နႏၵႏွင့္ေအာင္ေအာင္ ေက်ာင္းအေဆာင္ေရွ႔က ခုံတန္းေလးတြင္ထုိင္ကာ စကားေၿပာေနၾကပါသည္။ ေက်ာင္းၾကီးက ၁၀တန္းသမားေတြ အတြက္စားေမးပြဲလုံးေနၾကေတာ့ သူတုိ႔ေတြ ခဏတာလြတ္လပ္ေနၾကပါသည္။ ေက်ာင္းစာေတြကုိလည္း ညဘက္ေရာက္မွ အနည္းငယ္ဂုိဏ္မ်ားၿဖင့္သာ ၾကည့္ေနရသည့္ အခိ်န္ေတြ ၿဖစ္ေနသၿဖင့္ သူတုိ႔အတြက္ အခ်ိန္ေတြ ပုိကာေနသည္။
သူတုိ႔အရြယ္လြတ္လပ္စြာ ေလာကၾကီးကုိ ေၿခဆန္႔လုိ႔ လွမ္းဘုိ႔ရည္ရြယ္ေနၾကၿပီး မဟုတ္လား…. ကုိယ္စီ စိတ္တြင္းမွာေတာ့ ရည္မွန္းခ်က္ကေလးမ်ားၿဖင့္ ကိန္းေအာင္းကာ ရည္မွန္ရာ ပန္းတုိင္သုိ႔လွမ္းဘုိ႔ ကုိယ္စီေလ်ွာက္ေနၾကေလၿပီး။
“ကုိယ့္သမုိင္းကုိယ္ေရးဘုိ႔ပဲလုိတာေပါ့မဟုတ္ဘူးလာ“
“မင္းကေမသမုိင္းကုိ ရည္ရြယ္ၿပီးေၿပာေနတာလာ နႏၵ“
“အဟ ေအာင္ေအာင္ရာ နႏၵဆုိတဲ့ငါကေလ သမုိင္းေတြပထ၀ီေတြ စိတ္၀င္စားတာမဟုတ္ဘူး၊ ငါရင္ထဲမွာ ရွိေနတာက ပန္းကေလးပဲ“
နႏၵလုပ္ေနပုံၾကည့္ၿပီး ေအာင္ေအာင္ အၿမင္ကပ္လာေတာ့သည္။
“ဘာပန္းလဲ ေရႊပန္းလား“
“ေခြးေကာင္ မင္းမညစ္ပတ္နဲ႔“
“မွန္တာေၿပာတာေလ ပန္းေတြမ်ားေတာ့ ဘာပန္းမွန္းမွ မသိတာ“
ေအာင္ေအာင္ ၏မသိခ်င္ေယာင္ေဆာင္ကာ လုပ္ေနသည္ကုိ နႏၵစိတ္ေတြတုိလာေတာ့သည္။ ဒီေကာင္တမင္ညစ္ေနတာ။
“ႏွင္းဆီကြ ႏွင္းဆီ …ဒီေလာကမွာ ငါ့ႏွင္းဆီေလာက္လွတဲ့ ေကာင္မေလးမရွိဘူးကြ ငါ့ႏွင္းဆီက အလွဆုံး အေခ်ာဆုံး“
“ပုိၿပီ“
“လုိေတာင္လိုေသးတယ္ကြ မင္းတုိ႔လဲ သိပါတယ္ ႏွင္းဆီဘယ္ေလာက္လွတယ္ဆုိတာကုိ၊ ငါနဲ႔လုိက္တယ္မဟုတ္လား၊ ငါကလဲ လူေခ်ာေလးဆုိေတာ့ ဟဲဟဲ“
“ဖြဲနဲ႔ ဇကြဲပါကြာ“
“ဟာကြာ မင္းကအဲလုိမေၿပာပါနဲ႔“
“ဒါဆုိ ေရႊနဲ႔ေၾကးပါကြာ“
“ေတာ္ေတာ္ မင္းက ငါလူေခ်ာေလးဆုိၿပီးေတာ့ မနာလုိေတြၿဖစ္ၿပီး ဟားဟားဟား“
“ေ၀းေသး တစ္ကယ္ဆုိလုိက္ဖက္တာက ႏွင္းဆီနဲ႔ ညီညီငယ္ကြ“
“အန္“
ဟုတ္လည္းဟုတ္ပါသည္။ နႏၵလည္းသတိထားၾကည့္ေနမိသည္။
သူတုိ႔ႏွစ္ေယာက္တြဲသြားတြဲလာ လုပ္ေနရတလဲ ၿမင္ေနရပါသည္။ ၾကည့္ေကာင္းသည္ လုိက္ဘက္သည္ ထုိထက္ေၿပာရလွ်င္ ႏွင္းဆီသည္ မႏွစ္က ႏွင္းဆီႏွင့္မတူေတာ့ ေတာ္ေတာ္ကုိေခ်ာလွပါသည္။ ထုိ႔အတူ ညီညီငယ္ သည္ဘယ္ဘ၀က ေရွးကုသုိလ္ကံလည္း ဟုေၿပာရမလုိပင္၊ မ်က္နာအေနထားႏွင့္ အရပ္အေမာင္းမ်ားက ပုိ၍ပီၿပင္လွပလာသလုိပင္။
“ဟုတ္တယ္ မင္းၾကည့္ပါလား သူတုိ႔ႏွစ္ေယာက္တြဲလာၿပီးဆုိရင္ ေတာ္ေတာ္ကုိ ၾကည့္ေကာင္းတာေနာ္၊ ႏွင္းဆီကလည္း လွသေလာက္ ဟုိေကာင္ကလည္း လွတယ္၊ အင္းဘယ္လုိေၿပာရမလဲ ေတာ္ေတာ္လုိက္ ဘက္တဲ့ ႏွစ္ေယာက္ကြ“
“ေတာ္စမ္းပါကြာ မင္းကေတာ့ ဒီႏွစ္ဘာေတြၿဖစ္ေနလဲ မသိဘူး စကားစလာ ၿပီးဆုိ ဒီေကာင္နာမည္ပဲ ဇာတ္လမ္းစေနေတာ့တာပဲ“
“ေရာ္..ခက္ပါလာ ငါေၿပာတာအမွန္ေတြေနာ္“
“ေတာ္စမ္းပါ ငါမၾကဳိက္တာေတြကုိပဲ ဒီအေၿခာက္ေၾကာင္းပဲ မင္းကဦးတည္ၿပီးေၿပာေနေတာ့တာပဲ“
“အံမယ္ မၾကဳိက္လုိ႔သာပဲ၊ ဒါဆုိဟုိရက္က ဘာလုိ႔အခန္းမလဲတာလဲ“
“ဟာကြာ ဒါကေတာ့ ဟုိဒင္းေလ….“
“အင္း …အင္း…ေၿပာပါအုံး ဘယ္ဒင္းလဲ….“
“ဟုိဟာၿဖစ္လုိ႔ပါကြာ …ဟာဟုိမွာဆရာမ်ဳိးမင္း လာၿပီးငါသြားလုိက္အုံးမယ္“
“ဟ..ဘာမွလည္းမဆုိင္ဘူး ဒီေကာင္ေတာ့ စကားလမ္းေၾကာင္းေၿပာင္းသြားတယ္”
နႏၵ စာအုပ္ေတြ တေပြ႔တပုိက္ႏွင့္ သယ္လာေသာ ဆရာမ်ဳိးမင္းထံေၿပးသြားသည္။
“ဆရာက်ေနာ္ကူသယ္ေပးမယ္”
“ရပါတယ္ကြ”
“ဟာဗ်ာ ဆရာဒီေလာက္ပင္းပင္းပန္ပန္ သယ္ေနတာမၾကည့္ရက္ပါဘူး က်ေနာ္ကူသယ္ေပးပါ့မယ္”
“ေအးေအး ဒါဆုိလည္း ၿပီးေရာ ၊ ဒါေတြယူသြားၿပီး စာၾကည့္တုိက္ခန္းကုိ ပုိ႔ေပး အဲ့ဒီမွာ ဆရာမႏြဲ႔ႏြဲ႔လင္းရွိတယ္၊ သူကုိေပးလုိက္”
“ဟုတ္ကဲ့ဆရာ”
စာၾကည့္တုိက္ဘက္သုိ႔ နႏၵထြက္လာခဲ့ေတာ့သည္။ စာၾကည့္တုိက္ထဲ ၀င္လုိက္ေတာ့ ဆရာမကုိ မေတြ႔၊ ထုိေၾကာင့္ စားပြဲေပၚတင္လုိက္ၿပီး စာၾကည့္တုိက္ထဲမွ စာအုပ္တစ္ခ်ဳိ႔ကုိ လုိက္ၾကည့္ေနမိသည္။ စာၾကည့္တိုက္ကလည္း ခမ္းနားသည္။ စာအုပ္တန္းမ်ားစင္မ်ား လုပ္ထားသည္။ အေတာ္ၿမင့္မားလွပါသည္။ အတန္းလုိက္ ငါးတန္းခန့္မွ်ရွိကာ ေက်ာင္းသားမ်ား စာအုပ္ဖတ္ႏုိင္ရန္အတြက္လည္း တစ္ေယာက္ထုိင္ခုံ ေလးမ်ားကုိလည္း သပ္သပ္ရပ္ရပ္ စီးညီထားသည္။ နႏၵစာအုပ္တန္းမ်ားကုိ လုိက္ၾကည့္ေနရင္းက အသံတစ္ခ်ဳိ႔ကုိၾကားလုိက္မိသည္။ ႏွင္းဆီ၊ တြယ္တာ ႏွင့္ ညီညီငယ္ တုိ႔ၿဖစ္ပါသည္။ နႏၵကုိယ္ခႏၵာကုိ မၿမင္ေအာင္ ေနၿပီးေခ်ာင္ၾကည့္လုိက္ေတာ့ သူတုိ႔ေတြ စာအုပ္ပုံၾကီးကုိ ေဘးတြင္ထားက စီေနၾကၿခင္းၿဖစ္သည္။ ႏွင္းဆီႏွင့္ တြယ္တာက စာအုပ္မ်ားေရြးၿပီး ေလွခါးေပၚတက္ေနေသာ ညီညီငယ္ကုိ ေပးေနၾကၿခင္းၿဖစ္ပါသည္။
“ႏွင္းဆီ နင္ကေက်ာင္းၿပီးရင္ ဘာလုပ္မယ္စိတ္ကူးထားလဲ”
“ငါလား အင္း စိတ္ကူးထားေတြကေတာ့ အမ်ားၾကီးပဲ၊ ငယ္ငယ္ကဆုိ ဆရာ၀န္မၾကီးၿဖစ္ခ်င္တာ၊ အလယ္တန္းေလာက္ေရာက္ေတာ့ ဂ်ီတီစီကမမေတြ တီတုိင္ၾကီးေတြကုိင္ၿပီးလမ္းေလွ်ာက္တာၿမင္ေတာ့ အင္ဂ်ီနီယာၾကီးၿဖစ္ခ်င္သြားေရာ၊ ခုေတာ့ ဦးတည္ခ်က္တစ္ခုပဲ ရွိေတာ့တယ္၊ ဆရာ၀န္မၾကီးလုပ္မယ္လုိ႔”
“ေကာင္းတာေပါ့ နင္နဲ႔ ညီညီငယ္ကေတာ့ ဆရာ၀န္လုိင္း၀င္ၾကမွပါ”
“နင္လဲေတာ္တာပဲ တြယ္တာကလည္း နင္လဲ၀င္လုိ႔ရတာပဲ”
“နင္တုိ႔ကေတာ္ၿပီးသားေလ ငါကေတာ့ လုိက္ႏုိင္တယ္ထားအုံး ငါလုိလူတစ္ေယာက္ကေတာ့ ေထာက္ပံ့ေငြနဲ႔ ဒီေက်ာင္းေတာင္လာတက္ရတာ ေဆးလုိင္းတက္ခဲ့ရသည္ဆုိအုံး ေက်ာင္းစရိတ္ေတြ ဆုိတာေတြက ရွိအုံးမွာေလ”
“နင္က စစ္ေတာင္မၿဖစ္ေသးဘူး မွ်ားကကုန္ခ်င္ေနၿပီး”
“ကုိယ့္ဘ၀ နဲ႔ကိုယ္ပဲ ဒီလုိၿဖစ္ရမယ္လုိ႔ သတ္မွတ္ထားေတာ့ ဘယ္တက္ႏုိင္မလဲ ဟယ္”
ညီညီငယ္နားေထာင္ေနရင္းက
“နင္ကေတာ္ပါတယ္ တြယ္တာရာ နင္မွာက အသိမွတ္ၿပဳထားတဲ့သူ၊ အားထားရတဲ့သူ အၿဖင့္ နင့္မိသားစုနဲ႔ နင့္အသုိင္း၀ုိင္းမွာ နင္က၀င္ဆန္႔ႏုိင္ပါေသးတယ္”
“ဘာေၿပာတာလဲ ညီငယ္ ငါတုိ႔နားလည္ေအာင္လဲ ရွင္းစမ္းပါအုံး”
“ေအးေလ ႏွင္းဆီေၿပာလဲ ေၿပာခ်င္စရာ ဘာကုိဦးတည္ၿပီးေၿပာေနတာလဲကုိမသိဘူး”
“ဥပမာဟာ ငါ့ကုိၾကည့္ ငါမွာစာသာေတာ္တာ လူမွဳ့ေရးဆုိလဲ ေ၀းလာေ၀း တြယ္တာေလာက္လဲ မသိတတ္ဘူး၊ ေနာက္မိသားစုထဲကုိၾကည့္ ၀ုိင္က်င္ထားၾကသလုိခံစားရတယ္၊ အရင္းႏွီးဆုံးမိသားစု ေတြကသူစိမ္းလုိပဲလုိ႔ခံစားရတယ္”
“နင္ကလဲ အဲလုိမဟုတ္ပါဘူး နင့္မိဘေတြ အန္တီေတြဆုိနင့္ကုိ ခ်စ္တာငါသိပါတယ္၊ ဟုိရက္က နင့္ေမေမနဲ႔ ဖုန္းထဲမွာေၿပာေနတုံးကလဲ သေဘာေကာင္းမယ့္ေလသံပါဟယ္”
ညီညီငယ္ ၿပဳံးမိပါသည္။ အၿပည့္စုံကုိ ႏွင္းဆီမသိ၍ ဒီလုိေၿပာသည္ဟု လက္ခံလုိက္ပါသည္။
“တြယ္တာရယ္ မိသားစု မၾကီးရင္ အသုိင္း၀ုိင္မၾကီးရင္ပုိေကာင္းတယ္ဟ၊ ေႏြးေထြးမွဳ့ေတြပုိရတယ္”
“ဟယ္မဟုတ္တာ”
“ေအးေလ”
“ငါကေတာ့ေလ တစ္ခါတစ္ေလ အိမ္ကထြက္သြားရင္ေကာင္းမလာလုိ႔ေတာင္ ေတြးမိတယ္၊ သတိၱမရွိလုိ႔သာ ခုခ်ိန္ထိ ဒီအတုိင္းရွိေနတာ၊ နင္တုိ႔က ငါ့ကုိနားလည္တဲ့သူငယ္ခ်င္းေတြမုိ႔လုိ႔ေပါ့၊ တစ္ၿခားမၾကည့္ပါနဲ႔ ငါ့အကုိဆုိလည္းၾကည့္ နင္တုိ႔ၿမင္ဖူလာ ငါ့အကုိက ငါ့ကုိတကူတက လာေမးတာမ်ဳိးေပါ့”
“နင္ကေတာ့ေလ ငါမေၿပာလုိက္ခ်င္ဘူး၊ ကဲခုဘာေတြၿဖစ္ေနၿပန္ၿပီးလဲ အိမ္မွာအရင္လုိ ၿပႆနာတက္ၿပန္ ၿပီးလား”
အရင္လုိဟုဆုိလုိက္သည္က ေမာင္ေမာင္လတ္ႏွင့္ၿဖစ္ပ်က္ခဲ့ေသာ အေၾကာင္းကုိ ဦးတည္သသည္ဟု သူတုိ႔သုံးေယာက္ကေတာ့ နာလည္ပါသည္။
“မဟုတ္ပါဘူး ငါ့ကုိဆုိ အယုံၾကည္မရွိၾကဘူး၊ ငါဘာလုပ္လုပ္ေပါ့ မဟုတ္တာေတြလုပ္ေနတယ္လုိ႔ပဲ ေတြးေနတဲ့ ေမေမေၾကာင့္ငါညစ္တာပါ”
“နင္ကရွင္းၿပရမွာေပါ့”
“ရွင္းၿပခြင့္ေတာင္မေပးတာ ငါဘာကိုသြားရွင္းၿပရမွာလဲ၊ အေဒၚလုပ္သူကုိလဲ ေၿပာၿပခ်င္တာကုိ ငုိၾကီးေနေတာ့ ေၿပာလုိ႔လဲ မရခဲ့ဘူး၊ အဲဒီအခါၾကရင္ေလ ငါ့စိတ္ထဲကေန ေမေမတုိ႔ ေၿပာဆုိေနတာေတြကုိ အရြဲ႔တုိက္ၿပီးလုပ္ပစ္လုိက္ခ်င္တယ္၊ ဒါေပမယ့္ မလုပ္ရက္ပါဘူး”
“ဒါဆုိငါတုိ႔ကုိေၿပာၿပ”
“နင္တုိ႔ကုိ ဟုတ္လား …..တစ္ခါတေလၾကေတာ့ ေယာက်္ားေလးေတြရဲ့စိတ္ခံစားမွဳ့ကုိ နင္တုိ႔ကုိေၿပာၿပလုိ႔မရတဲ့ အေၾကာင္းရာေတြလဲ ရွိၾကတယ္ေလ”
“ဟယ္နင့္စကားၾကီးက ဘာတုံး”
“ထားပါေတာ့ဟာ..ငါေရသြားေသာက္အုံးမယ္”
ညီညီငယ္ေလွခါးမွဆင္းကာ ေရထြက္ေသာက္ေနသည္။
“တြယ္တာ”
“အင္း”
“ညီငယ္စကားက္ို နင္နာလည္လား”
“အင္း မလည္ဘူး”
“ေကာင္မစုတ္ နင္ကေတာ့ေလ မလည္ရင္လည္းမလည္ဘူးေပ့ါ ခုေတာ့ အင္းလုိ႔ေၿပာၿပီးမွ မလည္ဘူးတဲ့”
“ငါ့အထင္ နင့္ကုိၾကဳိက္ေနလုိ႔ေနမယ္”
“ဟယ္မဟုတ္တာ”
“ဟုတ္လုိ႔မေၿပာတာေနမွာေပါ့”
“ငါလဲမိန္းခေလးပါဟယ္ ငါ့ကုိၾကဳိက္တယ္မၾကဳိက္ဘူးဆုိတာေတာ့ စိတ္ထဲကေနၿပီးေတာ့သိတာေပါ့၊ နႏၵလုိ အၾကည့္မ်ဳိးလည္းသူ႔မွာမရွိဘူး၊ ကိုိကိုေလး လုိအၿပဳမူမ်ဳိးလည္းသူ႔ဆီမွာမရွိဘူး ဒါေၾကာင့္ေၿပာႏုိင္တာေပါ့”
“ဟယ္နင္ကအဲဒီလုိစိတ္စြမ္းအင္ရွိလုိ႔လား”
“ရွိတယ္လုိ႔ေတာ့ ဘယ္ဟုတ္မလဲ၊ နင္လည္းမိန္းခေလးပဲ ဒီေလာက္ေတာ့သိမွာေပါ့”
“အုိ ငါ့ၾကဳိက္မယ့္ေကာင္ေလးတစ္ေယာက္မွ မရွိတာ ငါကဘယ္လုိသိမွာတုံး”
“နင့္ရပ္ကြက္မွာရွိခ်င္ရွိမွာေပါ့”
“အုိ..ငါ့ရပ္ကြက္မွာငါက ဆရာမၾကီးေနာ္ အားလုံးကအေလးထားၾကတာ ဟဲဟဲ ငါ့ကုိၿပီတီတီလုပ္မယ့္တစ္ေယာက္မွမရွိဘူး”
“ေၿပာကာမွပုိဆုိးလာၿပီး ကဲအဲဒါသာၾကည့္နင္လဲ နင့္ရပ္ကြက္လူေတြကုိသိသလုိေပါ့ ငါလဲဒီလုိပဲ”
“ဟယ္ေတာ့ ဘာမွမဆုိင္သလုိပဲ”
“ဟီးဟီး….”
နႏၵထုိစကားကုိၾကားေတာ့ စိတ္ထဲေပ်ာ္ၿမဴးသြားသည္။ ညီညီငယ္ၿပန္ေရာက္လာၿပီးမွ နႏၵၿပန္ထြက္လာခဲ့ေတာ့သည္။
“ဒီေန႔ဆရာကုိအကူညီေပးလုိက္တာ ကံေကာင္းတာပဲ ဟဲဟဲ”
ညီညီငယ္ ေရခ်ဳိးၿပီးၿပန္လာေတာ့ နႏၵအခန္းထဲၿပန္ေရာက္ေနပါသည္။ မုိက္(စ) ၿဖင့္အိမ္က ဖုန္းလာသည္ဟု ေၿပာသၿဖင့္ ညီညီငယ္ ေရသြားမခ်ဳိးခင္က ဖုန္းေၿပာရန္ထြက္သြားခဲ့သည္။ ခုေတာ့ၿပန္ေရာက္ေနပါသည္။
ညီညီငယ္ အသာတခ်က္ၾကည့္လုိက္သည္။
နႏၵေမွာက္ယက္ၾကီး ႏွင့္ေခါင္းအုံးေအာက္တြင္ မ်က္နာဖြက္ကာ ေနသည္။ ညီညီငယ္လည္း သာမန္လုိသေဘာထားလုိက္ၿပီး အ၀တ္မ်ားကုိလဲကာ ဘုရား၀တ္ၿပဳလုိက္ၿပီး အိပ္ယာ၀င္လုိက္ပါသည္။
ညီညီငယ္ ေမွးကနဲ အိပ္ေပ်ာ္သြားခ်ိန္မွာေတာ့ ရွဳိက္သံလုိလုိ ၾကားလုိက္သလုိ ၿဖစ္သြားသၿဖင့္ ညီညီငယ္ ထလုိက္သည္။ ေဘးကုိၾကည့္လုိက္ေတာ့ နႏၵကေမွာက္လွ်က္ပင္ရွိေနသည္။ ခႏၵာကုိယ္က နည္းနည္း ရွဳိက္သလုိဟုထင္လုိက္သၿဖင့္ အနားသုိ႔သြားကပ္လုိက္ၿပီး နႏၵကုိ လွဳပ္ႏုိးလုိက္သည္။
“နႏၵ…နႏၵ…ဘာၿဖစ္တာလဲ”
နႏၵမ်က္နာေမာ့လာသည္။
“ဟင္…မင္းငုိေနတယ္”
နႏၵမ်က္ရည္မ်ားကုိ သုတ္လုိက္သည္။ ၿပီးေတာ့ တစ္ဘက္သုိ႔လွည့္သြားသည္။
“ဘာၿဖစ္လုိ႔လဲ ဘာေတြၿဖစ္ခဲ့လို႔လဲ မထိတ္သာမလန္႔သာကြာ အဲဒီလုိၾကီးငုိမေနနဲ႔ေလ.. မင္းေခါင္းေတြကုိက္ေနအုံးမယ္”
ညီညီငယ္ ထၿပီးအခန္းထဲမွ ထြက္ကာ ေသာက္ေရသြားခပ္လုိက္ပါသည္။
“ေရာ့ေရေသာက္အုံး ထ”
နႏၵေရထေသာက္လုိက္သည္။ ထုိေနာက္ ၿပန္လွဲရန္ၿပင္လုိက္ေတာ့ညီညီငယ္ နႏၵပုခုံးကုိလွမ္းဆြဲလုိက္ၿပီး မ်က္နာခ်င္းဆုိင္ ထုိင္လုိက္သည္။
“ေၿပာ မင္းရင္ထဲၿဖစ္သမွ်ေတြကုိေၿပာ ဒီအတုိင္းၾကီး မေနနဲ႔”
“ငါ့ အဘြားေလ င့့ါအဘြားဆုံးသြားၿပီးတဲ့”
ေၿပာရင္းက နႏၵမ်က္ရည္မ်ားထြက္က်လာေတာ့သည္။ ညီညီငယ္ တစ္ခါမွမလုပ္ဖူေသာ အလုပ္ကုိ စိတ္ပါလက္ပါလုပ္ေပးလုိက္မိသည္။ လက္ၿဖင့္အသာအယာ နႏၵ၏မ်က္ရည္မ်ားကုိ သုတ္ေပးလုိက္သည္။
“ညဦးပုိင္က ဖုန္းလာတာ အဲဒီအေၾကာင္းလား”
“အင္း”
“ဒီေတာ့မင္းလုိက္သြားမွာေပါ့”
“မနက္က်ရင္ လာေခၚမယ္တဲ့ လုိက္သြားရမယ္၊ ငါ့အဘြားကေလ ငါ့ကုိအရမ္းခ်စ္တာ”
“ေအာ္..ဒီလုိပါပဲကြာ စိတ္ေတာ့မေကာင္းမၿဖစ္ပါနဲ႔ ငါလည္းမေခ်ာ့တတ္ေတာ့ ဘာေၿပာရမွန္းမသိဘူးေပါ့”
“ရပါတယ္ ခုလိုအားေပးတာကုိပဲ ေက်းဇူးတင္ပါတယ္ကြာ”
“ရပါတယ္ အခန္းေဖၚအခ်င္းခ်င္းပဲ မင္းအဘြားအတြက္ အေကာင္းဆုံးလုပ္ေပးရင္ သူ၀မ္းသာေနမွာပါ”
“ငါအရမ္း၀မ္းနည္းတာပဲကြာ”
“မင္းအဲဒီလိုငုိမေနနဲ႕ ဘ၀တပါးကုိကူးတဲ့အခ်ိန္မွာ က်န္ခဲ့သူကငုိရင္တဲ့ သြားတဲ့သူက ပူေလာင္တယ္တဲ့ တရားစာေပးေတြမွာၿပထားတယ္”
ညီညီငယ္စကား ဟုတ္လားမဟုတ္လာ နႏၵမသိပါ။ သုိ႔ေသာ္ အငုိေတာ့ရပ္သြားသည္။ မ်က္ရည္မ်ားကုိ သုတ္ပစ္လုိက္သည္။ သုိ႕ေသာ္မ်က္ရည္ကေတာ့ ထြက္ေနဆဲ။
ညီညီငယ္ ဘာရယ္မဟုတ္ပဲ နႏၵကုိဖက္ကာ အားေပးရွာပါသည္။ နႏၵကေတာ့ ညီညီငယ္ ပုခုံးေပၚတြင္ ေခါင္းတင္ကာ အနည္းငယ္ရွဳိက္ေနမိသည္။
နာရီ၀က္ခန္႔ၾကာေတာ့ ညီညီငယ္ေညာင္းလာသည္။ ထုိေၾကာင့္ထလုိက္သည္။
“ကဲအိပ္ေတာ့ေနာ္ မနက္က်ရင္ မင္းလည္းခရီးထြက္ရအုံးမွာ အိပ္ေရးပ်က္လုိ႔ေတာ့ မၿဖစ္ဘူးေလ၊ ေနမေကာင္းၿဖစ္ေနမယ္”
ညီညီငယ္ထလုိက္ေတာ့ နႏၵညီညီငယ္လက္ကုိ ဆြဲထားသည္။
“ဘယ္သြားမလုိ႔လဲ”
“ဘယ္မွမသြားပါဘူး ငါ့ေနရာမွာရွိမယ္ေလ”
“ဒီည…..ဘယ္မွမသြားပဲ ငါ့အနားမွာေနပါလာ”
နႏၵ၏အားငယ္ေသာ မ်က္၀န္းမ်ားကုိၾကည့္ကာ ညီညီငယ္စိတ္မေကာင္းၿဖစ္သြားသည္။
“ငါငိုခ်င္တယ္ကြာ”
“အင္းပါ ငါဘယ္မွမသြားဘူးဟုတ္ၿပီးလား မင္းငုိဘုိ႔အတြက္ ငါရင္ခြင္ကုိခဏငွားပါ့မယ္ကြာ”
“ဘယ္လုိ”
“ငါဆုိငုိခ်င္ရင္ေလ ေမေမရင္ခြင္ထဲကုိေၿပးခ်င္တာ၊ ဒီလုိပဲ မင္းကုိဒီေက်ာင္းမွာေတာ့ ငါ့ကမင္းအတြက္ ခဏရင္ခြင္ေပါ့ကြာ၊ ငါ့ကစကားေၿပာမေကာင္းပါဘူး”
“ရပါတယ္ကြာ”
နႏၵအိပ္ယာေပၚလွဲခ်လုိက္သည္။
ညီညီငယ္စကားမွားသြားေလလား ဟုပင္အားနာသြားသည္။ ထုိေနာက္ ဘာမွမစဥ္းစားေတာ့ပဲ နႏၵေဘးတြင္ တေစာင္းလွဲခ်လုိက္ၿပီး ဖက္လုိက္သည္။ နႏၵ၀မ္းနည္းစြာ ညီညီငယ္ရဲ့ရင္ခြင္ထဲတုိး၀င္ကာ ငုိရွဳိက္ေနမိေတာ့သည္။
ထုိေန႔ကလမသာခဲ့ပါ။
ရင္ခြင္တစ္ခုသည္ ၿဖဴစင္စြာ ခဏဌားက ေပးနားေစခဲ့သည္။
ရင္ခြင္တစ္ခုကေတာ့ ၀မ္းနည္းစြာ ခဏတာ ခုိးနားခဲ့သည္။
ခဏတာ ခုိးနားခဲ့သည့္ရင္ခြင္သည္ ဘ၀တစ္သက္စာ အမွတ္တရၿဖစ္ခဲ့မယ္ဆုိခဲ့လွ်င္ နႏၵထုိရင္ခြင္ကုိ ဌားခဲ့မည္မဟုတ္။
ရင္ခြင္တစ္ခုသည္ ၿဖဴစင္စြာေပးခဲ့ေပမယ့္ ရရွိခဲ့သည့္ အေရာင္ေတြက ရစ္ေႏွာင္းကာ ၾကဳိးတစ္ခုလုိ ပတ္ေနခဲ့မယ္ဆုိရင္ ညီညီငယ္ ထုိရင္ခြင္ကုိ ေပးခဲ့မည္မဟုတ္ေခ်။
ကံၾကမၼာဆုိတာၿမင္ရသည္မွမဟုတ္တာ။
ရင္ခြင္ထဲတြင္ တသိမ့္သိမ့္ငုိေနရွာေသာ နႏၵအတြက္ ညီညီငယ္စိတ္ေတာ့မေကာင္းၿဖစ္ရပါသည္။ ထုိေၾကာင့္လည္း ႏွစ္သိမ့္ကာ နႏၵေက်ာၿပင္ေလးကုိ ကေလးတစ္ေယာက္အားေခ်ာ့သိမ့္သလို ပြတ္သပ္ကာ ေၿဖသိမ့္ေပးရွာသည္။
“ငါ့အဘြားကေလ ငါ့ကုိတအားခ်စ္တာ“
“အင္း“
“ခုလုိမွန္းသိရင္ ေက်ာင္းကုိ မလာေသးပဲ ရြာမွာပဲ ေနပါေသးတယ္၊ ခုေတာ့ကြာ“
“ၾကဳိတင္မွမသိႏိုင္တာပဲကြာ“
နႏၵေၿပာေၿပာဆုိဆုိ ႏွင့္ပုိ၍တုိး၀င္လာေတာ့သည္။ ငုိလုိက္သည္ဆုိသည္က ႏွက္ေတြပါထြက္က်လာသည္လာမသိ၊ ညီညီငယ္ ရင္ခြင္တစ္ခုလုံး ဆုိရႊဲသြားေတာ့သည့္ တုိင္ေအာင္ နႏၵမ်က္ရည္မ်ားက်ေနပါေတာ့သည္။
နႏၵကုိ အရင္က မေက်နပ္တာေတြကုိ ေမ့ႏုိင္ခဲ့သည္။ နႏၵသူ႔အေပၚမေကာင္းမၿမင္တာေတြကုိလဲ ေမ့ႏုိင္ခဲ့သည္။ ဒါကေတာ့ ညီညီငယ္ ရဲ့တစ္ဘက္သားကုိ ကူညီတတ္ေသာ စိတ္ရင္းအခံက ၿဖစ္ေပၚလာသည့္ အေၾကာင္းတရာပဲမဟုတ္ပါလား။
ညီညီငယ္ဘ၀က အပယ္ခံဘ၀မဟုတ္သည့္တုိင္ေအာင္ ထုိသုိ႔ေသာ္ အေၿခအေနသုိ႔ေရာက္ေနရသည္ ဟု ညီညီငယ္စိတ္တြင္ ခံစားရသည္။ ထုိေၾကာင့္စာနာသနားတတ္လာသည္။ ထုိေၾကာင့္အားငယ္သူ အားနည္းသူေတြဘက္က ရပ္တည္တတ္လာခဲ့သည္။
မနက္မုိးလင္းခါးနီတြင္ေတာ့ နႏၵေမာကာ အိပ္ေပ်ာ္သြားေတာ့သည္။ ညီညီငယ္ နႏၵမ်က္ေခါင္းေလးကုိ ပြတ္သက္ကာ စာနာစိတ္ၿဖင့္ ေဖးမေပးေနတာပါ။ ထုိအတြက္ေၾကာင့္ စိတ္တြင္ၿဖဴစင္စြာ ဘာမွပူေလာင္ မေနပဲ ေအးၿမေနသည္။
တစ္ခါတရံတြင္ကြ်ႏုပ္တုိ႔၏ေလာကၾကီးသည္ လူတစ္ေယာက္ကုိေၿပာင္းလဲေစသည့္ အေၾကာင္းရာမ်ားသည္ ေဘးပတ္၀န္က်င္က ထိေရာက္စြာသင္ခန္းစာမ်ားေပးေဆာင္ရင္ ဘ၀တစ္ခ်ဳိ႔မ်ားကုိ ေၿပာင္းလဲသြားေစခဲ့သည္မဟုတ္လား။
မနက္ပုိင္းတြင္ေတာ့ အခန္းတံခါးကုိလာေခါက္ေသာ ဆရာမ်ဳိးမင္းလာႏုိးေသာ အခိ်န္တြင္ေတာ့ ညီညီငယ္ အိပ္ေမာက်ေနသည္။ နႏၵကထၿပီးတံခါးဖြင့္ေပးသည္။ နႏၵ ညီညီငယ္ကုိ မႏူိးေစေတာ့ပဲ တိတ္တဆိတ္ အခန္းထဲမွ ထြက္လာခဲ့ေတာ့သည္။ စာတစ္ေစာင္ကုိေရးလုိက္သည္။
( သူငယ္ခ်င္းညီငယ္ အစစရာ အတြက္ေက်းဇူးတင္ပါတယ္ကြာ၊ ငါေနာက္သုံးရက္ေနရင္ၿပန္လာခဲ့မယ္၊ အရင္တုန္းက ၿပဳမူခဲ့တဲ့ ငါ့အေၿပာဆုိေတြနဲ႔အတူ အမူယာၿပဳမူေတြတြက္ ေတာင္ပန္ပါတယ္ကြာေနာ္ ၊ ငါ့ကုိခြင့္လႊတ္ပါလုိ႔ေနာ္၊ မင္းငါ့ကုိ ခြင့္လႊတ္တယ္ဆုိခဲ့ရင္ သူငယ္ခ်င္းအၿဖစ္ အသိမွတ္ၿပဳခဲ့တယ္ ဆုိရင္ေပါ့ေလ မင္းငါ့ကုိေက်ာင္းေရွ႔မွာလာၾကဳိပါေနာ္၊ အကယ္၍ေပါ့ေနာ္ မင္းမခြင့္လႊတ္ႏူိင္ဘူးဆုိခဲ့သည္ပဲ ၿဖစ္ၿဖစ္၊ မင္းငါ့ကုိသူငယ္ခ်င္းအၿဖစ္ မသတ္မွတ္ႏိုင္ဘူးဆုိခဲ့ရင္ပဲ ၿဖစ္ၿဖစ္ေပါ့ေလ၊ ငါၿပန္လာရင္ေတာ့ ေက်ာင္းေရွ႔ကုိလာမၾကဳိပါနဲ႔ ၊ ေက်းဇူးတင္ပါတယ္ သူငယ္ခ်င္း နႏၵ )
နႏၵစာေလးကုိ ေသခ်ာေခါက္ၿပီး စားပြဲေပၚတင္ေပးခဲ့ပါသည္။ ထုိေနာက္ညီညီငယ္ကုိတစ္ခ်က္ၾကည့္ၿပီး ေနာက္မွ ထြက္လာခဲ့ေတာ့သည္။ တစ္ညလုံးသူ႔အား အဘြားကဲ့သုိ႔ ၿပဳစုေပးခဲ့ေသာ ညီညီငယ္ကုိ သူတစ္ကယ္ပင္ ေက်းဇူးအထူးတင္မိပါသည္။ အခန္းအုိက္ေနမည္ ဆုိး၍ေလ၀င္ေလထြက္ေကာင္းရန္ နႏၵၿပတင္းတံခါးကုိဖြင့္ေပးထားခဲ့သည္။
“မင္းတညလုံးမအိပ္ဘူးလား“
“အိပ္ပါတယ္ဆရာ“
“အင္းဆရာလည္းမင္းနဲ႔ထပ္တူ၀မ္းနည္းပါတယ္ကြာ ဒါနဲ႔ခရီးေကာ ထြက္လုိ႔ၿဖစ္ပါ့မလာ မ်က္လုံးေတြလည္း နီရဲေနတာပဲ တညလုံးငုိထားတာလား“
“ရပါတယ္ဆရာ ညီညီငယ္လည္း က်ေနာ္ကုိ တညလုံးဂရုစုိက္ေပးေနတာပါ ဒါေၾကာင့္လည္း က်ေနာ္အိပ္ေပ်ာ္သြားတာ၊ ခုေတာင္ သူအိပ္ေနတာကုိ မႏုိးပဲထားခဲ့တာ၊ သူလည္း တညလုံးက်ေနာ္ေၾကာင့္မအိပ္ရဘူးေလ“
“ဟုတ္လား အင္းဒီကေလးကစိတ္ရင္းေကာင္းတယ္ တစ္ဘက္သားကုိလည္း ကူညီတတ္တာ ဆရာသိတာေပါ့ ေတာ္ေသးတာေပါ့ကြယ္ ညီညီငယ္ရွိေနလုိ႔“
“ဟုတ္တယ္ဆရာ၊ က်ေနာ္ညီမေလးကုိသြားေခၚလုိက္အုံးမယ္“
“မေခၚေတာ့နဲ႔ကြဲ႔ မင္းညီမက ေက်ာင္းရုံးခန္းမွာေစာင့္ေနတယ္ မင္းညီမေလးကုိ ဂရုစုိက္သြားအုံး သူလည္း တညလုံးငုိထားတာ မအိပ္ဘူးလာမသိဘူး မနက္ေစာၾကီး ရုံးခန္းေရွ႔ေရာက္ေနတယ္“
နႏၵသည္ ဆရာ စကားေၾကာင့္ ခပ္ၿမန္ၿမန္ထြက္ခဲ့လုိက္ေတာ့သည္။
ညီညီငယ္ အိပ္ယာကႏူိးေတာ့ ေနေတာင္ အေတာ္ၿမင့္ေနၿပီး ၿဖစ္သည္။ ေဘးကုိၾကည့္လုိက္ေတာ့ နႏၵမရွိေတာ့။ သူထြက္သြားၿပီး ဟုအသိ၀င္လာေတာ့သည္။
“အင္း..ဒီေကာင္လည္း အဆင္ေၿပမွေၿပရဲ့လာမသိဘူး၊ ငါကလည္း မနက္လင္းခါးနီးမွ အိပ္သြားတာ ထသြားတာေတာင္မသိလုိက္ဘူး“
တစ္ေယာက္တည္းစကားေတြ ေၿပာေနရင္းက ေနာက္က်ေနသၿဖင့္ ေရခ်ဳိးခန္းသုိ႔ေၿပးရသည္။ ေရခ်ဳိးခန္းဘက္ေရာက္ေတာ့ လက္သံေၿပာင္ေသာ အေဆာင္မွဴးနဲ႔ေတြ႕သၿဖင့္ ဆူခံရမည္ကုိ စုိးထိတ္သြားသည္။ ေနာက္က်ေနသည္ မဟုတ္လား။ ေနာက္က်လွ်င္ မည္သုိ႔မွေမးၿမန္းၿခင္း မရွိပဲ အၿပစ္ေပးတတ္ေသာ အေဆာင္မူးကုိ လည္းေက်ာင္းသားတုိင္ ခ်စ္ေၾကာက္ရုိေသးၾကသည္။ ဒီတစ္ခါေတာ့ မလြတ္ေတာ့ဘူး ထင္သည္။
“ေအာ္ႏူိးလာၿပီးလား“
“ဟုတ္..ဆရာ က်ေနာ္ေနာက္က်သြားတယ္“
“ေအးပါကြာ ဆရာမ်ဳိးမင္းလာေၿပာထားလုိ႔ သိၿပီးသားပါ၊ ကဲကဲ သြားခ်ဳိးေတာ့ ေန႔လည္ေတာ့ ေက်ာင္းခန္းထဲသြားအုံး၊ ႏွစ္ရက္ပဲ ရွိေသးတာ သင္ခန္းစာေတြစတာက စစၿခင္းပ်က္တာေတာ့ မေကာင္းဘူးမဟုတ္လား“
“ဟုတ္ကဲ့ဆရာ“
“ကဲကဲ သြားသြား“
ညီညီငယ္ ေရကုိအၿမန္ခ်ဳိးၿပီး ဗုိက္ကုိၿဖည့္ရန္ွ ထမင္းစားခန္းဘက္သို႔ထြက္လာခဲ့ေတာ့သည္။ ေက်ာင္းက ေန႔၀က္ပင္ ၿပီးသြားခဲ့ေလၿပီး။ ေက်ာင္းထမင္းစားခန္းသုိ႔ ညီညီငယ္၀င္လုိက္သည္ႏွင့္ ထမင္းစားခန္းမွ ဆူညံေနေသာ အသံမ်ားက ရုတ္တရက္တိတ္ဆိတ္သြားေတာ့သည္။ ညီညီငယ္ ပင္ေၾကာင္ကာသြားသည္။
မိမိကုိယ္ကုိ ၀ုိင္းၾကည့္ေနၾကေသာ အားလုံးေသာ မ်က္လုံးမ်ားကုိ ညီညီငယ္ေၾကာင္ကာ ၿပန္ၾကည့္ေနမိသည္။ မ်က္လုံးေပါင္းစုံၾကီးၾကီးေသးေသးမ်ား၊ ထုိအၾကည့္မ်ားကုိေတာ့ ညီညီငယ္ သိပ္မၾကဳိက္ခ်င္၊ ဘာေၾကာင့္ပါလိမ့္ ဆုိသည့္အေၾကာင္းရာကုိ ေခါင္းရွဳပ္ခံေအာင္ေတာ့ ညီညီငယ္ စိတ္မ၀င္စားေတာ့၊ ထုိေၾကာင့္ စားစရာရွိသည့္ စားပြဲသုိ႔ထြက္လာကာ ထည့္စရာရွိတာထည့္ၿပီး အၿမဲတမ္းတစ္ေယာက္တည္း စားေနၾက ခုံတြင္သြားထုိင္စားလုိက္သည္။
ေက်းဇူးတင္ရမည္က ဒီေက်ာင္းတြင္ ေက်ာင္းသူေတြထက္ ေက်ာင္းသားဦးေရနည္းသည္ကုိပင္၊ ထုိေၾကာင့္လည္း ထုိင္ခုံအေတာ္မ်ားလြတ္ေနသည္က ညီညီငယ္အတြက္ အေကာင္းဆုံးပင္ၿဖစ္ခဲ့သည္။
ထမင္းစားခန္းသည္ တစ္ၿခားရက္မ်ားႏွင့္မတူပဲ အသံအနည္းငယ္တိတ္ဆိတ္ေနသည္ဟု စိတ္ထဲတြင္ထင္မိ္ေသးသည္။
ထမင္းစားၿပီးေနာက္မွ ေက်ာင္းခန္းဘက္သုိ႔ လွမ္းလာခဲ့ေတာ့သည္။
ဒီေန႔ဘာၿဖစ္ေနသည္မသိ၊ လူအေတာ္မ်ားသည္ သူ႔အား အားလုံးနီးပါ ၾကည့္ေသာ အၾကည့္မ်ားကုိ မၾကဳိက္ခ်င္၊ အရင္ရက္ေတြကေတာ့ ဒီလုိသိသိသာသာ ၾကီးလည္း မၿဖစ္ၾကပဲ တစ္ခုခုေတာ့ ထူးၿခားစြာ ၿဖစ္ေနသည္ဟု စိတ္ထဲထင္မွတ္မိသည္။
ေက်ာင္းသူတစ္ခ်ဳိ႔က ကြက္ၾကည့္ကြက္ၾကည့္လုပ္သြားသည္။ တစ္ခ်ိဳ႔ကေတာ့ ေမးေမာ့ၿပသည့္ အမူယာကုိတစ္ေယာက္ႏွင့္တစ္ေယာက္လုပ္ၿပေနသည္။ နားမလည္ႏုိင္ေလာက္ေအာင္ ၿဖစ္ရပါသည္။
ညီညီငယ္ အတန္းရွိသည့္ လမ္းဘက္သုိ႔ခ်ဳိး၀င္လာခဲ့ေတာ့သည္။
“ေအးေပါ့ဟယ္ အခြင့္ေကာင္းယူတာေနမွာေပါ့၊ ၿဖစ္တတ္ပါတယ္ ဒါမ်ဳိးေတြက၊ သူ႕အတြက္ေတာ့ ဘာမွမထူးရွားေပမယ့္ နႏၵကေတာ့ နစ္နာတာေပါ့၊ ေတြးရင္နဲ့ေတာင္ ရြံလာတယ္၊ တစ္ကယ္၊ ရုပ္ကေလးနဲ႔မွ မလုိက္”
“ဒါမ်ဳိးဆုိတာ ရုပ္နဲ႔လုပ္စားၾကတာေလ”
တစ္မနက္ခင္းလုံး ဒီအေၾကာင္းပဲ ေၿပာေနၾကသည့္ အခန္းကေကာင္မေလးမ်ားသည္ စာထက္တစ္ပါးသူ အေၾကာင္းပင္ စိတ္၀င္စားေနလာ မသိ၊ ဒီအခ်ိန္ထိ ညီညီငယ္ကလဲ ေပၚမလာေသးေတာ့ သိခ်င္သည့္ အေၾကာင္းရာမ်ားက ပုိလုိ႔တုိးလာသည္။ အစကေတာ့ ႏွစ္သိမ့္သည္။ ေနာက္ထက္က အားေပးသည္။ ေနာက္ထက္က တူတူအိပ္ၾကသည္။ ေနာက္ထက္က ဖက္ငုိၾကသည္။ ဘာေတြလည္းမသိေတာ့ ေတာ္ေတာ္ကုိ သတင္းမ်ားက ပိုရွဳပ္လာသည္။ ခုလဲၾကည့္ေၿပာဆုိေ၀ဖန္ေနၾကသည္မွာ ညီညီငယ္ကုိ ရစရာမရွိေတာ့ေခ်။ ႏွင္းဆီ သည္းမခံႏုိင္ေတာ့၊ ေအာင့္အီသည္းခံေနရသည္ကလည္း ပုိဆုိးလာေတာ့သည္။
၀ုန္း…
“ဟဲ့ ဟဲ့ ႏွင္းဆီ”
တြယ္တာ ဆြဲခ်ိန္ပင္မရလုိက္ေတာ့၊ ႏွင္းဆီ၏လ်င္ၿမန္ဖ်တ္လတ္စြာ ထသြားၿပီး၊ ေၿပာဆုိေနၾကေသာ ပန္းအိႏွင့္ ၀တ္မွဳန္ အနားသုိ႔ ေရာက္ရွိသြားေတာ့သည္။ အခန္းတစ္ခုလုံးရွိ ေက်ာင္းသား၊သူမ်ားက ၀ိုင္ၾကည့္ကုန္ၾကသည္။
“နင္တုိ႔ေတာ္ေတာ္ အားေနၾကတယ္ေပါ့ေလ”
“ဘာတုံး ဘလုိင္းၾကီး”
“ဆြဲပိတ္တီးလုိက္ရ ဘလုိင္းၾကီးၿဖစ္ေတာ့မယ္၊
နင္တုိ႔ေၿပာဆုိေနတာေတြ တစ္မနက္ခင္းလုံးပဲ ခုလည္း ေန႔လည္ေရာက္လာသည့္တုိင္ေအာင္ နင္တုိ႔ေၿပာဆုိေနၾကတာ သပုတ္ေလလြင့္ေနၾကတာေကာင္းလား”
“ငါတုိ႔ဟာ ငါတုိ႔ဘယ္သူအေၾကာင္းေၿပာေၿပာနင့္ အပူပါလုိ႔လာ၊ နင္နဲ႔ဘာဆုိင္လုိ႔လဲ”
“ဆုိင္လုိ႔ေနမွာေပါ့ဟယ္ သူလဲဘာထူးလဲ ဒီပုတ္ထဲက ဒီပဲ ပဲၿဖစ္မွာေပါ့”
“ဘာ…”
ႏွင္းဆီေဒါသမ်ား ထြက္ကာ အသားမ်ားပင္တုန္လာေတာ့သည္။ လက္ကုိေၿမွာက္ၿပီး ရြယ္လုိက္ခ်ိန္မွာေတာ့ ေနာက္မွစုိးရီမ္ၿပီးလုိက္လာေသာ တြယ္တာဆဲြထားေသာေၾကာင့္မရုိက္လုိက္ရေခ်။
“ႏွင္းဆီ လြန္မယ္ သူငယ္ခ်င္း စိတ္ေလွ်ာ့ေနာ္”
“အမေလး လုပ္စမ္းပါေစ၊ လုပ္ၾကည့္စမ္းပါ ဘာၿဖစ္သြားမလဲလုိ႔”
“ေသာက္ေကာင္မေတြ ပါးစပ္ပိတ္ထား ႏွင္းဆီမလုပ္လဲ ငါထလုပ္လုိက္ရ နာေတာ့မယ္၊ ေယာက်္ားေလးေတာင္ ကုိင္ေပါက္လာတာ နင္တုိ႔ေလာက္ကေတာ့ သနားတယ္၊ နင္တုိ႔ကုိ လုပ္ရလုိ႔ ေက်ာင္းထြက္သြားရုံကလြဲၿပီး ဘာမွမၿဖစ္ဘူး ေသနာမေတြ”
ပန္းအိ ႏွင့္ ၀တ္မွဳန္ သည္တြယ္တာစကားေၾကာင့္ ၿငိမ္၀ပ္သြားေတာ့သည္။
.......................TBC......................
Unicode
ပန်းမဟုတ်သော ပန်းတစ်ပွင့် အကြောင်း ( အပိုင်း 8)
နန္ဒနှင့်အောင်အောင် ကျောင်းအဆောင်ရှေ့က ခုံတန်းလေးတွင်ထိုင်ကာ စကားပြောနေကြပါသည်။ ကျောင်းကြီးက ၁၀တန်းသမားတွေ အတွက်စားမေးပွဲလုံးနေကြတော့ သူတို့တွေ ခဏတာလွတ်လပ်နေကြပါသည်။ ကျောင်းစာတွေကိုလည်း ညဘက်ရောက်မှ အနည်းငယ်ဂိုဏ်များဖြင့်သာ ကြည့်နေရသည့် အခိျန်တွေ ဖြစ်နေသဖြင့် သူတို့အတွက် အချိန်တွေ ပိုကာနေသည်။
သူတို့အရွယ်လွတ်လပ်စွာ လောကကြီးကို ခြေဆန့်လို့ လှမ်းဘို့ရည်ရွယ်နေကြပြီး မဟုတ်လား…. ကိုယ်စီ စိတ်တွင်းမှာတော့ ရည်မှန်းချက်ကလေးများဖြင့် ကိန်းအောင်းကာ ရည်မှန်ရာ ပန်းတိုင်သို့လှမ်းဘို့ ကိုယ်စီလျှောက်နေကြလေပြီး။
“ကိုယ့်သမိုင်းကိုယ်ရေးဘို့ပဲလိုတာပေါ့မဟုတ်ဘူးလာ“
“မင်းကမေသမိုင်းကို ရည်ရွယ်ပြီးပြောနေတာလာ နန္ဒ“
“အဟ အောင်အောင်ရာ နန္ဒဆိုတဲ့ငါကလေ သမိုင်းတွေပထ၀ီတွေ စိတ်၀င်စားတာမဟုတ်ဘူး၊ ငါရင်ထဲမှာ ရှိနေတာက ပန်းကလေးပဲ“
နန္ဒလုပ်နေပုံကြည့်ပြီး အောင်အောင် အမြင်ကပ်လာတော့သည်။
“ဘာပန်းလဲ ရွှေပန်းလား“
“ခွေးကောင် မင်းမညစ်ပတ်နဲ့“
“မှန်တာပြောတာလေ ပန်းတွေများတော့ ဘာပန်းမှန်းမှ မသိတာ“
အောင်အောင် ၏မသိချင်ယောင်ဆောင်ကာ လုပ်နေသည်ကို နန္ဒစိတ်တွေတိုလာတော့သည်။ ဒီကောင်တမင်ညစ်နေတာ။
“နှင်းဆီကွ နှင်းဆီ …ဒီလောကမှာ ငါ့နှင်းဆီလောက်လှတဲ့ ကောင်မလေးမရှိဘူးကွ ငါ့နှင်းဆီက အလှဆုံး အချောဆုံး“
“ပိုပြီ“
“လိုတောင်လိုသေးတယ်ကွ မင်းတို့လဲ သိပါတယ် နှင်းဆီဘယ်လောက်လှတယ်ဆိုတာကို၊ ငါနဲ့လိုက်တယ်မဟုတ်လား၊ ငါကလဲ လူချောလေးဆိုတော့ ဟဲဟဲ“
“ဖွဲနဲ့ ဇကွဲပါကွာ“
“ဟာကွာ မင်းကအဲလိုမပြောပါနဲ့“
“ဒါဆို ရွှေနဲ့ကြေးပါကွာ“
“တော်တော် မင်းက ငါလူချောလေးဆိုပြီးတော့ မနာလိုတွေဖြစ်ပြီး ဟားဟားဟား“
“ေ၀းသေး တစ်ကယ်ဆိုလိုက်ဖက်တာက နှင်းဆီနဲ့ ညီညီငယ်ကွ“
“အန်“
ဟုတ်လည်းဟုတ်ပါသည်။ နန္ဒလည်းသတိထားကြည့်နေမိသည်။
သူတို့နှစ်ယောက်တွဲသွားတွဲလာ လုပ်နေရတလဲ မြင်နေရပါသည်။ ကြည့်ကောင်းသည် လိုက်ဘက်သည် ထိုထက်ပြောရလျှင် နှင်းဆီသည် မနှစ်က နှင်းဆီနှင့်မတူတော့ တော်တော်ကိုချောလှပါသည်။ ထို့အတူ ညီညီငယ် သည်ဘယ်ဘ၀က ရှေးကုသိုလ်ကံလည်း ဟုပြောရမလိုပင်၊ မျက်နာအနေထားနှင့် အရပ်အမောင်းများက ပို၍ပီပြင်လှပလာသလိုပင်။
“ဟုတ်တယ် မင်းကြည့်ပါလား သူတို့နှစ်ယောက်တွဲလာပြီးဆိုရင် တော်တော်ကို ကြည့်ကောင်းတာနော်၊ နှင်းဆီကလည်း လှသလောက် ဟိုကောင်ကလည်း လှတယ်၊ အင်းဘယ်လိုပြောရမလဲ တော်တော်လိုက် ဘက်တဲ့ နှစ်ယောက်ကွ“
“တော်စမ်းပါကွာ မင်းကတော့ ဒီနှစ်ဘာတွေဖြစ်နေလဲ မသိဘူး စကားစလာ ပြီးဆို ဒီကောင်နာမည်ပဲ ဇာတ်လမ်းစနေတော့တာပဲ“
“ရော်..ခက်ပါလာ ငါပြောတာအမှန်တွေနော်“
“တော်စမ်းပါ ငါမကြိုက်တာတွေကိုပဲ ဒီအခြောက်ကြောင်းပဲ မင်းကဦးတည်ပြီးပြောနေတော့တာပဲ“
“အံမယ် မကြိုက်လို့သာပဲ၊ ဒါဆိုဟိုရက်က ဘာလို့အခန်းမလဲတာလဲ“
“ဟာကွာ ဒါကတော့ ဟိုဒင်းလေ….“
“အင်း …အင်း…ပြောပါအုံး ဘယ်ဒင်းလဲ….“
“ဟိုဟာဖြစ်လို့ပါကွာ …ဟာဟိုမှာဆရာမျိုးမင်း လာပြီးငါသွားလိုက်အုံးမယ်“
“ဟ..ဘာမှလည်းမဆိုင်ဘူး ဒီကောင်တော့ စကားလမ်းကြောင်းပြောင်းသွားတယ်”
နန္ဒ စာအုပ်တွေ တပွေ့တပိုက်နှင့် သယ်လာသော ဆရာမျိုးမင်းထံပြေးသွားသည်။
“ဆရာကျနော်ကူသယ်ပေးမယ်”
“ရပါတယ်ကွ”
“ဟာဗျာ ဆရာဒီလောက်ပင်းပင်းပန်ပန် သယ်နေတာမကြည့်ရက်ပါဘူး ကျနော်ကူသယ်ပေးပါ့မယ်”
“အေးအေး ဒါဆိုလည်း ပြီးရော ၊ ဒါတွေယူသွားပြီး စာကြည့်တိုက်ခန်းကို ပို့ပေး အဲ့ဒီမှာ ဆရာမနွဲ့နွဲ့လင်းရှိတယ်၊ သူကိုပေးလိုက်”
“ဟုတ်ကဲ့ဆရာ”
စာကြည့်တိုက်ဘက်သို့ နန္ဒထွက်လာခဲ့တော့သည်။ စာကြည့်တိုက်ထဲ ၀င်လိုက်တော့ ဆရာမကို မတွေ့၊ ထိုကြောင့် စားပွဲပေါ်တင်လိုက်ပြီး စာကြည့်တိုက်ထဲမှ စာအုပ်တစ်ချို့ကို လိုက်ကြည့်နေမိသည်။ စာကြည့်တိုက်ကလည်း ခမ်းနားသည်။ စာအုပ်တန်းများစင်များ လုပ်ထားသည်။ အတော်မြင့်မားလှပါသည်။ အတန်းလိုက် ငါးတန်းခန့်မျှရှိကာ ကျောင်းသားများ စာအုပ်ဖတ်နိုင်ရန်အတွက်လည်း တစ်ယောက်ထိုင်ခုံ လေးများကိုလည်း သပ်သပ်ရပ်ရပ် စီးညီထားသည်။ နန္ဒစာအုပ်တန်းများကို လိုက်ကြည့်နေရင်းက အသံတစ်ချို့ကိုကြားလိုက်မိသည်။ နှင်းဆီ၊ တွယ်တာ နှင့် ညီညီငယ် တို့ဖြစ်ပါသည်။ နန္ဒကိုယ်ခန္ဒာကို မမြင်အောင် နေပြီးချောင်ကြည့်လိုက်တော့ သူတို့တွေ စာအုပ်ပုံကြီးကို ဘေးတွင်ထားက စီနေကြခြင်းဖြစ်သည်။ နှင်းဆီနှင့် တွယ်တာက စာအုပ်များရွေးပြီး လှေခါးပေါ်တက်နေသော ညီညီငယ်ကို ပေးနေကြခြင်းဖြစ်ပါသည်။
“နှင်းဆီ နင်ကကျောင်းပြီးရင် ဘာလုပ်မယ်စိတ်ကူးထားလဲ”
“ငါလား အင်း စိတ်ကူးထားတွေကတော့ အများကြီးပဲ၊ ငယ်ငယ်ကဆို ဆရာ၀န်မကြီးဖြစ်ချင်တာ၊ အလယ်တန်းလောက်ရောက်တော့ ဂျီတီစီကမမတွေ တီတိုင်ကြီးတွေကိုင်ပြီးလမ်းလျှောက်တာမြင်တော့ အင်ဂျီနီယာကြီးဖြစ်ချင်သွားရော၊ ခုတော့ ဦးတည်ချက်တစ်ခုပဲ ရှိတော့တယ်၊ ဆရာ၀န်မကြီးလုပ်မယ်လို့”
“ကောင်းတာပေါ့ နင်နဲ့ ညီညီငယ်ကတော့ ဆရာ၀န်လိုင်း၀င်ကြမှပါ”
“နင်လဲတော်တာပဲ တွယ်တာကလည်း နင်လဲ၀င်လို့ရတာပဲ”
“နင်တို့ကတော်ပြီးသားလေ ငါကတော့ လိုက်နိုင်တယ်ထားအုံး ငါလိုလူတစ်ယောက်ကတော့ ထောက်ပံ့ငွေနဲ့ ဒီကျောင်းတောင်လာတက်ရတာ ဆေးလိုင်းတက်ခဲ့ရသည်ဆိုအုံး ကျောင်းစရိတ်တွေ ဆိုတာတွေက ရှိအုံးမှာလေ”
“နင်က စစ်တောင်မဖြစ်သေးဘူး မျှားကကုန်ချင်နေပြီး”
“ကိုယ့်ဘ၀ နဲ့ကိုယ်ပဲ ဒီလိုဖြစ်ရမယ်လို့ သတ်မှတ်ထားတော့ ဘယ်တက်နိုင်မလဲ ဟယ်”
ညီညီငယ်နားထောင်နေရင်းက
“နင်ကတော်ပါတယ် တွယ်တာရာ နင်မှာက အသိမှတ်ပြုထားတဲ့သူ၊ အားထားရတဲ့သူ အဖြင့် နင့်မိသားစုနဲ့ နင့်အသိုင်း၀ိုင်းမှာ နင်က၀င်ဆန့်နိုင်ပါသေးတယ်”
“ဘာပြောတာလဲ ညီငယ် ငါတို့နားလည်အောင်လဲ ရှင်းစမ်းပါအုံး”
“အေးလေ နှင်းဆီပြောလဲ ပြောချင်စရာ ဘာကိုဦးတည်ပြီးပြောနေတာလဲကိုမသိဘူး”
“ဥပမာဟာ ငါ့ကိုကြည့် ငါမှာစာသာတော်တာ လူမှု့ရေးဆိုလဲ ေ၀းလာေ၀း တွယ်တာလောက်လဲ မသိတတ်ဘူး၊ နောက်မိသားစုထဲကိုကြည့် ၀ိုင်ကျင်ထားကြသလိုခံစားရတယ်၊ အရင်းနှီးဆုံးမိသားစု တွေကသူစိမ်းလိုပဲလို့ခံစားရတယ်”
“နင်ကလဲ အဲလိုမဟုတ်ပါဘူး နင့်မိဘတွေ အန်တီတွေဆိုနင့်ကို ချစ်တာငါသိပါတယ်၊ ဟိုရက်က နင့်မေမေနဲ့ ဖုန်းထဲမှာပြောနေတုံးကလဲ သဘောကောင်းမယ့်လေသံပါဟယ်”
ညီညီငယ် ပြုံးမိပါသည်။ အပြည့်စုံကို နှင်းဆီမသိ၍ ဒီလိုပြောသည်ဟု လက်ခံလိုက်ပါသည်။
“တွယ်တာရယ် မိသားစု မကြီးရင် အသိုင်း၀ိုင်မကြီးရင်ပိုကောင်းတယ်ဟ၊ နွေးထွေးမှု့တွေပိုရတယ်”
“ဟယ်မဟုတ်တာ”
“အေးလေ”
“ငါကတော့လေ တစ်ခါတစ်လေ အိမ်ကထွက်သွားရင်ကောင်းမလာလို့တောင် တွေးမိတယ်၊ သတိ္တမရှိလို့သာ ခုချိန်ထိ ဒီအတိုင်းရှိနေတာ၊ နင်တို့က ငါ့ကိုနားလည်တဲ့သူငယ်ချင်းတွေမို့လို့ပေါ့၊ တစ်ခြားမကြည့်ပါနဲ့ ငါ့အကိုဆိုလည်းကြည့် နင်တို့မြင်ဖူလာ ငါ့အကိုက ငါ့ကိုတကူတက လာမေးတာမျိုးပေါ့”
“နင်ကတော့လေ ငါမပြောလိုက်ချင်ဘူး၊ ကဲခုဘာတွေဖြစ်နေပြန်ပြီးလဲ အိမ်မှာအရင်လို ပြဿနာတက်ပြန် ပြီးလား”
အရင်လိုဟုဆိုလိုက်သည်က မောင်မောင်လတ်နှင့်ဖြစ်ပျက်ခဲ့သော အကြောင်းကို ဦးတည်သသည်ဟု သူတို့သုံးယောက်ကတော့ နာလည်ပါသည်။
“မဟုတ်ပါဘူး ငါ့ကိုဆို အယုံကြည်မရှိကြဘူး၊ ငါဘာလုပ်လုပ်ပေါ့ မဟုတ်တာတွေလုပ်နေတယ်လို့ပဲ တွေးနေတဲ့ မေမေကြောင့်ငါညစ်တာပါ”
“နင်ကရှင်းပြရမှာပေါ့”
“ရှင်းပြခွင့်တောင်မပေးတာ ငါဘာကိုသွားရှင်းပြရမှာလဲ၊ အဒေါ်လုပ်သူကိုလဲ ပြောပြချင်တာကို ငိုကြီးနေတော့ ပြောလို့လဲ မရခဲ့ဘူး၊ အဲဒီအခါကြရင်လေ ငါ့စိတ်ထဲကနေ မေမေတို့ ပြောဆိုနေတာတွေကို အရွဲ့တိုက်ပြီးလုပ်ပစ်လိုက်ချင်တယ်၊ ဒါပေမယ့် မလုပ်ရက်ပါဘူး”
“ဒါဆိုငါတို့ကိုပြောပြ”
“နင်တို့ကို ဟုတ်လား …..တစ်ခါတလေကြတော့ ယောကျ်ားလေးတွေရဲ့စိတ်ခံစားမှု့ကို နင်တို့ကိုပြောပြလို့မရတဲ့ အကြောင်းရာတွေလဲ ရှိကြတယ်လေ”
“ဟယ်နင့်စကားကြီးက ဘာတုံး”
“ထားပါတော့ဟာ..ငါရေသွားသောက်အုံးမယ်”
ညီညီငယ်လှေခါးမှဆင်းကာ ရေထွက်သောက်နေသည်။
“တွယ်တာ”
“အင်း”
“ညီငယ်စကားက်ို နင်နာလည်လား”
“အင်း မလည်ဘူး”
“ကောင်မစုတ် နင်ကတော့လေ မလည်ရင်လည်းမလည်ဘူးပေ့ါ ခုတော့ အင်းလို့ပြောပြီးမှ မလည်ဘူးတဲ့”
“ငါ့အထင် နင့်ကိုကြိုက်နေလို့နေမယ်”
“ဟယ်မဟုတ်တာ”
“ဟုတ်လို့မပြောတာနေမှာပေါ့”
“ငါလဲမိန်းခလေးပါဟယ် ငါ့ကိုကြိုက်တယ်မကြိုက်ဘူးဆိုတာတော့ စိတ်ထဲကနေပြီးတော့သိတာပေါ့၊ နန္ဒလို အကြည့်မျိုးလည်းသူ့မှာမရှိဘူး၊ ကိိုကိုလေး လိုအပြုမူမျိုးလည်းသူ့ဆီမှာမရှိဘူး ဒါကြောင့်ပြောနိုင်တာပေါ့”
“ဟယ်နင်ကအဲဒီလိုစိတ်စွမ်းအင်ရှိလို့လား”
“ရှိတယ်လို့တော့ ဘယ်ဟုတ်မလဲ၊ နင်လည်းမိန်းခလေးပဲ ဒီလောက်တော့သိမှာပေါ့”
“အို ငါ့ကြိုက်မယ့်ကောင်လေးတစ်ယောက်မှ မရှိတာ ငါကဘယ်လိုသိမှာတုံး”
“နင့်ရပ်ကွက်မှာရှိချင်ရှိမှာပေါ့”
“အို..ငါ့ရပ်ကွက်မှာငါက ဆရာမကြီးနော် အားလုံးကအလေးထားကြတာ ဟဲဟဲ ငါ့ကိုပြီတီတီလုပ်မယ့်တစ်ယောက်မှမရှိဘူး”
“ပြောကာမှပိုဆိုးလာပြီး ကဲအဲဒါသာကြည့်နင်လဲ နင့်ရပ်ကွက်လူတွေကိုသိသလိုပေါ့ ငါလဲဒီလိုပဲ”
“ဟယ်တော့ ဘာမှမဆိုင်သလိုပဲ”
“ဟီးဟီး….”
နန္ဒထိုစကားကိုကြားတော့ စိတ်ထဲပျော်မြူးသွားသည်။ ညီညီငယ်ပြန်ရောက်လာပြီးမှ နန္ဒပြန်ထွက်လာခဲ့တော့သည်။
“ဒီနေ့ဆရာကိုအကူညီပေးလိုက်တာ ကံကောင်းတာပဲ ဟဲဟဲ”
ညီညီငယ် ရေချိုးပြီးပြန်လာတော့ နန္ဒအခန်းထဲပြန်ရောက်နေပါသည်။ မိုက်(စ) ဖြင့်အိမ်က ဖုန်းလာသည်ဟု ပြောသဖြင့် ညီညီငယ် ရေသွားမချိုးခင်က ဖုန်းပြောရန်ထွက်သွားခဲ့သည်။ ခုတော့ပြန်ရောက်နေပါသည်။
ညီညီငယ် အသာတချက်ကြည့်လိုက်သည်။
နန္ဒမှောက်ယက်ကြီး နှင့်ခေါင်းအုံးအောက်တွင် မျက်နာဖွက်ကာ နေသည်။ ညီညီငယ်လည်း သာမန်လိုသဘောထားလိုက်ပြီး အ၀တ်များကိုလဲကာ ဘုရား၀တ်ပြုလိုက်ပြီး အိပ်ယာ၀င်လိုက်ပါသည်။
ညီညီငယ် မှေးကနဲ အိပ်ပျော်သွားချိန်မှာတော့ ရှိုက်သံလိုလို ကြားလိုက်သလို ဖြစ်သွားသဖြင့် ညီညီငယ် ထလိုက်သည်။ ဘေးကိုကြည့်လိုက်တော့ နန္ဒကမှောက်လျှက်ပင်ရှိနေသည်။ ခန္ဒာကိုယ်က နည်းနည်း ရှိုက်သလိုဟုထင်လိုက်သဖြင့် အနားသို့သွားကပ်လိုက်ပြီး နန္ဒကို လှုပ်နိုးလိုက်သည်။
“နန္ဒ…နန္ဒ…ဘာဖြစ်တာလဲ”
နန္ဒမျက်နာမော့လာသည်။
“ဟင်…မင်းငိုနေတယ်”
နန္ဒမျက်ရည်များကို သုတ်လိုက်သည်။ ပြီးတော့ တစ်ဘက်သို့လှည့်သွားသည်။
“ဘာဖြစ်လို့လဲ ဘာတွေဖြစ်ခဲ့လို့လဲ မထိတ်သာမလန့်သာကွာ အဲဒီလိုကြီးငိုမနေနဲ့လေ.. မင်းခေါင်းတွေကိုက်နေအုံးမယ်”
ညီညီငယ် ထပြီးအခန်းထဲမှ ထွက်ကာ သောက်ရေသွားခပ်လိုက်ပါသည်။
“ရော့ရေသောက်အုံး ထ”
နန္ဒရေထသောက်လိုက်သည်။ ထိုနောက် ပြန်လှဲရန်ပြင်လိုက်တော့ညီညီငယ် နန္ဒပုခုံးကိုလှမ်းဆွဲလိုက်ပြီး မျက်နာချင်းဆိုင် ထိုင်လိုက်သည်။
“ပြော မင်းရင်ထဲဖြစ်သမျှတွေကိုပြော ဒီအတိုင်းကြီး မနေနဲ့”
“ငါ့ အဘွားလေ င့့ါအဘွားဆုံးသွားပြီးတဲ့”
ပြောရင်းက နန္ဒမျက်ရည်များထွက်ကျလာတော့သည်။ ညီညီငယ် တစ်ခါမှမလုပ်ဖူသော အလုပ်ကို စိတ်ပါလက်ပါလုပ်ပေးလိုက်မိသည်။ လက်ဖြင့်အသာအယာ နန္ဒ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။
“ညဦးပိုင်က ဖုန်းလာတာ အဲဒီအကြောင်းလား”
“အင်း”
“ဒီတော့မင်းလိုက်သွားမှာပေါ့”
“မနက်ကျရင် လာခေါ်မယ်တဲ့ လိုက်သွားရမယ်၊ ငါ့အဘွားကလေ ငါ့ကိုအရမ်းချစ်တာ”
“အော်..ဒီလိုပါပဲကွာ စိတ်တော့မကောင်းမဖြစ်ပါနဲ့ ငါလည်းမချော့တတ်တော့ ဘာပြောရမှန်းမသိဘူးပေါ့”
“ရပါတယ် ခုလိုအားပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ကွာ”
“ရပါတယ် အခန်းဖေါ်အချင်းချင်းပဲ မင်းအဘွားအတွက် အကောင်းဆုံးလုပ်ပေးရင် သူ၀မ်းသာနေမှာပါ”
“ငါအရမ်း၀မ်းနည်းတာပဲကွာ”
“မင်းအဲဒီလိုငိုမနေနဲ့ ဘ၀တပါးကိုကူးတဲ့အချိန်မှာ ကျန်ခဲ့သူကငိုရင်တဲ့ သွားတဲ့သူက ပူလောင်တယ်တဲ့ တရားစာပေးတွေမှာပြထားတယ်”
ညီညီငယ်စကား ဟုတ်လားမဟုတ်လာ နန္ဒမသိပါ။ သို့သော် အငိုတော့ရပ်သွားသည်။ မျက်ရည်များကို သုတ်ပစ်လိုက်သည်။ သို့သော်မျက်ရည်ကတော့ ထွက်နေဆဲ။
ညီညီငယ် ဘာရယ်မဟုတ်ပဲ နန္ဒကိုဖက်ကာ အားပေးရှာပါသည်။ နန္ဒကတော့ ညီညီငယ် ပုခုံးပေါ်တွင် ခေါင်းတင်ကာ အနည်းငယ်ရှိုက်နေမိသည်။
နာရီ၀က်ခန့်ကြာတော့ ညီညီငယ်ညောင်းလာသည်။ ထိုကြောင့်ထလိုက်သည်။
“ကဲအိပ်တော့နော် မနက်ကျရင် မင်းလည်းခရီးထွက်ရအုံးမှာ အိပ်ရေးပျက်လို့တော့ မဖြစ်ဘူးလေ၊ နေမကောင်းဖြစ်နေမယ်”
ညီညီငယ်ထလိုက်တော့ နန္ဒညီညီငယ်လက်ကို ဆွဲထားသည်။
“ဘယ်သွားမလို့လဲ”
“ဘယ်မှမသွားပါဘူး ငါ့နေရာမှာရှိမယ်လေ”
“ဒီည…..ဘယ်မှမသွားပဲ ငါ့အနားမှာနေပါလာ”
နန္ဒ၏အားငယ်သော မျက်၀န်းများကိုကြည့်ကာ ညီညီငယ်စိတ်မကောင်းဖြစ်သွားသည်။
“ငါငိုချင်တယ်ကွာ”
“အင်းပါ ငါဘယ်မှမသွားဘူးဟုတ်ပြီးလား မင်းငိုဘို့အတွက် ငါရင်ခွင်ကိုခဏငှားပါ့မယ်ကွာ”
“ဘယ်လို”
“ငါဆိုငိုချင်ရင်လေ မေမေရင်ခွင်ထဲကိုပြေးချင်တာ၊ ဒီလိုပဲ မင်းကိုဒီကျောင်းမှာတော့ ငါ့ကမင်းအတွက် ခဏရင်ခွင်ပေါ့ကွာ၊ ငါ့ကစကားပြောမကောင်းပါဘူး”
“ရပါတယ်ကွာ”
နန္ဒအိပ်ယာပေါ်လှဲချလိုက်သည်။
ညီညီငယ်စကားမှားသွားလေလား ဟုပင်အားနာသွားသည်။ ထိုနောက် ဘာမှမစဉ်းစားတော့ပဲ နန္ဒဘေးတွင် တစောင်းလှဲချလိုက်ပြီး ဖက်လိုက်သည်။ နန္ဒ၀မ်းနည်းစွာ ညီညီငယ်ရဲ့ရင်ခွင်ထဲတိုး၀င်ကာ ငိုရှိုက်နေမိတော့သည်။
ထိုနေ့ကလမသာခဲ့ပါ။
ရင်ခွင်တစ်ခုသည် ဖြူစင်စွာ ခဏဌားက ပေးနားစေခဲ့သည်။
ရင်ခွင်တစ်ခုကတော့ ၀မ်းနည်းစွာ ခဏတာ ခိုးနားခဲ့သည်။
ခဏတာ ခိုးနားခဲ့သည့်ရင်ခွင်သည် ဘ၀တစ်သက်စာ အမှတ်တရဖြစ်ခဲ့မယ်ဆိုခဲ့လျှင် နန္ဒထိုရင်ခွင်ကို ဌားခဲ့မည်မဟုတ်။
ရင်ခွင်တစ်ခုသည် ဖြူစင်စွာပေးခဲ့ပေမယ့် ရရှိခဲ့သည့် အရောင်တွေက ရစ်နှောင်းကာ ကြိုးတစ်ခုလို ပတ်နေခဲ့မယ်ဆိုရင် ညီညီငယ် ထိုရင်ခွင်ကို ပေးခဲ့မည်မဟုတ်ချေ။
ကံကြမ္မာဆိုတာမြင်ရသည်မှမဟုတ်တာ။
ရင်ခွင်ထဲတွင် တသိမ့်သိမ့်ငိုနေရှာသော နန္ဒအတွက် ညီညီငယ်စိတ်တော့မကောင်းဖြစ်ရပါသည်။ ထိုကြောင့်လည်း နှစ်သိမ့်ကာ နန္ဒကျောပြင်လေးကို ကလေးတစ်ယောက်အားချော့သိမ့်သလို ပွတ်သပ်ကာ ဖြေသိမ့်ပေးရှာသည်။
“ငါ့အဘွားကလေ ငါ့ကိုတအားချစ်တာ“
“အင်း“
“ခုလိုမှန်းသိရင် ကျောင်းကို မလာသေးပဲ ရွာမှာပဲ နေပါသေးတယ်၊ ခုတော့ကွာ“
“ကြိုတင်မှမသိနိုင်တာပဲကွာ“
နန္ဒပြောပြောဆိုဆို နှင့်ပို၍တိုး၀င်လာတော့သည်။ ငိုလိုက်သည်ဆိုသည်က နှက်တွေပါထွက်ကျလာသည်လာမသိ၊ ညီညီငယ် ရင်ခွင်တစ်ခုလုံး ဆိုရွှဲသွားတော့သည့် တိုင်အောင် နန္ဒမျက်ရည်များကျနေပါတော့သည်။
နန္ဒကို အရင်က မကျေနပ်တာတွေကို မေ့နိုင်ခဲ့သည်။ နန္ဒသူ့အပေါ်မကောင်းမမြင်တာတွေကိုလဲ မေ့နိုင်ခဲ့သည်။ ဒါကတော့ ညီညီငယ် ရဲ့တစ်ဘက်သားကို ကူညီတတ်သော စိတ်ရင်းအခံက ဖြစ်ပေါ်လာသည့် အကြောင်းတရာပဲမဟုတ်ပါလား။
ညီညီငယ်ဘ၀က အပယ်ခံဘ၀မဟုတ်သည့်တိုင်အောင် ထိုသို့သော် အခြေအနေသို့ရောက်နေရသည် ဟု ညီညီငယ်စိတ်တွင် ခံစားရသည်။ ထိုကြောင့်စာနာသနားတတ်လာသည်။ ထိုကြောင့်အားငယ်သူ အားနည်းသူတွေဘက်က ရပ်တည်တတ်လာခဲ့သည်။
မနက်မိုးလင်းခါးနီတွင်တော့ နန္ဒမောကာ အိပ်ပျော်သွားတော့သည်။ ညီညီငယ် နန္ဒမျက်ခေါင်းလေးကို ပွတ်သက်ကာ စာနာစိတ်ဖြင့် ဖေးမပေးနေတာပါ။ ထိုအတွက်ကြောင့် စိတ်တွင်ဖြူစင်စွာ ဘာမှပူလောင် မနေပဲ အေးမြနေသည်။
တစ်ခါတရံတွင်ကျွနုပ်တို့၏လောကကြီးသည် လူတစ်ယောက်ကိုပြောင်းလဲစေသည့် အကြောင်းရာများသည် ဘေးပတ်၀န်ကျင်က ထိရောက်စွာသင်ခန်းစာများပေးဆောင်ရင် ဘ၀တစ်ချို့များကို ပြောင်းလဲသွားစေခဲ့သည်မဟုတ်လား။
မနက်ပိုင်းတွင်တော့ အခန်းတံခါးကိုလာခေါက်သော ဆရာမျိုးမင်းလာနိုးသော အခိျန်တွင်တော့ ညီညီငယ် အိပ်မောကျနေသည်။ နန္ဒကထပြီးတံခါးဖွင့်ပေးသည်။ နန္ဒ ညီညီငယ်ကို မနိူးစေတော့ပဲ တိတ်တဆိတ် အခန်းထဲမှ ထွက်လာခဲ့တော့သည်။ စာတစ်စောင်ကိုရေးလိုက်သည်။
( သူငယ်ချင်းညီငယ် အစစရာ အတွက်ကျေးဇူးတင်ပါတယ်ကွာ၊ ငါနောက်သုံးရက်နေရင်ပြန်လာခဲ့မယ်၊ အရင်တုန်းက ပြုမူခဲ့တဲ့ ငါ့အပြောဆိုတွေနဲ့အတူ အမူယာပြုမူတွေတွက် တောင်ပန်ပါတယ်ကွာနော် ၊ ငါ့ကိုခွင့်လွှတ်ပါလို့နော်၊ မင်းငါ့ကို ခွင့်လွှတ်တယ်ဆိုခဲ့ရင် သူငယ်ချင်းအဖြစ် အသိမှတ်ပြုခဲ့တယ် ဆိုရင်ပေါ့လေ မင်းငါ့ကိုကျောင်းရှေ့မှာလာကြိုပါနော်၊ အကယ်၍ပေါ့နော် မင်းမခွင့်လွှတ်နိူင်ဘူးဆိုခဲ့သည်ပဲ ဖြစ်ဖြစ်၊ မင်းငါ့ကိုသူငယ်ချင်းအဖြစ် မသတ်မှတ်နိုင်ဘူးဆိုခဲ့ရင်ပဲ ဖြစ်ဖြစ်ပေါ့လေ၊ ငါပြန်လာရင်တော့ ကျောင်းရှေ့ကိုလာမကြိုပါနဲ့ ၊ ကျေးဇူးတင်ပါတယ် သူငယ်ချင်း နန္ဒ )
နန္ဒစာလေးကို သေချာခေါက်ပြီး စားပွဲပေါ်တင်ပေးခဲ့ပါသည်။ ထိုနောက်ညီညီငယ်ကိုတစ်ချက်ကြည့်ပြီး နောက်မှ ထွက်လာခဲ့တော့သည်။ တစ်ညလုံးသူ့အား အဘွားကဲ့သို့ ပြုစုပေးခဲ့သော ညီညီငယ်ကို သူတစ်ကယ်ပင် ကျေးဇူးအထူးတင်မိပါသည်။ အခန်းအိုက်နေမည် ဆိုး၍လေ၀င်လေထွက်ကောင်းရန် နန္ဒပြတင်းတံခါးကိုဖွင့်ပေးထားခဲ့သည်။
“မင်းတညလုံးမအိပ်ဘူးလား“
“အိပ်ပါတယ်ဆရာ“
“အင်းဆရာလည်းမင်းနဲ့ထပ်တူ၀မ်းနည်းပါတယ်ကွာ ဒါနဲ့ခရီးကော ထွက်လို့ဖြစ်ပါ့မလာ မျက်လုံးတွေလည်း နီရဲနေတာပဲ တညလုံးငိုထားတာလား“
“ရပါတယ်ဆရာ ညီညီငယ်လည်း ကျနော်ကို တညလုံးဂရုစိုက်ပေးနေတာပါ ဒါကြောင့်လည်း ကျနော်အိပ်ပျော်သွားတာ၊ ခုတောင် သူအိပ်နေတာကို မနိုးပဲထားခဲ့တာ၊ သူလည်း တညလုံးကျနော်ကြောင့်မအိပ်ရဘူးလေ“
“ဟုတ်လား အင်းဒီကလေးကစိတ်ရင်းကောင်းတယ် တစ်ဘက်သားကိုလည်း ကူညီတတ်တာ ဆရာသိတာပေါ့ တော်သေးတာပေါ့ကွယ် ညီညီငယ်ရှိနေလို့“
“ဟုတ်တယ်ဆရာ၊ ကျနော်ညီမလေးကိုသွားခေါ်လိုက်အုံးမယ်“
“မခေါ်တော့နဲ့ကွဲ့ မင်းညီမက ကျောင်းရုံးခန်းမှာစောင့်နေတယ် မင်းညီမလေးကို ဂရုစိုက်သွားအုံး သူလည်း တညလုံးငိုထားတာ မအိပ်ဘူးလာမသိဘူး မနက်စောကြီး ရုံးခန်းရှေ့ရောက်နေတယ်“
နန္ဒသည် ဆရာ စကားကြောင့် ခပ်မြန်မြန်ထွက်ခဲ့လိုက်တော့သည်။
ညီညီငယ် အိပ်ယာကနိူးတော့ နေတောင် အတော်မြင့်နေပြီး ဖြစ်သည်။ ဘေးကိုကြည့်လိုက်တော့ နန္ဒမရှိတော့။ သူထွက်သွားပြီး ဟုအသိ၀င်လာတော့သည်။
“အင်း..ဒီကောင်လည်း အဆင်ပြေမှပြေရဲ့လာမသိဘူး၊ ငါကလည်း မနက်လင်းခါးနီးမှ အိပ်သွားတာ ထသွားတာတောင်မသိလိုက်ဘူး“
တစ်ယောက်တည်းစကားတွေ ပြောနေရင်းက နောက်ကျနေသဖြင့် ရေချိုးခန်းသို့ပြေးရသည်။ ရေချိုးခန်းဘက်ရောက်တော့ လက်သံပြောင်သော အဆောင်မှူးနဲ့တွေ့သဖြင့် ဆူခံရမည်ကို စိုးထိတ်သွားသည်။ နောက်ကျနေသည် မဟုတ်လား။ နောက်ကျလျှင် မည်သို့မှမေးမြန်းခြင်း မရှိပဲ အပြစ်ပေးတတ်သော အဆောင်မူးကို လည်းကျောင်းသားတိုင် ချစ်ကြောက်ရိုသေးကြသည်။ ဒီတစ်ခါတော့ မလွတ်တော့ဘူး ထင်သည်။
“အော်နိူးလာပြီးလား“
“ဟုတ်..ဆရာ ကျနော်နောက်ကျသွားတယ်“
“အေးပါကွာ ဆရာမျိုးမင်းလာပြောထားလို့ သိပြီးသားပါ၊ ကဲကဲ သွားချိုးတော့ နေ့လည်တော့ ကျောင်းခန်းထဲသွားအုံး၊ နှစ်ရက်ပဲ ရှိသေးတာ သင်ခန်းစာတွေစတာက စစခြင်းပျက်တာတော့ မကောင်းဘူးမဟုတ်လား“
“ဟုတ်ကဲ့ဆရာ“
“ကဲကဲ သွားသွား“
ညီညီငယ် ရေကိုအမြန်ချိုးပြီး ဗိုက်ကိုဖြည့်ရန်ှ ထမင်းစားခန်းဘက်သို့ထွက်လာခဲ့တော့သည်။ ကျောင်းက နေ့၀က်ပင် ပြီးသွားခဲ့လေပြီး။ ကျောင်းထမင်းစားခန်းသို့ ညီညီငယ်၀င်လိုက်သည်နှင့် ထမင်းစားခန်းမှ ဆူညံနေသော အသံများက ရုတ်တရက်တိတ်ဆိတ်သွားတော့သည်။ ညီညီငယ် ပင်ကြောင်ကာသွားသည်။
မိမိကိုယ်ကို ၀ိုင်းကြည့်နေကြသော အားလုံးသော မျက်လုံးများကို ညီညီငယ်ကြောင်ကာ ပြန်ကြည့်နေမိသည်။ မျက်လုံးပေါင်းစုံကြီးကြီးသေးသေးများ၊ ထိုအကြည့်များကိုတော့ ညီညီငယ် သိပ်မကြိုက်ချင်၊ ဘာကြောင့်ပါလိမ့် ဆိုသည့်အကြောင်းရာကို ခေါင်းရှုပ်ခံအောင်တော့ ညီညီငယ် စိတ်မ၀င်စားတော့၊ ထိုကြောင့် စားစရာရှိသည့် စားပွဲသို့ထွက်လာကာ ထည့်စရာရှိတာထည့်ပြီး အမြဲတမ်းတစ်ယောက်တည်း စားနေကြ ခုံတွင်သွားထိုင်စားလိုက်သည်။
ကျေးဇူးတင်ရမည်က ဒီကျောင်းတွင် ကျောင်းသူတွေထက် ကျောင်းသားဦးရေနည်းသည်ကိုပင်၊ ထိုကြောင့်လည်း ထိုင်ခုံအတော်များလွတ်နေသည်က ညီညီငယ်အတွက် အကောင်းဆုံးပင်ဖြစ်ခဲ့သည်။
ထမင်းစားခန်းသည် တစ်ခြားရက်များနှင့်မတူပဲ အသံအနည်းငယ်တိတ်ဆိတ်နေသည်ဟု စိတ်ထဲတွင်ထင်မိ်သေးသည်။
ထမင်းစားပြီးနောက်မှ ကျောင်းခန်းဘက်သို့ လှမ်းလာခဲ့တော့သည်။
ဒီနေ့ဘာဖြစ်နေသည်မသိ၊ လူအတော်များသည် သူ့အား အားလုံးနီးပါ ကြည့်သော အကြည့်များကို မကြိုက်ချင်၊ အရင်ရက်တွေကတော့ ဒီလိုသိသိသာသာ ကြီးလည်း မဖြစ်ကြပဲ တစ်ခုခုတော့ ထူးခြားစွာ ဖြစ်နေသည်ဟု စိတ်ထဲထင်မှတ်မိသည်။
ကျောင်းသူတစ်ချို့က ကွက်ကြည့်ကွက်ကြည့်လုပ်သွားသည်။ တစ်ချို့ကတော့ မေးမော့ပြသည့် အမူယာကိုတစ်ယောက်နှင့်တစ်ယောက်လုပ်ပြနေသည်။ နားမလည်နိုင်လောက်အောင် ဖြစ်ရပါသည်။
ညီညီငယ် အတန်းရှိသည့် လမ်းဘက်သို့ချိုး၀င်လာခဲ့တော့သည်။
“အေးပေါ့ဟယ် အခွင့်ကောင်းယူတာနေမှာပေါ့၊ ဖြစ်တတ်ပါတယ် ဒါမျိုးတွေက၊ သူ့အတွက်တော့ ဘာမှမထူးရှားပေမယ့် နန္ဒကတော့ နစ်နာတာပေါ့၊ တွေးရင်နဲ့တောင် ရွံလာတယ်၊ တစ်ကယ်၊ ရုပ်ကလေးနဲ့မှ မလိုက်”
“ဒါမျိုးဆိုတာ ရုပ်နဲ့လုပ်စားကြတာလေ”
တစ်မနက်ခင်းလုံး ဒီအကြောင်းပဲ ပြောနေကြသည့် အခန်းကကောင်မလေးများသည် စာထက်တစ်ပါးသူ အကြောင်းပင် စိတ်၀င်စားနေလာ မသိ၊ ဒီအချိန်ထိ ညီညီငယ်ကလဲ ပေါ်မလာသေးတော့ သိချင်သည့် အကြောင်းရာများက ပိုလို့တိုးလာသည်။ အစကတော့ နှစ်သိမ့်သည်။ နောက်ထက်က အားပေးသည်။ နောက်ထက်က တူတူအိပ်ကြသည်။ နောက်ထက်က ဖက်ငိုကြသည်။ ဘာတွေလည်းမသိတော့ တော်တော်ကို သတင်းများက ပိုရှုပ်လာသည်။ ခုလဲကြည့်ပြောဆိုေ၀ဖန်နေကြသည်မှာ ညီညီငယ်ကို ရစရာမရှိတော့ချေ။ နှင်းဆီ သည်းမခံနိုင်တော့၊ အောင့်အီသည်းခံနေရသည်ကလည်း ပိုဆိုးလာတော့သည်။
၀ုန်း…
“ဟဲ့ ဟဲ့ နှင်းဆီ”
တွယ်တာ ဆွဲချိန်ပင်မရလိုက်တော့၊ နှင်းဆီ၏လျင်မြန်ဖျတ်လတ်စွာ ထသွားပြီး၊ ပြောဆိုနေကြသော ပန်းအိနှင့် ၀တ်မှုန် အနားသို့ ရောက်ရှိသွားတော့သည်။ အခန်းတစ်ခုလုံးရှိ ကျောင်းသား၊သူများက ၀ိုင်ကြည့်ကုန်ကြသည်။
“နင်တို့တော်တော် အားနေကြတယ်ပေါ့လေ”
“ဘာတုံး ဘလိုင်းကြီး”
“ဆွဲပိတ်တီးလိုက်ရ ဘလိုင်းကြီးဖြစ်တော့မယ်၊
နင်တို့ပြောဆိုနေတာတွေ တစ်မနက်ခင်းလုံးပဲ ခုလည်း နေ့လည်ရောက်လာသည့်တိုင်အောင် နင်တို့ပြောဆိုနေကြတာ သပုတ်လေလွင့်နေကြတာကောင်းလား”
“ငါတို့ဟာ ငါတို့ဘယ်သူအကြောင်းပြောပြောနင့် အပူပါလို့လာ၊ နင်နဲ့ဘာဆိုင်လို့လဲ”
“ဆိုင်လို့နေမှာပေါ့ဟယ် သူလဲဘာထူးလဲ ဒီပုတ်ထဲက ဒီပဲ ပဲဖြစ်မှာပေါ့”
“ဘာ…”
နှင်းဆီဒေါသများ ထွက်ကာ အသားများပင်တုန်လာတော့သည်။ လက်ကိုမြှောက်ပြီး ရွယ်လိုက်ချိန်မှာတော့ နောက်မှစိုးရီမ်ပြီးလိုက်လာသော တွယ်တာဆွဲထားသောကြောင့်မရိုက်လိုက်ရချေ။
“နှင်းဆီ လွန်မယ် သူငယ်ချင်း စိတ်လျှော့နော်”
“အမလေး လုပ်စမ်းပါစေ၊ လုပ်ကြည့်စမ်းပါ ဘာဖြစ်သွားမလဲလို့”
“သောက်ကောင်မတွေ ပါးစပ်ပိတ်ထား နှင်းဆီမလုပ်လဲ ငါထလုပ်လိုက်ရ နာတော့မယ်၊ ယောကျ်ားလေးတောင် ကိုင်ပေါက်လာတာ နင်တို့လောက်ကတော့ သနားတယ်၊ နင်တို့ကို လုပ်ရလို့ ကျောင်းထွက်သွားရုံကလွဲပြီး ဘာမှမဖြစ်ဘူး သေနာမတွေ”
ပန်းအိ နှင့် ၀တ်မှုန် သည်တွယ်တာစကားကြောင့် ငြိမ်၀ပ်သွားတော့သည်။
.......................TBC......................