Free Bitcoin

BitMiner - free and simple next generation Bitcoin mining software

Sunday, January 14, 2018

အချစ်


ကျနော် သူကိုချစ်သည်။သူအပြုံးလေးကို သဘောကျတယ်။သူရီသံလေးကို အမြဲနားထောင်ချင်တယ်။သူနဲ့ စကားတွေ အများကြီးပြောချင်တယ်။သူနဲ့ နှစ်ယောက်ထဲ တူတူရှိနေချင်မိတယ်။တခါတလေ သူကို သဝန်တိုမိတာ အမှန်ပါ။သူက ခလေးဆန်တေက်တယ်။တခါတရံမှ တဇွတ်ထိုးလေးပေါ့။သူအသားရောင်က မဖြူသောလည်း မဲတဲ့ဘက်မှမပါသလို ညိုနေတာ လည်းမဟုတ်ပြန်ဘူးဗျာ။ဖြူတာလည်းမဟုတ် ညိုတာလည်းမဟုတ် အဲ့အလယ်မှ ရှိတယ်ဗျာ။သူနဲ့ လိုင်းပေါ်မှ စကားတွေအများကြီးပြောနေရရင် ကျနော် ပျော်နေတက်တယ်။သူက ကျနော် ဆုံးမတာလေးတွေကို ''ဟုတ်'' ဆိုပြီးနားထောင်တက်တယ်။သူကိုစတွေတော့ ကျနော် ရင်တွေခုန်မိတာ အမှန်ဘဲ။သူများတွေ ပြောသလို တဒိန်း ဒိန်းနဲ့ပေါ့ဗျာ။သူနဲ့ဆုံတာက ဆန်းတယ်။အစက သူနဲ့ ကျနော်နဲ့ မသိပါဘူး။ကျနော်သူငယ်ချင်းကနေတစ်ဆင့်သူကိုသိခဲ့ရတာပါ။ဘယ်လိုစတွေ့တာလဲ ဘယ်သူရဲ့သူငယ်ချင်းဆိုတာ စဉ်းစားလို့မရတော့ ဘူးဗျ။သူကို အပြင်မှ တွေ့ရင် ခပ်တန်းတန်းဘဲနေမိတာအမှန်ဘဲ။ရောရင် ပေါတယ်ထင်မှဆိုးတာကို။သူဘက်က ကျနော်ကို ခင်ရှာပါတယ်။ဒါပေမဲ့ ကျနော်က သူကိုခင်တာမဟုတ်ဘူးလေ။ကျနော်မှ ချစ်ရတဲ့သူတွေများသားဗျာ။ဟိုတစ်ယောက်လည်းချစ်သလို ဒီတစ်ယောက်လည်းချစ်နေမိတယ်။ပြောရရင် ပွေတယ်ဘဲထားပါတော့။အမှန်တိုင်းပြောရရင် လှတာမြင်လို့ လိုချင်တဲ့သဘောမှ ရှိပါတယ်။
ဘယ်သူတွေက အချစ်ကိုဘယ်လိုဘဲ အဓိပ္ပါယ်တွေသတ်မှတ်ကြပါစေ ချစ်တယ်ဆိုတဲ့ စကားနှစ်ခွန်းနဲ့ လုံလောက်ပါတယ်။
ကျနော်ရဲ့ အချစ်က သူအတွက် အကာအကွယ်တစ်ခုဖြစ်စေချင်တယ်။အားအင်တစ်ခုဖြစ်စေချင်မိတယ်။တခါတလေမှ အားပေးဖော်တစ်ခုပေါ့။သူပျော်ရွှင်နေရင် ကျနော် ကျေနပ်ပါတယ်။သူကျနော်ကို တွေ့ရင် လုပ်ပြတဲ့ အကျင့်လေးတစ်ခုရှိတယ်။လျှာထုတ်ပြပြီး ပြောင်စပ်စပ်ရုပ်လေးပေါ့ဗျာ။ဘယ်တော့မှ မျက်လုံးထဲက မထွက်ဘူးရယ်။အဲ့အချိန်လေးကို အမြဲရှိစေချင်မိတယ်။ဒါပေမဲ့ ခဏဘဲ။ကျနော် သူကိုချစ်တယ်။ဒါပါမဲ့ .....
နောက်ဆုံးတော့ "ချစ်တယ်" 😁😁😁

No comments:

Post a Comment