က်နော်၏ ကိုယ္ပိုင် စာမ်က်နွာလေးမျွကိုဆိုပါတယ္ခင္ဗ်ာ။လာရောက္လည် ပတ်သူမ်ား ကေ်းဇူးတင္ပါတယ္ခင္ဗ်ာ။ ရွင္လြမ်းခ်မ်ျးေမ့ပါစေ။
Saturday, March 24, 2018
ထိုအရာကို အချစ်ဟုခေါ်သည်
မပြောခင် စဉ်းစား
ပြောနေတုန်း စဉ်းစား
ပြောပြီး စဉ်းစား
....................
#amh #love #sai
...
မပြောခင် စဉ်းစား
ပြောနေတုန်း စဉ်းစား
ပြောပြီး စဉ်းစား
....................
ခဲမှန်ဖူးတဲ့ စာသူငယ်ဟာ တော်တော်ထိတ်လန့်ခဲ့တယ်
ကျနော်လည်း ကြောက်ရွံမိတာအမှန်ဘဲ ...
ဒွိဟစိတ်တွေက ဘယ်အရာမှန်တယ်
ဘယ်အရာက မှန်တယ် မှားတယ်
ကျနော် စဉ်းစားဆုံးဖြတ်ဖို့ အားမရှိတောတာ့ အမှန်ဘဲ
တစ်ခါတစ်လေ နှလုံးသားစိတ်ဝိညာဉ်ရဲ့ ခေါ်ဆောင်ရာကို လိုက်ဖို့ဆုံးဖြတ်နေခဲ့သလို
တစ်ခါတစ်လေမှ ဦးနှောက်ရဲ့ ခေါ်ဆောင်ရာကို လိုက်ဖို့ဆုံးဖြတ်ခဲ့မိတယ်..
နှလုံးစိတ်ဝိညာဉ် နဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းဆိုတဲ့
အရာနှစ်ခုကြားမှ ဗျများနေတယ် ...
တစ်ချိန်ချိန်မှ အားလုံးက နေသားတကြပြန်ဖြစ်သွားမှပါ ...
အမှန်က အမှားဖြစ်နေသလို့
အမှားကလည်း အမှန်ဖြစ်နေနိုင်တယ် ...
သေချာစဉ်းစားဆုံးဖြတ်နိုင်ပါစေ ...
စဉ်းစားဖို့တော့ အချိန်တစ်ခု ရှိပါလေစ...
ကံခေလွန်းလှတဲ့ ကံကြမ္မာက ဘယ်လောက်ထိ ရက်စက်နေအုံးမှလဲ ....
#amh #love #sai
Saturday, March 17, 2018
အချစ်လို့ခေါ်သလား
အခန်း လေး
"သူကို တစ်နေ့နေ့ တစ်ချိန်ချိန်မှ ငါဖွင့်ပြောဖြစ်မယ်ထင်တယ်ဟာ "
...
..
.....
.....
...
Unicode Version
အခန်း လေး
သက်ထား တစ်ယောက် ရေးလက်စာ စာလေးကို ချရင်းစဉ်းစားမိသည်။ဒီနေ့ အအေးဆိုင်တွင် ခန့်သူပြောသော စကားများက သူကို ရည်ရွယ်သလား။သက်ထား၏ နားထဲတွင် ခန့်သူပြောသော စကားသံများကို ပြန်ကြားယောင်မိသည်။
"ငါချစ်တဲ့သူက ငါဘေးနားမှဘဲ ရှိတာဟာ ငါက သတိမထားခဲ့မိတာ "
" သူက သိပ်ကို ဖြူစင်လွန်းတယ်ဟာ "
"သူကို တစ်နေ့နေ့ တစ်ချိန်ချိန်မှ ငါဖွင့်ပြောဖြစ််မယ်ထင်တယ်ဟာ "
ခန့်သူ ရီဝေသော မျက်လုံးများဖြင့် အဝေးကိုကြည့်ရင်းပြောနေသည့်ပုံကို သက်ထား၏ မျက်လုံးထဲက မထွက်ပေ။
သက်ထားအိပ်ချင်ပြီ မနက်ကိုကျောင်းသွားရအုံးမည်။အိမ်မက်ထဲတွင် ခန့်သူနှင့်တွေ့ရအုံးမည်။သက်ထားတစ်ယောက် စိတ်ကူးယဉ်ပြီး အိပ်ယာ ဝင်ခဲ့သည်။
...
ကျောင်းရောက်တော့ ခန့်သူနှင့်သက်တန့်ကို အရင်ရောက်နှင့်နေကြပြီ။သက်ထား မနေ့ညက ညည့်နက်သွား၍ အိပ်ယာထနောက်ကျသည်။ထိုကြောင့် ကျောင်းနောက်ကျသည်။သက်ထား ခန့်သူနှင့်သက်တန့် နားရောက်သည်နှင့်
"အမယ် . . . ခန့်သူ နင်က ဒီနေ့ စောကြီးရောက်နေတယ်ပေါ့ ... ထူးထူးခြားခြား မိုးရွာတော့မယ်ဟေ့ "
" မထူးခြားနဲ့ဟေ့ ... သူက ဒီနေ့ အတန်းတက်မယ်ပြောနေတယ် "
သက်တန့်ကပါ ဝင်ပြောသည်။သက်ထားတောင် အံဩ သွားသည်။သက်တန့်ပြောတာ မယုံ၍ ခန့်သူဘက်ကိုလှည့်ကြည့်ပြီး
"ခန့်သူ နင်က ဒီနေ့ အတန်းတက်မယ်ပေါ့ ... ဒီနေ့ကတော့ ထူးခြားပြီးရင် ထူးခြားနေတာပါလား "
..
" မထူးခြားနဲ့ သက်ထား ... ငါဒီနေ့ကစပြီး အတန်းမှန်မှန် တက်တော့မယ်ဟ ... အဲ့ဒါမှ ငါချစ်ရတဲ့သူနဲ့ နေတိုင်းတွေ့ရမှလေ "
ဒီတစ်ခါတော် ခန့်သူ ရုပ်တည်ကြီးနဲ့ တစ်ကယ်ကိုပြောနေသည်။သက်ထားတောင် အံဩနေမိသည်။ထိုနည်းလည်းကောင်း သက်တန့်လည်း အံဩနေမိသည်။ခန့်သူ ဆီက ဒီလိုစကားမျိုး ကြားရမည်မထင်။အချစ်က အရာရာကို ပြောင်းလဲစေနိုင်တယ်တဲ့ အမှန်ဘဲလား။
"ဟဲ့ ... သက်တန့် နင်က အတန်းမသွားသေးဘူးလား "
"အမ်... သွားမှလေ .. ငခန့် စောင့်နေတာဟာ "
သက်တန့် .. ခန့်သူကို ငခန့်လို့ ခေါ်သလို တစ်ခါတစ်လေ ခန့်သူလိုလဲ ခေါ်တယ်လေ။သက်ထားက ခန့်သူဘက်ကို လည့်ပြီး
"နင်ကကော အတန်းတက်မှလား ဟ"
"တက်ရမှပေါ့ဟ ... ဒါမှ ငါချစ်ရတဲ့သူကို တွေ့ရမှလေ "
ခန့်သူကရုပ်တည်ကြီးနဲ့ ပြောနေသည်။သက်ထား ဘာမျှမတွေးချင်။ထိုကြောင့် သူတို့ကို
"ငါ အတန်းသွားတော့မယ်ဟာ "
ဟုပြောပြီး ထွက်လာခဲ့သည်။ခန့်သူ ပြောသော စကားကို သူတွေးနေခြင်းဖြစ်သည်။ဘယ်သူကို ရည်ရွယ်တာဘာလိမ့်။သူအတန်းတက်ရအောင်လည်း အတန်းထဲတွင် ခန့်သူ မက်လောက်အောင် လှသော မိန်းခလေး သိပ်မရှိပေ။ရှိသော မိန်းခလေးကလည်း အတွဲကိုယ်ဆီနှင့်။ဟင်း ... သက်ထား ဆက်မတွေးချင်တော့ ... အတန်းဆီသို့ သွက်လက်သောခြေလှန်းများဖြင့် ဦးတည်လိုက်သည်။
.....
သက်တန့်. . အဝေးကို ရီဝေနေသာ မျက်လုံးများဖြင့့် ငေးကြည့်ကာနေသည်။ဘေးနားတွင် ခန့်သူ ရှိသည်။သို့သော်ငြားလည်း ခန့်သူ ရှိနေသည်ဟု သူစိတ်ထဲတွင်မထားပေ။သက်တန့်က ရီဝေသော မျက်လုံးများဖြင့် အဝေးကို ငေးကြည့်နေသည်ကို ခန့်နိုင်က ကြောင်ကြည့်နေသည်။ခန့်သူ တွေးနေမိသည် ဒီကောင် အတန်းမသွားသေးဘူးလား .. စိတ်မရှည်တော့ ... ခန့်သူက
"ဟျောင့် ... ဘာတွေ ငေးပြီး အဲ့လောက်တောင် တွေးနေရတာလဲဟ "
"မင်းသူငယ်ချင်း ငါ ဘေးနားမှ ရှိသေးတာကို သတိရအုံးနော် "
ခန့်သူ အလိုမကျစွာ သက်တန့်ကို ပြောလိုက်သည်။ထိုတော့မှ သက်တန့်မျက်နှာက အသိပြန်ဝင်လာသည်ပုံစံဖြင့်သွားသည်။ရီဝေသော မျက်လုံးများက တောက်ပလာကာ နူတ်ခမ်းများက ပြုံးယောင်သန်းလာသည်။ခန့်သူ ခုမှ သေချာကြည့်မိသည်။သက်တန့် မျက်လုံးများက အလွန်လှသည်။နူတ်ခမ်းလေး မထူလွန်းမပါးလွန်း မပွင့်တစ်ပွင့်နှင့် ဆွဲ နမ်းချင်စရာ၊ပြုံးစရာမလိုအောင် ပြုံးယောင်သန်းနေသော နူတ်ခမ်းတစ်ခု သက်တန့်ပိုင်ဆိုင်ထားသည်။
"အာ ... သွားတော့မှပါ ... ဒီချိန် ဆရာမ မဝင်သေးဘူးဟ '
"မင်းဖြင့် အတန်းမတက်ဘဲနဲ့ စောသေးတယ် .. ငခန့်ရာ အေးဆေးနေစမ်းပါ"
သက်တန့်က ခန့်သူဘက်လှည့်ရင်း အလိုမကျစွာပြောသည်။အဲ့တော့မှ ခန့်သူ ဇတ်လေးပုက မျက်လုံး ပေကလပ် ပေကလပ်ဖြင့် ငြိမ်သွားသည်။မငြိမ်လို့လည်းမရ ... သူက အတန်းသိပ်မတက်ဖြင့်တာကများသည်။ခန့်သူ ကိုယ့်ကိုကိုယ် အံဩနေမိသည် ... သူချစ်ရတဲ့သူတွေ့ရပြီ။ဒါပေမဲ့ဝေခွဲမရ။နှစ်ယောက်ဖြစ်နေသည် ဘယ်သူကို တစ်ကယ်ချစ်တာလဲ၊ဒါကို သေချာအောင်လုပ်ရမည်။သို့ပေမယ် သူအားသန်နေသည်က သဘာဝမကျသော အချစ်ကိုလား ။သဘာဝကျသောအချစ်ကိုလား။သူတွေးမရ ... ခေါင်းတွေရူတ်လာသည်။အရင် ရည်းစားတွေတုန်းက ဒီလောက်ခေါင်းမရူတ် လှတာမြင်လျင် ကြိုက်လို့လိုက်ခဲ့သည်။ဟိုဘက်လည်း သူ၏ ရုပ်ရည်ကို ကြွေ၍ ပြန်ကြိုက်သည်။ပြီးတော့ ငြီးငွေ့လာသည်၊ ပြတ်သည်၊ဇာတ်လမ်းက ထိုမျှသာ ဖြစ်သည်။
"ဟျောင့် ... ငခန့်. လာ အတန်းသွားမယ်"
"ငါကျပြောပြီး သူကြ ဘာတွေ တွေးနေမှန်းမသိဘူး "
သက်တန့်၏ အသံက နားထဲကို စူးရူစွာဝင်လာသည်။ခန့်သူ လန့်သွားသည်။အတွေးလွန်နေတာကို သူက။
.....
အတန်းထဲရောက်တော့ ထုံးစံအတိုင်း စာသင်ကြသည်။တစ်ချိန်ပြီးတော့ မိသားစုဆရာမ ရောက်လာသည်။ကျောင်းသားကေကျောင်းသူ အကုန်လုံးက ထ၍ နူတ်ဆက်ကြသည်။ထိုနောက် ဆရာမ အောင််မြင်သော အသံဖြစ် ပြောသည်။
" သားတို့ သမီးတို့ နောက်လထဲကို ကျောင်းက လေ့လာရေး ခရီးသွားကြမယ် "
" လိုက်မဲ့သူတွေ စာရင်းပေးကြမယ် ခုတော့ မဟုတ်သေးဘူး အိမ်ကို အရင်ပြောကြပါ ... ခရီးစရိတ်ကတော့ အစားအသောက် တည်းခိုခ အပါအဝင် .... "
ဆရာမက တောက်လျောက်ပြောသွားသည်။ခန့်သူအတွေးတွေလျောက်တွေးနေမိသည်။ဘာလိုဘဲ ဖြစ်ဖြစ် လိုက်မည်ပေါ။