Zawgyi
တစ်ခါတုန်းက
...
အခန်း ၁ (အပိုင်း ၁)
....
..ဆက်ရန် ...
...
Unicode
တစ်ခါတုန်းက
...
အခန်း ၁ (အပိုင်း ၁)
လူတစ်ယောက် ညှင်သာသောခြေလှမ်းများဖြင့် လျောက်လှမ်းလာနေတယ်။သူ၏ ဟန်မူရာက အေးဆေးတည်ငြိမ်နေတယ်။လောကကြီးမှ သူတစ်ဦးပင်ရှိလေသလော။ဖြောင့်စင်းသော နှာတံ ထူကဲသော မျက်ခုံး တောက်ပသော မျက်စံ နှင့် နှင်းဆီဖူးရောင် နူတ်ခမ်းတို့မှ ထိုသူ၏ အလှကို ဆောင်းကြဉ်းကာ နေလေသည်။မရှည်လွန်းသော အရပ်နှင့် တောင့်တင်းခိုင်မာသော ကိုယ်နေဟန်ထားတို့မှ ထိုသူ၏ မျက်နှာနှင့် ဟက်ဆက်က ယောက်ကျားပီသမှုကို ပေါ်လွှင်ကာနေစေသည်။ထိုသူက အခြားသူမဟုတ် နည်းပညာတက္ကသိုလ်( စစ်ကိုင်း ) ၏ ကင်း သန့်ဝေရံထွဋ်ပင်ဖြစ်သည်။အများက သူကို ဝေရံဟုခေါ်သလို အချို့ အချို့သော ကောင်မလေးများက ထွဋ်ဟု ကွယ်ရာတွင် တိတ်တစ်ခိုးခေါ်ဆိုကြလေသည်။သူက ကျောင်းတွင်းနာမည်ကျော်လေ၏။စာပေပညာတွင်လည်းပထမ .လူမှုရေးတွင်လည်း ပထမ .အားကစားတွင်လည်းပထမ .ရုပ်ရည်ဟုသည် ပြောစရာပင်မလိုချေ။ရှေးဘဝကုသိုလိကံကြောင့်ဟုပင်ပြောရပေမည်။
....
သူ၏ခြေလှမ်းများဖြင့် အေးဆေးတည်ငြိမ်စွာ လျောက်လှမ်းလာရင်းနောက်မှ အမောတစ်ကော ပြေးလာသော ခြေသံအား ကြားလိုက်ရသည်။မေးနေစရာမလိုပေ သန့်ဝေရံထွဋ် ၏ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ခန့်သူရိန် ဖြစ်သည်။ခန့်သူရိန်က ပျော်ပျော်နေတက်သည်။လောကကြီးကို အလေးအနက်မထား ခပ်ပေါ့ပေါ့ပင်နေသော သူတစ်ယောက်ဖြစ်သည်။
No comments:
Post a Comment