မနေ့ကကျနော် ဆေးလိပ်သွားဝယ်တယ်ဗျ
ဆေးလိပ်တဗူး ၄၀၀၀ ကျပါတယ် ကျနော်ပိုက်ဆံ ပေးလိုက်တာက ၁၀၀၀၀ တန်ပါ အဖိုးကြီး
ပြန်ပေးလာတာက ၇၀၀၀ ပါ...
ကျနော်လည်း ပိုက်ဆံအပိုရတာနဲ့ ဆိုင်ကနေ အမြန်လစ်ထွက်ခဲ့ပါတယ် ခြေလေးငါးလှမ်းမျှ
လှမ်းရုံနဲ့ ဆိုင်ရှင်အဖိုးကြီးက "ဟေ့ ကောင်လေး ခဏလာခဲ့ဦးတဲ့" ကျနော်အသဲထိတ်သွားတယ်
ကျနော်ပြန်လှည့်ကြည့်တော့ "ဒီမှာ မင်းဆေးလိပ်ဗူး
မေ့နေလို့ကွ" ကျနော်လည်း ကိုယ့်အပေါ်ကောင်းသူ
တယောက်ကို မလေးစားပဲ မနေနိုင်တာနဲ့
"ဦးလေးရော့ဒီမှာ ခဏက ဦးပေးတဲ့ ပိုက်ဆံ ၁၀၀၀ ပိုသွားလို့ပါဗျ"ပိုခဲ့တဲ့ပိုက်ဆံ ပြန်ပေးလိုက်ပါတယ်....
အဖိုးကြီးလည်း ကျနော်စေတနာကို လေးစားသွားပုံ
ရပါတယ် "ကောင်လေး "မင်းလက်ထဲက ဆေးလိပ်ဗူး
ငါ့ကိုပြန်ပေးပါ " သူတောင်းတာနဲ့ ကျနော်လည်းပြန်ပေး
လိုက်တယ် "အဲဒီဆေးလိပ်က အတုကြီးကွ ရော့ဒီမှာ
အစစ်"
ကျနော်လည်း သူ့စေတနာကိုကြည့်ပြီး မျက်ရည်
ပါဝဲမိတယ် "ဦးလေး ကျနော်ပိုက်ဆံ ကျနော့်ကို
ပြန်ပေးပါဗျာ" သူကနားမလည်သလိုလိုနဲ့ ပိုက်ဆံကို
ပြန်ကမ်းပေးခဲ့တယ် "ဆောရီးပါဦးရာ ဒီ ၁၀၀၀၀ တန်က
အတုကြီးဗျ ရော့ဒီမှာ အစစ်ကိုယူလိုက်ပါ"
ဒီလိုနဲ့ ကျနော်လည်း ပြန်ဖို့ ခြေလှမ်းပြင်တုန်း "ကောင်လေးခဏကွာ" မျက်ရည်တွေ ဝဲနေတဲ့
အဖိုးကြီးက..
"နောက်ဆို ပိုက်ဆံအိတ်ကို ကောင်းကောင်း
သိမ်းပါကွာ ခုခေတ်လူတွေက ယုံလို့မရဘူးကွ" သူ့လက်ထဲက ကျနော်ပိုက်ဆံအိတ်ကို ပြန်ပြီး
လှမ်းပေးနေတာကို မြင်ရတယ်...
ကျွန်တော်လည်း သူ့လို လူကောင်းနဲ့တွေ့မှ
ဘာပြောလို့ ပြောရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်
နောက်ဆုံးတော့ "အဲဒီ ဦးလေးက တကယ့်လူကောင်း
တယောက်ပါ ကျနော်တကယ် လေးစားမိတယ်..
ကိုယ့်အပေါ် ဒီလောက်ကောင်းတဲ့ လူတယောက်ကို
ကိုယ်က မကောင်းခဲ့ရင် နောင်ဘဝအတွက် မတွေး
ရက်စရာဆိုပြီး တွေးမိတာနဲ့
"နောက်ဆို ဦးလေးလည်း သတိထားပါ
ခုခေတ်လူတွေက ခြေမြန်လက်မြန်တယ် ဦးလေးလို့
ပြောပြီး အကျႌကြားက သူ့ရဲ့ရွှေလက်ပတ်လေးထုတ်ကာ
"ရော့ဒီမှာ ဦးလေးရဲ့ ရွှေလက်ပတ်"
ဒီလိုနဲ့ သူနဲ့ကျနော် တယောက်ကိုတယောက်
ချီးမွမ်းစကားတွေ အပြန်လှန်ပြောဖြစ်ခဲ့ကြတယ်....
ခုခေတ် လူတွေက ယုံရတာ မဟုတ်ဘူးဗျ
မလစ်နဲ့ လစ်ရင် လစ်သလို လုပ်စားတတ်ကြတယ်...
တော်သေးတာပေါ့ ကျနော်တို့ နှစ်ယောက်လုံးက
လူကောင်းတွေ ဖြစ်နေကြလို့ ဒီနေရာမှာ
တခြားလူတွေသာဆို မတွေးရက်စရာပါဗျာ...
စေတနာဖြစ်😃
စွယ်စုံ-ကျွဲကျောင်းသား
No comments:
Post a Comment