က်နော်၏ ကိုယ္ပိုင် စာမ်က်နွာလေးမျွကိုဆိုပါတယ္ခင္ဗ်ာ။လာရောက္လည် ပတ်သူမ်ား ကေ်းဇူးတင္ပါတယ္ခင္ဗ်ာ။ ရွင္လြမ်းခ်မ်ျးေမ့ပါစေ။
Friday, July 14, 2017
Forever Friend
အသက် 15 - 16 လောက်မှာ
ကိုယ်ချဆွဲခဲ့တဲ့ စက်ဝိုင်းဟာ အကြီးကြီးပဲ..
အပေါင်းအသင်းတော်တော်များများကိုလဲ..
ချစ်လွန်းလို့ ကိုယ့်ရဲ့ နယ်နိမိတ်ထဲမှာ ထည့်ထားခဲ့တယ်..
အချိန်တွေကြာလာလေ..အသက်တွေကြီးလာလေ..
သိလာရတာက..အကုန်လုံးက အမြဲတမ်း
ပုံသေမဟုတ်ဘူးဆိုတာပါပဲ..
ကိုယ့် နယ်နိမိတ်ထဲမှာ မပျော်တော့တဲ့လူရှိရင်ရှိလာမယ်..
အဆင်မပြေတော့မဲ့လူ ရှိရင်ရှိလာမယ်..
နယ်နိမိတ် စည်းကို ချိုးဖောက်ပြီး နောက်ကျောဓားပြန်ထိုးမဲ့..
သူငယ်ချင်း အရင်းကြီးတွေလဲ ရှိလာမယ်..
17 - 18 လောက်ရောက်တဲ့အခါမှာတော့..
ကိုယ့်ရဲ့ စက်ဝိုင်းကြီး ထဲမှာ လူတော်တော်နည်းသွားတာကို
သတိထားမိတယ်...နေရာတွေတော်တော်လွတ်နေပေမဲ့..
တွေ့ရာလူ ဆွဲပြီး မထည့်ချင်တော့ဘူး..ကျန်နေသေးတဲ့..
မိတ်ဆွေတွေ ထပ်မလျော့သွားအောင်ပဲ အာရုံစိုက်ခဲ့တယ်..
ရှော်သင့်တာရှော်ပြီး..တော်သင့်တာတော်ဖို့ကို နားလည်ခဲ့တယ်..
19 - 20 ရောက်တဲ့အခါမှာတော့..
ကိုယ် အရင်က ဆွဲခဲ့တဲ့ စက်ဝိုင်းကြီးက အခုအခါ
တော်တော်ကို အရွယ်သေးသွားတာကို သတိထားမိတယ်..
ကိုယ့်နယ်နိမိတ်ကို ကိုယ်တိုင်ပဲ ချုံ့ပစ်ခဲ့တာတွေ တွေးရင်းနဲ့..
ကျေနပ်မိသလိုတော့ရှိတယ်..အရင်ကလို မိတ်ဆွေတွေ
လျော့သွားမှာကိုလဲ မစိုးရိမ်မိတော့ဘူး..ဘယ်သူကိုမှလဲ..
ကိုယ့် ဘဝထဲ ဆွဲမထည်တေ့ာဘူး..တွေ့ဆုံကြုံရတဲ့
မိတ်ဆွေ အကုန်လုံးကို စိတ်ရင်းနဲ့ပဲ ပေါင်းသင်းတယ်..
ကိုယ့်အပေါ် ကျောသွားရင်လဲ အရင်ကလောက်
တွေးမနေတော့ဘူး..ဒီလိုလူပဲဆိုပြီး..
ခေါင်းထဲက ထုတ်ပစ်လို်က်တယ်..အဲ့လူနဲ့ေ့တာ့..
ထပ်ပြီး ပတ်သက်စရာ မရှိတော့..နောက်ဆုံး
ကျန်ခဲ့တဲ့ကောင်တွေသာ..ကျွန်တော့်ရဲ့ မိသားစု အရင်းတွေ
ဖြစ်တယ်..နယ်နိမိတ်တွေ ကျဉ်းလာပေမဲ့..
နောက်ဆုံးကျန်ခဲ့မှာက..
တန်ဖိုးဖြတ်မရတဲ့ ဘဝခရီးသွားဖော်တွေပဲဖြစ်တယ်..
ခုချိန်ထိ ဒုက္ခပေးသမျှကိုသည်းခံပြီး ထွက်မသွားခဲ့တဲ့
သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်လျက်.. <3
အတုနဲ့အစစ် ခွဲခြားလို့ရအောင်..
ကိုယ့်ကို ဂျင်းထည့်ပြီး ထွက်သွားပေးခဲ့တဲ့..
သူငယ်ချင်းတွေ အကုန်လုံးကိုလဲ အထူးကျေးဇူးတင်လျက်.. <3
#MiracleLand_chapter_7
#AungMoeHtet #Lyan
Labels:
ရသ စာစုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment