Free Bitcoin

BitMiner - free and simple next generation Bitcoin mining software

Saturday, July 22, 2017

ဒေါက်တာနန္ဒမာလဘိဝံသ အဘိဓမ္မအနှစ်ချုပ် တရားဒေသနာတော်



ပါ/ချုပ်ဆရာတော် #ဒေါက်တာနန္ဒမာလဘိဝံသ ဟောကြားအပ်သော...
#အဘိဓမ္မအနှစ်ချုပ်_တရားဒေသနာတော်များ... {စ/ဆုံး ၊ 25 ပုဒ်}

00-သင်တန်းဖွင့်ပွဲ သြဝါဒ။.mp3
https://yadi.sk/d/bOp50x3a3L69dj

1-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁)mp3
https://yadi.sk/d/Zl-V8hnt3L69dr

2-အဘိဓမ္မာသင်တန်းအနှစ်ချုပ်(၂).mp3
https://yadi.sk/d/gfUWgdEe3L69eP

3-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၃).mp3
https://yadi.sk/d/eIhTpSUT3L69eg

4-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၄).mp3
https://yadi.sk/d/ziR73QGR3L69em

5-အဘိဓမ္မာသင်တန်းအနှစ်ချုပ်(၅)mp3
https://yadi.sk/d/-FkFPfQH3L69en

6-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၆)mp3
https://yadi.sk/d/51DkZKzS3L69ep

7-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၇).mp3
https://yadi.sk/d/UeAeWQ2X3L69et

8-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၈).mp3
https://yadi.sk/d/srCljrig3L69ev

9-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၉)mp3
https://yadi.sk/d/kGgGDfZ93L69ey

10-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၀)mp3
https://yadi.sk/d/2-tQNY-g3L69dy

11-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၁)mp3
https://yadi.sk/d/UcBSqCCl3L69e2

12-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၂)mp3
https://yadi.sk/d/vfn96Pz_3L69e4

13-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၃)mp3
https://yadi.sk/d/zHSaXOu93L69e6

14-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၄)mp3
https://yadi.sk/d/A3DRwNqA3L69e9

15-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၅)mp3
https://yadi.sk/d/dcOo8RKo3L69eA

16-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၆)mp3
https://yadi.sk/d/S34SU4H43L69eC

17-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၇)mp3
https://yadi.sk/d/EozKSbXT3L69eH

18-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၈)mp3
https://yadi.sk/d/glpbYzXY3L69eJ

19-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၁၉)mp3
https://yadi.sk/d/N2ZpLSbI3L69eL

20-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၂၀)mp3
https://yadi.sk/d/2zqEomEd3L69eS

21-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၂၁)mp3
https://yadi.sk/d/cPfecY8z3L69eU

22-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၂၂)mp3
https://yadi.sk/d/K3gneG_G3L69eY

23-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(၂၃)mp3
https://yadi.sk/d/MEytpYkw3L69ea

24-အဘိဓမ္မာအနှစ်ချုပ်သင်တန်း(End)mp3
https://yadi.sk/d/zBDjdaT43L69ed

Share ခြင်းဖြင့် ကုသိုလ်ယူပါ။
    Ye Lin Naing ဓမ္မဒါန။
#AungMoeHtet #Lyan

Wednesday, July 19, 2017

ID တင်​လို့ရ​သော link များ

ID တင်​လို့ရ​သော link များ
************************
===========================



New Account ID
Photo ID
Name ID Link အတွက်
 👉👉👉ဒီမှပါ👈👈👈

Name ID
👉ဟောဒီမယ်ဗျာ👈👈

ဒါက
Photo ID Name ID Link
👉👉Photo & Name ID Link👈👈

အောက် ၂ခုက Disabled အတွက်ပါ
👉👉ဒီကို နှိပ်ပါ👈👈

Disabled Link
👉နောက်တစ်ခုပါ👈👈

~~~~~~~~~
ID တင်​ရင်း Accအသစ်​ဖွင့်လိုပါက
ဒီLinkက​နေ ဝင်​ဖွင့်ပါရန်​
👉👉Link👈👈
________________________________
Disabled Lockဒီlinkက​တင်​ရန်​
👉👉ဒီမှပါ👈👈
________________________________
Photo id Name id Lock​များအတွက်​
Browserတခုက​နေ Accကိုအရင်​ဝင်​ပါ
ဝင်​ပြီးဟုမ်​ကီးနဲ့ပြန်​ထွက်​ပါ ထွက်​ပြီး
ဒီ Iinkကိုဝင်​တင်​လိုက်​ပါ Mailထက်​ထည့်ပေးစရာ မလို​တော့ပါဘူး
👉ဟော​ဒီမှဗျာ👈👈

 Name ID Photo ID
Log Outပြ​နေတဲ့ Lock​လေးအတွက်​
Replyစာ​လေးပါ တကယ်​ဆိုရင်​ Lockကျသွားတဲ့ မိမိရဲ့ Accဟာ
Name Birthday တူဖို့သာအဓိကကျတာပါ
ကျ​နော်​က​တော့ ​ဒီစာ​လေးကိုသုံးဖြစ်​​နေပါတယ်​
အဆင်​​ပြေပါတယ်​
**********************
Please help me I show Name ID for my account.
ID My Full name is ​
ID My First name is ​
ID My Middle name is
ID My Last name is
ID My date of birthday is

I want to log in my account.
I approve that name is reayour name
according to my National Identity card from Myanmar.help
I attach my Myanmar Identity card with this mail.
Thanks you very much for your
Help
___________________________
လက်​ရှိသုံး​နေတဲ့ Acc IDတင်​ရန်​ link
👉👉Acc ID👈👈
___________________________

မိမိAddထားသူ​တွေကို​တွေ့ရပါမယ်​
ဒီလင့်က​နေဝင်​သွားပါ လက်​မခံတဲ့သူ​တွေကို
ပြန်​ပြီး Addဖြုတ်​ထားလတ်​ပါ Addထားတာ
များ​နေရင်​ Acc Lockကျတတ်​ပါသတဲ့
👉👉Link👈👈
____________________________
မိမိအပြီးဖျက်​ချင်​တဲ့Accကို
ဒီလင့်က​နေဝင်​ Passeordထည့်ပေးလိုက်​ပါ
LINK
_______________________________

Birtyhday ချိန်းလိုမရဘူးဆိုတဲ့ Acc​တွေ
အတွက်​ဒီ Linkက​နေဝင်​ချိန်း​ရန်​

👉👉နှိပ်ပါ👈👈
________________________________
Report linkက​နေဝင်​တင်​ချင်​သူများအတွက်​
Reportတင်​တယ်​ဆိုတာ အ​ကြောင်​းမဲ့
တင်​လို့ မကျပါဘူး ​နောက်​များမှာအားရင်​ ရှင်​ပြရင်​
Reportတင်​နည်း အသစ်​ထက်​တင်​​ပေးပါမယ်​
ခု​တော့ချပြရဲ​သေးဝူး Rpတင်​နည်း
Mailသိရင်​ ​သေ​ချာ disကျ​နေလို့ ဖာသံနဲ့ ဖာ​သေလိမ့်မယ်​ ငိငိ
 👉👉Here👈👈
 _______________________________
Login approvals ကျော်ရန်ဒီlinkက​နေတင်​ရန်​
 👉👉Link Here👈👈
________________________________
ဒါက facebook Password​မေ့​နေတဲ့
Acc​လေး​တွေကို Idအကူနဲ့ ပြန်​ယူရန်​ link
Password ​မေ့နေသူများ
_________________________________
အဆင်​​ပြေတဲ့ VPN​လေးတခု​တော့
လိုအပ်​တဲ့အခါ ဒီlink​လေး​တွေက​နေစမ်းကြည့်ကြပါ ဒါက​တော့ မရ​တော့ဘူး ဟိုဟာက​တော့
မရ​တော့ဘူးဆိုတာ​လေး​တွေရှိပါ​ဒေ
ကိုယ့်ဆီမှာမရလဲ သူများဆီမှာရ​နေတာပဲ

1.Tiger VPN(V-3.0.9)
👉👉Download👈👈
2.Tunnel Bear VPN(V-91)
👉👉Download👈👈
3.Your Freedom VPN Client
👉👉Download👈👈
4.Zero VPN(V-1.0.4)
👉👉Download👈👈
5.VPN Free(V-4.1.2)
👉👉Download👈👈
6.Hotspot Shield VPN Proxy,WiFi(V-2.2.7)
👉👉Download👈👈
7.Go VPN Free VPN(V-3.1.1)
👉👉Download👈👈
8.Hide Me VPN For Android(V-1.5)
👉👉Download👈👈
9.Droid VPN(V-2.1w)
👉👉Download👈👈
10.Easy Ovpn plugin for
Plugin(V-2.52)
👉👉Download👈👈
11.Easy Opn Unlocker(V-1.0.1)
👉👉Download👈👈
12.Open VPN Connect(V-1.14)
👉👉Download👈👈

Credit #Original Uploder
#AungMoeHtet #Lyan

Monday, July 17, 2017

FACEBOOK SEE CONVERSATION

 FACEBOOK SEE CONVERSATION





Fb မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ မပေါ်တဲ့သူတွေ translation ကို Burmese ရွေးမရတဲ့လူတွေအတွက်ပါ။ လုပ်တာကတော့ browser ထဲမှာလုပ်ရပါမယ်။ လုပ်ပြီးသွားရင် app မှာ logout လုပ် login လုပ်လို့ ကံကောင်းရင်တော့ See Conversion ပေါ်နေပါလိမ့်မယ်။
1. https://touch.facebook.com/ ကို Browser မှာဖွင့်ပြီး login လုပ်ပါ (Chrome Browser မှာစမ်းထားပါတယ်)
2. https://touch.facebook.com/settings/language/primary_dialect/?primarydialect=en_XX

ကိုသွားပါ။
ဒါမှမဟုတ် Account Setting > Language > What language do you want stories to be translated into ကို သွားပါ။ ရွေးစရာ language တွေပေါ်လာရင် အောက်က အဆင့်ကို ဆက်လုပ်ပါ။

 (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ)
3. javascript:(function()%7Bels%20%3D%20document.getElementsByName('primarydialect')%3Bfor%20(i%20%3D%200%3B%20i%20%3C%20els.length%3B%20i%2B%2B)%20%7B%20%20els%5Bi%5D.value%20%3D%20'my_MM'%20%7Ddocument.getElementsByTagName('form')%5B0%5D.submit()%7D)() 
ကို copy ကူးပါ (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wYကိုဖွင့်ကူးပါ။ ရှေ့က javascript: ဆိုတာလေးက paste လုပ်လိုက်ရင် မပါဘူးဖြစ်နေတတ်ပါတယ် အဲဒီအခါ လက်နဲ့ javascript: ဆိုပြီး ပြန်ရေးပြီမှ enter နှိပ်ပါ။)
4. copy ကူးထားတာကို browser address bar မှာ paste ပြီး enter နှိပ်လိုက်ပါ။
5. Facebook app မှာ logout လုပ်ပါ login ပြန်လုပ်ပါ
6. ဆုတောင်းပါ :P See Conversion ရပါပြီ။ 
By Ko Thant Thet

Friday, July 14, 2017

ဘယ်လိုလူနဲ့အိမ်ထောင်ကျမလဲ

ဘယ်လိုလူနဲ့ အိမ်ထောင်ကြမလဲ


မြန်မာ သက္ကရာဇ်ကို ၄ နဲ့မြှောက် မြောက်လို့ရတဲ့ အဖြေကို ၇ နဲ့ စား

အကြွင်းကို အောက်မှာ ဖတ်ပါ။

[မြန်မာမွေးသက္ကရာဇ် >>>>
http://www.mmcalendar.com/index.php ]

(အကြွင်း ၇ ဆိုလျှင် အကြွင်း ၀ဟောကိန်း နှင့် အတူတူဖြစ်သည်၊

အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူတူဖြစ်သည်၊

အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူတူဖြစ်သည်)

အကြွင်း( 1 )

ရခဲ့ရင်တော့လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။

ကိုယ်ရမဲ့မိန်းကလေးကအပြစ်ကင်းသူလေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။

အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။

ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘ၀သမားလေးပါ။

ကိုယ်ပိုင်အစွမ်း အစနဲ့ နေနိုင်တဲ့သူ၊ ဉာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့

တည်တည်ကြည်ကြည်နဲ့ နေထိုင်တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။

ခေတ်မီပေမဲ့ ခေတ် မဆန်ဘူး။ သ၀န်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့

ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မောသွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့

ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။

အကြွင်း( 2 )

ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။

ကိုယ့်ကတော့ အချစ်သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။

ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။

သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။

သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။

အလွန်သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။

အချောအလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။

အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအ၀ိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင်

အထင်ခံရလိမ့်မယ်နော်။

အကြွင်း( 3 )

ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ဆွေကြီးမျိုးကြီးထဲကဖြစ်ဖြစ်၊ မြင့်မြတ်သော

အမျိုးအနွယ် ကဖြစ်ဖြစ် ဒီလို မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ၀န်းကျင်အလည် ကပေါ့။

တော်တော်မာနကြီးမှာ။ စိတ်ကြီး ခေါင်းမာ ပညာတတ် နှလုံးသားချိုသောလည်း ဘုဂွပြောတတ်ပြီး တော် ရုံတန်ရုံကို

အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီးကိုယ်ပိုင်အရည်အချင်းနဲ့ရပ်တည်နိုင်တဲ့သူ၊

တခုတော့ပြောမယ် ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ၀င်လာမဲ့သူမျိုး မဟုတ်ဘူး၊

ကိုယ်ကပဲ သူ့အသိုင်းဝိုင်းထဲဝင်ရလိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တဲ့ ဝါသနာတော့ရှိတယ်။

သူနဲ့အိမ်ထောင်ကျပြီးအပေါင်းအသင်း ငယ်မိတ်ဆွေတွေထဲမှ ခပ်ညံ့ညံ့လာလည်ရင်တော် ရန်ဖြစ်မှာ။ ။

ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့်ဘ၀မှာ ထူးခြားတဲ့ တိုးတက်မူတွေရရှိမှာ။

သူ့ကြောင့်ပဲ တိုးတက်မှုတွေရ လာလိမ့်မယ်။ သူကလဲကိုယ့်ကို တိုက်တိုက်တွန်းတွန်းလေး အလုပ်လုပ်ခိုင်းမှာ။

ကွယ်ရာမှ သူငယ်ချင်းတွေ မိန်းမကြောက်လို့ ပြောရင်တော့ ခံပေတော့ ။

ဒါပေမယ့် အောင်မြင် တဲ့ ယောင်္ကျားတစ်ယောက်နောက်မှာထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။

အကြွင်း( 4 )

ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။

အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီးကိုယ့်ဘ၀ထဲ ရောက်လာမဲ့သူလေးပါ။

လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။

ဘ၀အတွေ့အကြုံနည်းပြီးဘ၀ကိုအေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။

သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။

အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကိုပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။

မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်းရက်ရောတယ်။ အရာရာကိုယ့်သဘောပါ။

အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားပဲနော်။

သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊

အပြင်အလုပ်ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။

မိန်းမရကံကောင်းပါတယ်။

အကြွင်း( 5 )

ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ေ ဟာ့ရှော့လို့ပြောရမလား၊

အလန်းဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။

ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား

လာမပြောနဲ့ ရှင့်တောင်သနားလို့ ယူထားတာနော်။

လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊

သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။

သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။

ပညာတော်သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊

ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစားအသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။

သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။

အကြွင်း( 6 )

ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။

တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်းလို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။

သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။

မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အေးအေးချမ်းချမ်းနေရမှာပါ။

ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ် လိမ့်မယ်။

သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။

နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။

အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ၀ိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။

သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။

သင့်ကို သူငယ်ချင်းတွေ ၀ိုင်းပြီးအားကျနေလိမ့်မယ်။

အကြွင်း( 0 )

ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။

ကိုယ့်ထက် တစ်ခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။

အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်…:D။

ဘာသာမတူတာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။

အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ်။

သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊

ကိုယ့်အပေါ်မှာမိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ်။

ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။

ဘ၀မှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။

ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။

(အကြွင်း ၇ ဆိုလျှင် အကြွင်း ၀ဟောကိန်း နှင့် အတူတူဖြစ်သည်၊ အကြွင်း ၈ ဆိုလျှင် အကြွင်း ၁ ဟောကိန်းနှင့် အတူတူဖြစ်သည်၊ အကြွင်း ၉ ဆိုလျှင် အကြွင်း ၂ နှင့် အတူတူဖြစ်သည်)

Credit: မြန်မာ.ရိုးရာဗေဒင်ပညာရပ်

Forever Friend




အသက် 15 - 16 လောက်မှာ

ကိုယ်ချဆွဲခဲ့တဲ့ စက်ဝိုင်းဟာ အကြီးကြီးပဲ..

အပေါင်းအသင်းတော်တော်များများကိုလဲ..

ချစ်လွန်းလို့ ကိုယ့်ရဲ့ နယ်နိမိတ်ထဲမှာ ထည့်ထားခဲ့တယ်..

အချိန်တွေကြာလာလေ..အသက်တွေကြီးလာလေ..

သိလာရတာက..အကုန်လုံးက အမြဲတမ်း

ပုံသေမဟုတ်ဘူးဆိုတာပါပဲ..

ကိုယ့် နယ်နိမိတ်ထဲမှာ မပျော်တော့တဲ့လူရှိရင်ရှိလာမယ်..

အဆင်မပြေတော့မဲ့လူ ရှိရင်ရှိလာမယ်..

နယ်နိမိတ် စည်းကို ချိုးဖောက်ပြီး နောက်ကျောဓားပြန်ထိုးမဲ့..

သူငယ်ချင်း အရင်းကြီးတွေလဲ ရှိလာမယ်..

17 - 18 လောက်ရောက်တဲ့အခါမှာတော့..

ကိုယ့်ရဲ့ စက်ဝိုင်းကြီး ထဲမှာ လူတော်တော်နည်းသွားတာကို

သတိထားမိတယ်...နေရာတွေတော်တော်လွတ်နေပေမဲ့..

တွေ့ရာလူ ဆွဲပြီး မထည့်ချင်တော့ဘူး..ကျန်နေသေးတဲ့..

မိတ်ဆွေတွေ ထပ်မလျော့သွားအောင်ပဲ အာရုံစိုက်ခဲ့တယ်..

ရှော်သင့်တာရှော်ပြီး..တော်သင့်တာတော်ဖို့ကို နားလည်ခဲ့တယ်..

19 - 20 ရောက်တဲ့အခါမှာတော့..

ကိုယ် အရင်က ဆွဲခဲ့တဲ့ စက်ဝိုင်းကြီးက အခုအခါ

တော်တော်ကို အရွယ်သေးသွားတာကို သတိထားမိတယ်..

ကိုယ့်နယ်နိမိတ်ကို ကိုယ်တိုင်ပဲ ချုံ့ပစ်ခဲ့တာတွေ တွေးရင်းနဲ့..

ကျေနပ်မိသလိုတော့ရှိတယ်..အရင်ကလို မိတ်ဆွေတွေ

လျော့သွားမှာကိုလဲ မစိုးရိမ်မိတော့ဘူး..ဘယ်သူကိုမှလဲ..

ကိုယ့် ဘဝထဲ ဆွဲမထည်တေ့ာဘူး..တွေ့ဆုံကြုံရတဲ့

မိတ်ဆွေ အကုန်လုံးကို စိတ်ရင်းနဲ့ပဲ ပေါင်းသင်းတယ်..

ကိုယ့်အပေါ် ကျောသွားရင်လဲ အရင်ကလောက်

တွေးမနေတော့ဘူး..ဒီလိုလူပဲဆိုပြီး..

ခေါင်းထဲက ထုတ်ပစ်လို်က်တယ်..အဲ့လူနဲ့ေ့တာ့..

ထပ်ပြီး ပတ်သက်စရာ မရှိတော့..နောက်ဆုံး

ကျန်ခဲ့တဲ့ကောင်တွေသာ..ကျွန်တော့်ရဲ့ မိသားစု အရင်းတွေ

ဖြစ်တယ်..နယ်နိမိတ်တွေ ကျဉ်းလာပေမဲ့..

နောက်ဆုံးကျန်ခဲ့မှာက..

တန်ဖိုးဖြတ်မရတဲ့ ဘဝခရီးသွားဖော်တွေပဲဖြစ်တယ်..

ခုချိန်ထိ ဒုက္ခပေးသမျှကိုသည်းခံပြီး ထွက်မသွားခဲ့တဲ့

သူငယ်ချင်းတွေ အကုန်လုံးကို ကျေးဇူးတင်လျက်.. <3

အတုနဲ့အစစ် ခွဲခြားလို့ရအောင်..

ကိုယ့်ကို ဂျင်းထည့်ပြီး ထွက်သွားပေးခဲ့တဲ့..

သူငယ်ချင်းတွေ အကုန်လုံးကိုလဲ အထူးကျေးဇူးတင်လျက်.. <3

#MiracleLand_chapter_7
#AungMoeHtet #Lyan

သင့် လက်မက ပြောတဲ့ ကိုယ်ရည်ကိုယ်သွေး

သင့် လက်မက ပြောတဲ့ ကိုယ်ရည်ကိုယ်သွေး....



တစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေအဲ့ဒီလူဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြပေးနိုင်တဲ့ အချက်တွေရှိနေပါတယ်။ ဒီတစ်ခါတော့ လက်မကိုကြည့်ပြီး အဲ့ဒီလူ ဘယ်လိုစိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေး ရှိမယ်ဆိုတာ ပြောပြပေးနိုင်တဲ့အကြောင်းလေး ဖတ်ကြည့်လိုက်ပါဦး။
ဖြောင့်တန်းနေတဲ့ လက်မလက်မထောင်လိုက်တဲ့အခါမှာ ဖြောင့်တန်းနေပြီး
နောက်ကိုကွေးညွတ်နေခြင်းမရှိတဲ့ လက်မပိုင်ရှင်ဖြစ်မယ်ဆိုရင်သင်ဟာအရာရာကိုအရမ်းအလေးအနက်ထားတတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ စိတ်ဓာတ်မာကြောပြီး ခံစားလွယ်တဲ့သူတစ်ဦးမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်လှုပ်ရှားမှုကို ပြလေ့မရှိတဲ့
သူတစ်ဦးဖြစ်ပေမဲ့ စိတ်ဓာတ်ကျတတ်သူတစ်ဦးတော့ မဟုတ်ပါဘူး။
ကွေးနေတဲ့လက်မ
လက်မထောင်လိုက်တဲ့အခါ နည်းနည်းဖြစ်စေ၊ များများဖြစ်စေ ကွေးနေတတ်တဲ့သူတွေဟာ ကိုယ့်ရဲ့ ခံစားချက်တွေကို အများသိအောင် ပြတတ်တဲ့သူတွေဖြစ်သလို အတွေးတွေကိုလည်း ထုတ်ဖော်ပြောရမှာ နှစ်သက်တတ်သူတွေဖြစ်ပါတယ်။
လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုရှည်မယ်ဆိုရင် (လက်မထောင်လိုက်ရင် အပေါ်အဆစ်ကို ပထမအဆစ်အဖြစ် သတ်မှတ်ပါတယ်)
စိတ်စွမ်းအားကို ယုံကြည်သူတစ်ဦးဖြစ်ပြီး အလုပ်ကိုအရမ်းကြိုးစားတတ်သူတစ်ဦးဖြစ်ပါတယ်။ အလိုလိုသိစိတ်ကို ယုံကြည်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း တော်တော့်ကို သစ္စာကြီးသူတစ်ယောက်ပါ။
လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုတိုနေမယ်ဆိုရင်
သင့်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို စိတ်ခံစားချက်ထက် လက်တွေ့ကျမှုပေါ်မှာပဲ မူတည်ပြီးချတတ်ပါတယ်။ စိတ်ခံစားချက်နဲ့ လက်တွေ့ကျတာကို ယှဉ်လာရင် လက်တွေ့ကို ပိုဦးစားပေးတတ်တာကြောင့် အချစ်ရေးနဲ့ ပတ်သက်လာရင် သင့်လျော်တဲ့ လက်တွဲဖော်နဲ့တွေ့နိုင်ဖို့အခွင့်အရေးကောင်းတွေနဲ့ လွဲသွားတတ်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် သင့်အနေနဲ့ အချစ်ကို ရှာဖွေတဲ့အခါမှာ လက်တွေ့ကျတာတွေကို နောက်မှာထားပြီး ခံစားချက်လေးကို အနည်းငယ် ထည့်သွင်းစဉ်းစားသင့်ပါတယ်။

#AungMoeHtet #Lyan

Tuesday, July 11, 2017

အသက်ကြီးလာမဲ့တစ်နေ့ သင်နောင်တရမဲ့ အရာ (၁၀) ခု

အောက်တွင် ဖတ်လို့ ရသည်။
✍️အသက်ကြီးလာတဲ့တနေ့ သင် နောင်တရမဲ့အရာ(၁၀)ခု

(1)အခွင့်ရေး ရတုန်း ခရီး မထွက် ခဲ့တာ

(2)သင့်အပေါ်မကောင်းတဲ့ချစ်သူရည်စား ဇနီး မယား လင်ယောင်္ကျား ကို မပြတ် နိုင်ခဲ့တာ

(3)တပါးသူရဲ့ သင့်အပေါ်အမြင်တွေကို အင်မတန် အလေးထားနေ ခဲ့တာ

(4)ချစ်တယ် လို့ပြောဖို ့ကြောက်နေ ခဲ့တာ

(5)အလုပ် ကိုပဲဦးစားပေး လုပ်နေ ခဲ့တာ

(6)သင့်ခလေးတွေနဲ့ အချိန်မယူ ဖြစ်ခဲ့တာ

(7)သင့်မိဘတွေနဲ့ အချိန် များ များ မဖြုန်းဖြစ်ခဲ့တာ

(8)မစွန်းစားရဲ ခဲ့တာ

(9)သင့်တွက် ဆိုးရွှာတဲ့ အလုပ် ကို မစွန့်လွှတ် နိုင်ခဲ့တာ

(10)သင် ဘယ်လောက် လှမှန်း သင်မသိခဲ့တာ

✍️နောင်တ ဆိုတာ ပြင်ဆင်မရတော့တဲ့ အရာ တခုပါ

     သို့ပေမဲ့ ဒီလို ဖြစ်မလာဖို့ သင့်မှာပြင်ဆင်ခွင့်ရှိသေးတယ်

     ဆိုရင်ပြင်ဆင်ပါ

✍️Paragonia#

(ကျမ အသက် ကြီးလာပါပီ ပြင်ဆင်ခွငိ့ရှိနေနိုင်သေးတာမို့ အချက်(၁၀)ချက်လုံး ပြင်ဆင်လိုက်ပါပြီး---ကျမ တွက်နောင်တ(၁၀)မျိုး လျော့တာပေါ့)

နုငယ်💕
...
Zawgyi








(8)မစွန်းစားရဲ ခဲ့တာ





     ဆိုရင်ပြင်ဆင်ပါ

✍️Paragonia#


နုငယ်💕

Monday, July 10, 2017

ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း

ရွက်သင်္ဘောကြီးတွေနဲ့ ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ့ခေတ်က...တစ်နေ့မှာ..ပင်လယ်ထဲမှာ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိနေပါတယ်။ ဒီအခါမှာ သင်္ဘောကပ္ပတိန်က သင်္ဘောသားလူငယ်တစ်ဦးကို ရွက်တိုင်မကြီးပေါ်တက်ပြီး (ဖြုတ်ပစ်မှဖြစ်တော့မယ့်) ရွက်ကြိုးတစ်ခုကို ဖြုတ်ခိုင်းတယ်။ လေကသိပ်ထန်နေပေမယ့် သင်္ဘောသားလူငယ်ဟာ ရဲရဲဝံ့ဝံ့ သွက်သွက်လက်လက်ပဲ ရွက်မတိုင်ကြီးပေါ်တက်သွားပြီးရွက်ကြိုးကိုဖြုတ်လိုက်တယ်။ ဖြုတ်ပြီးလို့ ပြန်ဆင်းဖို့ အောက်ကိုငုံကြည့်လိုက်တော့...

သင်္ဘောတစ်ခုလုံးဟာ ဒေါသထန်နေတဲ့လှိုင်းလေတွေထဲမှာ ရပ်တည်ရာမရ လူးလိမ့်နေတာ မြင်ရတယ်။ ဒါကိုအပေါ်စီးကနေမြင်နေရတော့ ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိတွေ၊ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန့်လန့်နဲ့ မူးမိုက်မေ့မြောသလိုဖြစ်သွားတယ်။ ဒါနဲ့ သင်္ဘောကုန်းပတ်ပေါ်က သူငယ်ချင်းဆီကို လှမ်းပြီး " ဟေ့..ငါတော့ လိမ့်ကျတော့မယ်၊ လုပ်ပါဦး" လို့ အော်ပြောတယ်။

ဒီအခါမှာ ကုန်းပတ်ပေါ်က သူ့သူငယ်ချင်းက "အောက်ကိုမကြည့်နဲ့ သူငယ်ချင်း၊ ငုံကြည့်မနေနဲ့၊ အပေါ်ကိုပဲကြည့်" လို့ တအားကုန်လှမ်းအော်ပြီး သတိပေးတယ်။
သူ့သူငယ်ချင်း သတိပေးတဲ့အတိုင်း သင်္ဘောသားလူငယ်ဟာ အပေါ်ကိုကြည့်ဖို့ မျက်နှာမူထားတယ်။ ဒီအခါမှာ အောက်က မူးဝေထိတ်လန့်စရာ မြင်ကွင်းတွေ မမြင်ရတော့ စိတ်သက်သာရာ ရလာတယ်၊ စိတ်ငြိမ်လာတယ်၊ အားမာန်တွေသတ္တိတွေ လည်း ပြန်ဝင်လာတယ်။

ဒီတော့မှ သင်္ဘောသားလူငယ်ဟာ ရွက်တိုင်မကြီးပေါ်ကနေ သတိ ဝီရိယထားဆင်းရင်း သင်္ဘောကုန်းပတ်ပေါ်ကို အောင်မြင်စွာပဲ ရောက်လာတယ်တဲ့။
ဒီလိုပါပဲ၊ ကျွန်တော်တို့ဘဝမှာ အဆင်မပြေနိုင်တာတွေ၊ ကျရှုံးတာတွေ၊ မျှော်လင့်သလိုဖြစ်မလာတာတွေကို တွေ့မြင်ဆုံဆည်းနေရတဲ့ အခါမှာ ရှေ့ဆက်ပြီးကြိုးစားချင်စိတ် ကုန်သွားတတ်ပါတယ်။ အားမာန်သတ္တိတွေ လျော့ကျသွားတတ်ပါတယ်။

"ငါတော့ ဒီအခြေအနေက ကျော်နိုင်တော့မှာ မဟုတ်ပါဘူး၊ ကျပါပြီ၊ ရှုံးပါပြီ၊ ဒီဘဝဒီမျှနဲ့ပဲ ပြီးပါပြီ" ဆိုတဲ့ အားလျှော့မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအားလျှော့စရာတွေကိုပဲ ပြန်ကြည့်နေ...ငုံကြည့်နေရင်တော့ ပိုပိုပြီး အားလျော့မိ၊ စိတ်ပျက်မိတာကလွဲလို့ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။
ဒီတော့ ဘယ်လိုအဆင်မပြေတာတွေနဲ့ပဲ ကြုံနေကြုံနေ...ဒါတွေကို ပြန်ပြန်ငုံကြည့်မနေဘဲ ကိုယ်မျှော်လင့်ထားတဲ့၊ မြင့်မြင့်မားမား ချမှတ်ထားတဲ့ ပန်းတိုင်ဆီကိုပဲ မော်ကြည့်ပြီး ...ပြောချင်တာကတော့ အပေါ်ကိုပဲကြည့်ပြီး သတိဝီရိယတွေနဲ့ လုပ်သင့်တာတွေကို ဆက်လုပ်သွားကြဖို့ပဲ။

နန္ဒာသိန်းဇံ
#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်မှ

လူကောင်း

မနေ့ကကျနော် ဆေးလိပ်သွားဝယ်တယ်ဗျ
ဆေးလိပ်တဗူး ၄၀၀၀ ကျပါတယ် ကျနော်ပိုက်ဆံ ပေးလိုက်တာက ၁၀၀၀၀ တန်ပါ အဖိုးကြီး
ပြန်ပေးလာတာက ၇၀၀၀ ပါ...

ကျနော်လည်း ပိုက်ဆံအပိုရတာနဲ့ ဆိုင်ကနေ အမြန်လစ်ထွက်ခဲ့ပါတယ် ခြေလေးငါးလှမ်းမျှ
လှမ်းရုံနဲ့ ဆိုင်ရှင်အဖိုးကြီးက "ဟေ့ ကောင်လေး ခဏလာခဲ့ဦးတဲ့" ကျနော်အသဲထိတ်သွားတယ်

ကျနော်ပြန်လှည့်ကြည့်တော့ "ဒီမှာ မင်းဆေးလိပ်ဗူး
မေ့နေလို့ကွ" ကျနော်လည်း ကိုယ့်အပေါ်ကောင်းသူ
တယောက်ကို မလေးစားပဲ မနေနိုင်တာနဲ့
"ဦးလေးရော့ဒီမှာ ခဏက ဦးပေးတဲ့ ပိုက်ဆံ ၁၀၀၀ ပိုသွားလို့ပါဗျ"ပိုခဲ့တဲ့ပိုက်ဆံ ပြန်ပေးလိုက်ပါတယ်....

အဖိုးကြီးလည်း ကျနော်စေတနာကို လေးစားသွားပုံ
ရပါတယ် "ကောင်လေး "မင်းလက်ထဲက ဆေးလိပ်ဗူး
ငါ့ကိုပြန်ပေးပါ " သူတောင်းတာနဲ့ ကျနော်လည်းပြန်ပေး
လိုက်တယ် "အဲဒီဆေးလိပ်က အတုကြီးကွ ရော့ဒီမှာ
အစစ်"

ကျနော်လည်း သူ့စေတနာကိုကြည့်ပြီး မျက်ရည်
ပါဝဲမိတယ် "ဦးလေး ကျနော်ပိုက်ဆံ ကျနော့်ကို
ပြန်ပေးပါဗျာ" သူကနားမလည်သလိုလိုနဲ့ ပိုက်ဆံကို
ပြန်ကမ်းပေးခဲ့တယ်  "ဆောရီးပါဦးရာ ဒီ ၁၀၀၀၀ တန်က
အတုကြီးဗျ ရော့ဒီမှာ အစစ်ကိုယူလိုက်ပါ"

ဒီလိုနဲ့ ကျနော်လည်း ပြန်ဖို့ ခြေလှမ်းပြင်တုန်း "ကောင်လေးခဏကွာ" မျက်ရည်တွေ ဝဲနေတဲ့
အဖိုးကြီးက..
"နောက်ဆို ပိုက်ဆံအိတ်ကို ကောင်းကောင်း
သိမ်းပါကွာ ခုခေတ်လူတွေက ယုံလို့မရဘူးကွ" သူ့လက်ထဲက ကျနော်ပိုက်ဆံအိတ်ကို ပြန်ပြီး
လှမ်းပေးနေတာကို မြင်ရတယ်...

ကျွန်တော်လည်း သူ့လို လူကောင်းနဲ့တွေ့မှ
ဘာပြောလို့ ပြောရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်
နောက်ဆုံးတော့ "အဲဒီ ဦးလေးက တကယ့်လူကောင်း
တယောက်ပါ ကျနော်တကယ် လေးစားမိတယ်..

ကိုယ့်အပေါ် ဒီလောက်ကောင်းတဲ့ လူတယောက်ကို
ကိုယ်က မကောင်းခဲ့ရင် နောင်ဘဝအတွက် မတွေး
ရက်စရာဆိုပြီး တွေးမိတာနဲ့
"နောက်ဆို ဦးလေးလည်း သတိထားပါ
ခုခေတ်လူတွေက ခြေမြန်လက်မြန်တယ် ဦးလေးလို့
ပြောပြီး အကျႌကြားက သူ့ရဲ့ရွှေလက်ပတ်လေးထုတ်ကာ
"ရော့ဒီမှာ ဦးလေးရဲ့ ရွှေလက်ပတ်"

ဒီလိုနဲ့ သူနဲ့ကျနော် တယောက်ကိုတယောက်
ချီးမွမ်းစကားတွေ အပြန်လှန်ပြောဖြစ်ခဲ့ကြတယ်....

ခုခေတ် လူတွေက ယုံရတာ မဟုတ်ဘူးဗျ
မလစ်နဲ့ လစ်ရင် လစ်သလို လုပ်စားတတ်ကြတယ်...

တော်သေးတာပေါ့ ကျနော်တို့ နှစ်ယောက်လုံးက
လူကောင်းတွေ ဖြစ်နေကြလို့ ဒီနေရာမှာ
တခြားလူတွေသာဆို မတွေးရက်စရာပါဗျာ...

စေတနာဖြစ်😃
စွယ်စုံ-ကျွဲကျောင်းသား

Sunday, July 9, 2017

ရသ (မင်းလူ)

#ရသ
ကလေးတစ်ဦး
သူရူးတစ်မည်
သဘင်သည်တစ်ယောက် ...
ဆိုသော စကားရှိသည်။ ကျွန်တော် နားလည်သလောက်တော့ ကလေးငယ်များ၊ သူရူးများနှင့် သဘင်သည်များသည် စကားသုံးခွန်းပြောလျှင် တစ်ခွန်းမှန်တက်သည်ဟု ဆိုခြင်း ဖြစ်သည်။ သဘင်သည်ဆိုသည်မှာ အနုပညာသည်များ၏ ကိုယ်စားပြု အမှတ်အသားဟုထင်သည်။
ထိုသူသုံးမျိုးသည် စကားတော့ အများကြီး ပြောတက်သော သဘာဝရှိသည်။ ထို့ကြောင့် သုံးခွန်းတစ်ခွန်းဟု ဆိုသလားမသိ။ ဤတွင်စဉ်းစားစရာရှိလာသည်။ ထိုသုံးဦး၏စကားသည် သုံးခွန်းမှာ တစ်ခွန်းမှန်သည်ဟု ဆိုသောကြောင့် ကျန်နှစ်ခွန်းကတော့ မှားသည်ဟု ပြောရာရောက်နေကြသည်။
သူတို့စကားဆိုလျှင် သုံးခွက်တစ်ခွက်တင်ကျိုပြီး သုံးနဲ့စားပြီးမှယုံ။ တိတိကျကျပြောလျှင် သူတို့စကားသည် သုံးဆယ့်သုံးဒသမ သုံးသုံး ရာခိုင်နှုန်းသာ မှန်သည်ဟု ဆိုရမလို ဖြစ်နေ၏။
သို့ရာတွင် ဘယ်အရာမဆို နှိုင်းယှည်မှုပြုလိုက်လျှင် တန်ဖိုးပြောင်းလဲသွားတက်စမြဲ ဖြစ်သည်။ ထမင်းလုံးတစ်စေ့သည် လူတစ်ယောက်အဖို့ ဘာမျှမဟုတ်လောက်သော်လည်း ပုရွက်ဆိတ်တစ်ကောင်အတွက်ဆိုလျှင် ရက်ပေါင်း အတော်ကြာအောင် အစာအဖြစ် ဖူလုံနိုင်လေသည်။
ထိုကဲ့သို့ပင် စကားဆယ်ခွန်းမှာမှ တစ်ခွန်းမှန်ခြင်းနှင့်စာလျှင် သုံးခွန်းတစ်ခွန်းမှန်ခြင်းက ဂုဏ်ယူဖွယ်ပင် ဖြစ်၏။
တကယ်တော့လည်း လောကတွင် တန်ဖိုးရှိသော မှန်ကန်သောအရာတို့သည် အနည်းစုသာဖြစ်တက်သည် မဟုတ်လား။
*

ကျွန်တော်ပြောလိုသည်မှာ အရူးတစ်ယောက်အကြောင်းမဟုတ်ချေ။ သဘင်သည်တစ်ယောက်အကြောင်းလည်း မဟုတ်ပါ။ ကလေးအကြောင်းသာ ဖြစ်ပါသည်။ ကလေးတစ်ဦး၏ စကားသာ ဖြစ်ပါသည်။
ကလေးများသည် စကားတွေအများကြီး ပြောကြသည်။ အမျိုးစုံအောင် ပြောကြသည်။
သူတို့စကားများသည် အဓိပ္ပါယ်မရှိချင်သာနေမည်။ အပြစ်ကင်းစင်တာတော့ အမှန်ပဲဟု ထင်သည်။ သူတို့၏ စကားသုံးခွန်းသည် တစ်ခွန်းကမှန်သည်ဆိုလျှင် ကျန်နှစ်ခွန်းသည် မမှန်သော်လည်း အမှားမဟုတ်။ အဓိပ္ပါယ်လွဲချော်နေခြင်းသာ ဖြစ်လိမ့်မည်။ လူကြီးတွေအဖို့ သူတို့စကားကို ဉာဏ်မမီနိုင်ခြင်းသာ ဖြစ်လိမ့်မည်။ အကယ်၍ ကလေးတစ်ယောက် မှားသည်ဆိုလျှင် သူမှားခြင်းမဟုတ်။ လူကြီးတစ်ယောက်၏ အမှားတစ်ခုခုကို အတုယူမိခြင်းသာ ဖြစ်လိမ့်မည်။ အတုယူခြင်းသည် ကလေးတစ်ယောက်အဖို့တော့ အမှန်တရား ဖြစ်သည်။
ကလေးငယ်တစ်ဦးအတွက် နောက်ဆုံးမှ သင်ကြားတက်မြောက်သောအရာသည် လိမ်လည်ခြင်းပင် ဖြစ်၏။
ကျွန်တော့်သမီးကြီးသည် သုံးနှစ်ခွဲအရွယ် ဖြစ်သည်။ သောကြာသမီးဖြစ်၍ စကားအလွန်များသည်။ အမေးအမြန်းလည်း ထူသည်။ တစ်ခါတစ်ခါ သူမေးသော မေးခွန်းကြောင့် ဦးနှောက်ခြောက်ရ၏။
"ဖေဖေ့မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ရှိတယ်။ မေမေ့မှာတော့ ဘာဖြစ်လို့မရှိတာလဲ"
ဆိုတာမျိုး။ ကျွန်တော် ဆေးလိပ်သောက်တာကိုကြည့်ပြီး " ဖေဖေက ဘာဖြစ်လို့ မီးခိုးတွေကို စားနေရတာလဲ"
ဆိုသော မေးခွန်းမျိုး။ သူ့မေးခွန်းများသည် အဖြေရခက်သော်လည်း စဉ်းစားစရာ အတွေးစကလေးတွေ ဖြစ်လာတာတော့ အမှန်ပင်။
*
ယောက္ခမများအိမ်သို့ တစ်ပတ်တစ်ခါ သွားလည်တက်သည်။ အိမ်ချင်း သိပ်ဝေးလှသည် မဟုတ်သဖြင့် ကားကျပ်သည့်အခါ ဆိုက်ကားဖြင့် သွားကြသည်။
သမီးက ဆိုက်ကားစီးရတာကို အလွန်သဘောကျသည်။ ဘတ်စကားတွေ အမြန်ကားတွေလို လှောင်ပိတ်ပူအိုက်ခြင်း မရှိသောကြောင့်လည်း ဖြစ်သည်။
ဆိုက်ကားစီးရင်း လမ်းဘေးကိုကြည့်၍ ဟိုဟာကဘာလဲ၊ ဒီဟာကဘာဖြစ်တာလဲ စသည်ဖြင့် စူးစမ်းမေးမြန်းလို့ရသောကြောင့်လည်း ဖြစ်သည်။ ထိုအခါ ...
"ထီပေါက်ရင် ဆိုက်ကားဝယ်ပေးနော်ဖေဖေ" ဟု ပူဆာလေတော့သည်။
တစ်ရက်တွင် ဘတ်စကားတွေနည်းနည်းချောင်နေသည်။ သမီးကတော့ ဆိုက်ကားနဲ့ပဲ သွားချင်နေသည်။ ကျွန်တော်က ...
"ဆိုက်ကားတွေ သွားလို့မရဘူး သမီးရဲ့။ လမ်းဆိုးလို့"
"လမ်းဆိုးတယ်ဆိုတာ ဘာလဲ"
ဟု မေးသည်။ ကျွန်တော်က ချိုင့်တွေဖြစ်နေသော လမ်းကို ပြသည်။ သူဘာမျှမပြောတော့။
နောက်တစ်ပတ်ကျတော့ လမ်းပေါ်က ချိုင့်ကျင်းတွေ ဖာပြီးသွားသည်။ သမီးက မြင်သွားပြီး ...
"ဒီနေ့တော့ ဆိုက်ကားနဲ့ပဲသွားမယ်နော်၊ လမ်းကမဆိုးတော့ဘူး။ လိမ္မာသွားပြီ" ဟုပြောသည်။ ကဗျာဝါသနာပါသော ကျွန်တော် ဖျတ်ခနဲအတွေးပေါက်သွားသည်။ "လိမ္မာသောလမ်း" ။
အလွန်ကောင်းသော စကားလုံးကလေးတစ်ခု။ သက်ရှိတို့၏ ဂုဏ်ရည်ကို သက်မဲ့တွင် တင်စားခြင်း သမာဓိဂုဏ် ။

*

သူ့အမေနှင့် ကျွန်တော် မင်္ဂလာဆောင်တုန်းက ဓါတ်ပုံတွေ ပြန်ကြည့်နေတုန်း သူရောက်လာသည်။ ဒါက ဖေဖေ့ပုံ၊ ဒါက ဘွားဘွား၊ ဒါက ဘဘ စသည်ဖြင့် ပြောရင်း ...
"သမီးပုံတော့မပါဘူး" ဟု ဆိုသည်။ ကျွန်တော်ပြုံးမိသည်။
"ဘယ်ပါမလဲ သမီးရဲ့။ အဲဒီတုန်းက သမီးမှမမွေးသေးဘဲ"
သူ မကျေနပ်၊ သူ့အစ်ကို၊ အစ်မဝမ်းကွဲတွေပုံကို လက်နှင့်ထောက်ပြီး ...
"ကိုကိုတို့၊ မမတို့တောင် ပါသေးတယ်။ သူတို့မွေးပြီးပြီဆိုရင် သမီးလည်း မွေးရမှာပေါ့"
ကျွန်တော် ဘယ်လိုပြန်ရှင်းပြရမှန်းမသိ။
တစ်ခါတော့ ပန်းအိုးထဲကျနေသော ပဲကြီးစေ့တစ်စေ့က အညှောက်ထွက်ပြီး အပင်ပေါက်လာသည်ကို သူတွေ့သည်။ ကျွန်တော့်ကိုမေးသည်။ ကျွန်တော်က ပဲကြီးစေ့ အပင်ပေါက်လာပြီးနောက် ပဲသီးတွေသီးမည်။ ခူးပြီး ဟင်းချက်စားလို့ရမည်ဟု ပြောသည်။
နောက် နှစ်ရက်သုံးရက်အကြာတွင် ကျွန်တော့်ကိုခေါ်ပြီး ပန်းအိုးထဲသို့ပြသည်။ ဘယ်ကရမှန်းမသိသော ဆယ်ပြားစေ့တစ်စေ့ကို မြေကြီးထဲ တစ်ဝက်လောက် မြှုပ်ထားသည်။
"သမီး ပိုက်ဆံပင်စိုက်ထားတယ်။ ဖေဖေကြည့်နေ၊ နောက် အပင်ကလေးပေါက်ပြီး ပိုက်ဆံသီးတွေ သီးလာရင် ခူးပြီး ဆိုက်ကားဝယ်မယ်"
ဟု ပြောသည်။ ပိုက်ဆံက အပင်မပေါက်နိုင်ကြောင်း ကျွန်တော် မပြောတော့။ နောက် သူ့ဘာသာသိလာတော့မှ ရှင်းပြတော့မည်။ သူဘာဆက်လုပ်မလဲဟု စောင့်ကြည့်နေလိုက်သည်။ သမီးသည် မနက်တိုင်း ဆယ်ပြားစေ့ကို ရေလောင်းပေးသည်။ အရိပ်တကြည့်ကြည့်နှင့် နေလိုက်သည်။ သူဘယ်လောက် မျှော်လင့်နေမလဲမသိ။ ကျွန်တော်ပင်လျှင် ပိုက်ဆံပင်သာစိုက်လို့ရရင် ကောင်းမှာပဲဟု သိသိကြီးနှင့် စိတ်ကူးယဉ်မိပါသေးသည်။
*
သူ့အမေက ရောင်စုံအရုပ်ကလေးတွေပါသော စာအုပ်တွေ ၀ယ်လာတက်သည်။ အထဲကပုံတွေကိုပြပြီး မေးသည်။ သမီးသည် သူ့ပတ်ဝန်းကျင်မှာ မြင်ဖူးသော အရာများဆိုလျှင် မှန်အောင်ပြောသည်။ မသိတာဆိုလျှင် မေးပြီး မှတ်ထားသည်။
"ဒါကဘာလဲ သမီး"
"ခွေး"
"ဒါကကော"
"ရေခွက်"
သူ့အမေက လယ်ထွန်စက်ပုံကို လက်ညှိုးနှင့်ထောက်ပြီး ...
"ဒါကကော"
"အမှိုက်သိမ်းတဲ့ကား"
"လယ်ထွန်စက်ပါ သမီးရဲ့"
"အမှိုက်သိမ်းတဲ့ကားပါ။ လမ်းထိပ်မှာ အမှိုက်တွေလာသိမ်းတာ ဒါမျိုးပဲ။ သမီးမြင်ဖူးတယ်"
သူလယ်ထွန်တာကို မမြင်ဘူးသေး။ လယ်ထွန်စက်ကို နောက်တွဲတပ်ပြီး အမှိုက်သိမ်းတာတော့ မြင်ဖူးသည်။ သူ့အမေက ရယ်၍ ...
"အေး ... အေး၊ သမီးပြောတာ မှန်တယ်"
*
ကျွန်တော်တို့ငယ်ငယ်က မီးပျက်လျှင် အလွန်ကြောက်သည်။ မှောင်ကြီးမည်းကြီးထဲမှာ မနေရဲ။ မေမေရေ လာခေါ်ပါဟု အော်တက်သည်။ တစ်ခါတစ်ရံ ညီအစ်ကိုတစ်စု တချောင်ချောင်မှာ ပူးကပ်တိုးဝှေ့ထိုင်ရင်း ငြိမ်ကုပ်နေတက်သည်။ သရဲများ ခြေထောက်လာဆွဲမလား၊ ပသျှူးခေါင်းဖြတ်ဆိုတာများ လာမလားဟု စကားတောင်မှ ဟဟ မပြောဝံ့ချေ။ သမီးကျတော့ ဒီလိုမဟုတ်။ ရုတ်တရတ် မီးပျက်သွားလျှင် ...
"ဟော မီးပျက်သွားပြီ၊ ဖယောင်းတိုင်ထွန်းလိုက် မေမေ"
ဟု ခပ်အေးအေးပင် ပြော၏။
တစ်နေ့ မီးပျက်နေသဖြင့် သမီးနှင့်ကျွန်တော် ပြတင်းပေါက်နားမှာထိုင်ရင်း အပြင်ကို ကြည့်နေကြသည်။
"ဖေဖေ ဟိုမှာ ဖိုးလမင်းကြီး"
"အေး ဟုတ်တယ်၊ ဟိုမှာ ကြယ်ကလေးတွေကောတွေ့လား"
"ကြယ်ဆိုတာ ဘာလဲဟင်"
"ကြယ်ဆိုတာ သိကြားမင်းကြီးနေတဲ့နေရာမှာ ထွန်းထားတဲ့မီးလုံးလေးတွေပေါ့ သမီးရဲ့"
သမီးသည် ကြယ်ကလေးတွေကိုကြည့်ရင် ...
"သူတို့ဆီမှာတော့ မီးမပျက်ဘူးနော်" ဟုပြောသည်။
*

ကလေးကို ရိုက်နှက်ခြင်းနှင့်ပတ်သတ်၍ ပညာရှင်တို့ အဆိုအမိန့်ကို ဖတ်ဖူးမှတ်ဖူးသည်။ ကလေးကို ရိုက်ခြင်း၏ ရည်ရွယ်ချက်မှာ လိမ္မာလိုစေလိုခြင်းကြောင့်သာ ဖြစ်သော်လည်း ထိုရည်ရွယ်ချက်မှာ တစ်စိတ်တစ်ပိုင်းသာ ပါ၀င်သည်ဟု ဆိုသည်။
လူတို့တွင် တစ်ဖက်သားကို နှိပ်စက်လိုသော၊ အနိုင်ယူလိုသော စိတ်ရိုင်းတစ်မျိုး ဖြစ်နေတက်သည်။ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတအောင် ကလေးကိုရက်ရက်စက်စက် ရိုက်နှက်တက်သော မိဘမျိုးတွင်း ထိုစိတ်ရိုင်းမျိုးဝင်နေသောကြောင့် ဖြစ်သည်။
ထိုစိတ်ရိုင်း၏ဆန္ဒ ပြည့်ဝအောင် ပြုလုပ်လိုက်ခြင်းက တစ်စိတ်တစ်ပိုင်းပါနေသည်ဟု မှတ်ဖူးသည်။ လူတို့မှာ ကြောက်စရာတွေများလှသည်။ နေ့စဉ်ဘဝကိုပဲကြည့်။ အလုပ်ထဲမှာ ကိုယ့်အလုပ်ရှင်ကို၊ အထက်လူကြီးကို ကြောက်ရသည်။
စျေးဝယ်တော့ အရောင်းစျေးသည်ကို ကြောက်ရသည်။ ဘတ်စကားပေါ်ကျတော့ စပယ်ယာကိုကြောက်ရသည်။ ကိုယ့်ကိုကြောက်ရမည့်သူ၊ ကိုယ်ကနိုင်ရမည့်သူကို ရှာသောအခါ ကလေးကို သွားတွေ့သည်။
ကလေးကိုရိုက်သောအခါ ကြောက်ပါပြီဟု အော်သောအသံကို အရသာတွေ့လာသည်။ ဤသို့ဖြင့် ထိုအသံ နားထောင်နိုင်ရန် ကလေးကို ခဏခဏရိုက်တက်လာသည်။
ပြီးတော့ ရှိသေးသည်။ ကလေးကို ရက်ရက်စက်စက်လည်း ရိုက်သေးသည်။ ကလေးက နာလို့ အော်ငိုပြန်တော့လည်း "တိတ်စမ်း ၊ အသံတစ်စက်မှ မထွက်နဲ့" လို့လည်း ပြောသေးသည်။ တရားမျှတမှုမရှိဟု ကျွန်တော်ထင်သည်။
ကျွန်တော်သည် သမီးကိုရိုက်လေ့မရှိပါ။ နားလည်အောင် ရှင်းပြသည်။ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးသည်။ ကလေးသည် အရိုက်ခံရခြင်းထက် ဒဏ်ပေးခံရခြင်းကို ပို၍ကြောက်တက်သည်ဟု ထင်၏။
တစ်ရက်တွင် စားပွဲမှာထိုင်ပြီး စာရေးဖို့ ကြိုးစားနေသည်။ ရေးစရာပေးစရာတွေက အများကြီး။ ကောင်းကောင်းနေမကောင်းသဖြင့် စိတ်ကမရွှင်၊ စိတ်ကူးဉာဏ်မထွက်ဘဲ ဖြစ်နေသည်။
၀ါကျတစ်ကြောင်းရဖို့ ခေါင်းခြောက်လောက်အောင် စဉ်းစားရသည်။ ဆေးလိပ်သောက်မည်ဆိုပြီး မီးခြစ်ရှာတော့ မတွေ့။ ခုန သမီးအနားလာတာ သတိရသဖြင့် ...
"သမီး မီးခြစ်ယူသလား"
သမီးက ပြေးလာပြီး ...
"ယူတယ် ဖေဖေ၊ သမီးဝှက်ထားတယ်"
"ဘာဖြစ်လို့ဝှက်ထားတာလဲ၊ သွားယူခဲ့"
"သကြားလုံးတစ်လုံးပေးမှ သွားယူပေးမယ်"
ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ အကျပ်ကိုင်ပြီး အခွင့်အရေးတောင်းသည့် အကျင့်ကို သူက ဘယ်က အတုခိုးမိသလဲ။ ထိုအကျင့်ဆိုးမျိုးကို ကျွန်တော်မကြိုက်။ စွဲသွားလျှင် သူကြီးလာတော့ ...
"ဒီမှာသမီး၊ သေသေချာချာနားထောင်၊ သကြားလုံးစားချင်ရင် ရိုးရိုးတောင်၊ အဲဒီလိုလုပ်တာ ဖေဖေမကြိုက်ဘူး။ သွား ... မီးခြစ်သွားယူ"
"သကြားလုံးပေးလေ"
"မပေးဘူး"
"မပေးရင် ဖေဖေ့မီးခြစ်လည်း မပေးဘူး"
ကျွန်တော် စိတ်တိုလက်စနှင့် သူ့တင်ပါးကို လက်ဝါးနှင့် ဖြန်းခနဲ တစ်ချက်ရိုက်လိုက်သည်။ သူသည် အရိုက်မခံဘူးသဖြင့် ရုတ်တရတ်အံ့သြသွားသည်။ ပြီးမှ ၀ါးခနဲအော်ငိုလိုက်၏။ တော်တော်ကြာအောင် ကျွန်တော့်နားမကပ်ဘဲနေသည်။ ပြီးမှ မီးခြစ်ကို သူဝှက်ထားရာမှ ထုတ်ယူပြီး လာပေးသည်။ ထို့နောက် ကျွန်တော့်ပေါင်ပေါ် လက်ထောက်၍မှီပြီး သမီး သကြားလုံး စားချင်တယ် ဖေဖေဟု ပြောသည်။
ညနေ သူ့အမေ ရုံးက ပြန်လာသောအခါ ...
"သမီး၊ ဒီနေ့ အရိုက်ခံရတယ် မေမေ"
ဟု ပြောသည်။ သူ့လေသံမှာ တိုင်တန်းပုံမျိုးမဟုတ်၊ ဂုဏ်ယူသည့် လေသံ။ သမီးသည် တခြားကလေးတွေ အရိုက်ခံရတာကို ကျိတ်၍ အားကျနေသလား။ အရိုက်ခံရခြင်းသည် ကလေးတို့ရသင့်သော အခွင့်အရေးဟု ထင်နေသလား ကျွန်တော် အံ့သြရသည်။

*

သမီးနှင့် သူ့အမေ အချီအချပြောနေကြသည်။
"သမီး နို့ဆီစားချင်တယ် မေမေ"
"သမီး ခုနက ရှောက်သီးဆေးပြားစားထားတယ်၊ မဟုတ်လား။ အချဉ်နဲ့ နို့ဆီနဲ့ မတည့်ဘူး"
"မတည့်ရင် ဘာဖြစ်သလဲ"
"သေတက်တယ်"
"သေလားမသေလား စားကြည့်ချင်တယ် မေမေ"
"အံမယ်၊ သေမယ်ဆိုတာ စမ်းကြည့်လို့ရတာမျိုး မဟုတ်ဘူးဟဲ့"
"သေတယ်ဆိုတာ ဘာလဲဟင်"
သူ့အမေ ခေါင်းကုတ်သည်။
"သေတယ်ဆိုတာ ဟိုအမေကြီး ဒေါ်အုံး ဖြစ်သလိုမျိုးပေါ့"
"သြော် ... သေတ္တာအကြီးကြီးထဲ ၀င်အိပ်ရတာလေ"
"အင်း ဟုတ်တယ်"
"ပြီးတော့ ကားဖြူဖြူကြီးလည်း စီးရတယ်လေ ဇိမ်ပဲ"
"ဟဲ့ ... ဇိမ်မဟုတ်ဘူး"
"မေမေပဲပြောတယ်၊ အမေကြီး ဒေါ်အုံးက ဟိုမိုးပေါ် ရောက်သွားတာဆို၊ အဲဒါဆိုရင် ဇိမ်ပဲပေါ့"
သူ့အမေ မျက်လုံးပြူးလေပြီ။ ဘာပြောရမှန်းမသိ။ လူတို့သည် သေရမှာကို အလွန်ကြောက်ကြသည်။ မသေအောင် အမျိုးမျိုး ကြိုးစားရုန်းကန်ကြသည်။ ထို့ကြောင့် သေခြင်းတရားကို မကြောက်မရွံ့ဘဲ ရင်ဆိုင်နိုင်အောင် ကြိုးစားအားထုတ်ကြပြန်သည်။ ကြိုးစားရင်းကပင် ကြောက်နေကြပြန်သည်။
ကလေးကတော့ သေရမှာကို မကြောက် ဇိမ်ပဲဟု ဆိုသည်။ သေခြင်းတရားကို မကြောက်မရွံ့ခြင်းသည် စိတ်ငြိမ်းချမ်းမှုပဲ မဟုတ်လား။ သူရရှိေနေသည့် ငြိမ်းချမ်းမှုကို ဘယ်လိုလုပ်ကြမလဲ။
မတက်နိုင်ပါ။ လောလောဆယ်မှာတော့ သေခြင်းကို ကြောက်လန့်အောင် မလွှဲမရှောင်သာဘဲ ခြောက်ရလှန့်ရပေဦးတော့မည်။ ထို့ကြောင့် ကျွန်တော် ၀င်၍ပြောသည်။
"သေတယ်ဆိုတာ မကောင်းဘူး သမီးရဲ့၊ သေတယ်ဆိုတာလေ ဟိုဟာဖြစ်တာပေါ့၊ ဟိုဟာလေ ဘာလဲဆိုတော့"

မင်းလူ
--------------
(သဘင် မဂ္ဂဇင်း၊
စက်တင်ဘာ ၊ ၁၉၈၇)

Saturday, July 8, 2017

နည်းပညာစာအုပ်များ

မျိုးသူရ စာအုပ်များစုစည်းမှု(၁၀)အုပ်ပါဗျာ

၁။ကွန်ပျူတာမှကွန်ယက်ဆီသို့
Networking
👉👉Download👈👈


၂။အင်တာနက်လုံခြုံ ရေး
👉👉Download👈👈

၃။ PC Management
👉👉Download👈👈

၄။ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ
👉👉Download👈👈

၅။လွယ်ကူလေ့လာအခြေခံကွန်ပြူတာပညာ
👉👉Download👈👈

၆။နေ့စဉ်သုံးအင်တာနက်
👉👉Download👈👈

၇။အင်တာနက်မှ ရှာဖွေနည်းများ
(Hacking Google)
👉👉Download👈👈

၈။အင်တာနက် အသုံးပြုနည်း
👉👉Download👈👈

၉။အဆင့်မြင့်အင်တာနက် အသုံးပြုနည်း
( 10 MB ) စာမျက်နှာ - ၁၂၁
👉👉Download👈👈

၁၀။အခမဲ့ Website လွှင့်တင်နည်း
👉👉Download👈👈

ခရစ်ဒစ်
မူလတင်ထားသော ကိုကို မမများ

Unicode (Or) Original Myanmar Font

Unicode ( သို့ ) Original မြန်မာစာ Default font
************************************************
လက်ရှိ မြန်မာစာက Unicode နဲ့ Zawgyi ဆိုပြီး (၂) မျိုးရှိနေပါတယ်။ ယခင်က အခက်ခဲတစ်ချို့ကြောင့် မြန်မာစာက လက်ရှိမှာ (၂) မျိုးဖြစ်နေခဲ့ရပါတာပါ။

Xiaomi ဖုန်းတစ်လုံးကို စပြီး ဝယ်လာရင်
မြန်မာစာတွေက Notosan myanmar unicode ကိုတွေ့ရမှာပါ။ အဲ့တော့ zawgyi font တွေကို ကြည့်ရင် မမှန်ဘူးပေါ့။

( အမှန်က မြန်မာစာ မမှန်တာ မဟုတ်ဘူး Zawgyi မမှန်တာနော် )
..........အဲ့တော့ မြန်မာစာ ပါတာ မှန်တယ်ဆိုတာသိပြီပေါ့ သူငယ်ချင်းတို့ရေ။
.........w.ကျနော် စာရိုက်တော့ လက်ရှိသုံးနေတဲ့ Bagan Keyboard နဲ့ အဆင်မပြေဘူး အမှန်တော့ ကိုယ်က အသုံးမကျတာဗျအဆင်ပြေတယ် ၊ Bagan Keyboard ထဲက Language ထဲမှာ Zawgyi နဲ့ Unicode ကို အမှန်ချစ်လေး ပြောင်းလိုက်ရင်ကို ရပြီ။
.........ပါနေတာတွေ အသုံးမချနိုင်ဘူး၊ ကျနော် ငတုန်းပါ။
အဲ့လောက်တုန်းတာ ပြောမနေနဲ့တော့ 😂😂😂
.........ဆိုလိုချင်တာကကျနော်တို့ Xiaomi ဖုန်းကို ဝယ်လာပြီဆိုရင် ဘာမှ ပူစရာမလိုဘူးလို့ဆိုလိုတာ Bagan Keyboard လေးကောက်ထည့်လိုက်ရင်ကိုအဆင်ပြေသွားပြီဒါဆိုရင် မြန်မာ Font ရော Keyboard ရောအဆင်ပြေသွားပြီပေါ့ဗျာ။

ကဲသူငယ်ချင်းတို့ရေ..................
ဒီမှာ စပြီးရှင်းမယ် Zawgyi တွေကိုသာ သုံးနေတဲ့ ကျနော်လက်က Uni ကိုရိုက်တော့ သောက်တလွဲတွေဖြစ်ကုန်ရော
😂😂😂😂😂
အမှန်တော့ zawgyi နဲ့ unicode မှာ
( ဗျည်း နဲ့ သရ ) ကို ဆန့်ကျင်ဘက် ဗြောင်းပြန်ရိုက်လိုက်တော့ OK သွားတယ်
ဥပမာ
******
Unicode မှာ အမေ လို့ ရိုက်မယ်ဆိုပါစို့
( အ မ ေ ) လို့ရိုက်ရရတယ် >>>> ( အမေ ) လို့ပေါ်မယ်

အောင်မြင်ခြင်း လို့ ရိုက်ရင်
( အ ေ ာ င် မ ြ....င် ခ ြ....င်း ) လို့ရိုက်ပါ >>> ( အောင်မြင်ခြင်း ) လို့ပေါ်မယ်

ကမ်ဘာ  လို့ရိုက်ရင်
( က မ် ဘ ာ ) လို့ရိုက်ပါ
>>> ( ကမ်ဘာ ) လို့ပေါ်မယ်

စသည်ဖြင့် စမ်းကြည့်လိုက်ပေါ့ဗျာ
စာနဲ့ရှင်းပြနေပေမယ့် လက်တွေ့က ပိုအဆင်ပြေမယ်ဗျ
အဓိကတော့ဗျာ Zawgyi နဲ့ Unicode ရဲ့ ကွားခြားချက်က
အရင်ဆုံးစရိုက် တဲ့ အက္ခရာ
( ဗျည်း နဲ့ သရ ) ( သရ နဲ့ ဗျည်း ) ကွာခြားသွားတာပါ
ဒါဆိုတော့ စာရိုက်တဲ့ အပိုင်း ရှင်းပြီပေါ့
ကျန်တာ ကိုယ့်ဟာကို စမ်းကြည့်ပါ

ကိုက ဖုန်းမှာပါလာတဲ့ original မြန်မာစာ ကိုသုံးနေရတာဆိုတော့ ပျော်စရာကြီးပေါ့ဗျာ
သူငယ်ချင်း တွေခြားထဲ ကြွားလိုက်သေးတယ် 😝😝😝
ကိုယ်တွေက (  Original တွေဘဲ သုံးတယ် ဆိုပြီးတော့ )
ဘာရမလဲ ကြွားတာက အကျင့်ပါနေပြီလေ 😜😜😜

ဆိုးတာ တစ်ခုက ကိုယ်ကတော့
Original ပါလာပြီးသားဖြစ်တဲ့ Unicode ကို သုံးနေတော့
Zawgyi နဲ့ ဝင်လာတဲ့ Message တွေ
Facebook နဲ့ Massager တွေမှာ
မမှန်ဘဲ ဗြောင်းပြန်တွေ မှောက်ခုန် ၊ ပက်လတ်တွေနဲ့
စစ်ဖြစ် ပြီးလို့ အလောင်းတွေ ထပ်နေ သလိုဘဲ
ဗြောင်းဆန်နေတော့တယ်လေ
စိတ်တော့ ညစ်သွားတာပေါ့ဗျာ
ကဲ........
ဘာမှမပူနဲ့တော့ သူငယ်ချင်းတို့
Software လေးတစ်ခု တွေ့သွားပြီ
Unicode Assistance V2.0.apk လေးပါ
Down ပြီးလို့ install တင်လိုက်ပြီးတာနဲ့
Security.apk ထဲက
Permissions >
Autostart မှာ
Unicode Assistance ကို ON ထားပါ။
ပြီးရင် apk လေးကို တစ်ချက်အဝင်ပြထားလိုက်ရင်ရပါပြီ။
 Zawgyi font နဲ့ ဝင်လာတဲ့စာတွေကို copy text
လေးနှိပ်လိုက်တိုင်း apk လေးက pop-up အနေနဲ့ box ကလေးတစ်ခု Auto တတ်လာပြီး စာတွေ အကုန်လုံးအမှန်မြင်ရအောင် ပြနေမှာပါ။apk ထဲဝင်ကြည့်ကြပါ အသုံပြုနည်းလေး ပါတယ်။

_______________________________________________

Font နှင့် Keyboard
°°°°°°°°°°°°°°°°°°°°°
•Xiaomi ဖုန်းဆိုရင်တော့ Default font  မှာ ထားလိုက်ရုံပါဘဲ။
•Keyboard ကတော့ Bagan Keyboard သုံးပါ
Bagan Keyboard.apk ထဲဝင်ပါ။
Language ထဲမှာ Unicode ကို အမှန်ချစ်ဖွင့်ပေးလိုက်ပါ။

မသိကြသေးသော သူများ အခြေခံ သုံးတတ်စေရန်  Xiaomi ဖုန်းကိုင်ဆောင်ထားပြီး မြန်မာစာ Unicode ပါလာသည် ကို သိစေရန် နှင့် အသုံးပြုတတ်စေရန် ရည်ရွယ်ပြီးတင်သော Post လေးပါ။

Uni / Zawgyi နှစ်မျိုးစလုံး ဖတ်နိုင်ဖို့
Copy and Edit လုပ်နိုင်ဖို့ အတွက်အောက်က apk ကို Down ပါ။
👇👇👇
Unicode Assistance V2.0
*******************************
👉👉Download👈👈

စာရိုက်ဖို့အတွက်
👇👇👇
Download Bagan Keyboard
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
👉👉Download👈👈

ဆရာများ နှင့်တကွ သူငယ်ချင်းကောင်းများအား
လေးစားစွာဖြင့်
°°°°°°°°°°°°°°°
Pyae Sone Phyo

သူရူးသို့ပေးစာ

<Unicode> သူရူးသို့​ပေးစာ
လိုချင်​တပ်​မက်​ခြင်း​တွေကို ငါမလိုချင်​ဘူး။
ပိုင်​ဆိုင်​မှုလို့အမည်​တပ်​ထားတဲ့ အတုအ​ယောင်​​​တွေ မရချင်​ဘူး ။
​သွေးသားနဲ့တည်​​ဆောက်​ထားတဲ့လူသားတစ်​​ယောက်​လို မခံစားချင်​ဘူး။
အချစ်​လို့အမည်​တပ်​ထားတဲ့ရူးသွပ်​ခြင်​း​တွေထဲ
 မနစ်​​မြောချင်​ဘူး။
အ​ကောင်းအဆိုး ​ပွေလီလွန်းတဲ့ လူ့ဘဝမှာ မ​ပျော်​ချင်​မိဘူး။
​ကျေးဇူး၊ ကျင့်ဝတ်​၊တာဝန်​ဝတ္တရား​တွေ​ကြောင့် အချုပ်​အ​နှောင်​မခံရချင်​ဘူး။
အနာဂတ်​၊သည်းခံခြင်း၊အတုံ့အလည့် ​တွေထဲက ရုန်းမထွက်​နိုင်​ဘူး။
အရာရာချုပ်​ငြိမ်းတဲ့​နေရာ​ရောက်​ဖို့ မ​မျှော်​လင့်ပေမယ့်
တစ်​ခါတစ်​​လေ​တော့ ​ဆေးရုံက ​ပေါ​ကြောင်​​ကြောင်​တစ်​​ကောင်​ကြွက်​တစ်​​ယောက်​ရဲ့ ကုတင်​တစ်​​နေရာစာငါ​တောင့်တမိတယ်​။
ခံစားစံစားခြင်းတွေမပါတဲ့ လွတ်​လပ်​စွာ လွင့်​မြောခြင်​း​တွေကို ငါကြုံ​တွေ့ချင်​မိလို့....
#duncan
<Zawgyi> သူရူးသို့​ပေးစာ
 မနစ်​​မြောချင်​ဘူး။
#duncan

Friday, July 7, 2017

ကမ္ဘာမှ မြန်မာ ( Myanmar )

"မြန်မာ မှာပဲရှိပါတယ်"
~~~~~~~~~~~~~~~~
မနေ့က မြန်မာဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အပြာကားအကြည့်ဆုံးမှာ
ဒုတိယလိုက်တဲ့အကြောင်းလေးရှဲမိပါတယ်။ ဒီမနက်မှာအဆဲခံရတဲ့ message တွေ
ဖတ်ရတယ်။ ဒါနဲ့မဖြစ်ချေဘူးဆိုပြီး မြန်မာဟာ တခြားဟာတွေမှာလဲအံ့ချီးစရာများရှိကြောင်း စွမ်းတဲ့အကြောင်းရေးပေအံ့။

မြန်မာဘီယာအပါအ၀င် အရက်မျိုးစုံကို သောက်စားမူးရစ်ပြီး အများပြည်သူနားနေရာ သစ်ပင်ခြေရင်းတွေမှာ ပုလင်းခွန်တွေကို ရိုက်ခွဲထားရစ်ခ့ဲကာ အများပြည်သူဒုက္ခရောက်စေအောင် ပြုလုပ်တတ်ကြသူတွေ မြန်မာပြည်ထဲ ရှိနေကြပါတယ် ...။

ကမ္ဘာ ပေါ်မှာ မတ်ထရစ် စနစ်ကိုမသုံးတဲ့ နိုင်ငံသုံးနိုင်ငံပဲရှိတာမှာမြန်မာက
တစ်နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘာ ပေါ်မှာ Surname ဆိုတဲ့ မျိုးရိုးနာမည်ကို အသုံးပြုခြင်းမရှိတဲ့နိုင်ငံ အနဲငယ်သာရှိရာမှာလဲ မြန်မာဟာပါဝင်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး စာအုပ် ကြီးကလဲ မြန်မာပြည် မှာသာရှိပါတယ်တဲ့
ကုသိုလ်တော်ဘုရားက စာမျက်နှာ ၁၄၆၀ ရှိတဲ့ ကျောက်စာချပ်များဖြစ်ပါတယ်။

ကမ္ဘာ ပေါ်မှာ အသက်အငယ်ဆုံး သူပုန်ခေါင်းဆောင်အဖြစ် မှတ်တမ်းတင်ခဲ့ရတဲ့ လူသာထူး နဲ့ ဂျော်နီထူး ဟာ ဆေးပြင်းလိပ်ကြီးခဲပြီး
သူတို့တပ်ကို ဗိုလ်လုပ် အုပ်ချုပ်ချိန်မှာ အသက် ဆယ်နှစ်စီ သာရှိသေးပါသတဲ့။

ကမ္ဘာ ပေါ်မှာ အလှုအတန်း ရက်ရောမှုနဲ့ စေတနာထားမှုမှာ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ပူးတွဲ ပထမ ဆွတ်ခူးခဲ့ပါတယ်။

ကမ္ဘာ ပေါ်မှာ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလက်ယူမှုအများဆုံးနိုင်ငံများမှာလဲ
မြန်မာကအဆင့်ကောင်းကောင်းနဲ့ပါဝင်နေဆဲဖြစ်ပါတယ်။

ကမ္ဘာ ပေါ်မှာ လူဦးရေနဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု သတ်ဝင်ယုံကြည်မှု အချိုးမှာထိပ်သီးနိုင်ငံဖြစ်တဲ့အပြင်
ဘုန်းကြီး မယ်သီလရှင် အပေါဆုံးဟာလဲမြန်မာနိုင်ငံအဖြစ်မှတ်တမ်းဝင်ပါတယ်။

ကမ္ဘာ ပေါ်မှာ ကိုယ့်အဖေအရင်း ကိုယ့်အကို အရင်းကိုသတ်ပြီး ထီးနန်းသိမ်းပိုက်မှုမှာလဲ မြန်မာဟာ ထိပ်သီးနိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပါတယ်။

ကမ္ဘာ ပေါ်မှာ အရက်နဲ့ ဘီယာ ဈေးအပေါဆုံး လွတ်လပ် လွယ်ကူစွာ ဝယ်နိုင်သောထိပ်သီးနိုင်ငံများမှာလဲမြန်မာပါဝင်ပါတယ်

ကမ္ဘာ ပေါ်မှာ ဈေးအပေါဆုံး အသက်သာဆုံး ပြည့်တန်ဆာ
ဈေးကွက်မှာလဲ မြန်မာက နေရာတစ်ခု အခိုင်အမာ ရယူထားပါတယ်။

ကမ္ဘာ့ အကြီးဆုံး လက်ရှိအသံမြည်အောင် ထိုးနိုင်သော ခေါင်းလောင်းကိုပိုင်ဆိုင်သည့် နိုင်ငံကလဲ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။
မင်းကွန်းခေါင်းလောင်းဟာ ၉၂ တန်အလေးချိန်ရှိပြီး ၁၆ ပေ ၈ လက်မအမြင့်ရှိပါတယ်။

ပိဋကတ် သုံးပုံကို စစ်တိုက်ပြီးသိမ်းတာ ဆင်တစ်ကောင်အတွက်
စစ်တိုက်ပြီးနိုင်ငံသိမ်းတဲ့အဖြစ်ဟာလဲ ကမ္ဘာမှာ မြန်မာ သာရှိပါတယ်တဲ့ခင်ဗျာ။ (ဆင်ဖြူတော်ကိုအရင်ခေတ်ကမမြင်ဘူးလို့မသိပေမယ့် ခုခေတ်မှာမြင်တာတော့ တီဗီထဲဆို နီကြောင်ကြောင် အပြင်မှာ တွေ့တော့လဲ နီကြောင်ကြောင်ပါပဲ)

ကမ္ဘာ့ ပေါ်မှာ မြွေတို့ ဆင်တို့ကို ထိုင်ကန်တော့ပြီးဆုတောင်းတဲ့အဖြစ်ကလဲ အိနိ္ဒယနဲ့ မြန်မာမှာပဲရှိပါတယ်ခင်ဗျ။
ဘုရားရောက်နေတော့ဘုရားမြွေပေါ့ဗျာ တိရိစာၦန် ရုံထဲရောက်တော့လဲ ၃၀၀ တန်မြွေပေါ့။

ကုလသမဂ္ဂမှာ ပထမဦးဆုံး အာရှက အတွင်းရေးမှုချုပ်ရာထူးကိုရယူနိုင်တာလဲ
မြန်မာနိုင်ငံသား ဦးသန့်ဖြစ်ပါတယ်ခင်ဗျာ။

ကျောင်းသား၊စစ်သား၊ဘုရားသား သားသုံးသား ဟူ၍ ကိုယ့်ကိုကိုယ် VIP သတ်မှတ်ပြီး
လာမထိနဲ့ ထိရင်မီးပွင့် သွားမယ်ဟု ကြွေးကြော်သောနိုင်ငံမှာလဲ မြန်မာနိုင်ငံသာရှိပါတယ်။

ကမ္ဘာပေါ်မှာ May I Help You ဆိုတဲ့ ကူညီပါရစေ စာတန်းချိတ်ပြီး ပိုက်ဆံပြန်တောင်း
တာမှာလဲ မြန်မာပြည်ဟာအထူးချွန်ဆုံးနဲ့ ထိပ်တန်းအဆင့်မှာရှိပါတယ်။

ကမ္ဘာ ပေါ်မှာလည်ပင်းအရှည် ဆုံးလူမျိုးကလဲ မြန်မာနိုင်ငံမှ ပဒေါင် လူမျိုးဖြစ်ပြီး 40 cm ဆယ်ခြောက် လက်မ နီးနီးရှိကာ သာမန် ရှိသင့်တဲ့လည်ပင်းထက် သုံးဆပိုရှည်ပြီး ပဒေါင်လူမျိုးများရဲ့ လည်ပင်းရှည်ပုံဟာ ဂင်းနစ် စံချိန်တောင်ဝင်ပါတယ်ခင်ဗျ။

ကမ္ဘာ ပေါ်ကကိုယ်ခံပညာတွေမှာ ခေါင်းကိုလက်နက်ကဲ့သို့ အသုံးပြုပြီး ခေါင်းနဲ့တိုက်တာ
ခေါင်းနဲ့ဆတ်တာခွင့်ပြုတာမြန်မာနိုင်ငံက မြန်မာ့လက်ဝှေ့အားကစားမှာ သာရှိပါတယ်တဲ့။

အရှေ့တောင်အာရှမှာ ထိပ်သီး တိုက်ရည်ခိုက်ရည်နှင့် စစ်ရေးစွမ်းရည်ပြည့်ဝသော ခြေလျှင် တပ်မတော်ကိုပိုင်ဆိုင်တာမြန်မာနဲ့ ဗီယက်နမ် ဖြစ်ပါတယ်တဲ့။

ပြည်ဦးလွင်မှာရှိတဲ့ စစ်တက္ကသိုလ် ဟာအရှေ့တောင်အာရှမှာအကောင်းဆုံး စစ်တက္ကသိုလ်ဖြစ်ပြီး
အနီရောင် ဘယ်ရီဟတ် ဆောင်းခွင့်ရတစ်ခုတည်းသော စစ်တက္ကသိုလ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဘဏ်များတွင်အပ်နှံထားသော ဘဏ်စာရင်းနှင့် ထိပ်သီး ကြွယ်ဝချမ်းသာသူ နှစ်ဆယ်မှာ ခုနှစ် ယောက်က တပ်မတော်သားများဖြစ်ပြီး
ခြောက်ယောက်ကသူတို့နဲ့ပါတ်သက်သူများဖြစ်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး နီလာတုံးကြီး ဟာမြန်မာနိုင်ငံထွက်ဖြစ်ပြီး အလေးချိန် 397.095 ကာရက်ရှိပါတယ်။ ဟောင်ကောင်သူဌေး Olivier Galibert ကလက်ရှိပိုင်ဆိုင်ပါတယ်။

နိုင်ငံနာမည်နဲ့ ဘီယာထုတ်ပြီး နိုင်ငံတော်အစိုးရအဖွဲ့နဲ့ ဦးပိုင်က share ပါ
ဒါကိုဘယ်သူမှ မကန့်ကွက်ပဲ မှတ်ပုံတင်ခွင့်ပေးပြီး
အားပေးကြတာလဲမြန်မာနိုင်ငံသာရှိပါတယ်။ ဂုဏ်ယူလိုက်ပါ မြန်မာဘီယာ။

ဝန်ဆောင်မှုပေးရတဲ့နယ်ပယ်တွေမှာ ကောင်းစွာပြုစုပေးရင် Tips လို့ခေါ်တဲ့ ဘောက်ဆူးပေးကြပါတယ်။ ဒါကိုသူများနိုင်ငံတွေလို မပေးရင်လဲ
ဘာမှမဖြစ်ပဲ အပြုံးမပျက်တာကမ္ဘာမှာ မြန်မာသာရှိပါတယ်တဲ့။

ကြီးရင်ကောင်းတယ်မှတ်ပြီး တကယ်မကြီးသော်လဲ မလိုအပ်သော်လဲ ကြီးတွေတပ်ပြီးအသုံးပြုတာတွေဟာ ကမ္ဘာမှာ မြန်မာနိုင်ငံသာရှိပါတယ်တဲ့ခင်ဗျာ။
ဥပမာ ဈေးရုံတော်ကြီး၊ဘာဆိုင်ညာဆိုင်ကြီး၊ နိုင်ငံတော်ကြီး၊ အရှင်မင်းကြီး၊ လူကြီး စသည်ဖြင့်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံကို ရွှေနိုင်ငံဟု တင်စားခေါ်ဆိုကြခြင်းမှာ လာရောက်သောနိုင်ငံခြားခရီးသွားများက နိုင်ငံအနှံ့တွင်များစွာတွေ့ရသော
ရွှေရောင်တဝင်းဝင်းဖြင့် ကြည်ငြိုဖွယ်စေတီပုထိုးများကိုအစွဲပြုပြီးခေါ်ဆိုရာမှအစပြုသည်။

ပတ္တမြားငမောတ် ဟုထင်ရှားသော ခိုသွေးရောင်အဆင်းရှိ သည့်ပတ္တမြားသည်
ကမ္ဘာပေါ်တွင်အမှန်တကယ်ရှိခဲ့သော ပျောက်ဆုံးနေသည့် ကမ္ဘာ့အံ့ချီးဖွယ်ရာ အကောင်းဆုံး ရတနာများတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အသုဘချသောနေ့၌ သေနက်အချက်သုံးဆယ်ပစ်ဖောက်ပြီး ဂုဏ်ပြုခံရသည့်အပြင်
နိုင်ငံတော် အားလပ်ရက်အဖြစ်သတ်မှတ်ပေးခြင်းခံရသော
မီဖုရားစုဖုရားလတ်သည် အာရှတွင်ပထမဦးဆုံး ဗြိတိလျှတို့ဦးညွှတ်ရသောမြန်မာ
အမျိုးသမီးဖြစ်ပါတယ်ခင်ဗျာ။

ကမ္ဘာပေါ်မှာ ဘုန်းတော် ဘွဲ့တော် အရှည်ဆုံးပေးသူများအဖြစ်လဲ
မြန်မာပြည်ဟာစံချိန်တင်ပါတယ်တဲ့ခင်ဗျ။ ဥပမာ သီပေါမင်း၏ ဘွဲ့တော်မှာ
စာလုံးရေ လေးဆယ့်ခုနှစ် လုံးထိရှိပါတယ်။

ပန်းဆယ်မျိုး ဖြစ်သော ပန်းပု၊ ပန်းပွတ်၊ ပန်းတဉ်း ၊ပန်းယွန်း ၊ပန်းပဲ ၊ပန်းချီ ၊ပန်းတိမ် ၊ပန်းတော့ ပန်းရံ ၊ပန်းတမော့ တို့ကို ယခုတိုင် တတ်ကျွမ်း ပြုလုပ်နိုင်သော
လူမျိုးမှာ ကမ္ဘာပေါ်တွင် မြန်မာလူမျိုးတို့သာရှိသည်ဟုသိရှိရသည်။

တစ်နှစ် လျှင် ဆယ့်နှစ်လလုံး အပျော်အပါးနှင့် နွှဲပျော်စရာ ပွဲတော်များရှိတဲ့
နိုင်ငံဟာလဲ မြန်မာပြည်သာရှိပါတယ်တဲ့။လူဦးရေအချိုးနဲ့ လဘက်ရည်ဆိုင်၊ ဘီယာဆိုင်ပေါများမှုမှာလဲ ထိပ်တန်းကရပ်တည်လျက်ရှိပါတယ်။

ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျွန်းသစ်၊ သစ်မာ၊ ပတ္တမြား နှင့် နီလာတို့ကိုမြန်မာနိုင်ငံကသာထုတ်လုပ် တူးဖော် ရရှိနိုင်ပါတယ်။

အရှေ့တောင်အာရှမှာ မွေးသေနှုန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းဆုံး၊
ပညာရေးနိမ့်ကျမှုအဆိုးဆုံးလေးနိုင်ငံမှာမြန်မာပါဝင်ပါတယ်။

ပြည်တွင်းမှာ မီးတွေမမှန် တချို့ဒေသတွေမှာ လျှပ်စစ်မီးဆိုတာမမြင်ဘူးပေမယ့် နိုင်ငံခြားကို
လျှပ်စစ်ထုတ်ရောင်း ရအောင် ပိုလျှံတယ် ဆိုတာလဲ မြန်မာပြည်ပဲရှိပါတယ်တဲ့ခင်ဗျာ။

နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြည်သူကို နောက်တစ်ခါဆိုသေပြီသာမှတ်ဆိုတဲ့သဘောနဲ့ လက်ညှိုးငေါက်ငေါက်ထိုးပြီးကြိမ်းဝါး စိန်ခေါ် စစ်တပ်က မိုးပေါ်ထောင်မပစ်ဘူး သတိကျပ်ကျပ်ထားဆိုတဲ့ နိုင်ငံ့ ခေါင်းဆောင်ကလဲ မြန်မာပြည်မှာပဲရှိခဲ့ပါသတဲ့ဗျာ။

ကမ္ဘာပေါ် မှာအကြောအမာဆုံး မျက်နှာအပြောင်အတိုက်ဆုံး
ရယ်စရာတွေအပြောတတ်ဆုံး နဲ့ သတိအမေ့တတ်ဆုံး
လူကြီးများရှိတဲ့ နိုင်ငံများမှာလဲ မြန်မာက ထိပ်တန်းအဆင့်မှာရှိပါတယ်တဲ့ခင်ဗျ။

ဘင်ကြီးကိုစိတ်တိုပြီး ထိုးဖောက်ခဲ့လို့ Dictionary မှာ နေဝင်းဒေါသဆိုပြီး
စကားလုံး အသစ်အဖြစ်ဖော်ပြခံရတဲ့ တစ်ဦးတည်းသောနိုင်ငံ့ခေါင်းဆောင် ကလဲ မြန်မာနိုင်ငံသား ဗိုလ်ရှုမောင်(ခ)ဦးနေဝင်း ဖြစ်ပါတယ်။

ညဘက် လူတွေအိပ်ချိန်မှာ အချိန်မရွေး ခြင်ထောင်လှန်ပြီး ဧည့်စာရင်းစစ်လို့ရတဲ့
ရှားပါးလှတဲ့အ ခွင့့်အရေးရနိုင်ငံများမှာလဲ မြန်မာပါဝင်ပါတယ်တဲ့ခင်ဗျာ။

မိမိ ဆန္ဒမပါပဲ ရှေ့တန်းတွင် အထမ်းသမားအဖြစ် ခိုင်းစေရန် မြို့လည်ကောင်မှာ
ပေါ်တာဆွဲတယ် ဆိုပြီး အတင်းအဓမ္မ ကားပေါ်မောင်းတင်ခံရတာလဲ ကမ္ဘာမှာ မြန်မာသာရှိပါတယ်တဲ့။

နိုင်ငံတော် ဗဟိုဘဏ်ကနေ ကိုးဆယ်တန် လေးဆယ်ငါးကျပ်တန် စသည်ဖြင့် ကမ္ဘာ ပေါ်က စီးပွါးရေးနှင့် ငွေကြေးဆိုင်ရာကျွမ်းကျင်သူများ အားလုံး အံ့ဩ မှင်သပ်
သွားလောက်တဲ့ငွေစက္ကူတွေကိုထုတ်ခဲ့ တာလဲ မြန်မာနိုင်ငံသာရှိပါသတဲ့ဗျ။

၁၉၈၂ နိုင်ငံသားပြုမှု ဥပဒေအရ (FRC)ဆိုတာ ကပြား ဒုတိယမျိုးဆက်ဖြစ်လို့
ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ်ပင် ရွေးကောက်ခံ ပိုင်ခွင့် မရှိသော်လည်း စစ်မှုထမ်းရန် တာဝန်ရှိတဲ့အတွက် လိုအပ်ရင်ဆင့်ခေါ်ခံရတဲ့ ဥပဒေကလဲ မြန်မာမှာသာရှိပါတယ်တဲ့။

ရွေးကောက်ပွဲမတိုင်ခင် လမ်းတစ်ဝက်ပဲခင်းပေးပြီး သူမဲအနိုင်ရချိန်မှ ကျန်တစ်ဝက်ကိုခင်းပေးတဲ့ လမ်းတစ်ဝက် အမတ်များရှိတဲ့နိုင်ငံကလဲ ကမ္ဘာမှာ မြန်မာပါတဲ့ခင်ဗျာ။

နိုင်ငံတော် ဗဟိုဘဏ်ကနေ တရားဝင်ထုတ်ပေးထားတဲ့ငွေစက္ကူတွေကို တရားမဝင်သောကြောင့် သုံးစွဲခွင့်မပြုဆိုပြီး လုပ်တဲ့နိုင်ငံ ကမ္ဘာပေါ်မှာ
လက်ဆယ်ချောင်းမပြည့်ပေမယ့် မြန်မာပါဝင်ပါတယ်ခင်ဗျာ။

အင်တာနက်မြန်နှုန်း အနှေးကွေးဆုံး ၁၀ နိုင်ငံမှာလဲ မြန်မာဟာ နံပါတ်တစ်ခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ အာရှမှာ မော်တော်ကားဈေးနှုန်း အကြီးဆုံးနိုင်ငံအဖြစ် ကားဈေးတွေဒီလောက်ကျနေတာတောင် ထိပ်ဆုံးကဆက်လက်ဦးဆောင်နေပါတယ်။

လူတစ်ဦးချင်းဝင်ငွေနိမ့်ကျသော်လဲ ဒေသတွင်းနိုင်ငံများနှင့်တန်းတူ ဓာတ်ဆီဖိုး၊ မီတာခ၊ တယ်လီဖုန်းပြောခ များကိုပေးဆောင်နေရတာအရှေ့တောင်အာရှမှာမြန်မာ
သာရှိပါတယ်ခင်ဗျ။

ကမ္ဘာ သက်တန်းအရင့်ဆုံးနဲ့ အရှည်ဆုံး သစ်သားတံတားကိုပိုင်ဆိုင်တဲ့နိုင်ငံကလဲ
မြန်မာနိုင်ငံဖြစ်ပါတယ်။ အမရပူရမြို့ မှာရှိတဲ့ ဦးပိန်တံတားဖြစ်ပြီး အရှည် 1.2km (0.75 Mile)ပေလေးထောင်နီးပါးရှည်ပါတယ်။

ကမ္ဘာမြေရဲ့ ဆွဲအားကို သက်ရောက်မှုမဖြစ်စေပဲ အလွန်အံ့ဩ ကြည်ငြို ဖွယ်ရာတည်ရှိတဲ့ ကျိုက်ထီးရိုးဘုရားဟာ အခြားဘာသာဝင်များ ဗုဒ္ဓ ဘာသာ သို့ကူးပြောင်းစေသော တန်ခိုးကြီး စေတီ တစ်ဆူဖြစ်ပါတယ်တဲ့။ ကမ္ဘာမှာ ဒီလိုစေတီမျိုးမြန်မာပြည်မှာသာရှိပါတယ်။

မြန်မာဟာအရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံ၊ အလှဆုံးနှင့် အခမ်းနားဆုံး ဘုရားရှိခိုးကျောင်း၊ အဆင့်အတန်းအမြင့်ဆုံး တက္ကသိုလ်၊
အကောင်းဆုံး ဆေးရုံ၊ ဈေး ၊ဘူတာ ၊အဆောက်အဦးများ၊
အလှပဆုံး မြို့ကွက် တို့ကိုတစ်ချိန်က တကယ်ကြီးကိုပိုင်ဆိုင်ခဲ့ဘူးပါတယ်။

နောက်ဆုံး တစ်ချက်ကတော့မြန်မာလူမျိုးတွေဟာ အလွန်ကျေနပ်ရောင့်ရဲလွယ်ပြီး အင်မတန်မှ ခွင့်လွှတ် သီးခံတတ်သော သဘောကောင်းသည့်လူမျိုးများဖြစ်ကြောင်းပါခင်ဗျာ။
ဒါတွေကိုကျွန်တော်မပြောပါဘူး သေချာတိကျတဲ့စစ်တမ်းတွေ နောက်ဆုံးရရှိသော အထောက် အထားတွေကို ကိုးကားပြီးဖော်ပြတာဖြစ်ပါတယ်။

Credit ဟိန်းထက်
#သတင်းနှင့််ကျန်းမာရေး

တစ်ချို့ အရာတွေ

တစ်ချို့ အရာတွေကို ခေါင်းညိမ့်ခဲ့ရတယ်

တစ်ချို့ အရာတွေကို လက်ခံခဲ့ရတယ်

တစ်ချို့ အရာတွေကို သည်းခံခဲ့ရတယ်

တစ်ချို့ အရာ‌တွေကို ဟုတ်တယ်ပြောခဲ့ရတယ်

တစ်ချို့ အရာတွေကို မှန်တယ်ပြောခဲ့ရတယ်

တစ်ချို့ အရာတွေကို ရှင်းမပြဖြစ်ခဲ့ဘူး

တစ်ချို့ အရာတွေကို လက်ခံပေးခဲ့ရတယ်

တစ်ချို့ အရာတွေကို ဟန်ဆောင်ပေးခဲ့ရတယ်

တစ်ချို့ တစ်ချို့သော အရာတွေက ပြန်မရတော့ဘူး

ဘာဘဲဖြစ်ဖြစ် ကုန်ဆုံးခဲ့တဲ့ အရာတွေအတွက် ဝမ်းမနည်းတော့ဘူး

လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင်နေတယ်

အဲ့ဒီလို အခိုက်အတန့် ခင်ဗျားတို့ရင်ထဲမှရှိတယ်ဆိုရင် ပြန်လည်မျှဝေပေးလိုက်ပါ

#AungMoeHtet #Lyan