏၵလည္း အိပ္ယာကထကာ စာၾကည့္စားပြဲတြင္ ထုိင္လုိက္ပါေတာ့သည္။ ရွက္တာေတာ့မေပ်ာက္ေသး။
အတန္းခ်ိန္တြင္ေတာ့ ေက်ာင္းသားႏွစ္ေယာက္ ခဏခဏသန္းကာ အိပ္ငုိက္ေနၾကသည္ကုိေတာ့ မည္သူကမွသတိမထားမိၾကေခ်။
ညေနဘက္ မက်ဥ္းပင္ေအာက္တြင္ သူငယ္ခ်င္းသုံးေယာက္ထုိင္မိၾကသည္။

“ညီငယ္”

“အင္း”

“နင္အဆင္ေၿပရဲ့လား”

“ဘာကုိလည္း ႏွင္းဆီကလဲ”

“နင္ၾကည့္ရတာ အိပ္ေရးပ်က္ေနသလုိပဲ”

“အင္းညက စာေတြၾကည့္ေနလုိ႔ မအိပ္ခဲ့ဘူး”

“နင္ကေတာ့ေလ စာလည္းက်က္ က်န္းမာေရးလည္း ဂရုစုိက္အုံး”

“ေအးပါ… ၀ါးး…….”

“ၾကည့္... သန္းၿပန္ၿပီ..”

“အဟီး”

“ႏွင္းဆီ”

“အင္း

ေၿပာတြယ္တာ”

“သူ႔ကုိသြားေၿပာမေနနဲ႔ သူကေက်ာင္းမွာ ပထမေနရာကုိ ဖယ္ေပးမွာမဟုတ္ဘူး”

“အမေလး ဟယ္ ၾကည့္ထား ဒီႏွစ္စားေမးပြဲၾကီး အေၿဖၾကရင္ေစာင့္ၾကည့္ ဘယ္သူကပထမရမလဲလုိ႔”

“စာေမးပဲြၾကီးဆုိလုိ႔ စားေမးပြဲေၿဖဘုိ႔ တစ္လပဲလုိေတာ့တယ္ေနာ္ ငါေတာ့ ေခါင္းေတြလည္းကုိက္လာၿပီး စာေတြကလည္း ေတာင္ေရာက္လုိက္ ေၿမာက္ေရာက္လုိက္နဲ႔ဟယ္”

“ဒါဆုိလည္း မေရာက္ေအာင္ ၾကဳိးနဲ႔ခ်ည္ထားလုိက္”

“ေအးေပါ့နင္က ေၿပာအားရွိတာေပါ့ နင္ကေတာ္တာကုိး”

“နင္လည္းေတာ္ပါတယ္ေနာ္”

“အဟီး…နင့္ေလာက္ေတာ့ဘယ္ဟုတ္မလဲ”

ထုိေန႔ညေနတြင္ စာမ်ားၿပန္ေႏြးၿပီး ေစာေစာ အေဆာင္သုိ႔ၿပန္လာပါေတာ့သည္။ အေဆာင္ေရာက္ေတာ့ နႏၵက ႏွက္ေနသည္။

“ဟင္... ဒီေကာင္ ေဘာလုံးသြားမကန္ဘူးလာမသိဘူး”
ညီညီငယ္ လည္းအိပ္ငုိက္ေနသည့္အတြက္ အိပ္ယာတြင္လွဲလုိက္ေတာ့သည္။

ဒုန္း…..ဒုန္း……

ညီညီငယ္ ႏွင့္ နႏၵလန္႔ဖ်တ္ကာ အိပ္ယာမွ ၀ရုန္းသုန္းကာ ထလုိက္မိေတာ့သည္။ အသံလာရာကုိၾကည့္လုိက္ေတာ့ အေဆာင္မွဴးဆရာ မ်ဳိးမင္း ကထား၀ယ္ၾကိမ္းလုံးၿဖင့္ တံခါးကုိ ရုိက္ကာ အသံၿပဳေနသည္ကုိ အိပ္မွဴန္စုတ္ဖြားႏွင့္ ႏွစ္ေယာက္သား ဆရာအား ေၾကာင္ၾကည့္ေနမိပါေတာ့သည္။
“ခုမွ ၈ နာရီပဲ ရွိေသးတယ္ အိပ္ေနၾကတယ္ေပါ့ေလ၊ ယူနီေဖာင္းေတြေတာင္မလဲႏုိင္ၾကဘူး၊

ကိုယ့္အဆင့္ေတြကို တစ္ၿခားလူေပးခ်င္လုိ႔လာ”
ႏွစ္ေယာက္သား ေခါင္းကုတ္ကာ ဆရာအား ၿပဳံးၿပမိၾကသည္။

“သြား ေရသြားခ်ိဳး ၿပီးရင္ အပစ္ေပးတဲ့အေနနဲ႔ ည၁၂ နာရီထိ အၿပင္မွာ လမ္းေလ်ွာက္ၿပီးစာက်က္ရမယ္ သြားၾက၊ ဘာေၾကာင္ရပ္ေနၾကတာလဲ မသြားၾကေသးဘူးလာ အပစ္ေပးတာနည္းလုိ႔လား”

ထုိရက္က အမွတ္တရ အေနၿဖင့္ နႏၵႏွင့္တြဲက ပထမဦးဆုံး အပစ္ကုိခံလုိက္ရေသာ ညီညီငယ္အတြက္ေတာ့ ဘ၀အမွတ္ရစရာ အၿဖင့္က်န္ခဲ့ပါေတာ့သည္။ ေရခ်ဳိးေတာ့လည္း တစ္ေယာက္မ်က္နာ တစ္ေယာက္မၾကည့္မိေအာင္ သတိထားေနရသည့္ သူ႔အတြက္ေတာ့ ပင္းပန္လွသည္။ နႏၵသည္လည္း ညီညီငယ္လုိပင္ ခံစားရသည္။ သူသည္က ပုိရွက္ေနပါေတာ့သည္။
စာက်က္ၾကေတာ့ ဆရာမ်ဳိးမင္းက အနားတြင္ေစာင့္ၾကည့္ကာ ေနပါသည္။
ႏွစ္ေယာက္သား စာထဲသုိ႔စိတ္ကမေရာက္၊ မေန႕ကအၿဖစ္ပ်က္က ေခါင္းထဲကုိ၀င္၀င္လာသည္။ ေတာ္ေတာ္ဆုိးသည့္ အေၾကာင္းရာပင္မဟုတ္လား။

ေက်ာင္းစားေမးပြဲၾကီးသုိ႔ တစ္ေၿဖးေၿဖးနီးကပ္လာေတာ့သည္။ ႏွင္းဆီကေတာ့ သာမန္လုိေနထုိင္ကာ နႏၵႏွင့္ညီညီငယ္ကုိ အလစ္မေပးပဲေစာင့္ၾကည့္ေနခဲ့သည္။ ထုိ႔အတူ ကိုကိုေလးသည္လည္း ညီညီငယ္ ကုိအရင္လုိမဟုတ္ပဲ ေႏြးေႏြးေထြးေထြးဆက္ဆံလာသည္။ ဂရုစုိက္လာသည္။ ညီညီငယ္ကေတာ့ သံသယကင္းစြာ သူ႔အားဂရုစုိက္လာေသာ အကုိအတြက္ ၀မ္းေတြသာကာ ေပ်ာ္ရႊင္ေနမိသည္။
စားေမးပြဲၾကီးၿပီးေတာ့ သူတုိ႕အားလုံးကုိ အိမ္ၿပန္ရန္ခြင့္တစ္ပတ္ေပးလုိက္ေတာ့သည္။ စားေမးပြဲၾကီး ေနာက္ဆုံးရက္တြင္ ေက်ာင္းတြင္ေတာ့ သၾကၤန္အေသးစားေလး ၿဖစ္လာခဲ့ေတာ့သည္။

“ေ၀းးးးးးးးးးးးးးးးးးးးးးးးးးးးးး…..”

၉ တန္းေက်ာင္းသား၊သူမ်ား လူလားၿဖတ္ေၿပးရင္ တစ္ေယာက္ႏွင့္တစ္ေယာက္ ေရမ်ားလုိက္ပတ္ေနၾကပါေတာ့သည္။ နႏၵကေတာ့ သူ႔အၾကံစည္းႏွင့္သူပါ၊ ေရဖလားတစ္ခြက္ကုိ မရ ရေအာင္ရွာကာ ေရေမႊးမ်ားစြတ္ကာ ႏွင္းဆီကုိေစာင့္ေနမိသည္။ ႏွင္းဆီကလည္း ေက်ာင္းခန္းထဲက မထြက္ႏုိင္ေသး၊ ေအာင္ေအာင္က ေၿမွာက္ပင့္ကာ ေၿပာေနသည္။

“ရေအာင္ပတ္ မင္းမရရင္ မင္းငါ့ကုိ မုန္႔၀ယ္ေက်ြးရမယ္”

“ေအးပါ ေစာင့္ၾကည့္ေန နႏၵတဲ့ မင္းတုိ႔ မွင္သက္သြားေစရမယ္”

နႏၵအခန္းထဲကုိၾကည့္လုိက္ေတာ့ ႏွင္းဆီကေရွ႔ကထြက္လာသည္။ သူေနာက္မွာေတာ့ ညီညီငယ္။
ညီညီငယ္ေနာက္သုိ႔လွည့္ၾကည့္လုိက္ေတာ့ တြယ္တာက ေရဗူးေလေၿမွာက္ကာ ေနာက္ကေခ်ာင္ကာ ေရပတ္ရန္လုပ္လုိက္သည့္အတြက္ ညီညီငယ္က ႏွင္းဆီကုိေက်ာ္ကာ ေၿပးတက္သြားလုိက္ေတာ့သည္။

“ဗြမ္း….”

“အား……”

“ဟင္…”

“ဟာ…..ႏွင္းဆီလည္းမဟုတ္ဘူး”

“ဟားဟား…ဟားဟား…”

နႏၵက ႏွင္းဆီအထင္ႏွင့္ကြယ္ရာကေနၿပီးေလာင္ခ်လိုက္ေတာ့ ညီညီငယ္ တစ္ကုိယ္လုံးဆုိခႊ်ဲသြားေတာ့သည္။ ေရေမႊးေတြလည္း ေဟာင္ထေနသည္။
ေအာင္ေအာင္က ေလွာင္ရယ္သည္။ နႏၵကေတာ့ ေဒါပြေနသည္။ ႏွင္းဆီကေတာ့ ၀မ္းသာသြားသည္။ တြယ္တာကေတာ့ ေနာက္မွေကာင္းတယ္ေကာင္းတယ္ လို႔ေအာ္ေနပါေတာ့သည္။

“ေတာက္….အေရးထဲေစာင့္ေၿခာက္က လာရွဴပ္ေသးတယ္”

“ဘာ…”

“ဟားဟား အဲ့ဒါေပါ့ အေၿခာက္ဖူးစားဆုိတာ”

ေအာင္ေအာင္၏ေလွာင္ရယ္သံက ညီညီငယ္ႏွင့္နႏၵ တုိ႔ေဒါသမီးကုိ စြေပးေနေတာ့သည္။
ညီညီငယ္ နႏၵလက္မွ ခြက္ကုိလုယူလုိက္ကာ ေအာင္ေအာင္ေခါင္းသုိ႔ရြယ္လုိက္ပါေတာ့သည္။ ေလထဲတြင္ လက္ကရပ္သြားသည္။ အဘယ့္ေၾကာင့္ဆုိေသာ္ နႏၵကညီညီငယ္လက္ကုိ ဖမ္းခ်ဳပ္လုိက္ေသာေၾကာင့္ၿဖစ္သည္။

“သူ႔လက္ကိုလႊတ္လုိက္”

ႏွင္းဆီ၏ေဒါသသံက သူတုိ႔အားလုံးကုိ လႊမ္းမုိးသြားသည္။

“နင္တုိ႔ဘာလုပ္ေနတယ္ဆုိတာ နင္တုိ႔သိတယ္ေနာ္၊ ေအး နင္တုိ႔သူကုိ အေၿခာက္လုိ႔ေခၚလုိက္တဲ့အတြက္ ညီညီငယ္ကုိခုေတာင္းပန္”

ႏွင္းဆီ၏ မီး၀င္၀င္ေတာက္ေနေသာ ေဒါသမ်က္၀န္းမ်ားကုိ ၾကည့္ကာ နႏၵလက္က ညီညီလက္ကုိ ပုိ၍တင္းတင္းဆုပ္ကုိင္လုိ္က္မိသည္။
အသက္ကုိၿပင္းၿပင္းရူလုိက္ၿပီးမ

“ေအး…ငါမင္းကုိေတာင္းပန္တယ္ မင္းကအေၿခာက္မဟုတ္ဘူးဆုိရင္ ဘာလုိ႔လက္သီးနဲ႔မရြယ္ပဲ ခြက္ကုိဆြဲကုိင္ရတာလဲ၊ အဲဒါေတာ့သိခ်င္တယ္”

ႏွင္းဆီ စုိးရိမ္တၾကီးညီညီငယ္ကုိၾကည့္လုိက္ပါေတာ့သည္။ ညီညီငယ္အေၿဖသည္ သူမအတြက္ လြန္စြာ အေရးၾကီးသည္မဟုတ္လား…..

..................... TBC......................
...
Unicode
ပန်း မဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း. 5)

နန္ဒ ညီညီငယ်ရှိနေသည်ကို မေ့လျော့သွားတော့သည်။ အခန်းတစ်ခုလုံးလည်း တိတ်ဆိတ်နေသည်က နန္ဒကိုယခင်အတိုင်းတစ်ယောက်တည်း ရှိစေသည့်အသိက ၀င်ရောက်သွားသည့်အတွက်လည်း ဖြစ်ပါသည်။ နံရံကပ် ဗီရိုထဲမှ အ၀တ်များ ဆွဲထုတ်ကာ မိမိအိပ်ယာပေါ်သို့ပစ်တင်လိုက်သည်။ ထိုနောက် အ၀တ်ကို မ၀တ်သေးပဲ နံရံကပဗီရိုမှတပ်ထားသော ကြည့်မှန်မှ မိမိကိုယ်ကိုပြန်ကြည့်လိုက်သည်။ ထိုနောက် ဒီအချိန်လုပ်နေကြအတိုင်း မိမိပစ္စည်းကိုမကြည့်ကာ ပွတ်သပ်နေသည်။

ညီညီငယ်အသက်ရှူးမှားလောက်အောင် ဖြစ်သွားရတော့သည်။ ဒီအသက််ဒီအရွယ်ထိ မိမိပစ္စည်းမှ လွဲ၍ တစ်ခြားသော တစ်စိမ်းတစ်ယောက်၏ ပစ္စည်းကို မမြင်ဖူသည့်သူ့အတွက်ကတော့ အပြင်မှာ လတ်လတ်ဆတ်ဆတ်ကြီး မြင်လိုက်ရတော့ ခေါင်းမွှေးများပင်ထောင်သွားတော့သည်။ နန္ဒက သူရှိနေသည်ကို မသိလေရောသလား။
နန္ဒသည် အားကစားလုပ်၍လာမသိ ကြံ့ခိုင်သော ခန္ဒာကိုယ်ကို မနာလိုချင်စဖွယ်ပိုင်ဆိုင်ထားသည်။ တောင့်တင်းသည်။ တင်လေးကလည်း ကောက်နေသည်။ သူ၏ကောက်ကြောင်းများက လှပပါသည်။ ပေါင်းရင်းတွင် အမွှေးနုလေးများက တန်းနေသည်။ ရင်အုပ်မှ အမွှေးနုစိမ်းများက သီးကလှလှပပတန်းနေသည်။ နို့သီးခေါင်းလေးများက ရဲတွတ်နေသည်။ နန္ဒကိုသတိမေ့ရောစွာကြည့်နေမိသည့် ညီညီငယ် မျက်လုံးလည်း ပွင့်လို့နေပါတော့သည်။
နန္ဒလက်က နို့သီးခေါင်းလေးကို လက်ကလေးဖြင့်ပွတ်သပ်နေသည့် နန္ဒ မျက်နာကို မိုးမော့လိုက်ကာ လက်က သူ၏ ပစ္စည်းဆီ ဆင်းသက်သွားတော့သည်။ ပေါင်းရင်းတုတ်တုတ် သို့ပွတ်သပ်ကာ နေသည်။ သူ၏ပစ္စည်းသည် ကြိုက်နှစ်သက်သည့်သဘောရှိကာ လှလှပပ ခေါင်းညိတ်နေရှာသည်။ ထိုအရာကို ညီညီငယ် တွေ့လိုက်တော့ မိမိလည်း ဘာတွေဖြစ်သွားသည်မသိ၊ လန့်ဖြတ်သွားသည်ကတော့ အမှန်ပင်ဖြစ်သည်။ ထိုနောက် အသိတစ်ချက်၀င်လာကာ သူ့အားအထင်သေး ၍တမင်လုပ်နေသည်ဟု ထင်မှတ်မိသွားသည့် နောက်တော့၊ ရုတ်တရက် ညီညီငယ် ၀ုန်းဆိုထရပ်လိုက်ပါတော့သည်။

“အား……”

ညီညီငယ် အော်ခြင်းမဟုတ်၊ နန္ဒလန့်ပြီးအော်လိုက်တာဖြစ်ပါသည်။ နန္ဒ ၀ုန်းဆိုသည့်အသံကြောင့် နောက်သို့လှည့်ကြည့်လိုက်တော့ ညီညီငယ်က လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆူးကနဲကြည့်နေသည့်အတွက် လန့်ပြီး အားကနဲအော်ကာ နောက်သို့ ခုန်လိုက်သည်။ ထိုနောက် ဗီရိုနှင့်ခေါင်းမိတ်ဆက်ကာ ပလက်လန်လဲကျသွားတော့သည်။ လူက ကားယားကြီးဖြစ်ကာ ညီညီငယ်အား ဒုတ်ပြခဲပြ ဖြင့်နေတော့သည်။
ညီညီငယ်သည် ရှက်သည်ကတစ်ကြောင်း သူ့ကိုအထင်သေး၍ လုပ်သည်ဟုထင်သွားသည်ကတစ်ကြောင်း စိတ်ညစ်တာတွေကတစ်ကြောင်း ကြောင့် နန္ဒကိုပြေးကန်ခြင်သည့်စိတ်ကို ထိန်းကာ တံခါးဖွင့်ကာ အပြင်သို့ထွက်သွားပြီး တံခါးမအား ဆောင့်ပိတ်လိုက်ပါတော့သည်။

တောက်……….

၀ုန်း…………….

နန္ဒကတော့ ထိုနေရာတွင် လိပ်ပလက်လန်သလို ယက်ကန်ယက်ကန်ကျန်ခဲ့ပါတော့သည်။

“ဟာကွာ ….ရှက်လိုက်တာ ဒီကောင်ရှိနေတာကို မေ့သွားတယ်၊ မေ့ချင်အုံး မေ့ချင်အုံး”

မိမိခေါင်းကိုယ် လက်သီးဖြင့်ထုလိုက်မိတော့သည်။

“အ…”

ယခုတော့သူ့ ပစ္စည်းသည် ယခင်က သူဘာမှမဖြစ်ခဲ့သလို ငြိမ်ကျသွားသည်က ကလေးလေး အိပ်နေသလို။

တောက်………

ညီညီငယ် မကျေနပ်သေးပါ၊ ဘာသဘောဖြင့် ဒီကောင်ဒီလိုလုပ်နေသည်ကို နားမလည်ချေ။ သေခြားတာကတော့ သူရှိနေ၍ တမင်လုပ်နေသည်ဟုထင်မှတ်မိသွားတော့သည်။ ထိုညက ညီညီငယ် အပြင်တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေရင်းက၊ စိတ်ထဲတွင် နန္ဒပြုမူနေသည်ကို မြင်ရောင်ရင် မနည်းကို အပြင်ထုတ်ပစ်ရသည်။ စိတ်တွေ ငြိမ်လို့ အဆင်ပြေမှ အခန်းထဲသို့ပြန်၀င်လာခဲ့တော့သည်။ ပြန်၀င်လာသည့်အချိန်ကလည်း တော်တော်ကြီးကို နောက်ကျကာ ညည့်နက်သွားတော့သည်။ ထိုညက ညီညီငယ် ထမင်းငတ်ခဲ့ပါသည်။ ထိုအတူနန္ဒလည်း ထမင်းထွက်မစားပဲ ရှက်လို့ အခန်းအောင်းကာ ငတ်ခဲ့ရပါသည်။

ညီညီငယ် အခန်းထဲပြန်၀င်လာတော့ နန္ဒအိပ်ချင်ယောင်ဆောင်ကာ ခြင်ထောင်ထဲမှ ခိုးကြည့်နေမိသည်။ ညီညီငယ် သူ့၏ခြင်ထောင်နားသို့ ကပ်လာတော့ အတင်းမျက်စိမှိတ်ကာ နေလိုက်သည်။ ညီညီငယ် ကလည်း နန္ဒအိပ်နေသည် ဟုတ်မဟုတ် ကြည့်ခြင်းဖြစ်ပါသည်။ ထိုနောက် စာကြည့်စားပွဲမှာထိုင်ကာ စာကျက်နေလိုက်ပါတော့သည်။
ထိုညက သူတို့နှစ်ယောက်လုံး အိပ်ရေးပျက်ခဲ့ကြပါတော့သည်။ တစ်ယောက်က အိပ်မရ၍ စာကျက်နေပြီး တစ်ယောက်ကတော့ ခြင်ထောင်ထဲမှ ညီညီငယ်ကို ရှက်လို့ အိပ်မရပဲ မနက်မိုးလင်းသွားတော့သည်။ အဆောင်သည် စာကျက်ချိန်များကိုသတ်မှတ်ထားသည့် ဖြစ်သောကြောင့် မနက် ၄နာရီတွင် အိပ်မရအောင် တရားခွေများဖြင့် နိုးစေပြီး စာကျက်ခိုင်းပါတော့သည်။

ညီညီငယ်ထကာ ရေချိုးဘို့ထွက်လာတော့သည်။ ထိုအခါမှ နန္ဒလည်း အိပ်ယာကထကာ စာကြည့်စားပွဲတွင် ထိုင်လိုက်ပါတော့သည်။ ရှက်တာတော့မပျောက်သေး။
အတန်းချိန်တွင်တော့ ကျောင်းသားနှစ်ယောက် ခဏခဏသန်းကာ အိပ်ငိုက်နေကြသည်ကိုတော့ မည်သူကမှသတိမထားမိကြချေ။
ညနေဘက် မကျဉ်းပင်အောက်တွင် သူငယ်ချင်းသုံးယောက်ထိုင်မိကြသည်။

“ညီငယ်”

“အင်း”

“နင်အဆင်ပြေရဲ့လား”

“ဘာကိုလည်း နှင်းဆီကလဲ”

“နင်ကြည့်ရတာ အိပ်ရေးပျက်နေသလိုပဲ”

“အင်းညက စာတွေကြည့်နေလို့ မအိပ်ခဲ့ဘူး”

“နင်ကတော့လေ စာလည်းကျက် ကျန်းမာရေးလည်း ဂရုစိုက်အုံး”

“အေးပါ… ဝါးး…….”

“ကြည့်... သန်းပြန်ပြီ..”

“အဟီး”

“နှင်းဆီ”

“အင်း

ပြောတွယ်တာ”

“သူ့ကိုသွားပြောမနေနဲ့ သူကကျောင်းမှာ ပထမနေရာကို ဖယ်ပေးမှာမဟုတ်ဘူး”

“အမလေး ဟယ် ကြည့်ထား ဒီနှစ်စားမေးပွဲကြီး အဖြေကြရင်စောင့်ကြည့် ဘယ်သူကပထမရမလဲလို့”

“စာမေးပွဲကြီးဆိုလို့ စားမေးပွဲဖြေဘို့ တစ်လပဲလိုတော့တယ်နော် ငါတော့ ခေါင်းတွေလည်းကိုက်လာပြီး စာတွေကလည်း တောင်ရောက်လိုက် မြောက်ရောက်လိုက်နဲ့ဟယ်”

“ဒါဆိုလည်း မရောက်အောင် ကြိုးနဲ့ချည်ထားလိုက်”

“အေးပေါ့နင်က ပြောအားရှိတာပေါ့ နင်ကတော်တာကိုး”

“နင်လည်းတော်ပါတယ်နော်”

“အဟီး…နင့်လောက်တော့ဘယ်ဟုတ်မလဲ”

ထိုနေ့ညနေတွင် စာများပြန်နွေးပြီး စောစော အဆောင်သို့ပြန်လာပါတော့သည်။ အဆောင်ရောက်တော့ နန္ဒက နှက်နေသည်။

“ဟင်... ဒီကောင် ဘောလုံးသွားမကန်ဘူးလာမသိဘူး”
ညီညီငယ် လည်းအိပ်ငိုက်နေသည့်အတွက် အိပ်ယာတွင်လှဲလိုက်တော့သည်။

ဒုန်း…..ဒုန်း……

ညီညီငယ် နှင့် နန္ဒလန့်ဖျတ်ကာ အိပ်ယာမှ ၀ရုန်းသုန်းကာ ထလိုက်မိတော့သည်။ အသံလာရာကိုကြည့်လိုက်တော့ အဆောင်မှူးဆရာ မျိုးမင်း ကထား၀ယ်ကြိမ်းလုံးဖြင့် တံခါးကို ရိုက်ကာ အသံပြုနေသည်ကို အိပ်မှူန်စုတ်ဖွားနှင့် နှစ်ယောက်သား ဆရာအား ကြောင်ကြည့်နေမိပါတော့သည်။
“ခုမှ ၈ နာရီပဲ ရှိသေးတယ် အိပ်နေကြတယ်ပေါ့လေ၊ ယူနီဖောင်းတွေတောင်မလဲနိုင်ကြဘူး၊

ကိုယ့်အဆင့်တွေကို တစ်ခြားလူပေးချင်လို့လာ”
နှစ်ယောက်သား ခေါင်းကုတ်ကာ ဆရာအား ပြုံးပြမိကြသည်။

“သွား ရေသွားချိုး ပြီးရင် အပစ်ပေးတဲ့အနေနဲ့ ည၁၂ နာရီထိ အပြင်မှာ လမ်းလျှောက်ပြီးစာကျက်ရမယ် သွားကြ၊ ဘာကြောင်ရပ်နေကြတာလဲ မသွားကြသေးဘူးလာ အပစ်ပေးတာနည်းလို့လား”

ထိုရက်က အမှတ်တရ အနေဖြင့် နန္ဒနှင့်တွဲက ပထမဦးဆုံး အပစ်ကိုခံလိုက်ရသော ညီညီငယ်အတွက်တော့ ဘ၀အမှတ်ရစရာ အဖြင့်ကျန်ခဲ့ပါတော့သည်။ ရေချိုးတော့လည်း တစ်ယောက်မျက်နာ တစ်ယောက်မကြည့်မိအောင် သတိထားနေရသည့် သူ့အတွက်တော့ ပင်းပန်လှသည်။ နန္ဒသည်လည်း ညီညီငယ်လိုပင် ခံစားရသည်။ သူသည်က ပိုရှက်နေပါတော့သည်။
စာကျက်ကြတော့ ဆရာမျိုးမင်းက အနားတွင်စောင့်ကြည့်ကာ နေပါသည်။
နှစ်ယောက်သား စာထဲသို့စိတ်ကမရောက်၊ မနေ့ကအဖြစ်ပျက်က ခေါင်းထဲကို၀င်၀င်လာသည်။ တော်တော်ဆိုးသည့် အကြောင်းရာပင်မဟုတ်လား။

ကျောင်းစားမေးပွဲကြီးသို့ တစ်ဖြေးဖြေးနီးကပ်လာတော့သည်။ နှင်းဆီကတော့ သာမန်လိုနေထိုင်ကာ နန္ဒနှင့်ညီညီငယ်ကို အလစ်မပေးပဲစောင့်ကြည့်နေခဲ့သည်။ ထို့အတူ ကိုကိုလေးသည်လည်း ညီညီငယ် ကိုအရင်လိုမဟုတ်ပဲ နွေးနွေးထွေးထွေးဆက်ဆံလာသည်။ ဂရုစိုက်လာသည်။ ညီညီငယ်ကတော့ သံသယကင်းစွာ သူ့အားဂရုစိုက်လာသော အကိုအတွက် ၀မ်းတွေသာကာ ပျော်ရွှင်နေမိသည်။
စားမေးပွဲကြီးပြီးတော့ သူတို့အားလုံးကို အိမ်ပြန်ရန်ခွင့်တစ်ပတ်ပေးလိုက်တော့သည်။ စားမေးပွဲကြီး နောက်ဆုံးရက်တွင် ကျောင်းတွင်တော့ သင်္ကြန်အသေးစားလေး ဖြစ်လာခဲ့တော့သည်။

“ေ၀းးးးးးးးးးးးးးးးးးးးးးးးးးးးးး…..”

၉ တန်းကျောင်းသား၊သူများ လူလားဖြတ်ပြေးရင် တစ်ယောက်နှင့်တစ်ယောက် ရေများလိုက်ပတ်နေကြပါတော့သည်။ နန္ဒကတော့ သူ့အကြံစည်းနှင့်သူပါ၊ ရေဖလားတစ်ခွက်ကို မရ ရအောင်ရှာကာ ရေမွှေးများစွတ်ကာ နှင်းဆီကိုစောင့်နေမိသည်။ နှင်းဆီကလည်း ကျောင်းခန်းထဲက မထွက်နိုင်သေး၊ အောင်အောင်က မြှောက်ပင့်ကာ ပြောနေသည်။

“ရအောင်ပတ် မင်းမရရင် မင်းငါ့ကို မုန့်၀ယ်ကျေွးရမယ်”

“အေးပါ စောင့်ကြည့်နေ နန္ဒတဲ့ မင်းတို့ မှင်သက်သွားစေရမယ်”

နန္ဒအခန်းထဲကိုကြည့်လိုက်တော့ နှင်းဆီကရှေ့ကထွက်လာသည်။ သူနောက်မှာတော့ ညီညီငယ်။
ညီညီငယ်နောက်သို့လှည့်ကြည့်လိုက်တော့ တွယ်တာက ရေဗူးလေမြှောက်ကာ နောက်ကချောင်ကာ ရေပတ်ရန်လုပ်လိုက်သည့်အတွက် ညီညီငယ်က နှင်းဆီကိုကျော်ကာ ပြေးတက်သွားလိုက်တော့သည်။

“ဗွမ်း….”

“အား……”

“ဟင်…”

“ဟာ…..နှင်းဆီလည်းမဟုတ်ဘူး”

“ဟားဟား…ဟားဟား…”

နန္ဒက နှင်းဆီအထင်နှင့်ကွယ်ရာကနေပြီးလောင်ချလိုက်တော့ ညီညီငယ် တစ်ကိုယ်လုံးဆိုခွျှဲသွားတော့သည်။ ရေမွှေးတွေလည်း ဟောင်ထနေသည်။
အောင်အောင်က လှောင်ရယ်သည်။ နန္ဒကတော့ ဒေါပွနေသည်။ နှင်းဆီကတော့ ၀မ်းသာသွားသည်။ တွယ်တာကတော့ နောက်မှကောင်းတယ်ကောင်းတယ် လို့အော်နေပါတော့သည်။

“တောက်….အရေးထဲစောင့်ခြောက်က လာရှူပ်သေးတယ်”

“ဘာ…”

“ဟားဟား အဲ့ဒါပေါ့ အခြောက်ဖူးစားဆိုတာ”

အောင်အောင်၏လှောင်ရယ်သံက ညီညီငယ်နှင့်နန္ဒ တို့ဒေါသမီးကို စွပေးနေတော့သည်။
ညီညီငယ် နန္ဒလက်မှ ခွက်ကိုလုယူလိုက်ကာ အောင်အောင်ခေါင်းသို့ရွယ်လိုက်ပါတော့သည်။ လေထဲတွင် လက်ကရပ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် နန္ဒကညီညီငယ်လက်ကို ဖမ်းချုပ်လိုက်သောကြောင့်ဖြစ်သည်။

“သူ့လက်ကိုလွှတ်လိုက်”

နှင်းဆီ၏ဒေါသသံက သူတို့အားလုံးကို လွှမ်းမိုးသွားသည်။

“နင်တို့ဘာလုပ်နေတယ်ဆိုတာ နင်တို့သိတယ်နော်၊ အေး နင်တို့သူကို အခြောက်လို့ခေါ်လိုက်တဲ့အတွက် ညီညီငယ်ကိုခုတောင်းပန်”

နှင်းဆီ၏ မီး၀င်၀င်တောက်နေသော ဒေါသမျက်၀န်းများကို ကြည့်ကာ နန္ဒလက်က ညီညီလက်ကို ပို၍တင်းတင်းဆုပ်ကိုင်လို်က်မိသည်။
အသက်ကိုပြင်းပြင်းရူလိုက်ပြီးမ

“အေး…ငါမင်းကိုတောင်းပန်တယ် မင်းကအခြောက်မဟုတ်ဘူးဆိုရင် ဘာလို့လက်သီးနဲ့မရွယ်ပဲ ခွက်ကိုဆွဲကိုင်ရတာလဲ၊ အဲဒါတော့သိချင်တယ်”

နှင်းဆီ စိုးရိမ်တကြီးညီညီငယ်ကိုကြည့်လိုက်ပါတော့သည်။ ညီညီငယ်အဖြေသည် သူမအတွက် လွန်စွာ အရေးကြီးသည်မဟုတ်လား…..

..................... TBC.....................

No comments:

Post a Comment