က်နော်၏ ကိုယ္ပိုင် စာမ်က်နွာလေးမျွကိုဆိုပါတယ္ခင္ဗ်ာ။လာရောက္လည် ပတ်သူမ်ား ကေ်းဇူးတင္ပါတယ္ခင္ဗ်ာ။ ရွင္လြမ်းခ်မ်ျးေမ့ပါစေ။
Friday, January 19, 2018
ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း (၂)
“သူဟာသူ ဟိုတုန်းက ဘာပဲဖြစ်ဖြစ် ခုသူနေတာက ဘယ်သူကိုမှထိခိုက်နေတာမဟုတ်ပဲနဲ့ နင်ကဆရာကြီး ၀င်လုပ်နေရအောင် နင်ကရောဘာကောင်မို့လို့လဲ”
နှင်းဆီသည် လွန်စွာလှပသော ကောင်မလေးဖြစ်ပြီး ညီညီငယ်လိုပင် စာတော်ခဲ့သူတစ်ယောက်ဖြစ်ပါသည်။ သူမသည်လည်း အဆင့် ၂ ကို ညီညီငယ်ထက် ၂မှတ်လျော့ပြီး အဆင့်တစ်ကို ပေးခဲ့ရသူဖြစ်ပါသည်။ သူမသည်ကျောင်းတွင် ရေပန်းစားကာ နန္ဒတို့ ကြိတ်ခိုက်ခဲ့သော ကောင်မလေးပင်ဖြစ်ပါသည်။
“နင်နဲ့ဘာဆိုင်လို့ဝင်ပြောတာလဲ”
“ငါနဲ့တော့ မဆိုင်ဘူး ဒါပေမယ့် မတရားတာကို လက်ပိုက်ပြီးကြည့်နေမည့် သူထဲမှာငါမပါဘူး”
သူနဲ့ငါကတစ်ခန်းထဲနေတာ အဲဒီလိုအပြုမုမျိုးရှိထားတဲ့သူနဲ့ နေရတာ ငါအောက်တယ်”
“အောက်ရင်သေလိုက်ပေါ့ သူနဲ့တစ်ခန်းထဲနေရလို့ နင်က ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီး နင်ကပြောရအောင် နင်ကိုသူက ညညဘာလုပ်နေလို့လည်း”
“ဘာ..”
“ဟုတ်တယ်လေ နင်ပြောကြည့်စမ်း သူညည နင့်ကိုဘာလုပ်နေလို့လဲ ကဲပြော”
“နင်ကရောဘာလို့ ငြိမ်ခံနေရတာလဲ ပြန်ထိုးလိုက်ပါလား နင့်ကိုအခြောက်လို့ပြောနေတာကို”
“ငါ….ငါ…ရန်မဖြစ်ချင်လို့…
“သေလိုက်….”
နှင်းဆီဒေါကန်စွာအော်လိုက်သည့် အသံသည်လိုတာထက် အနည်းကျယ်လောင်သွားသည်။
“အဟက်..”
“နင်ကဘာရယ်တာလဲ”
နှင်းဆီ နန္ဒကို ဆောင့်ကြီးအောင့်ကြီးပြောလိုက်သည်။
“ဘာဖြစ်လဲ ငါ့ဟာငါရယ်တာ နင်ကဘာဆိုင်လို့လည်း”
“အေး..နင်ကမှအခြောက်စစ်စစ်ပဲ သိလား နင်ခုလိုမျိုးလာပြောနေတာကိုးက မိန်မတွေရန်ဖြစ်သလို လုပ်နေတာလေ”
“ဘာ..ငါမိန်းခလေးရယ် ဘာရယ်နားမလည်ဘူးနော် ဆွဲထိုးမှာ င့ါကိုအခြောက်လို့လာပြောတာ မုန်းတာမရှိဘူး”
“နင်လုပ်တိုင် ခံနေမယ့်သူများမှတ်နေလား သတ္တိရှိရင်လုပ်ကြည့်လေ”
“နင်…”
နန္ဒ ရှေ့သို့တစ်လှမ်းအတိုးပဲရှိသေးသည်။ နှင်းဆီက ဒေါက်ချွန်ကို ဘယ်အချိန်ထဲက ကိုင်ထားသည်မသိ၊ လှမ်းရွယ်လိုက်သည်။ ညီညီငယ်မနေသာတော့ ရုတ်တရက်ထရပ်ပြီးကြုံးအော်လိုက်တော့သည်။
“တော်ကြတော့”
“နင်အသာနေစမ်း” “မင်းနေသာသလိုနေ”
နှင်းဆီနှင့် နန္ဒ သံပြိုင်အော်ကာ ညီညီငယ်ကို အော်ပစ်လိုက်သည်။ အောင်အောင်သည်လည်း မနေသာတော့ပဲ နန္ဒကိုလာဆွဲသည်။ နောက်ဆုံးတော့ ကျောင်းသား၊သူများ ၀င်ဆွဲကြသဖြင့် နှင်းဆီနှင့် နန္ဒကတော့ ဘာမှမဖြစ်ခဲ့ပါ။ သူတို့သုံးယောက်ကတော့ ရုံးခန်းရောက်ခဲ့ကြတော့သည်။
နောက်ဆုံးရလဒ်ကတော့ ညီညီငယ် ကျောင်းတွင် အခြောက်ဟုရေပန်းစားသွားတော့သည်။
နန္ဒ၊နှင်းဆီ နှင့် ညီညီငယ်တို့ကတော့ ကျောင်းတွင်ရှိအမှိုက်များလိုက်ကောက်ခြင်း ပစ်ဒါဏ်ကိုခံခဲ့ရတော့သည်။
ဆရာမကြီး ဒေါ်ဖြူဖြူဝင်း၏ ဆုံးမစကားတွင် ၁ နာရီလောက်ခံခဲ့ရသည်။ နောက်ဆုံးအကြိမ်ခွင့်လွှတ်မည် ဟုပြောကာ နောက်တစ်ကြိမ်ဖြင့်ခဲ့လျှင် မိဘများခေါ်မည်ဖြစ်ကြောင်းလဲ ပြင်းပြင်းထန်ထန် သတိပေးလိုက်တော့သည်။
သုံးယောက်သား အမှိုက်ကောက်ရသည့် ဒါဏ်ကိုခံရပြီးနောက် သူနှင့်နှင်းဆီကတော့ ရင်းနှီးသော မိတ်ဆွေများ ဖြင့်သွားခဲ့တော့သည်။ နှင်းဆီ နှင့်ပါက်သက်ပြီး ကျောင်းတွင် ရုပ်ဆိုးသော ကောင်မလေး တွယ်တာနှင့်ပါ ခင်ခွင့်ရခဲ့သည်။ သူမကတော့ ပညာအရာမှာတော်ပါသည်။ ရုပ်ကတော့ဆိုးသည်။ သူမသည် စိတ်ထားကတော့ လှပသည်။
သူတို့သုံးယောက်သည် အမြဲတမ်း ကျောင်းဝန်းကြီးထဲတွင် ပေါက်နေသော မကျဉ်းပင် အောက်တွင်ထိုင်ကာ စကားပြောစာကျက်ကြခြင်းဖြင့် ရင်းနှီးမှု့ ပိုများလာတော့သည်။
“ညီညီငယ်”
“အင်း.. ပြော”
“နင်တကယ်ပဲ ဟိုကျောင်းတုံးက တစ်ယောက်ကိုနမ်းခဲ့တာလာ”
“ဟာ…နင်ကဘာလို့လာမေးတာလဲ တွယ်တာ”
သူတို့နှစ်ယောက်ပြောနေသည်ကို နှင်းဆီကြည့်နေပါသည်။
“အော်ဘာရယ်မဟုတ်ပါဘူး သိချင်လို့ပါဟ”
“မဟုတ်ပါဘူး လုပ်ကြံခံရတာ”
“ဟဲ့ နင့်စကားကြီးကလဲ ဘာတုံး”
“ငါပြောရင်ဘယ်သူကမှယုံတာမဟုတ်တာ”
“အိုမဟုတ်တာ ငါတို့ကသူငယ်ချင်းတွေလေ မယုံပဲရှိပါ့မလား”
“နင်တို့မပြောနဲ့ ငါ့မိဘတွေတောင်မယုံတာ ဘယ်သူကယုံကြမှာလဲ”
နှင်းဆီ ညီညီငယ်ကို ဂရုသက်စွာကြည့်လိုက်ပြီး။
“ညီညီငယ် နင်စာတွေဖတ်လား”
“ဖတ်တာပေါ့ ငါစာတွေပဲဖတ်တာ ကျက်တာ ငါ့ဘ၀မှာ နင်တို့နဲ့မတွေ့ခင်ကတော့ စာတွေက ငါ့သူငယ်ချင်း၊ အရင်းနှီးဆုံးမိတ်ဆွေတွေပဲ၊ ငါချစ်ခဲ့တာလဲ စာတွေပဲ”
“ငါပြောတာ အပြင်စာတွေပြောတာ ပညာပေးစာတွေ၊ ဆေးစာတွေ၊ ဗဟုသုတစာတွေ၊ ရှင်းရှင်းပြောရရင် ၀တ္တုတွေ၊ ဆောင်းပါးတွေ”
“အော်…”
“ဖတ်ဖြစ်လား”
“ဟင့်အင်း ကျောင်းစာတွေပဲဖတ်တယ်”
“နင်တို့ငါတို့ဆိုတာလေ မီကောင်ပေါက်အရွယ်တွေတဲ့”
နှင်းဆီက ဆရာမကြီး ဂိုက်ဖမ်းကာ သူတို့ နှစ်ယောက်ကိုရှင်းပြနေသည်။ သူတို့နှစ်ယောက်ကလည်း မျက်လုံးလေး ကလယ်ကလယ်ဖြင့် နားထောင်နေကြပါသည်။
“မီကောင်က ဘယ်လိုပေါက်တာလဲ”
တွယ်တာ၏ မေးခွန်းကြောင့် နှင်းဆီပင်ကြောင်ကာ သွားသည်။
“မီကောက်ပေါက်ဆိုတာက ပေါက်ချင်လို့ပေါက်တာတဲ့”
“သေနာ ညီငယ် နင်ပဲပေါက် စကားအကောင်းကို မပြောရဘူး”
“အဟီး ပြောပါပြောပါ ဆော်ဒီး”
နှင်းဆီ သူတို့နှစ်ယောက်ကို မျက်စောင်းထိုးလိုက်သည်။
“ဒီလိုအချိန်ဆို စိတ်ကစားတတ်ကြတယ်၊ ထူးဆန်းတာတွေလုပ်ချင်လာကြတယ်၊ သစ်ရွက်ကြွေတာကစ ရယ်ချင်တတ်ကြတယ်၊ ဘာမဟုတ်တာလေးကိုက မြင်မြင်သမျှကို စူးစမ်းချင်လာကြတယ်၊ လူပျိုဖေါ် အပျိုဖေါ်ဝင်တဲ့အချိန်ပေါ့ဟယ်”
“အော်….”
“ဒီလိုအချိန်ကြရင် မိဘတွေကစိုးရိမ်လာကြတယ်၊ လမ်းမှားရောက်မှာကိုလည်းကြောက်ကြတယ်၊ ကလေးတွေလို့သတ်မှတ်ထားတဲ့ ငါတို့တွေကိုပေါ့ သိပ်ပြီးနေရာမပေးချင်ကြဘူး၊ အကဲတက်သွားမှာစိုးလို့လည်း ပါတယ်”
ညီညီငယ် နှင့် တွယ်တာကတော့ နှင်းဆီကို အားကျသလိုကြည့်နေကြသည်။ သူတို့မသိသော် အရာများကို နှင်းဆီသိနေသည်မဟုတ်လား။
“အဲဒါကြောင့် နင့်မိဘတွေက နင်ကိုစိုးရိမ်လို့ ဂရုစိုက်ရင်း ဒီလိုဖြစ်သွားတာနေမှာပါ”
“နင်သိပ်တော်တယ်”
“အေးဟုတ်တယ် နင်ကစာတင်မကဘူး
ဗဟုသုတတွေလည်းရှိတယ်”
“အဟင်း…အဲ့ဒါငါ့ဖေဖေ ရဲ့ကျေးဇူးတွေလေ…ငါ့ဖေဖေက ငါအလယ်တန်းမှာ ငါ့ကိုဗဟုသုတ စာတွေဖတ်ဘို့တိုက်တွန်းတယ်၊ ကျောင်းပိတ်ရက်ဆိုရင် ငါကငါ့ဖေဖေ နဲ့ အတူ စာကြည့်ခန်းထဲမှာ တစ်နေကုန်ထိုင်နေတော့ပဲ”
ညီညီငယ်ကအားကျသလိုကြည့်သည်။ တွယ်တာကတော့ ၀မ်းနည်းစွာကြည့်သည်။
“နင်ကံကောင်းလိုက်တာဟယ် ငါ့မှာတော့ အဖေဆိုတာဘယ်သူမှန်မသိခဲ့ရဘူး”
“အို…တွယ်တာကလည်း”
နှင်းဆီက တွယ်တာကိုဖက်ပြီး နှစ်သိမ့်ရှာသည်။ ညီညီငယ်ကတော့ ရင်ထဲကနေပြီးပြောလိုက်သည်။ (နင်တို့နှစ်ယောက်လုံးက ငါ့ထက်ပိုကံကောင်းကြပါတယ်)
နှင်းဆီ သည်ညီညီငယ် ကျောင်း၏ဧည့်တွေ့ခန်းမှ ပြန်လာသည်ကို ကြည့်နေပါသည်။ ညီညီငယ် မျက်နာမကောင်းစွာ ပြန်လာသည်ကို ကြည့်ရင်းမှ သိနေသည်။
“နင်ဘာဖြစ်လာတာလဲ ညီငယ်”
နှင်းဆီ အနားသို့ ညီညီငယ်ရောက်လာသည်ကိုပင် သတိမထားမိ၊ နှင်းဆီအသံကြားမှ အသိဝင်လာသည်။
“ဖေဖေ တို့ မေမေတို့ လာလို့သွားတွေ့တာ”
“ဟဲ့အဲဒါ ပျော်ရမှာပေါ့”
မေးသူရှိမှပိုဝမ်းနည်းလာသည်။ ငိုချင်နေသည့် ကလေးအား လက်တို့သလို ဖြစ်နေတော့သည်။
“ဟိုရက်က ရုံးခန်းရောက်သွားတာကို သိလို့ဆူသွားတာ”
မျက်ရည်ဝိုင်းများ ဖြင့်ပြန်ဖြေသော ညီညီငယ်ကို ကြည့်ကာ နှင်းဆီစိတ်ပျက်စွာ ကျွတ်သက်လိုက်မိသည်။
“အဲဒါနင်ရှင်းပြရမှာပေါ့”
“ငါပြောတာကို လက်မခံကြဘူးဟာ သူတို့ ကငါကိုပဲ ဆူသွားတယ်”
“နေပါအုံး နင်မိဘတွေက ဘယ်လိုသိသွားတာလဲ ဆရာမကပြောလိုက်လို့လား”
“မသိတော့ပါဘူးဟာ”
သူတို့နှစ်ယောက်ရပ်စကားပြောနေချိန်တွင် ကိုကိုလေးရောက်လာပါသည်။
“မင်းက နှင်းဆီနဲ့သိနေတာလား”
“ဟုတ် ကျနော်သူငယ်ချင်းပါ”
နှင်းဆီကို ကိုကိုလေး တစ်ချက်ပြုံးပြလိုက်ပြီး၊။
“ကျနော်နာမည် ကိုကိုလေးပါ”
“ကျမသိပါတယ်”
နှင်းဆီသည် နုတ်မှ ကျမဟုပြောသော စကားသည် ပထမဦးဆုံးကြားရသည့် မိမိကိုယ်ကို သုံးနှုန်းက တစ်စိမ်းယောက်ျား ရွယ်တူကိုပြောလိုက်သည့် စကားဖြင့်ပါသည်။
ကိုကိုလေး ဘာပြောရမှန်းမသိတော့ပဲ အီလည်လည် ဖြစ်သွားတော့သည်။
“ဒါဆိုငါသွားတော့မယ် ညီညီငယ်၊ နှင်းဆီ ကျနော်သွားအုံးမယ်”
“ကောင်းပါပြီး”
ကိုကိုလေး ထွက်သွားတော့ပြီး အနည်းငယ် အလှမ်းဝေးတော့မှ။
“နင်အကိုဆိုတာ သူလား”
“အင်းလေ နင်မသိဘူးလား”
“မသိပါဘူး နင့်အကိုဆိုတာ သူဖြစ်နေတာကိုး”
“နင်က ငါ့အကိုနဲ့ခင်လို့လား”
“ဟယ်…မသိပါဘူး”
“နင်ပြောတော့ ငါအကိုနဲ့ခုဏကပြောတာ သိတယ်ဆို”
“နင်အကိုဆိုတာကို ခုမှသိတာ အဲဒီလူနဲ့သိတာ ဟာမပြောချင်ဘူး”
“ဟင်…ဘာကြီးလဲဟ..နင်ကဘယ်လိုသိတာတုံး”
“ခပ်ပါးပါးလေးပါဟယ် သိပ်မသိချင်နဲ့”
“နင်ကသူကျတော့ ကျမလို့နာမ်စားသုံးပြီးပြောတယ်နော်”
“အေး မရင်းနှီးချင်လို့တမင်သုံးလိုက်တာ”
“အော်…ဒီလိုလား”
ညီညီငယ်ကတော့ နှင်းဆီ ၏ခပ်ပါးပါး ကို သိပ်မတွေးတော့ သူလည်းခပ်ပါးပါး ခေါင်းရှုပ်သွားပါတော့သည်။
နန္ဒ ခုတလော ငြိမ်နေသည်။ အဘယ့်ကြောင့်ဆိုသော် နန္ဒစိတ်တွင် မိမိအား စိတ်ဆိုးကာ ပြောသွားသော နှင်းဆီဆိုသည့်ကောင်မလေးကို စွဲလမ်းနေမိသည်။
မျက်စိမှိတ်တိုင်း နှင်းဆီ၏ ဒေါသဖူးဖူး နုတ်ခမ်းလေးကို သတိရနေမိသည်။ သူ နှင်းဆီကို ချစ်နေမိပြီးလား ..
“ဟေ့ကောင်နန္ဒ ဘာဖြစ်နေတာလဲ မင်းမျက်လုံးက အဲဒီ့ အခြောက်ကောင် ဆီပဲရောက်ရောက်နေတယ်”
အောင်အောင်ပြောလည်းပြောချင်စရာ၊ နှင်းဆီနှင့် ညီညီငယ်က ခုန်တွဲကာ ထိုင်ရသည်။ သူတို့ကျောင်းက စိတ်ကြိုက်ထိုင်ချင်သည့်နေရာကို ထိုင်နိုင်သည့် အတွက် ထိုအခွင့်အရေးသည် ညီညီငယ်ရနေပါသည်။
“ထွီး…ဘယ်ကလာ နှင်းဆီကို ရှိုးနေတာကွ”
“ဟဟဟဟ ငါသိပါတယ် တမင်ပြောလိုက်တာ ဘယ်လိုလဲ မင်း သူ့ကိုကြိုက်နေပြီးလား"
“အေး..”
“ဒါဆိုလိုက်ကွာ”
“ဟိုအခြောက်က ကိုးလို့ကန့်လပ်နဲ့ကွာ နေရာတကာပါနေတယ်”
“ဟ ဘာဖြစ်လည်းရှင်းပေါ့ကွ”
“ဘယ်လိုလုပ်ရမှန်းမသိပါဘူးကွာ”
“မင်းကလည်း ညံ့ပါ့”
“မသိတော့ဘူးကွာ”
နန္ဒစိတ်ပျက်စွာ ညင်းတွားမိတော့သည်။
“နှင်းဆီ နှင်းဆီ”
နှင်းဆီ ကျောင်းဧည့်ခန်းတွင် ဖေဖေ၊မေမေတို့ နှင့်တွေ့ပြီး ပြန်လာတာဖြစ်ပါသည်။ နောက်မှ တစ်ဖက်ဖက်နှင့်ပြေးလိုက်သည့် နန္ဒခေါ်သံကိုလည်းကြားပါသည်။ နန္ဒကိုလည်း သူ့မိဘများနှင့် ဧည့်ခန်းမှာတွေ့ခဲ့ပါသည်။
“ဘာတုံး ဘာဖြစ်လို့နောက်ကလိုက်နေတာလဲ”
“ဟာနှင်းဆီကလည်း စိတ်ဆိုးနေတုံးလား”
“အလိုတော် ငါကဘာကိုစိတ်ဆိုးနေရမှာလဲ”
“ဟိုတစ်ခါ ညီညီငယ်နဲ့ပါက်သက်ပြီး ဖြစ်ထားတာကိုပြောတာပါ”
“အို…ဘာမှမဆိုင်တာ စိတ်ဆိုးစရာဘာမှမရှိဘူး”
“တကယ်…၀မ်းသာလိုက်တာဟာ နင်ကစိတ်ဆိုးနေတာမှတ်ပြီး ငါကမခေါ်ရဲလို့”
နှင်းဆီမျက်စောင်းခဲက နန္ဒကိုကြည့်လိုက်သည်။
“ကဲဘာတုံး ဘာပြောမလို့လဲ”
“နင်ကိုလေ နင်ကို..ငါ..ငါ..ဟိုဟာ…”
“တော် ဆက်မပြောနဲ့ နင်ပြောမှာကိုငါသိတယ်၊ အေးတခါတည်း ပြောလိုက်မယ် နင်ကိုတော့ ငါခင်ပါတယ် ရှေ့ဆက်ဘို့တော့ မကြိုးစားနဲ့”
“ဟာ..ဘာဖြစ်လို့လည်းဟာ…ငါကတစ်ကယ် ချစ်လို့ပါ”
“နင်ကလေ ပြောလေဆိုးလေပဲ နင်က ငါ့ကိုကြိုက်နေတယ်ထင်လို့ပါ၊ တကယ်တော့ နင်စိတ်ကစားတာ သိလား၊ နင်ညီညီငယ်လိုသာ ကြိုးစားစမ်းပါ၊ ကြည့်ညီညီငယ်ဆို ဘယ်လောက် တည်တန့်လည်း၊ သူအိနြေ္ဒနဲ့ သူနေတယ်၊ ဘယ်လောက် လေးစားဘို့ကောင်းလည်း၊ ဒါမျိုးတွေကိုလေ့လာသင်ယူစမ်းပါ၊ မဟုတ်တာကို စိတ်ထဲမထားနဲ့ နင်လည်း ငယ်သေးတယ် ငါလည်းငယ်သေးတယ် မဖြစ်နိုင်တာကို မတွေးနဲ့”
နန္ဒကျွဲမှီတို သွားသည်။ သူအမုန်းဆုံးလူ နှင့်ခိုင်နှိုင်းကာ ပြောနေသည်ကို မကျေနပ်၊
သူအားမုန်းသည်ဟု ပြောသွားလျှင် သူခံသားသေးသည်။ ခုတော့….
“နောက်တစ်ခု ညီညီငယ် ကိုနင်တို့ကအခြောက်ခြောက်နဲ့ပြောနေတာ၊ ကျောင်းထဲမှာ ကြည့်စမ်း ညီညီငယ် ခြောက်နေတာကို နင်မြင်ဖူးတွေ့ဖူလို့လာ၊ မဟုတ်တမ်းတရား ပြောတဲ့စကားတွေကို နင်ယုံတာကိုက နင်အတွက်အမှားပဲ၊ ကဲငါသွားတော့မယ် …
အော် နှဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်လိုက် နင်နဲ့ ညီညီငယ် ဘယ်သူသာ လဲလို့”
နှင်းဆီကတော့ နန္ဒအပေါ်တွင် ညီညီငယ်အားစော်ကားခဲ့သည်ကို မကျေနပ်သေး၍ စိတ်ထဲရှိသည်များကို သာသာလေ နှက်ခဲ့ပါသည်။ နှင်းဆီ ၏ အနိုင်ယူလိုသည့် စိတ်ကလေးဖြင့် ပြောဆိုခဲ့သော စကားများသည် ညီညီငယ် အပေါ်အမှားကြီးတစ်ခု သက်ရောက်ဖို့ တွန်းအားပေးခဲ့သည့် စကားသာ ဖြင့်ခဲ့သည်ကို နှင်းဆီ ကြိုသိမယ်ဆိုခဲ့လျှင် ထိုစကားကို ပြောခဲ့မည်မဟုတ်ချေ။
................. TBC.......................
written by Jinjar
Labels:
ဇာတ်လမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment