Free Bitcoin

BitMiner - free and simple next generation Bitcoin mining software

Saturday, February 3, 2018

အခ်စ္လို ့ေခၚသလား

အခ်စ္လို ့ေခၚသလား



အခန္း သံုး
   အခ်စ္ထဲတြင္ တစ္ဖက္သက္အခ်စ္က ခံစားရ အခက္ဆံုးျဖစ္သည္။ေျပာရလွ်င္ အံုပံုးအခ်စ္ျဖစ္သည္။ရင္ထဲမွ႐ွိေသာ ခ်စ္ျခင္းကို ထုတ္ေဖာ္မေျပာရဲျခင္းျဖစ္သည္။သက္ထားတစ္ေယာက္ အေတြးလြန္ေနသည္။ေဘးနားတြင္ သက္တန္႔ ႐ွိေနသည္ပင္ကို သတိမထားမိေတာ့။

" သက္ထား ... ဟဲ..သက္ထား . . .
 ဘာေတြ ေတြးေနရတာလဲဟာ "

"ေခၚမၾကား ေအာ္မၾကားနဲ႔ . . . ."

သက္တန္႔က ေဘးနားကကပ္ေျပာလိုက္သည္။သက္ထားလန္႔သြားသည္။သက္တန္႔ေျပာမွ သတိကပ္မိေတာ့သည္။

" ဟင္ . . . ဘာမဟုတ္ပါဘူးဟာ ."
"ေအးပါ မိသက္ထားရယ္. "

အဲ့ေန႔က ခန္႔သူေရာက္မလာပါ။သူေကာင္မေလးႏွင့္ ေလ်ာက္လည္ေနသည္ဟု သိရသည္။သူက သူငယ္ခ်င္းႏွင့္ ယဥ္လို္က္လွ်င္ေကာင္မေလးကို ဦးစားေပးသည္။ဒါကလည္း သူအက်င့္ေပကို။ေလ်ာက္မလည့္ျဖစ္ၾကေပ အဲ့ေန႔က။သက္တန္႔ႏွင့္ သက္ထား အိမ္ကိုအေစာႀကိ္းျပန္ျဖစ္ၾကသည္။
....
...
..
.
ေနမင္းေရာင္ျခည္က ေကာင္းကင္မွ ေျမျပင္သို႔ ျဖာက်လာသည္။လမ္းမႀကီးသည္လည္း ဟိုမွသည္ သည္မွဟို သြားလာေနၾကေသာ လူမ်ားေၾကာင့္ သက္ဝင္လႈပ္႐ွားလာသည္။သက္ထား အိပ္ယာထက္မွ ျပင္းေၾကာတစ္ခ်က္ဆန္႔လိုက္သည္။ဒီေန႔ ေက်ာင္းပိတ္သည္။ထိုအတြက္ နာရီကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ ႐ွစ္နာရီထိုးေနၿပီ။
သူ အိပ္ယာေပၚမွ ဆင္းလိုက္သည္။

" တီ...တီ... . . . . .
တီ. . တီ. ."

သက္ထား ဖုန္းသံၾကား၍ၾကည့္လိုက္သည္။ခန္႔သူဆီမွျဖစ္ေနသည္။အေၾကာင္းထူး႐ွိၿပီ၊ျပႆနာတစ္ခုမဟုတ္ တစ္ခု ေပၚလာေနၿပီထင္သည္။သက္ထား ဖုန္းေကာက္ၿပီးကိုင္လိုက္သည္။

"ေအး . . . ေျပာ ... ခန္႔သူ "
" ငါ ... ဘာလုပ္ရေပးရမလဲ. . . .
နင္ေကာင္မေလး ကိစၥမို႔လား "

သက္ထားက ဖုန္းကိုင္ၿပီးသူေျပာခ်င္သမွ်တန္းေျပာလိုက္သည္။

"ဟီး .. . အၾကားအျမင္ရေနသလား မိသက္ထား ..ဟမ္ "
" မွန္လိုက္တာဟာ. . . ငါေတာင္ဘာမွမေျပာရေသးဘူး နင္တန္းသိတာဘဲေနာ္"
"လုပ္ေနၾကအတိုင္း ... ငါေကာင္မေလး အျဖစ္ဟန္ေဆာင္ေပးအံုးေနာ္"

တစ္ဖက္မွ ခန္႔သူ၏ ေညာင္ႏွာႏွာ အသံကိုမၾကားျခင္ဘဲ ၾကားလိုက္ရသည္။ထံုးစံအတိုင္း သြားရေပလိမ့္အံုးမည္။

"ေအး . . ခါတိုင္း အေအးဆိုင္ဘဲ မို႔လား "
" အင္း . . . ဟုတ္တယ္ . . သက္ထား .
ခါတိုင္းဆိုင္ဘဲ... ဒါနဲ႔ ေက်းဇူးေနာ္ ဟာ"
" မလိုပါဘူးဟာ .. "

သက္ထား ေျပာၿပီး ဖုန္းခ်လိုက္သည္။ေရခ်ဳိးရမည္။ၿပီးလွ်င္ ခန္႔သူ ဆီသြားရမည္။ျပႆနာကို ႐ွင္းေပးရအံုးမည္။
......
. . ..
ၾကာလိုက္တာ ... သက္ထားေစာင့္ေနရသည္မွ နာရီဝက္႐ွိၿပီ။ခန္႔သူက ခုထိ ေရာက္မလားေသ။စိတ္မ႐ွည္ေတာ့သျဖင့္ ဖုန္းေခၚလိုက္သည္။

" ဟဲ့ . . . နင္က မလာေသးဘူးလား
ငါေစာင့္ေနရတာ နာရီဝက္႐ွိၿပီ ေသနာရဲ႕"

သက္ထား ဟိုဘက္ကဖုန္းကိုင္သည္ႏွင့္ တန္းေအာ္ျပစ္သည္။ခန္႔သူကို စကားေျပာခ်ိန္မေပး၊ သက္ထားစိတ္တုိေနသည္။သက္ထား ေျပာလို႔ဝၿပီဆိုမွ ရပ္လိုက္သည္။

" ျဖည္းျဖည္း ေျပာပါ မိသက္ထားရယ္ "
"ေရာက္ေတာ့မွပါ ေနာက္ငါးမိနစ္ေလာက္ေနရင္ "
"ေအးပါ . .. . ျမန္ျမန္လာ ဒါဘဲ "

သက္ထားေဆာင့္ႀကီးေအာင့္ႀကီး ေျပာလိုက္သည္။သက္ထား စဥ္းစားမိသည္။သူ ခန္႔သူကို ခုလိုကူညီေနတာ ျဖစ္သင့္ရဲ႕လား။မိန္းမေစ်းမ်ား က်ေနမလား။ဘာဘဲ ျဖစ္ျဖစ္ေလ ကိုယ္ခ်စ္ရသူ အဆင္ေျပဖို႔ဘဲေလ။ငါ အနစ္နာခံႏိုင္ပါတယ္။သူေပ်ာ္ေနရင္ သူအဆင္ေျပေနရင္ ငါေက်နပ္ပါတယ္ေလ။

"ဟိတ္ . . . ဘာေတြစဥ္းစားေနတာလဲ
ငါေရာက္လာေတာင္ မသိဘူးလား ... ဟမ္ . မိသက္ထား "

ေနာက္ကေန ခန္႔သူ ေအာ္လိုက္မွ သက္ထားအေတြးထဲ ျပန္ထြက္မိသည္။နည္းနည္းေတာ့ လန္႔သြားသည္။ခန္႔သူ၏ ေအာ္သံေၾကာင့္ သက္ထားရင္ထဲ အနည္းငယ္လႈပ္ခတ္သြားမိသည္။

" ဘာ . . ဘာ . . မွမေတြးပါဘူးဟာ
  . . . နင္ကလည္း ၾကာလိုက္တာ . .
ခု ဘယ္လို ကူညီရမွလည္းေျပာ "

သက္ထား အသံကို ထစ္ေငါစြာေျဖမိသည္။မ်က္ႏွာကို မနည္းထားရသည္။ရင္ထဲက အခ်စ္က သိမ္းဆည္းထားဖို႔ ခက္ခဲလိုက္တာဟာ။

"ေအး . . . ခုက ခါတိုင္းနဲ႔ မတူဘူး နင္ကူညီရမွက "
" ဒီလိုဟာ . . . ငါက ခုတြဲေနတဲ့ ေကာင္မေလးနဲ႔ ဆိုင္ထိုင္ေနမယ္ . . . နင္က ေရာက္ခ်လာမယ္ ... အဲ့မွ ငါကို ျပႆနာ႐ွာရမယ္ "
"ခုျဖတ္ ... ဘာညာ ေပါ့ဟာ "

ခန္႔သူ ေျပာရင္းေမာသြားသည္ ထင္သည္။သက္ထားမွာထားေသာ္ အေအးခြက္ကို ယူၿပီး ေမာ့ေသာက္လိုက္သည္။

"အင္း . . ဟုတ္ၿပီ . .
နင္ေကာင္မေလးက မလာေသးဘူးလား အခု "

သက္ထား ေမးလိုက္သည္။ခန္႔သူမ်က္ႏွာကို ၾကည့္ရင္းျဖင့္။

"ခဏေန လာမွဟာ .. နင္တစ္ေနရာကို သြားေ႐ွာင္ေပးဟာ "
....
 . .
"ေျပာရက္လိုက္တာ ... ခန္႔သူရယ္
နင္တစ္ေနရာကို သြားေ႐ွာင္ေပးတဲ့လား ဟာ "
"အင္းေပါ့ေလ. နင္ကို ခ်စ္ေနေတာ့လည္း နင္ခိုင္းသမွ် ငါလိုက္နာေနမိမွပါဘဲေလ"

သက္ထား၏ စကားသံမ်ားကို ထြက္မလာ ရင္ထဲမွ နာက်င္စြာေျပာမိေသာ ႏွလံုးသားစကားသံမ်ားသာ ျဖစ္သည္။
...
သူႏွင့္ ခန္႔သူ ဇာတ္တိုက္ထားတဲ့အတုိင္း ...
ခန္႔သူႏွင့္ သူေကာင္မေလး အေအးဆိုင္ထဲတြင္ ၾကည္ႏူးေနၾကသည္။ေကာင္မေလး မ်က္ႏွာသည္ ဘာမွမသိ ျဖဴစင္ေနသည္။ခ်စ္စရာေကာင္းေနသည္။မၾကာမိ သူႏွင့္ ခန္႔သူ၏ လည့္ကြက္ထဲတြင္ေကာင္မေလး မိေတာ့မည္။ေကာင္မေလးကိုသနားမိသည္။ဒါေပမဲ့ မတက္ႏိုင္ သူခ်စ္ေသာသူအတြက္ ကူညီရမည္။သက္ထား မ်က္ႏွာကို တင္းတင္းထားခါ ခန္႔သူႏွင့္ ေကာင္မေလး စားပြဲ ႐ွိရာသို႔ သြက္လက္ေသာ ေျခလွမ္းမ်ားျဖင့္ လွမ္းလာခဲ့သည္။

" ခန္႔သူ ... နင္ ဒါဘာအခ်ိဳး ခ်ိဳးတာလဲ"

 သက္ထား၏ အသံက အေအးဆိုင္ထဲတြင္ ေအာင္ျမင္စူး႐ွစြာ ထြက္ေပၚလာသည္။ေကာင္မေလးက ျပဴးစက္ေသာ မ်က္လံုး အံဩေနေသာ မ်က္ႏွာ .. ဘာမွ နားမလည္ေသာ ပံုစံျဖင့္ လွမ္းကာၾကည့္သည္။သက္ထား ဆက္ေအာ္လိုက္သည္။

" ငါ . .. နင္ကို ယံုၾကည္လြန္းလို႔ လႊတ္ထားတာ ... နင္ကေတာ့ ဒီလို ေဖာက္ျပန္ေနတယ္ေပါ့ ဟုတ္လား "
" နင္နဲ႔ငါ ေစ့စပ္ထားတဲ့ ဂုဏ္သိကၡာ
လူႀကီးေတြရဲ႕ ဂုဏ္သိကၡာကို မေထာက္ေတာ့ဘူးလား "

ထိုေနာက္ ေကာင္မေလးဘက္သို႔ လွည့္ကာ သက္ထားဆက္ေျပာျဖစ္သည္။

" ဒီမယ္ . . . မိန္းခေလး ...
မိန္းခေလးကိုေတာ့ တို႔မသိဘူး ..."
" ဒါေပမဲ့ သူနဲ႔ တို႔နဲ႔ ကေစ့စပ္ထားတာ မၾကာမိ လက္ထပ္ေတာ့မယ္ "
" မိန္ခေလး ေနာင္တမရျခင္ဘူးဆိုရင္ သူအနားက ခုထြက္သြားပါ"

ေကာင္မေလးက အံဩမင္သက္ေနေသာ မ်က္ႏွာႏွင့္ ခန္႔သူကို ၾကည့္လိုက္သည္။ေကာင္မေလး၏ ျဖဴစင္လြန္းေသာ ပါးႏွစ္ဘက္ေပၚသို႔ မ်က္ရည္စက္မ်ားက်လာခါ ဝမ္းနည္းေသာ ငို႐ူိက္သံျဖင့္

"ကိုကုိ ... သူေျပာတာ အမွန္ဘဲလားဟင္ "
"ကိုကို ... ကိုကို သိပ္ရက္စက္တယ္ "
...
" အင္း ... ခေလး သူေျပာတာမွန္တယ္ ကိုကိုနဲ႔သူနဲ႔က လူႀကီးခ်င္း သေဘာတူၿပီး ေစ့စပ္ထားၾကတာ ..."
"ေနာက္လထဲဆို လက္ထပ္ၾကေတာ့မွ ခေလး"

ခန္႔သူ ... ခန္႔သူ ဒါမ်ဳိးၾကတက္တယ္။နင္ သ႐ုပ္ေဆာင္တာ သိပ္ေတာ္တယ္ဟာ။နင္ရဲ႕ တုန္လႈပ္ေနပံုက တစ္ကယ္အသက္ဝင္တယ္ေနာ္။ငါအေပၚမွေကာ နင္အဲ့လို သ႐ုပ္ေဆာင္ေကာင္းေနအံုးမွလားဟာ..
သက္ထားတစ္ေယာက္ထဲေတြးေနမိသည္။
...
"ဟုတ္တယ္ ... မိန္းခေလး . .
မိန္းခေလး သိရၿပီဆိုေတာ့ ခုကတည္းမလြန္ေအာင္ေနာက္ဆုတ္လိုက္ပါလို႔ ေျပာခ်င္တယ္ "

သက္ထားအသံက ဆက္ထြက္လာခဲ့သည္။ထိုေနာက္ ေကာင္မေလးဆီမွ နာက်င္ေၾကကဲြေသာ အသံျဖင့္ ခန္႔သူကို နီရဲေသာ မ်က္လံုးႏွင့္ၾကည့္ခါ

"ကိုကို ... ခေလးကို လိမ္တယ္
ခေလး ... ကိုကို႔ ကို မုန္းတယ္ "
" ကိုကို ဒီအတြက္ ခေလးကို ျပန္ေပးဆပ္ရမယ္ . . . ကိုကိုလို အခ်စ္ကိုတန္ဖိုးမထားတဲ့သူအတြက္ အခ်စ္က ျပန္ၿပီး ဒဏ္ခတ္လိမ့္မယ္ ကိုကို "
" ကိုကိုနဲ႔ခေလး ျပတ္ၿပီ "
" ! ! ျဖန္း !. . . ."
က်ယ္ေလာင္ေသာ လက္ဝါး႐ုိက္ခ်က္က ခန္႔သူ၏ ပါးေပၚသို႔ တိက်စြာ က်ေရာက္သြားသည္။ေကာင္မေလးသည္လည္း ေျပးထြက္သြားသည္။ခန္႔သူ၏ ပါးေပၚတြင္ နီရဲလွေသာ လက္ဝါးရာက လွပေသသပ္စြာ ေပၚလာသည္။သက္ထား ... ဝမ္းနည္းမိသည္။သူခ်စ္လွေသာသူ၏ ပါးေပၚသို႔ ရက္စက္စြာ႐ိုက္သြားေသာ ေကာင္မေလး၏ စိတ္ကိုလည္း နားလည္သည္။သို႔ေသာ္မေက်နပ္မိေပ။ထိုက သက္ထား၏ ရင္ထဲက အေတြးမွ်သာ ျဖစ္သည္။ပါးစပ္ဖ်ားမွ ထြက္က်လာေသာ စကားသံက

"ေကာင္းတယ္ ... ေသနာ ..
အဲ့ထက္ပို႐ိုက္သြားသင့္တာ ..."
...
"ေအးပါဟာ ... နင္ကေတာ့ ေပ်ာ္ေနမွေပါ့ ..ငါ႐ိုက္ခံလုိက္ရလို႔ .."
"ဘာဘဲ ျဖစ္ျဖစ္ ေက်နပ္ပါတယ္ သက္ထားရယ္ . . . နင္ေတာ္တာေနာ္ အဲ့လိုစဥ္းစားမိတာ "

ခန္႔သူ ပံုစံက တစ္မ်ဳိးေျပာင္းသြားသည္။ေျပာင္တီး ေျပာင္စပ္ႏွင့္ျဖစ္သြားသည္။

"ဟဲ့ ေသနာ ... နင္လြန္တယ္ေနာ္
ေကာင္မေလးခမွ်သနားစရာ ဟာ"
"နင္ ေပြတာေတြလည္း ေလ်ာ့ပါေတာ့ "

သက္ထား အလိုမက်စြာေျပာမိသည္။သက္ထားႏွင့္သက္တန္႔ ႐ွင္းေပးရေသာ အမူေပါင္းကလည္း မနည္းေတာ့။

"ေအးပါဟာ . . . ခု ငါတစ္ကယ္ခ်စ္ရမဲ့သူ ေတြ႕ၿပီဟ ."
..
"ေျပာတာဘဲ ... တစ္တြဲျပတ္သြား ဒီစကယးသံက ထြက္လာၿပီ "

သက္ထားက စိတ္႐ူတ္စြာေျပာသည္။ခန္႔သူကေတာ့ သက္ထားကိုမၾကည့္ေပ။ရီေဝေသာ မ်က္လံုးမ်ားက အေဝးကို ေငးၾကည့္ကာ ဆက္ေျပာေနသည္။

"သူကေလ ... သိပ္ခ်စ္ဖို႔ေကာင္းတယ္ဟာ "
" ခုထိလည္း သူမွခ်စ္သူ မ႐ွိေသးဘူးဟာ"
" ျဖစ္ႏိုင္ရင္ေလ သူနဲ႔တူတူ ေက်ာင္းဝန္းထဲကုိ လက္တြဲၿပီးေလ်ာက္ဖူးခ်င္တယ္"

သက္ထား အံဩရသည္ ခန္႔သူဆီမွ ဒီလိုမ်ိဳးစကားကို ဘယ္ေသာအခါကမွ် မၾကားဖူးေပ။သူတစ္ကယ္ခ်စ္ရမယ္သူ ေတြ႕ေနၿပီလား။အဲ့ဒါ ငါမ်ားလား ။သက္ထား ေတြးရင္းေပ်ာ္လာသည္။
ကံၾကမၼာက မည္သို႔ျဖစ္လာမည္မသိေပ။သက္ထား တစ္ေယာက္ေတြးရင္ျဖင့္ ေပ်ာ္ေနမိသည္။
...
" ဟဲ့ .. . . မိသက္ထား
အေအး ဘာေသာက္မလဲ "
"ငါ႐ွင္းမယ္ေလ ... ဒီေန႔ အားေနတာဆိုေတာ့ သက္တန္႔ ပါေခၚလိုက္မယ္"
 သက္ထား လန္႔သြားမိသည္။တစ္ကယ္ေတာ့ သူႏွင့္ ႏွစ္ေယာက္ထဲသာ အေအးတုတူေသာက္ခ်င္မိသည္။သက္တန္႔ကိုမေခၚခ်င္ေပ။သို႔ေသာ့္ျငားလည္း ဘာတက္မည္လဲ သူအလိုက်ေပါ့။

"ေအး . . ေခၚလိုက္ေလ ... ေကာင္းတာေပါ့ ... ဒီေန႔ နင္႐ွင္းေပါ့ . . "
..
"ေအးပါဟာ ... ဂုန္းဆင္းဖို႔ဘဲေနာ္ နင္တို႔ကေတာ့ "
" အဲ. . ေကာင္စုတ္ .. ငါကူညီထားတာကိုလည္း သတိရအံုးေလ ... "

သက္ထားျပန္ျငင္းလိုက္သည္။

"ေအးပါ ... ကယ္တင္႐ွင္ႀကီးရာ နင္သေဘာေပါ့ "

ခန္႔သူက မဲ့ရြဲ႔က ေျပာသည္။သူ သက္တန္႔ကိုဖုန္းေခၚသည္။

"... ဟဲလို ... ေဟ်ာင့္ ...မင္းဘယ္မလဲဟ
ငါနဲ႔သက္ထား အေအးဆိုင္မွ မင္းလာခဲ့ေလ"
"ဒီေန႔ဖို႔ ငါ႐ွင္းမွေလ. "
"လာမယ္မို႔လား ခါတိုင္းထိုင္ေနၾက အေအးဆိုင္ဘဲေနာ္"

ခန္႔သူ တစ္ဆက္တည္းေျပာခ်လိုက္သည္။ဟုိဘက္က အေျဖကိုမေစာင့္ေပ။ထိုေနာက္ ဖုန္းခ်ျပစ္သည္။သက္ထားဘက္ကိုၾကည့္က ဆက္ေျပာသည္။

"နင္ သ႐ုပ္ေဆာင္တာေကာင္းလို႔ ငါ့ပါးေလး လက္ဝါးနဲ႔ ဝမ္းဆက္ျဖစ္သြားတာ နာလိုက္တာဟာ "
"အမေလး နည္းေတာင္ နည္းေသးတယ္..
ငါးခ်က္ေလာက္ ဆင့္႐ိုက္သြားရမွ "
"မလုပ္ပါနဲ႔ဟာ တစ္ခ်က္ထဲေတာင္ ေတာ္ေတာ္အီေနၿပီဟာ "
"နင္တို႔ မိန္းခေလးေတြ လက္သံေျပာင္ခ်က္ေနာ္ "

ခန္႔သူက ေျပာင္ေခ်ာ္ေခ်ာ္ႏွင့္ သူ၏ ပါးကိုပြတ္ရင္းေျပာေနမိသည္။သက္ထားကေတာ့ မ်က္ေစာင္းသာ ခန္႔သူကို ထိုးေနလိုက္သည္။

"ဒါနဲ႔ သက္တန္႔အတြက္ ႀကိဳမွာထားရေအာင္ေလ .. သူက ဘာေသာက္တာဘာလိမ့္ ... "
" အင္း . သိၿပီ ညီေလး ..
စပ်စ္ မစ္႐ွိတ္ ႏွစ္ခြက္ေပး "
 "သက္ထား နင္ေကာ ဘာေသာက္မလဲ "

ခန္႔သူ သက္ထားကိုၾကည့္ၿပီးေမးမိသည္။

" .. အမ္ . ငါအတြက္ ကိုလာသာ ေပးေတာ့ဟာ .."
သက္ထားက စာပြဲထိုး ေကာင္ေလးအား ၾကည့္ရင္း ေျပာလိုက္သည္။ထိုအခ်ိန္တြင္ သက္တန္႔ ေရာက္လာသည္။မိုးျပာေရာင္ အက်ႌႏွင့္ ေယာပုဆိုး အျပာႏွင့္ သက္တန္႔၏ အလွကိုေပၚလြင္ကာေနေစသည္။သက္တန္႔သည္ ဂ်င္းေဘာင္းဘီဝတ္တာ႐ွားသည္။ သူသည္ ပုဆိုးႏွင့္ စတစ္ အက်ႌကိုသာ အဝတ္မ်ားသည္။ျမန္မာဝတ္စံုကိုသူႀကိဳက္သည္။

"ငါတြက္ ဘာမွာထားၾကလဲ မိသက္ထား နဲ႔ ငခန္႔ "

သက္တန္႔က ေရာက္ေရာက္ခ်င္း ေမးမိသည္။ခန္႔သူက ခ်က္ခ်င္းထေျဖသည္။

"မင္းအႀကိဳက္ စပ်စ္မစ္႐ွိတ္ေလကြာ "
"ဟာ ... ငါေကာင္ႀကီးက ငါအႀကိဳက္သိတက္တာေနာ္ "

သက္တန္႔က ရီရင္းေျဖသည္။အေအးေရာက္လာေတာ့ သံုးေယာက္သား ေပ်ာ္႐ွြင္ရီေမာ္ရင္း အေအးေသာက္ၾကသည္။သူတို႔ သံုးေယာက္ ေလ်ာက္လည္ၾကသည္။ထိုအခ်ိန္ေတြသည္ သူတို႔အတြက္ ေပ်ာ္႐ွြင္စရာ အခ်ိန္မ်ားပင္ျဖစ္သည္။
.....
....
...
..
.
#sai #love #amh
.....
အခန်း သုံး
   အချစ်ထဲတွင် တစ်ဖက်သက်အချစ်က ခံစားရ အခက်ဆုံးဖြစ်သည်။ပြောရလျှင် အုံပုံးအချစ်ဖြစ်သည်။ရင်ထဲမှရှိသော ချစ်ခြင်းကို ထုတ်ဖော်မပြောရဲခြင်းဖြစ်သည်။သက်ထားတစ်ယောက် အတွေးလွန်နေသည်။ဘေးနားတွင် သက်တန့် ရှိနေသည်ပင်ကို သတိမထားမိတော့။

" သက်ထား ... ဟဲ..သက်ထား . . .
 ဘာတွေ တွေးနေရတာလဲဟာ "

"ခေါ်မကြား အော်မကြားနဲ့ . . . ."

သက်တန့်က ဘေးနားကကပ်ပြောလိုက်သည်။သက်ထားလန့်သွားသည်။သက်တန့်ပြောမှ သတိကပ်မိတော့သည်။

" ဟင် . . . ဘာမဟုတ်ပါဘူးဟာ ."
"အေးပါ မိသက်ထားရယ်. "

အဲ့နေ့က ခန့်သူရောက်မလာပါ။သူကောင်မလေးနှင့် လျောက်လည်နေသည်ဟု သိရသည်။သူက သူငယ်ချင်းနှင့် ယဉ်လို်က်လျှင်ကောင်မလေးကို ဦးစားပေးသည်။ဒါကလည်း သူအကျင့်ပေကို။လျောက်မလည့်ဖြစ်ကြပေ အဲ့နေ့က။သက်တန့်နှင့် သက်ထား အိမ်ကိုအစောကြိ်းပြန်ဖြစ်ကြသည်။
....
...
..
.
နေမင်းရောင်ခြည်က ကောင်းကင်မှ မြေပြင်သို့ ဖြာကျလာသည်။လမ်းမကြီးသည်လည်း ဟိုမှသည် သည်မှဟို သွားလာနေကြသော လူများကြောင့် သက်ဝင်လှုပ်ရှားလာသည်။သက်ထား အိပ်ယာထက်မှ ပြင်းကြောတစ်ချက်ဆန့်လိုက်သည်။ဒီနေ့ ကျောင်းပိတ်သည်။ထိုအတွက် နာရီကိုတစ်ချက်ကြည့်လိုက်တော့ ရှစ်နာရီထိုးနေပြီ။
သူ အိပ်ယာပေါ်မှ ဆင်းလိုက်သည်။

" တီ...တီ... . . . . .
တီ. . တီ. ."

သက်ထား ဖုန်းသံကြား၍ကြည့်လိုက်သည်။ခန့်သူဆီမှဖြစ်နေသည်။အကြောင်းထူးရှိပြီ၊ပြဿနာတစ်ခုမဟုတ် တစ်ခု ပေါ်လာနေပြီထင်သည်။သက်ထား ဖုန်းကောက်ပြီးကိုင်လိုက်သည်။

"အေး . . . ပြော ... ခန့်သူ "
" ငါ ... ဘာလုပ်ရပေးရမလဲ. . . .
နင်ကောင်မလေး ကိစ္စမို့လား "

သက်ထားက ဖုန်းကိုင်ပြီးသူပြောချင်သမျှတန်းပြောလိုက်သည်။

"ဟီး .. . အကြားအမြင်ရနေသလား မိသက်ထား ..ဟမ် "
" မှန်လိုက်တာဟာ. . . ငါတောင်ဘာမှမပြောရသေးဘူး နင်တန်းသိတာဘဲနော်"
"လုပ်နေကြအတိုင်း ... ငါကောင်မလေး အဖြစ်ဟန်ဆောင်ပေးအုံးနော်"

တစ်ဖက်မှ ခန့်သူ၏ ညောင်နှာနှာ အသံကိုမကြားခြင်ဘဲ ကြားလိုက်ရသည်။ထုံးစံအတိုင်း သွားရပေလိမ့်အုံးမည်။

"အေး . . ခါတိုင်း အအေးဆိုင်ဘဲ မို့လား "
" အင်း . . . ဟုတ်တယ် . . သက်ထား .
ခါတိုင်းဆိုင်ဘဲ... ဒါနဲ့ ကျေးဇူးနော် ဟာ"
" မလိုပါဘူးဟာ .. "

သက်ထား ပြောပြီး ဖုန်းချလိုက်သည်။ရေချိုးရမည်။ပြီးလျှင် ခန့်သူ ဆီသွားရမည်။ပြဿနာကို ရှင်းပေးရအုံးမည်။
......
. . ..
ကြာလိုက်တာ ... သက်ထားစောင့်နေရသည်မှ နာရီဝက်ရှိပြီ။ခန့်သူက ခုထိ ရောက်မလားသေ။စိတ်မရှည်တော့သဖြင့် ဖုန်းခေါ်လိုက်သည်။

" ဟဲ့ . . . နင်က မလာသေးဘူးလား
ငါစောင့်နေရတာ နာရီဝက်ရှိပြီ သေနာရဲ့"

သက်ထား ဟိုဘက်ကဖုန်းကိုင်သည်နှင့် တန်းအော်ပြစ်သည်။ခန့်သူကို စကားပြောချိန်မပေး၊ သက်ထားစိတ်တိုနေသည်။သက်ထား ပြောလို့ဝပြီဆိုမှ ရပ်လိုက်သည်။

" ဖြည်းဖြည်း ပြောပါ မိသက်ထားရယ် "
"ရောက်တော့မှပါ နောက်ငါးမိနစ်လောက်နေရင် "
"အေးပါ . .. . မြန်မြန်လာ ဒါဘဲ "

သက်ထားဆောင့်ကြီးအောင့်ကြီး ပြောလိုက်သည်။သက်ထား စဉ်းစားမိသည်။သူ ခန့်သူကို ခုလိုကူညီနေတာ ဖြစ်သင့်ရဲ့လား။မိန်းမဈေးများ ကျနေမလား။ဘာဘဲ ဖြစ်ဖြစ်လေ ကိုယ်ချစ်ရသူ အဆင်ပြေဖို့ဘဲလေ။ငါ အနစ်နာခံနိုင်ပါတယ်။သူပျော်နေရင် သူအဆင်ပြေနေရင် ငါကျေနပ်ပါတယ်လေ။

"ဟိတ် . . . ဘာတွေစဉ်းစားနေတာလဲ
ငါရောက်လာတောင် မသိဘူးလား ... ဟမ် . မိသက်ထား "

နောက်ကနေ ခန့်သူ အော်လိုက်မှ သက်ထားအတွေးထဲ ပြန်ထွက်မိသည်။နည်းနည်းတော့ လန့်သွားသည်။ခန့်သူ၏ အော်သံကြောင့် သက်ထားရင်ထဲ အနည်းငယ်လှုပ်ခတ်သွားမိသည်။

" ဘာ . . ဘာ . . မှမတွေးပါဘူးဟာ
  . . . နင်ကလည်း ကြာလိုက်တာ . .
ခု ဘယ်လို ကူညီရမှလည်းပြော "

သက်ထား အသံကို ထစ်ငေါစွာဖြေမိသည်။မျက်နှာကို မနည်းထားရသည်။ရင်ထဲက အချစ်က သိမ်းဆည်းထားဖို့ ခက်ခဲလိုက်တာဟာ။

"အေး . . . ခုက ခါတိုင်းနဲ့ မတူဘူး နင်ကူညီရမှက "
" ဒီလိုဟာ . . . ငါက ခုတွဲနေတဲ့ ကောင်မလေးနဲ့ ဆိုင်ထိုင်နေမယ် . . . နင်က ရောက်ချလာမယ် ... အဲ့မှ ငါကို ပြဿနာရှာရမယ် "
"ခုဖြတ် ... ဘာညာ ပေါ့ဟာ "

ခန့်သူ ပြောရင်းမောသွားသည် ထင်သည်။သက်ထားမှာထားသော် အအေးခွက်ကို ယူပြီး မော့သောက်လိုက်သည်။

"အင်း . . ဟုတ်ပြီ . .
နင်ကောင်မလေးက မလာသေးဘူးလား အခု "

သက်ထား မေးလိုက်သည်။ခန့်သူမျက်နှာကို ကြည့်ရင်းဖြင့်။

"ခဏနေ လာမှဟာ .. နင်တစ်နေရာကို သွားရှောင်ပေးဟာ "
....
 . .
"ပြောရက်လိုက်တာ ... ခန့်သူရယ်
နင်တစ်နေရာကို သွားရှောင်ပေးတဲ့လား ဟာ "
"အင်းပေါ့လေ. နင်ကို ချစ်နေတော့လည်း နင်ခိုင်းသမျှ ငါလိုက်နာနေမိမှပါဘဲလေ"

သက်ထား၏ စကားသံများကို ထွက်မလာ ရင်ထဲမှ နာကျင်စွာပြောမိသော နှလုံးသားစကားသံများသာ ဖြစ်သည်။
...
သူနှင့် ခန့်သူ ဇာတ်တိုက်ထားတဲ့အတိုင်း ...
ခန့်သူနှင့် သူကောင်မလေး အအေးဆိုင်ထဲတွင် ကြည်နူးနေကြသည်။ကောင်မလေး မျက်နှာသည် ဘာမှမသိ ဖြူစင်နေသည်။ချစ်စရာကောင်းနေသည်။မကြာမိ သူနှင့် ခန့်သူ၏ လည့်ကွက်ထဲတွင်ကောင်မလေး မိတော့မည်။ကောင်မလေးကိုသနားမိသည်။ဒါပေမဲ့ မတက်နိုင် သူချစ်သောသူအတွက် ကူညီရမည်။သက်ထား မျက်နှာကို တင်းတင်းထားခါ ခန့်သူနှင့် ကောင်မလေး စားပွဲ ရှိရာသို့ သွက်လက်သော ခြေလှမ်းများဖြင့် လှမ်းလာခဲ့သည်။

" ခန့်သူ ... နင် ဒါဘာအချိုး ချိုးတာလဲ"

 သက်ထား၏ အသံက အအေးဆိုင်ထဲတွင် အောင်မြင်စူးရှစွာ ထွက်ပေါ်လာသည်။ကောင်မလေးက ပြူးစက်သော မျက်လုံး အံဩနေသော မျက်နှာ .. ဘာမှ နားမလည်သော ပုံစံဖြင့် လှမ်းကာကြည့်သည်။သက်ထား ဆက်အော်လိုက်သည်။

" ငါ . .. နင်ကို ယုံကြည်လွန်းလို့ လွှတ်ထားတာ ... နင်ကတော့ ဒီလို ဖောက်ပြန်နေတယ်ပေါ့ ဟုတ်လား "
" နင်နဲ့ငါ စေ့စပ်ထားတဲ့ ဂုဏ်သိက္ခာ
လူကြီးတွေရဲ့ ဂုဏ်သိက္ခာကို မထောက်တော့ဘူးလား "

ထိုနောက် ကောင်မလေးဘက်သို့ လှည့်ကာ သက်ထားဆက်ပြောဖြစ်သည်။

" ဒီမယ် . . . မိန်းခလေး ...
မိန်းခလေးကိုတော့ တို့မသိဘူး ..."
" ဒါပေမဲ့ သူနဲ့ တို့နဲ့ ကစေ့စပ်ထားတာ မကြာမိ လက်ထပ်တော့မယ် "
" မိန်ခလေး နောင်တမရခြင်ဘူးဆိုရင် သူအနားက ခုထွက်သွားပါ"

ကောင်မလေးက အံဩမင်သက်နေသော မျက်နှာနှင့် ခန့်သူကို ကြည့်လိုက်သည်။ကောင်မလေး၏ ဖြူစင်လွန်းသော ပါးနှစ်ဘက်ပေါ်သို့ မျက်ရည်စက်များကျလာခါ ဝမ်းနည်းသော ငိုရိူက်သံဖြင့်

"ကိုကို ... သူပြောတာ အမှန်ဘဲလားဟင် "
"ကိုကို ... ကိုကို သိပ်ရက်စက်တယ် "
...
" အင်း ... ခလေး သူပြောတာမှန်တယ် ကိုကိုနဲ့သူနဲ့က လူကြီးချင်း သဘောတူပြီး စေ့စပ်ထားကြတာ ..."
"နောက်လထဲဆို လက်ထပ်ကြတော့မှ ခလေး"

ခန့်သူ ... ခန့်သူ ဒါမျိုးကြတက်တယ်။နင် သရုပ်ဆောင်တာ သိပ်တော်တယ်ဟာ။နင်ရဲ့ တုန်လှုပ်နေပုံက တစ်ကယ်အသက်ဝင်တယ်နော်။ငါအပေါ်မှကော နင်အဲ့လို သရုပ်ဆောင်ကောင်းနေအုံးမှလားဟာ..
သက်ထားတစ်ယောက်ထဲတွေးနေမိသည်။
...
"ဟုတ်တယ် ... မိန်းခလေး . .
မိန်းခလေး သိရပြီဆိုတော့ ခုကတည်းမလွန်အောင်နောက်ဆုတ်လိုက်ပါလို့ ပြောချင်တယ် "

သက်ထားအသံက ဆက်ထွက်လာခဲ့သည်။ထိုနောက် ကောင်မလေးဆီမှ နာကျင်ကြေကွဲသော အသံဖြင့် ခန့်သူကို နီရဲသော မျက်လုံးနှင့်ကြည့်ခါ

"ကိုကို ... ခလေးကို လိမ်တယ်
ခလေး ... ကိုကို့ ကို မုန်းတယ် "
" ကိုကို ဒီအတွက် ခလေးကို ပြန်ပေးဆပ်ရမယ် . . . ကိုကိုလို အချစ်ကိုတန်ဖိုးမထားတဲ့သူအတွက် အချစ်က ပြန်ပြီး ဒဏ်ခတ်လိမ့်မယ် ကိုကို "
" ကိုကိုနဲ့ခလေး ပြတ်ပြီ "
" ! ! ဖြန်း !. . . ."
ကျယ်လောင်သော လက်ဝါးရိုက်ချက်က ခန့်သူ၏ ပါးပေါ်သို့ တိကျစွာ ကျရောက်သွားသည်။ကောင်မလေးသည်လည်း ပြေးထွက်သွားသည်။ခန့်သူ၏ ပါးပေါ်တွင် နီရဲလှသော လက်ဝါးရာက လှပသေသပ်စွာ ပေါ်လာသည်။သက်ထား ... ဝမ်းနည်းမိသည်။သူချစ်လှသောသူ၏ ပါးပေါ်သို့ ရက်စက်စွာရိုက်သွားသော ကောင်မလေး၏ စိတ်ကိုလည်း နားလည်သည်။သို့သော်မကျေနပ်မိပေ။ထိုက သက်ထား၏ ရင်ထဲက အတွေးမျှသာ ဖြစ်သည်။ပါးစပ်ဖျားမှ ထွက်ကျလာသော စကားသံက

"ကောင်းတယ် ... သေနာ ..
အဲ့ထက်ပိုရိုက်သွားသင့်တာ ..."
...
"အေးပါဟာ ... နင်ကတော့ ပျော်နေမှပေါ့ ..ငါရိုက်ခံလိုက်ရလို့ .."
"ဘာဘဲ ဖြစ်ဖြစ် ကျေနပ်ပါတယ် သက်ထားရယ် . . . နင်တော်တာနော် အဲ့လိုစဉ်းစားမိတာ "

ခန့်သူ ပုံစံက တစ်မျိုးပြောင်းသွားသည်။ပြောင်တီး ပြောင်စပ်နှင့်ဖြစ်သွားသည်။

"ဟဲ့ သေနာ ... နင်လွန်တယ်နော်
ကောင်မလေးခမျှသနားစရာ ဟာ"
"နင် ပွေတာတွေလည်း လျော့ပါတော့ "

သက်ထား အလိုမကျစွာပြောမိသည်။သက်ထားနှင့်သက်တန့် ရှင်းပေးရသော အမူပေါင်းကလည်း မနည်းတော့။

"အေးပါဟာ . . . ခု ငါတစ်ကယ်ချစ်ရမဲ့သူ တွေ့ပြီဟ ."
..
"ပြောတာဘဲ ... တစ်တွဲပြတ်သွား ဒီစကယးသံက ထွက်လာပြီ "

သက်ထားက စိတ်ရူတ်စွာပြောသည်။ခန့်သူကတော့ သက်ထားကိုမကြည့်ပေ။ရီဝေသော မျက်လုံးများက အဝေးကို ငေးကြည့်ကာ ဆက်ပြောနေသည်။

"သူကလေ ... သိပ်ချစ်ဖို့ကောင်းတယ်ဟာ "
" ခုထိလည်း သူမှချစ်သူ မရှိသေးဘူးဟာ"
" ဖြစ်နိုင်ရင်လေ သူနဲ့တူတူ ကျောင်းဝန်းထဲကို လက်တွဲပြီးလျောက်ဖူးချင်တယ်"

သက်ထား အံဩရသည် ခန့်သူဆီမှ ဒီလိုမျိုးစကားကို ဘယ်သောအခါကမျှ မကြားဖူးပေ။သူတစ်ကယ်ချစ်ရမယ်သူ တွေ့နေပြီလား။အဲ့ဒါ ငါများလား ။သက်ထား တွေးရင်းပျော်လာသည်။
ကံကြမ္မာက မည်သို့ဖြစ်လာမည်မသိပေ။သက်ထား တစ်ယောက်တွေးရင်ဖြင့် ပျော်နေမိသည်။
...
" ဟဲ့ .. . . မိသက်ထား
အအေး ဘာသောက်မလဲ "
"ငါရှင်းမယ်လေ ... ဒီနေ့ အားနေတာဆိုတော့ သက်တန့် ပါခေါ်လိုက်မယ်"
 သက်ထား လန့်သွားမိသည်။တစ်ကယ်တော့ သူနှင့် နှစ်ယောက်ထဲသာ အအေးတုတူသောက်ချင်မိသည်။သက်တန့်ကိုမခေါ်ချင်ပေ။သို့သော့်ငြားလည်း ဘာတက်မည်လဲ သူအလိုကျပေါ့။

"အေး . . ခေါ်လိုက်လေ ... ကောင်းတာပေါ့ ... ဒီနေ့ နင်ရှင်းပေါ့ . . "
..
"အေးပါဟာ ... ဂုန်းဆင်းဖို့ဘဲနော် နင်တို့ကတော့ "
" အဲ. . ကောင်စုတ် .. ငါကူညီထားတာကိုလည်း သတိရအုံးလေ ... "

သက်ထားပြန်ငြင်းလိုက်သည်။

"အေးပါ ... ကယ်တင်ရှင်ကြီးရာ နင်သဘောပေါ့ "

ခန့်သူက မဲ့ရွဲ့က ပြောသည်။သူ သက်တန့်ကိုဖုန်းခေါ်သည်။

"... ဟဲလို ... ဟျောင့် ...မင်းဘယ်မလဲဟ
ငါနဲ့သက်ထား အအေးဆိုင်မှ မင်းလာခဲ့လေ"
"ဒီနေ့ဖို့ ငါရှင်းမှလေ. "
"လာမယ်မို့လား ခါတိုင်းထိုင်နေကြ အအေးဆိုင်ဘဲနော်"

ခန့်သူ တစ်ဆက်တည်းပြောချလိုက်သည်။ဟိုဘက်က အဖြေကိုမစောင့်ပေ။ထိုနောက် ဖုန်းချပြစ်သည်။သက်ထားဘက်ကိုကြည့်က ဆက်ပြောသည်။

"နင် သရုပ်ဆောင်တာကောင်းလို့ ငါ့ပါးလေး လက်ဝါးနဲ့ ဝမ်းဆက်ဖြစ်သွားတာ နာလိုက်တာဟာ "
"အမလေး နည်းတောင် နည်းသေးတယ်..
ငါးချက်လောက် ဆင့်ရိုက်သွားရမှ "
"မလုပ်ပါနဲ့ဟာ တစ်ချက်ထဲတောင် တော်တော်အီနေပြီဟာ "
"နင်တို့ မိန်းခလေးတွေ လက်သံပြောင်ချက်နော် "

ခန့်သူက ပြောင်ချော်ချော်နှင့် သူ၏ ပါးကိုပွတ်ရင်းပြောနေမိသည်။သက်ထားကတော့ မျက်စောင်းသာ ခန့်သူကို ထိုးနေလိုက်သည်။

"ဒါနဲ့ သက်တန့်အတွက် ကြိုမှာထားရအောင်လေ .. သူက ဘာသောက်တာဘာလိမ့် ... "
" အင်း . သိပြီ ညီလေး ..
စပျစ် မစ်ရှိတ် နှစ်ခွက်ပေး "
 "သက်ထား နင်ကော ဘာသောက်မလဲ "

ခန့်သူ သက်ထားကိုကြည့်ပြီးမေးမိသည်။

" .. အမ် . ငါအတွက် ကိုလာသာ ပေးတော့ဟာ .."
သက်ထားက စာပွဲထိုး ကောင်လေးအား ကြည့်ရင်း ပြောလိုက်သည်။ထိုအချိန်တွင် သက်တန့် ရောက်လာသည်။မိုးပြာရောင် အကျႌနှင့် ယောပုဆိုး အပြာနှင့် သက်တန့်၏ အလှကိုပေါ်လွင်ကာနေစေသည်။သက်တန့်သည် ဂျင်းဘောင်းဘီဝတ်တာရှားသည်။ သူသည် ပုဆိုးနှင့် စတစ် အကျႌကိုသာ အဝတ်များသည်။မြန်မာဝတ်စုံကိုသူကြိုက်သည်။

"ငါတွက် ဘာမှာထားကြလဲ မိသက်ထား နဲ့ ငခန့် "

သက်တန့်က ရောက်ရောက်ချင်း မေးမိသည်။ခန့်သူက ချက်ချင်းထဖြေသည်။

"မင်းအကြိုက် စပျစ်မစ်ရှိတ်လေကွာ "
"ဟာ ... ငါကောင်ကြီးက ငါအကြိုက်သိတက်တာနော် "

သက်တန့်က ရီရင်းဖြေသည်။အအေးရောက်လာတော့ သုံးယောက်သား ပျော်ရှွင်ရီမော်ရင်း အအေးသောက်ကြသည်။သူတို့ သုံးယောက် လျောက်လည်ကြသည်။ထိုအချိန်တွေသည် သူတို့အတွက် ပျော်ရှွင်စရာ အချိန်များပင်ဖြစ်သည်။
.....
....
...
..
.
#sai #love #amh

Thursday, February 1, 2018

အခ်စ္လို ့ေခၚသလား

အခ်စ္လို႔ေခၚသလား 


ခန္႔ထူးႏိုင္
~~~~~~~~~~
 အခ်စ္ကို အယံုအၾကည္မ႐ွိသူ စိတ္ကူးယဥ္မူထက္ လက္ေတြ႕ကို ဘဲ ဦးစားေပးတယ္။ အခ်စ္ကို ကစားသူ။
အဲ့စိတ္ကူးေတြက မင္းအတြက္ အက်ဳိးမ႐ွိသလို ငါအတြက္ အက်ိဳးမ႐ွိႏိုင္ဘူး ။

သက္တန္႔
~~~~~~~~
အခ်စ္ကို ကိုးကိုယ္တယ္။ စိတ္ကူးယဥ္မူဆိုတာ လူတစ္ေယာက္ရဲ႕ စိတ္အဟာရတစ္မ်ိဳးေပါ့။ 

သက္ထားစံ
~~~~~~~~~
ခန္႔ထူးႏိုင္ နဲ႔ သက္တန္႔တို႔ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္း။သူ႔ သူငယ္ခ်င္း ႏွစ္ဦးရဲ႕ အားၿပိဳင္မူေတြေၾကာင့္ အျမဲေခါင္းကိုက္ေနရသူ။

အခန္း ( ၁ )

 "ေတာ္ ..ၾကပါေတာ့ဟာ ... နင္တို႔ေၾကာင့္ ငါေခါင္းကိုက္လွၿပီဟာ "  

သက္ထားစံ ၏ အသံေၾကာင့္ 
ခန္႔သူႏိုင္ ႏွင့္ သက္တန္႔ ဇက္မ်ားပုသြားၾကသည္။ဟူတ္သည္ သူတို႔ႏွစ္ေယာက္ျငင္းေနၾကသည္မွ ေတာ္ေတာ္ၾကာၿပီ။သူတို႔ေဘးတြင္ သက္ထားစံ႐ွိသိဟုပင္မေအာက့္ေမ့ေတာ့။ သက္ထားစံ၏အသံက ဆက္လက္ထြက္ေပၚလာသည္။

 " နင္တို႔ေတြ ၿပီးၾကအံုးမွလား... ျငင္းေနတာက ... ငါဗိုက္ဆာလွၿပီဟာ "

" ေအးပါဟာ ...နင္ကလည္း ငတ္ႀကီးၾကခ်က္ဟာ " 

ခန္႔သူႏိုင္ က မဲ့ရြဲ႔ ကာေျပာသည္။သက္တန္႔က ရီေမာေနသည္။သူတို႔ သူငယ္ခ်င္းသံုးေယာက္ ခ်စ္ၾကသည္။ ဟိုအေကာင္ႏွင့္က မတည့္အတူေန မျမင္ေခ်ာင္းၾကည့္၊ေတြ႕တာႏွင့္ ျငင္းသည္။ျငင္းသည့္အေၾကာင္းက ဘာမွ်အေရးမႀကီး၊တစ္ခါတစ္ေလ ရန္ျဖစ္သည္အထိျငင္းၾကသည္။ၿပီးေတာ့ သူတို႔မဟုတ္သလို ပုခံုးဖက္ၿပီး ၿပီးသြားၾကသည္။ထိုသူတို႔ ျငင္းၾကတာ အေၾကာင္းမဟုတ္.ၾကားထဲက သက္ထားစံက ေခါင္း႐ူတ္ရသည္။

"ေဟ့....ရြတ္..ရြတ္... ေကာင္ေလး ဒီလာဦး..." 

သက္ထားစံက ထိုင္ေနေသာ စားပြဲထိုး ေကာင္ေလးတစ္ဦးကို ေခၚလိုက္သည္။

" ဟုတ္ .အစ္မ...ၿပီးသြားၿပီလား သူတို႔ျငင္းတာက..မွာေတာ့မလား ခင္ဗ်ာ " 

စာပြဲထိုးေကာင္ေလး ရီက်ဲက်ဲႏွင့္ ေမးလိုက္သည္။ 

" ..ေအးဟယ္.. မွာေတာ့မယ္..ငါဆာလွၿပီ သူတို႔ၿပီးတဲ့ အထိေစာင့္ေနရင္ ငါစားရမွမဟုတ္ဘူးဟယ္.."

သက္ထားစံက စိတ္႐ူတ္စြာ သူ႔သူငယ္ခ်င္းႏွစ္ေယာက္အားလွမ္းၾကည့္ရင္းေျပာသည္။
တစ္ဆက္ထဲ .သက္ထားစံ၏ အသံက ထြက္လာသည္။ ....

" အစ္မကို ဆီခ်က္ တစ္ပြဲေပး ...င႐ုပ္သီးမထဲ့နဲ႔ ၿပီးေတာ့ ... ကိုလာတစ္ဘူးပါေပး .." 

" ဟုတ္အစ္မ... " 

"ဟဲ့...ေသနာၾက ႏွစ္ေကာင္ ..မမွာဘူးလား ဆက္ျငင္းေနဦးအံုးမွလား ..."
သက္ထားစံက မဲ့ရြဲ႔က ႏူတ္ခမ္းဆူလ်က္ ခန္႔သူႏိုင္ နဲ႔ သက္တန္႔ ၾကည့္ရင္း ေျပာေနသည္။ 

"မွာ..မယ္..နင္ကလည္း စိတ္ခ်ည္းဘဲ ဟာ..." 

ခန္႔သူႏိုင္က ေျပာင္တီ ေျပာင္စပ္ မ်က္ႏွာနဲ႔ ေျပာသည္။

" ညီေလး ... ကိုႀကီးတို႔ကို ႐ွမ္းႏွစ္ပြဲ႔ ...
အေအးက လိေမၼာ္ရည္ ႏွစ္ခြက္ " 

သက္တန္႔က စားပြဲထိုးေကာင္ေလးအားၾကည့္ရင္းေျပာလိုက္သည္။

... " ... ဟုတ္..... အစ္ကို ..." 

စားပြဲထိုးေကာင္ေလးက ေျဖကာ သြက္လက္ေသာ ေျခလွမ္းမ်ားႏွင့္ လွမ္းထြက္သြားသည္။
ထိုေနာက္ သူတို႔ သံုးေယာက္ဘာစကားမွမေျပာျဖစ္ၾကေပ..အေတြးကိုယ္ဆီႏွင့္ အေဝးတစ္ေနရာဆီသို႔ေငးေမာကာ ၾကည့္ေနၾကသည္။

သူတို႔ သံုးေယာက္ထဲတြင္ 

ခန္႔သူႏိုင္က ၾကည့္ေကာင္းသည္၊ ထူကဲေသာ မ်က္ခံုးေမႊး ေျဖာင့္စင္းေနေသာ ႏွာတံ လွပတည္တံေသာ ႏူတ္ခမ္းတစ္စံုကိုပိုင္ဆိုင္ထားကာ မိန္ခေလးမ်ား၏ အသည္းေက်ာ္ျဖစ္သည္။သူသည္ ရည္းစားမ်ားသည္၊ေပြသည္ ႐ူတ္သည္၊ သူေပြ႐ူတ္သမွ်ကို သက္ထားစံႏွင့္ သက္တန္႔ ဒိုင္ခံေျဖ႐ွင္းေပးၾကရသည္။

သက္တန္႔က ထိုသို႔မဟုတ္ခုခ်ိန္ထိ ရည္စားမ႐ွိေသး...အခ်စ္ကို ကစားစရာတစ္ခုလို႔မျမင္ေပ၊သူလည္း ခန္႔သူႏိုင္ႏွင့္အျပဳိင္ ၾကည့္ေကာင္းသည္။သူ႔တြင္ေတာက္ပေသာ မ်က္ဝန္းတစ္စံုႏွင့္ ေကြးၫြတ္ၿပီးျပံဳးေယာင္သန္းေနေသာ ႏူတ္ခမ္းတစ္စံုပါသည္။သိုအတြက္ေၾကာင့္ သူအျမဲျပံဳးေနသကဲ့သို႔ထင္မွတ္ရၿပီး သူ၏အၾကည့္တြင္ မက်႐ူံးေသာ မိန္းခေလးမွ ႐ွားသည္။

သက္ထားစံ .... သူက ႐ွားပါးလြန္းေသာ အလွတရားကိုပိုင္ဆိုင္ထားသည္၊နက္ေမာင္ေနေသာ ဆံေကသာ ေက်ာလည္အထိ ႐ွိသည္။ႏွင္ဆီးဖူးေရာင္႐ွိေသာ သူ၏ႏူတ္ခမ္းက တစ္ျခားဘာမွ်မလုပ္အပ္ေပ၊သူ၏ အသားအေရကေျပာစရာမ႐ွိေပ၊စိတ္သေဘာထားလည္းေကာင္းသည္။

ေက်ာင္းတြင္ သူကို လိုခ်င္လွေသာ ခ်စ္သူျဖစ္ခ်င္လွေသာ ေယာက္က်ားသားတို႔က ဒုနဲ႔ေဒးပင္၊တစ္ခ်ိဳ႕ေသာ ေက်ာင္းသားေက်ာင္းသူတို႔ သူႏွင့္ ခန္႔သူႏိုင္၊သက္တန္႔ တစ္ေယာက္ေယာက္ေသာ သူႏွင့္ ၿငိစြန္းမည္ဟု ထင္ေၾကးေပးၾကသည္။သူတို႔သံုးေယာက္သည္ အလွကိုယ္ဆီႏွင့္႐ွိၾကသည္။သူတို႔သည္ အပ်ံသင္စ ငွက္ခေလးမ်ားကဲ့သို႔ လြတ္လပ္စြာ႐ွိေနၾကေသးသည္။

"..... အစ္မ...အစ္ကိုတို႔........ရပါၿပီခင္ဗ်ာ .."

စားပြဲထိုးေကာင္ေလး၏ အသံက သူတို႔သံုးေယာက္၏ အေတြးကို အေဝးသို႔ ပ်ံလႊင့္သြားေစသည္။

"....... ဪ....ေအး..ေအး.."

သက္ထားစံက ေျဖရင္း သူတို႔ သံုးေယာက္ေ႐ွ႕တြင္႐ွိေသာ ဆီခ်က္ ႏွင့္ ႐ွမ္း ႏွစ္ပြဲကို ဟိုဘက္သို႔ တိုးေပးကာ စားဟု ..မ်က္ခံုးပင့္ျပလိုက္သည္။ဟုတ္သည္.သူတို႔ စားမည္..ၿပီးလွ်င္အတန္းသြားတက္ရမည္။

သူတို္႔က TU ေက်ာင္းသားေက်ာင္းသူမ်ားျဖစ္သည္၊
အျဖဴအျပာႏွင့္ လွခ်င္သလို လွပေနၾကသည္။သက္ထားစံက EC major က ခန္႔သူႏိုင္ႏွင့္သက္တန္႔က Mechanical major ကျဖစ္သည္။ထူးဆန္းသည္က ေမဂ်ာမတူဘဲ သူငယ္ခ်င္းျဖစ္ေနၾကခ်င္းပင္ျဖစ္သည္။ဘာလိုဘယ္ဆို ကံတရားက ထူးဆန္းသည္ သူတို႔သုံးေယာက္ကို ဆံုဆည္းေပးခဲ့ျခင္းက ကံေကာင္းျခင္းလား ကံဆိုးျခင္းလား ေဝခြဲမရေပ။
......
....
.
အခန္း ႏွစ္ 

" ၾကာလုိက္တာကြာ ... မဆင္းႏိုင္ေသးဘူးလား သူတို႔အတန္းက " 

ခန္႔သူႏိုင္က မဲ့ရြဲ႔က ေျပာဆိုေနသည္။

" မင္းကလည္း ဆင္းမွေပါ့...စိတ္ကို႐ွည္႐ွည္ထားစမ္းပါ " 
ေအးေဆးတည္ၿငိမ္စြာ ေျပာသည္ ... 
 သက္တန္႔က....
သူတို႔ႏွစ္ေယာက္ သက္ထားစံကုိ ေစာင့္ေနသည္မွ နာရီဝက္မွ် ႐ွိၿပီျဖစ္သည္။ 

"ဟိုမွ လာေနၿပီ ...မိသက္ထား " 

သူရိန္ က မ်က္ခံုးပင့္ရင္း ေမးထိုးျပသည္။
ခန္႔သူက လွမ္းၾကည့္ၿပီး စိတ္မ႐ွည္သည္ ပံုစံျဖင့္ ေအာ္ေျပာသည္။

" .ျမန္ျမန္လာစမ္းပါဟာ....
ေျခလွမ္းကို ဘယ္လိုလွမ္းေနလဲ..ခဲဆြဲထားတဲ့အတိုင္းဘဲ " 

" ...ေသနာေကာင္ ... တအားေအာ္မေန..လာေနၿပီဟဲ့ ." 

သက္ထားက ျပန္ေအာ္ေျပာသည္။

" နင္ ...ေဆာ္နဲ႔ သြားေတြ႕ခ်င္တိုင္း ေအာ္မေနနဲ႔ .." 

သက္ထား က အနားေရာက္လာေတာ့ ကပ္ေျပာသည္။

"ဘာလဲ..... ... . . .နင္ ငါသြားေတြ႕မွမို႔လို႔ 
သဝန္တိုေနတာလား "...
 " ဟက္...ငါက နင္ပံုစံ ငါအႀကိဳက္ထဲမပါဘူး သိလား "

ခန္႔သူက ေျပာင္ရင္းျပန္ေျဖသည္။

..အမွန္က သက္ထားက ခန္႔သူကို တစ္ဖက္သက္ႀကိဳက္ေနျခင္းျဖစ္သည္။ သို႔ေသာ္ ခန္႔သူ က သက္ထား သူႀကိဳက္ေနသည္ကို မရိမ္မိေပ။အနားမွ႐ွိေသာ ပန္းလွတစ္ပြင့္.ပန္းေကာင္းတစ္ပြင့္ကိုမျမင္...အေဝးမွ႐ွိေသာ ပန္းေကာင္းကိုသာ ေငးေနျခင္းျဖစ္သည္။

" ငါ... သြားၿပီ...ေဟ့.." .... 

" .... .. . သူေလး စိတ္ေကာက္ေနမယ္ " 

ဟုေျပာရင္း ေအာ္ကာထြက္သြားသည္။
သက္ထား ကေတာ့ေတြေဝရင္းက်န္ရစ္ခဲ့သည္။ 
....
မနက္ခင္းေနေရာင္ျခည္က လြတ္လပ္စြာ ေတာက္ပေနသည္။ေက်းငွက္တို႔ တစ္က်ိက်ိေအာ္ျမည္က ေနသစ္ကို ႀကိဳဆိုေနၾကသည္။သက္ထား တစ္ေယာက္ေက်ာင္းကိုအရင္ေရာက္ႏွင့္ေနသည္။သူ ေတြးေနသည္ ၊ ခန္႔သူႏိူင္ အေၾကာင္းကို ...ခန္႔သူကို ခ်စ္တယ္၊ သူသိေအာင္ ေနျပေနေသာလည္း သိဘက္က ေရးေရးမွ်သိပံုမေပၚ .အခ်စ္ကို အေလးအနက္မထား ၊႐ွိသမွ်ေကာင္မေလးတိုင္းႏွင့္ ႐ူတ္ခ်င္တိုင္း႐ူတ္သည္... ၿပီးလွ်င္ သူကိုေခၚ႐ွင္းခိုင္းသည္၊ အဲ့ခ်ိန္တြင္ေတာ့ သူခ်စ္သူျဖစ္ခြင့္ရသည္။ 

" .... ငါ ..တစ္သက္လံုး .... အဲ့အခ်ိန္ေလးေတြ ျဖစ္ခ်င္လိုက္တာ ..ခန္႔သူရယ္ ..."
... 
" ...ဟိတ္... ဘာေတြ ...ေတြးေနတုန္းဟ "

ေနာက္ကေန သက္တန္႔၏ ေအာ္သံေၾကာင့္ သက္ထား၏ အေတြးစမ်ား ျပတ္သြားသည္။ 

..." ..ဘာမွမဟုတ္ပါဘူးဟာ....ဟိုဟို ..ဒီဒီပါ...😁" 

အ႐ွက္အေျပ ေျဖလိုက္ရသည္။သက္ထား မ်က္ႏွာေတာ့ မထားတက္ ေခါင္းႀကီးငံုကာေနေလသည္။ 

" နင္က ..အတန္းမသြားေသးဘူးလားဟ ."

သက္တန္႔က ေမးေလးတစ္ထိုးကာ ေမးသည္။ ...

".ဟင့္အင့္....ဒီေန႔မနက္က အတန္းမ႐ွိဘူးဟ ... " 

"..ဪ ..ဟုတ္လား ..တစ္ေနရာ သြားၾကရေအာင္ေလ ..."
 သက္တန္႔က အေဖာ္ညႇိသည္..
.ဒါမ်ိဳးဆိုလ်ွင္ သက္ထားလည္း ျငင္းမည္မထင္။ 

"ေအး. . . . ေကာင္းသားဟ .. . . .
ဘယ္သြားၾကမလဲ ...ဟမ္.." 

"..မသိတက္ေသး ... ခန္႔သူ လာမွ ေမးက်ိေလ . . . အဲ့ေကာင္က ေနရာစံုတယ္ဟ " 
သက္တန္က အေဝးကိုေငးေမာၾကည့္ရင္း
ေျဖလိုက္သည္။

" အင္း . . . . . အဲ့ဒါလည္းေကာင္းပါတယ္ေလ. " 

သက္ထားတစ္ေယာက္ထဲ တိုးတိုးေလးေျပာျဖစ္သည္။သူတို႔ စကားမေျပာၾကေတာ့...။
#sai #lyan #love
.........
<unicode>
အချစ်လို့ခေါ်သလား 



ခန့်ထူးနိုင်
~~~~~~~~~~
 အချစ်ကို အယုံအကြည်မရှိသူ စိတ်ကူးယဉ်မူထက် လက်တွေ့ကို ဘဲ ဦးစားပေးတယ်။ အချစ်ကို ကစားသူ။
အဲ့စိတ်ကူးတွေက မင်းအတွက် အကျိုးမရှိသလို ငါအတွက် အကျိုးမရှိနိုင်ဘူး ။

သက်တန့်
~~~~~~~~
အချစ်ကို ကိုးကိုယ်တယ်။ စိတ်ကူးယဉ်မူဆိုတာ လူတစ်ယောက်ရဲ့ စိတ်အဟာရတစ်မျိုးပေါ့။ 

သက်ထားစံ
~~~~~~~~~
ခန့်ထူးနိုင် နဲ့ သက်တန့်တို့ရဲ့ အချစ်ဆုံးသူငယ်ချင်း။သူ့ သူငယ်ချင်း နှစ်ဦးရဲ့ အားပြိုင်မူတွေကြောင့် အမြဲခေါင်းကိုက်နေရသူ။

အခန်း ( ၁ )

 "တော် ..ကြပါတော့ဟာ ... နင်တို့ကြောင့် ငါခေါင်းကိုက်လှပြီဟာ "  

သက်ထားစံ ၏ အသံကြောင့် 
ခန့်သူနိုင် နှင့် သက်တန့် ဇက်များပုသွားကြသည်။ဟူတ်သည် သူတို့နှစ်ယောက်ငြင်းနေကြသည်မှ တော်တော်ကြာပြီ။သူတို့ဘေးတွင် သက်ထားစံရှိသိဟုပင်မအောက့်မေ့တော့။ သက်ထားစံ၏အသံက ဆက်လက်ထွက်ပေါ်လာသည်။

 " နင်တို့တွေ ပြီးကြအုံးမှလား... ငြင်းနေတာက ... ငါဗိုက်ဆာလှပြီဟာ "

" အေးပါဟာ ...နင်ကလည်း ငတ်ကြီးကြချက်ဟာ " 

ခန့်သူနိုင် က မဲ့ရွဲ့ ကာပြောသည်။သက်တန့်က ရီမောနေသည်။သူတို့ သူငယ်ချင်းသုံးယောက် ချစ်ကြသည်။ ဟိုအကောင်နှင့်က မတည့်အတူနေ မမြင်ချောင်းကြည့်၊တွေ့တာနှင့် ငြင်းသည်။ငြင်းသည့်အကြောင်းက ဘာမျှအရေးမကြီး၊တစ်ခါတစ်လေ ရန်ဖြစ်သည်အထိငြင်းကြသည်။ပြီးတော့ သူတို့မဟုတ်သလို ပုခုံးဖက်ပြီး ပြီးသွားကြသည်။ထိုသူတို့ ငြင်းကြတာ အကြောင်းမဟုတ်.ကြားထဲက သက်ထားစံက ခေါင်းရူတ်ရသည်။

"ဟေ့....ရွတ်..ရွတ်... ကောင်လေး ဒီလာဦး..." 

သက်ထားစံက ထိုင်နေသော စားပွဲထိုး ကောင်လေးတစ်ဦးကို ခေါ်လိုက်သည်။

" ဟုတ် .အစ်မ...ပြီးသွားပြီလား သူတို့ငြင်းတာက..မှာတော့မလား ခင်ဗျာ " 

စာပွဲထိုးကောင်လေး ရီကျဲကျဲနှင့် မေးလိုက်သည်။ 

" ..အေးဟယ်.. မှာတော့မယ်..ငါဆာလှပြီ သူတို့ပြီးတဲ့ အထိစောင့်နေရင် ငါစားရမှမဟုတ်ဘူးဟယ်.."

သက်ထားစံက စိတ်ရူတ်စွာ သူ့သူငယ်ချင်းနှစ်ယောက်အားလှမ်းကြည့်ရင်းပြောသည်။
တစ်ဆက်ထဲ .သက်ထားစံ၏ အသံက ထွက်လာသည်။ ....

" အစ်မကို ဆီချက် တစ်ပွဲပေး ...ငရုပ်သီးမထဲ့နဲ့ ပြီးတော့ ... ကိုလာတစ်ဘူးပါပေး .." 

" ဟုတ်အစ်မ... " 

"ဟဲ့...သေနာကြ နှစ်ကောင် ..မမှာဘူးလား ဆက်ငြင်းနေဦးအုံးမှလား ..."
သက်ထားစံက မဲ့ရွဲ့က နူတ်ခမ်းဆူလျက် ခန့်သူနိုင် နဲ့ သက်တန့် ကြည့်ရင်း ပြောနေသည်။ 

"မှာ..မယ်..နင်ကလည်း စိတ်ချည်းဘဲ ဟာ..." 

ခန့်သူနိုင်က ပြောင်တီ ပြောင်စပ် မျက်နှာနဲ့ ပြောသည်။

" ညီလေး ... ကိုကြီးတို့ကို ရှမ်းနှစ်ပွဲ့ ...
အအေးက လိမေ္မာ်ရည် နှစ်ခွက် " 

သက်တန့်က စားပွဲထိုးကောင်လေးအားကြည့်ရင်းပြောလိုက်သည်။

... " ... ဟုတ်..... အစ်ကို ..." 

စားပွဲထိုးကောင်လေးက ဖြေကာ သွက်လက်သော ခြေလှမ်းများနှင့် လှမ်းထွက်သွားသည်။
ထိုနောက် သူတို့ သုံးယောက်ဘာစကားမှမပြောဖြစ်ကြပေ..အတွေးကိုယ်ဆီနှင့် အဝေးတစ်နေရာဆီသို့ငေးမောကာ ကြည့်နေကြသည်။

သူတို့ သုံးယောက်ထဲတွင် 

ခန့်သူနိုင်က ကြည့်ကောင်းသည်၊ ထူကဲသော မျက်ခုံးမွှေး ဖြောင့်စင်းနေသော နှာတံ လှပတည်တံသော နူတ်ခမ်းတစ်စုံကိုပိုင်ဆိုင်ထားကာ မိန်ခလေးများ၏ အသည်းကျော်ဖြစ်သည်။သူသည် ရည်းစားများသည်၊ပွေသည် ရူတ်သည်၊ သူပွေရူတ်သမျှကို သက်ထားစံနှင့် သက်တန့် ဒိုင်ခံဖြေရှင်းပေးကြရသည်။

သက်တန့်က ထိုသို့မဟုတ်ခုချိန်ထိ ရည်စားမရှိသေး...အချစ်ကို ကစားစရာတစ်ခုလို့မမြင်ပေ၊သူလည်း ခန့်သူနိုင်နှင့်အပြိုင် ကြည့်ကောင်းသည်။သူ့တွင်တောက်ပသော မျက်ဝန်းတစ်စုံနှင့် ကွေးညွတ်ပြီးပြုံးယောင်သန်းနေသော နူတ်ခမ်းတစ်စုံပါသည်။သိုအတွက်ကြောင့် သူအမြဲပြုံးနေသကဲ့သို့ထင်မှတ်ရပြီး သူ၏အကြည့်တွင် မကျရူံးသော မိန်းခလေးမှ ရှားသည်။

သက်ထားစံ .... သူက ရှားပါးလွန်းသော အလှတရားကိုပိုင်ဆိုင်ထားသည်၊နက်မောင်နေသော ဆံကေသာ ကျောလည်အထိ ရှိသည်။နှင်ဆီးဖူးရောင်ရှိသော သူ၏နူတ်ခမ်းက တစ်ခြားဘာမျှမလုပ်အပ်ပေ၊သူ၏ အသားအရေကပြောစရာမရှိပေ၊စိတ်သဘောထားလည်းကောင်းသည်။

ကျောင်းတွင် သူကို လိုချင်လှသော ချစ်သူဖြစ်ချင်လှသော ယောက်ကျားသားတို့က ဒုနဲ့ဒေးပင်၊တစ်ချို့သော ကျောင်းသားကျောင်းသူတို့ သူနှင့် ခန့်သူနိုင်၊သက်တန့် တစ်ယောက်ယောက်သော သူနှင့် ငြိစွန်းမည်ဟု ထင်ကြေးပေးကြသည်။သူတို့သုံးယောက်သည် အလှကိုယ်ဆီနှင့်ရှိကြသည်။သူတို့သည် အပျံသင်စ ငှက်ခလေးများကဲ့သို့ လွတ်လပ်စွာရှိနေကြသေးသည်။

"..... အစ်မ...အစ်ကိုတို့........ရပါပြီခင်ဗျာ .."

စားပွဲထိုးကောင်လေး၏ အသံက သူတို့သုံးယောက်၏ အတွေးကို အဝေးသို့ ပျံလွှင့်သွားစေသည်။

"....... ဪ....အေး..အေး.."

သက်ထားစံက ဖြေရင်း သူတို့ သုံးယောက်ရှေ့တွင်ရှိသော ဆီချက် နှင့် ရှမ်း နှစ်ပွဲကို ဟိုဘက်သို့ တိုးပေးကာ စားဟု ..မျက်ခုံးပင့်ပြလိုက်သည်။ဟုတ်သည်.သူတို့ စားမည်..ပြီးလျှင်အတန်းသွားတက်ရမည်။

သူတို့်က TU ကျောင်းသားကျောင်းသူများဖြစ်သည်၊
အဖြူအပြာနှင့် လှချင်သလို လှပနေကြသည်။သက်ထားစံက EC major က ခန့်သူနိုင်နှင့်သက်တန့်က Mechanical major ကဖြစ်သည်။ထူးဆန်းသည်က မေဂျာမတူဘဲ သူငယ်ချင်းဖြစ်နေကြချင်းပင်ဖြစ်သည်။ဘာလိုဘယ်ဆို ကံတရားက ထူးဆန်းသည် သူတို့သုံးယောက်ကို ဆုံဆည်းပေးခဲ့ခြင်းက ကံကောင်းခြင်းလား ကံဆိုးခြင်းလား ဝေခွဲမရပေ။
......
....
.
အခန်း နှစ် 

" ကြာလိုက်တာကွာ ... မဆင်းနိုင်သေးဘူးလား သူတို့အတန်းက " 

ခန့်သူနိုင်က မဲ့ရွဲ့က ပြောဆိုနေသည်။

" မင်းကလည်း ဆင်းမှပေါ့...စိတ်ကိုရှည်ရှည်ထားစမ်းပါ " 
အေးဆေးတည်ငြိမ်စွာ ပြောသည် ... 
 သက်တန့်က....
သူတို့နှစ်ယောက် သက်ထားစံကို စောင့်နေသည်မှ နာရီဝက်မျှ ရှိပြီဖြစ်သည်။ 

"ဟိုမှ လာနေပြီ ...မိသက်ထား " 

သူရိန် က မျက်ခုံးပင့်ရင်း မေးထိုးပြသည်။
ခန့်သူက လှမ်းကြည့်ပြီး စိတ်မရှည်သည် ပုံစံဖြင့် အော်ပြောသည်။

" .မြန်မြန်လာစမ်းပါဟာ....
ခြေလှမ်းကို ဘယ်လိုလှမ်းနေလဲ..ခဲဆွဲထားတဲ့အတိုင်းဘဲ " 

" ...သေနာကောင် ... တအားအော်မနေ..လာနေပြီဟဲ့ ." 

သက်ထားက ပြန်အော်ပြောသည်။

" နင် ...ဆော်နဲ့ သွားတွေ့ချင်တိုင်း အော်မနေနဲ့ .." 

သက်ထား က အနားရောက်လာတော့ ကပ်ပြောသည်။

"ဘာလဲ..... ... . . .နင် ငါသွားတွေ့မှမို့လို့ 
သဝန်တိုနေတာလား "...
 " ဟက်...ငါက နင်ပုံစံ ငါအကြိုက်ထဲမပါဘူး သိလား "

ခန့်သူက ပြောင်ရင်းပြန်ဖြေသည်။

..အမှန်က သက်ထားက ခန့်သူကို တစ်ဖက်သက်ကြိုက်နေခြင်းဖြစ်သည်။ သို့သော် ခန့်သူ က သက်ထား သူကြိုက်နေသည်ကို မရိမ်မိပေ။အနားမှရှိသော ပန်းလှတစ်ပွင့်.ပန်းကောင်းတစ်ပွင့်ကိုမမြင်...အဝေးမှရှိသော ပန်းကောင်းကိုသာ ငေးနေခြင်းဖြစ်သည်။

" ငါ... သွားပြီ...ဟေ့.." .... 

" .... .. . သူလေး စိတ်ကောက်နေမယ် " 

ဟုပြောရင်း အော်ကာထွက်သွားသည်။
သက်ထား ကတော့တွေဝေရင်းကျန်ရစ်ခဲ့သည်။ 
....
မနက်ခင်းနေရောင်ခြည်က လွတ်လပ်စွာ တောက်ပနေသည်။ကျေးငှက်တို့ တစ်ကျိကျိအော်မြည်က နေသစ်ကို ကြိုဆိုနေကြသည်။သက်ထား တစ်ယောက်ကျောင်းကိုအရင်ရောက်နှင့်နေသည်။သူ တွေးနေသည် ၊ ခန့်သူနိူင် အကြောင်းကို ...ခန့်သူကို ချစ်တယ်၊ သူသိအောင် နေပြနေသောလည်း သိဘက်က ရေးရေးမျှသိပုံမပေါ် .အချစ်ကို အလေးအနက်မထား ၊ရှိသမျှကောင်မလေးတိုင်းနှင့် ရူတ်ချင်တိုင်းရူတ်သည်... ပြီးလျှင် သူကိုခေါ်ရှင်းခိုင်းသည်၊ အဲ့ချိန်တွင်တော့ သူချစ်သူဖြစ်ခွင့်ရသည်။ 

" .... ငါ ..တစ်သက်လုံး .... အဲ့အချိန်လေးတွေ ဖြစ်ချင်လိုက်တာ ..ခန့်သူရယ် ..."
... 
" ...ဟိတ်... ဘာတွေ ...တွေးနေတုန်းဟ "

နောက်ကနေ သက်တန့်၏ အော်သံကြောင့် သက်ထား၏ အတွေးစများ ပြတ်သွားသည်။ 

..." ..ဘာမှမဟုတ်ပါဘူးဟာ....ဟိုဟို ..ဒီဒီပါ...😁" 

အရှက်အပြေ ဖြေလိုက်ရသည်။သက်ထား မျက်နှာတော့ မထားတက် ခေါင်းကြီးငုံကာနေလေသည်။ 

" နင်က ..အတန်းမသွားသေးဘူးလားဟ ."

သက်တန့်က မေးလေးတစ်ထိုးကာ မေးသည်။ ...

".ဟင့်အင့်....ဒီနေ့မနက်က အတန်းမရှိဘူးဟ ... " 

"..ဪ ..ဟုတ်လား ..တစ်နေရာ သွားကြရအောင်လေ ..."
 သက်တန့်က အဖော်ညှိသည်..
.ဒါမျိုးဆိုလျှင် သက်ထားလည်း ငြင်းမည်မထင်။ 

"အေး. . . . ကောင်းသားဟ .. . . .
ဘယ်သွားကြမလဲ ...ဟမ်.." 

"..မသိတက်သေး ... ခန့်သူ လာမှ မေးကျိလေ . . . အဲ့ကောင်က နေရာစုံတယ်ဟ " 
သက်တန်က အဝေးကိုငေးမောကြည့်ရင်း
ဖြေလိုက်သည်။

" အင်း . . . . . အဲ့ဒါလည်းကောင်းပါတယ်လေ. " 

သက်ထားတစ်ယောက်ထဲ တိုးတိုးလေးပြောဖြစ်သည်။သူတို့ စကားမပြောကြတော့...။
#sai #lyan #love