''ဆရာမအကောင့်ကို ကျွန်တော် ဘလော့ခဲ့မိတယ်''
💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
ကျွန်တော့် friend listထဲမှာ ဘယ်တုန်းကရောက်နေလဲ မသိဘူး။
ဒေါ်အုန်းကြည် တဲ့။
အင်္ဂလိပ်လို Daw Own Kyi ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်။
သေချာကြည့်လိုက်တော့ ကျွန်တော် မူလတန်းတုန်းက
ဆရာမ။ တိတိကျကျ ပြောရ ရင် သူငယ်တန်းကနေ လေးတန်းအထိ ရင်ခွင်ပိုက်စနစ်နဲ့ ကျွန်တော်တို့အတန်းကို တောက်လျှောက် အတန်းပိုင်လုပ်လာတဲ့ဆရာမ။
တစ်မြို့ထဲပေမယ့် ရပ်ကွက်ချင်း ဝေးပါတယ်။
ဆရာမက အပျိုကြီး။
ခုတော့ အသက်ကြီးနေပါပြီ။
ငယ်ငယ်ကတည်းက သွားခေါခေါနဲ့။
ခု ပိန်တော့ သွားက ပိုငေါထွက်နေတယ်။
ဆရာမက ရုပ်တော်တော်ဆိုးပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&
တတုံတုံနဲ့ messengerက စာတွေဝင်နေတယ်။
ဆရာမဒေါ်အုံးကြည်ပဲ နေမှာ။
တစ်နေ့ကလည်း ပြောပြီးပြီကို။
သူမေးတာတွေအကုန်ဖြေပြီးပြီလေ။
အခု ကျွန်တော် ကွန်ပြူတာတက္ကသိုလ်တက်နေတဲ့အကြောင်း။
ကောင်မလေးရည်းစား မရှိကြောင်း မထားကြောင်းလည်း ပြောပြရသေးတယ်။
ခုအရွယ်ပဲဗျာ ဆော်ရှိတာပေါ့။
ဆရာမက သူ့လက်ထဲတုန်းကလို ကလေးလေးမှတ်နေတာလား မသိဘူး။
တကယ် စိတ်လေပါတယ်။
သူ့စာကို ကျွန်တော် reply မလုပ်ချင်တော့ဘူး။
ကျွန်တော့် သူငယ်ချင်းတွေနဲ့ပဲ ဆက်ပြောခဲ့တယ်။
Daw Own Kyi ဆိုတဲ့ အကောင့်ရဲ့ ဆရာမဓါတ်ပုံအဝိုင်းလေး တက်လာတိုင်း seenမပြဘဲ လက်က အလိုလို ဆွဲချပစ်ခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&
အဖေ ကျွန်တော့်အဆောင်လာတယ်။
ကျွန်တော်လိုချင်နေတဲ့ Dell i 7လေး ပါလာတယ်။
ပါကင်လေးမို့ ဈေးနှုန်းလေးကပ်ထားဆဲ။
900000/mmk တဲ့။
''ကိုးသိန်းလား အဖေ''ဆိုတော့ ''အေး'' တဲ့။
အဖေက လူရိုးကြီး
အမေက ကျနော့်ကိုမွေးပြီးပြီးချင်း ဆုံးသွားခဲ့တာ။
ခုထိ နောက်မိန်းမ မယူဘဲ ကျွန်တော့်ကို ခုခြေနေထိ ရောက်အောင် ပျိုးထောင်ပေးနေတာပါ။
''သား အဲဒီ ကွန်ပြူတာဝယ်ဖို့ ဒေါ်အုံးကြည်ဆီကငွေချေးလာတာ
မင်း အဲ့ဒါရှိမှ လေ့ကျင့်လို့ ရမယ်ဆိုလို့ ဆရာမက ကူညီလိုက်တာ။
ဆရာမကျေးဇူးတွေ များနေပြီ
သားနဲ့ ဖေ့ဘုတ်မှာတွေ့တယ် ဆို ဆရာမကပြောတယ်
ရိုရိုသေသေဆက်ဆံနော် သား''
''ဟုတ်'' လို့သာ ပြောပြီး laptopအသစ်လေးကိုပဲ
ကျွန်တော် ကလိနေခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&
ဒီနေ့ကျွန်တော် ဆရာမရဲ့ timelineထဲ ဝင်ကြည့်တယ်။
ပင်စင်နီးလာပေမယ့် သူ စာသင်ရတာ မငြီးငွေ့သေးတဲ့အကြောင်း စာတချို့ ရေးတင်ထားတယ်။
ဘုရားစာတွေ ဘုရားပုံတော်တွေ နဲ့ ပညာရေးသတင်းတွေ share ထားတယ်။
ပျင်းစရာကြီးပါ။ ဘာမှတော့ သိပ်ထွေထွေထူးထူး မရှိပါဘူး။
ဗုဒ္ဓဘာသာမှန်ရင် ဤပုံကို ရှယ်ပါတို့
ဒီအဘွားကို သနားရင် hiခဲ့ပါလား တို့လည်း
သူ share ထားတာပဲ။
တော်တော် အ တဲ့ဆရာမ ။
&&&&&&&&&&&&&&&&&&&&&&&&&&&
'hi သား''
''ဗျာ''
''ဒီလကုန်ရင် ဆရာမ ပင်စင် ယူပြီ''
''ဟုတ်''
''နောက်လ ထဲမှာ လုပ်မယ့် ကျောင်းသားဟောင်းတွေရဲ့အာစရိယပူဇော်ပွဲ သားလာဖြစ်လား''
''Tutorialတွေ ရှိတယ် ဆရာမ
ကျနော် မလာဖြစ်လောက်ဘူး
တကယ်လို့ လာလို့ရရင်တော့ ကျွန်တော် လာခဲ့ပါမယ်''
အဖေ က မှာထားတယ် ရိုရိုသေသေဆက်ဆံတဲ့။
ဆရာမကိုတွေ့ချင်လို့ဆိုတာထက်
လူမှုရေး ညံ့တယ် ထင်မှာစိုးလို့
ကျနော် အာစရိယပွဲ တက်ခဲ့တယ်။
တော်တော်စည်တယ်။
ကျနော် မမြင်ချင်ယောင်ဆောင်နေတဲ့ကြားက
ဒေါ်အုန်းကြည်က ကျနော့်ကို လှမ်းခေါ်တယ်။
''ဟာ ဆရာမ'' လို့ အံ့သြဝမ်းသာတဲ့ပုံစံ ဖမ်းပြီး
သွားနှုတ်ဆက်ရတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&
Notificationတွေ တက်နေပါတယ် လို့ ကိုယ့် accကိုယ် စစ်လိုက်တော့
''အာကွာ ကျစ်! ''
ဒေါ်အုန်းကြည် လုပ်ချလိုက်ပြီ။
ဆရာမကတော့လေ. . .။
မနက်က အာစရိယပူဇော်ပွဲမှာ ရိုက်ခဲ့တဲ့ပုံကို
Tagတွဲပြီး တင်ထားတယ်။
Tagတာလည်း သူတစ်ယောက်ထဲမဟုတ်ဘူး
လူစုံပဲ။
''ကျွန်မအချစ်ဆုံးတပည့်လေး ကွန်ပြူတာတက္ကသိုလ်ကျောင်းသားလေးပါ''ဆိုပြီး တင်ထားတာ။
သွားခေါခေါ နဲ့ ရုပ်ဆိုးလိုက်တာ တကယ်ပါပဲ။
ကျွန်တော့် Uniက တီချယ်လေးတွေ တွေ့ရင် ရှက်စရာကြီး။
ကျွန်တော့် လက်တွေက ဖုန်း secreenပေါ်မှာ ခဏတာ အလုပ်များသွားတယ်။
နှိပ်ချလိုက်တယ် ချက်ချင်း။
_Remove Tag-
&&&&&&&&&&&&&&&&&&&&&&
ူ
ဒီနေ့ သူငယ်ချင်းတွေ အရက်သောက်ကြတယ်။
ကျွန်တော်မသောက်ဘူး အမြည်းစားတာ။
ဖေ့စ်ဘွတ်ပေါ် မှာ
အရက်ပုလင်းတွေ ဘီယာပုလင်းတွေကို ဓါတ်ပုံ ရိုက်ပြီး
ခု ခေတ်စားနေတဲ့ နီနီခင်ဇော်ရဲ့ မူး သီချင်းစာသားလေး ရေးတင်လိုက်တယ်။
''အရက်ကို ကြိုက်လို့ မသောက်ပါ
ဒဏ်ရာတွေဆေးတာ''
အဲ့လိုလေး postထားလိုက်တယ်။
တက္ကသိုလ်က သူငယ်ချင်းတွေကော တခြား fb friendတွေကောက ကွန်မန့်တွေပေးကြတယ်။
''သားရီး ကောင်းနေတယ်လား ''
''con con''
'' ဟျောင့် ငါ့ကျမခေါ်ဘူး''
အများကြီးပါပဲ ကွန်မန့်တွေ။
''အရက်သောက်တာဟာ လူယဉ်ကျေးတွေရဲ့ အလုပ်မဟုတ်ဘူး။
ငယ်ကတည်းက အရက်သေစာရဲ့ဆိုးကျိုးတွေ ပြောပြဆုံးမခဲ့ရက်နဲ့ ခုလို ပညာရှာချိန်မှာ အရက်သောက်ပြတာ အလွန်ဝမ်းနည်းမိတယ် သား။
ဒီပုံကို သားအဖေ မြင်ရင် ဘယ်လောက် ရင်နာလိုက်မလဲ။
ဆရာမ တောင် အတော်စိတ်မကောင်းဖြစ်ရ ရင်
သားအဖေ ဆိုရင်ကော ?
သား ပန်းတိုင်မရောက်ဘဲ လမ်းလွဲနေပါ့မယ်။
သား အမှန်မြင်နိုင်ပါစေ''
လာပြီ။
ဆရာမ ဒေါ်အုန်းကြည်ရဲ့ ကွန်မန့်။
စိတ်ပိန်ထှာ။
လူကို သူ့မူလတန်းကျောင်းသားများ မှတ်နေလားမသိဘူး။
လူငယ်ပဲ တစ်ခါတစ်လေသောက်တော့ကော ဘာဖြစ်မှာကျနေတာ. . .။
ကဲကြာပါတယ်ကွာ. . ဆိုပြီး
ကျနော် ဆရာမရဲ့ အကောင့်ကို အဲဒီညက ဘလော့ခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&
ကျွန်တော် ပညာသင်ဆုရလို့
နိုင်ငံတော် အစီအစဉ်နဲ့ နော်ဝေး နိုင်ငံမှာ နည်းပညာတွေအကြောင်း လာပြီး လေ့လာရတယ်။
တစ်ခါတစ်ခါ အဖေ့ကို အရမ်းလွမ်းတယ်။
ဒီမှာ စားရသောက်ရတာ အဆင်မပြေဘူး။
အရင်ဆို အဖေက ငါးပိနဲ့ပဲကြားလှော်လေးတွေ ရောကြော်ပြီး အဆောင်ကို ပို့နေကြ။
အဖေက ကျွန်တော် ပညာတော်သင်လာရတော့ အတော်ပျော်နေခဲ့တာ။
အခု နေရတဲ့အဆောင်ဘေးမှာ Private KG Schoolလေးရှိတယ်။
သင်တန်းက နေ့လည်ဘက်မှဆိုတော့
ဘာရယ်မဟုတ်ဘူး။
စပ်စုမိတယ်။
ကိုယ့်နိုင်ငံလို မဟုတ်ဘူး ဒီမှာက။
ခေတ်မီ စက်ကိရိယာ သင်ထောက်ကူ ပစ္စည်းတွေ ပြည့်စုံလိုက်တာဗျာ။
ငယ်ငယ်က ဒေါ်အုန်းကြည်ကြီး ကတော့
လက်ရေးအဆွဲအသားသင်တာကို
သဲပုံတွေပေါ် လက်ညှိုးနဲ့ ထိုးပြီး လေ့ကျင့်ပေးခဲ့တာ
သတိရမိတယ်။
ဒီက ဆရာမတွေနဲ့ အတော်ကွာတယ်ဗျ။
တို့ဆရာမကတော့ သဲတွေ နဲ့ ညစ်တီးညစ်ပက် သင်ခဲ့တာ။ ခုလို စနစ်တကျ သင်ပေးနိုင်ရင်
ငါ ဒီထက်ပိုတော်ရင်တော်မှာ လို့လည်း တွေးမိသေး။
&&&&&&&&&&&&&&&&&&&&&&&&&&
ကလေးတစ်ယောက် အော်ငိုနေတယ်။
အသံကုန်ခြစ်ပြီး င်ိုနေတာ။
ဆရာမ လုပ်သူက ဖုန်းဆက်ခေါ်နေတာလဲ ကြားရတယ်။ အနီးစပ်ဆုံး ဘာသာပြန်ကြည့်တော့
ကလေးက ဝမ်းတွေ တောက်လျှောက်သွားနေတဲ့အတွက် အမေဖြစ်သူ လာပြီး သန့်ရှင်းရေး လုပ်ပေးစေချင်ကြောင်းနဲ့ သူလည်း အတော် စိတ်ပျက်မိကြောင်း ပြောနေတာ။
အမှတ်တမဲ့ ခေါင်းထဲမှာ ဆရာမဒေါ်အုံးကြည်ကို သတိရမိတယ်။
ကျွန်တော် ငယ်ငယ်က ခုလို ကျောင်းမှာ ဝမ်းတွေသွားတော့ အပျိုကြီးတန်မဲ့ မရွံမရှာပဲ ကျနော့်ကို သန့်ရှင်းရေး လုပ်ပေးခဲ့တာ။မိတဆိုးလေးဆိုပြီး ကျွန်တော့်ကို ပို သံယောဇဉ်ဖြစ်မိတာလဲ တခြားဆရာမတွေကို ပြောတာ ကြားဖူးတယ်။
ကျွန်တော်ထိုင်တဲ့နေရာဝန်းကျင်က ကလေးတွေကိုလည်း ကျွန်တော့်ကို နှာခေါင်းရှုံ့မှာစိုးလို့
ဒါဟာ လူတိုင်းဖြစ်တတ်တဲ့အကြောင်း ပြောပြပေးနေခဲ့တာလေး သတိရမိတယ်။
အင်း. . .
ဆရာမ နဲ့ အဆက်အသွယ်ပြတ်နေတာတောင် အတော်ကြာပြီပဲ။
&&&&&&&&&&&&&&&&&&&&&&&&&
ညနေသင်တန်းအပြန် ဖယ်ရီပေါ်ကဆင်းတော့
မိုးကသည်းနေပြီ။ထီးဆောင်းပြီး လျှောက်လာရင်း အဆောင်နားမှာ ကလေးတစ်ယောက် မိုးထဲလေထဲ ချမ်းတုန်နေတယ်။
ခနလေးနေတော့ ကားလေးတစ်စီး ထိုးရပ်ပြီး အဖေ ဖြစ်ဟန်တူသူက ကားပေါ်ကဆင်းလာပြီး ကပြာကယာနဲ့ကလေးကို ထွေးပွေ့ခေါ်သွားတာတွေ့ရတယ်။
''သား ဖေဖေက သားအတွက် မုန့်ဖိုးတွေ သွားရှာနေလို့
ကြိုတာ နောက်ကျနေတာ ဖြစ်မယ်။
ဆရာမ သားနဲ့အတူတူ စောင့်ပေးမယ်နော်''
မိုးရွာထဲမှာ ထီးနက်ကြီးကို ဆောင်းပြီး ကျောင်းရှေ့မှာ
ကျွန်တော်နဲ့အတူ အဖေ့ကို ကူစောင့်ပေးခဲ့တဲ့
ဆရာမကို သတိရမိတယ်။
တပြိုင်တည်းမှာပဲ သိလိုက်တာက
ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာ/မတွေဟာ
ရုပ်ဝတၴုပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ သင်ကြားရေးတွေမှာ နောက်ကျချင် ကျနေနိုင်ပေမယ့်
တပည့်တွေအပေါ်ထားတဲ့ စေတနာ ဂရုဏာ အနစ်နာတွေကတော့ ဘယ်နိုင်ငံက မှ လိုက်မမီပါလား လို့။
&&&&&&&&&&&&&&&&&&&&&&&&&&&&
'' ကျေးဇူးပြုပြီး အရေးပေါ်ဝတ်စုံကို ဝတ်ဆင်ထားကြဖို့
ကြေငြာအပ်ပါတယ်ရှင်''
လေယာဉ်က မောင်းနေရင်း စက်ချို့ယွင်းသတဲ့။
လူက လန့်သွားတယ်။
တလောကပဲ တပ်မတော်ပိုင်လေယာဉ်က ပျက်ကျထားတာ။ တွေးကြည့်ရင်း လန့်သွားတယ်။
ငယ်ငယ်လေးနဲ့မသေချင်သေးဘူး။သေလဲမသေရဲဘူး။
ပါးစပ်ထဲ အလိုလိုရေရွတ်မိတာက
''သိရသ္မိ ံမေ ဂါထာတော်''
''ကဲ အားလုံး လိုက်ဆို
ဒီဂါထာက အန္တရာယ်ကင်းစေတယ်
လိုက်ရွတ်ရမယ် မရတဲ့လူ ဒီကြိမ််လုံးနဲ့ ရိုက်မယ်''
ဆရာမ ဒေါ်အုန်းကြည် ငယ်ငယ်က ဒီဂါထာတော် ကို ရိုက်သင်ပေးခဲ့တာ သတိရမိတယ်။
ဆရာမကလည်း ဘုရားစာကို ရိုက်ပြီးသင်ရတယ်လို့ ဆိုပြီး စိတ်ထဲကနေ အပြစ်တင်ခဲ့ဖူးတယ်။
တကယ်တမ်း ဆရာမက ဘုရားစာက ကျောင်းစာလောက် အရေးမကြီးဘူးဆိုပြီးမကျက်မှာ စိုးလို့ တမင်အဲဒီလို သင်ခဲ့တာဆိုတာ အရွယ်ရောက်လာမှ နားလည်တတ်ခဲ့တယ်လေ။
''မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်''
လေယာဉ်ဘီးလုံးတွေ မြေပေါ်ကျမှ ကျနော် စိတ်ထဲ သက်ပြင်းချနိုင်တော့တယ်။
ဂါထာတော်တန်ခိုးနဲ့ ကံကောင်းလို့ မြန်မာပြည် ပြန်ရောက်တာရယ်။
ကျွန်တော် လေယာဉ်လှေကားအဆင်းမှာ ပါးစပ်ကနေ အသံထွက်ပြောမိတာက. . .
''ဆရာမကို ကျေးဇူးတင်ပါတယ်''
&&&&&&&&&&&&&&&&&&&&&&&&&&
'' သား မင်း ဆရာမ ဒေါ်အုံးကြည် ဆုံးတာ ဒီနေ့ ရက်လည်ပဲ ''
''ဗျာ''
ရုတ်တရက် ကြာလိုက်ရတဲ့ စကားကြောင့် ကျွန်တော််ဆွံ့အ သွားမိတယ်။
''မင်းဖို့ ကွန််ပြူတာဖိုးလိုတော့ အဖေ သူ့ဆီက ယူထားတဲ့ အကြွေးတွေလည်း မဆပ်နဲ့တော့ တဲ့
သာအတွက် သူဝယ်ပေးတယ်လို့ပဲ သဘောထားပါတယ် တဲ့''
''သား နဲ့သူ ဖေ့ဘုတ်မှာ မတွေ့တာကြာလို့
သူ သတိရကြောင်း ပြောပေးပါတဲ့''
''သူ သင်ပေးထားတဲ့ ဂါထာလေးလည်း အမြဲရွတ်ပါတဲ့
အဲဂါထာလေးက အန္တရာယ်ကင်းစေသလို စာမေးပွဲတွေလည်း အောင်မြင်စေတယ် တဲ့''
''မင်းဟိုမှာ စားရေးသောက်တာ အဆင်ပြေလားလဲ မေးတယ်
ပြန်လာမှ မင်းဖို့ သူကြော်ထည့်ပေးနေကြ
ပဲကြားနဲ့ငါးပိနဲ့ ကြော်ပေးအုံးမယ် တဲ့''
အဖေ့ ပြောစကားတွေ ကြားတစ်ချက် မကြားတစ်ချက်ပါ။
တကယ်ပဲ ဆရာမဒေါ်အုန်းကြည်ကို ဝန်ချတောင်းပန်ပြီး
ဆရာမကျေးဇူး တတ်နိုင်သလောက် ဆပ်မယ် ကြံပြီး
ပြန်လာတာပါ။
ဘယ်လို ဖြစ်ရတာလဲဗျာ
ဆရာမရယ် . . .သားကို ခွင့်လွှတ်ပါ။
&&&&&&&&&&&&&&&&&&&&&&&&&
ဆရာမ ရဲ့ အုတ်ဂူလေးက ထုံးသုတ်ထားကာစမို့ ဖွေးလွှလွှ။
ဒေါ်အုန်းကြည် အသက် ၆၂ နှစ် ဆိုတဲ့စာသားလေးက
ထင်းနေတယ်။
ကိုယ့်အပေါ်အရမ်းကောင်းခဲ့တဲ့ဆရာမ။
ကျေးဇူး ဆပ်ခွင့်မရတော့ပြီ။
အုတ်ဂူလေးကိုသာ ဆရာမ အမှတ်နဲ့ ရှိခိုးမိတော့တယ်။
မျက်ရည်တွေက တားမရဘုူးဗျာ။
ဆရာမ အုတ်ဂူလေးမှာ မှီထိုင်းရင်း
အားရပါးရ ငိုပစ်ခဲ့တယ်။
&&&&&&&&&&&&&&&&&&&&&&&&&&
ည က တိတ်ဆိတ်နေတယ်။
အဖေက ခေါင်းရင်းတန်းလျားမှာ ဘေးအိမ်က လာလည်တဲ့ ဦးကြီးတွေကို ကျွန်တော် ဟိုနိုင်ငံမှာ
ဘယ်လို နေရ ထိုင်ရ ဘယ်လို ပညာသင်ရတာတွေ။
နောက်နှစ်ကျောင်းပြီးရင် တက္ကသိုလ်ဆရာ ဖြစ်တော့မှာတွေကို အားရပါးရ ကြွားနေတယ်။
ကျွန်တော်ကတော့ unblock ပြန်လုပ်ထားတဲ့
Daw Own Kyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်လေးထဲမှာ။
''ဆုံးမတာ ခါးလို့ထင်ပါတယ်
ကျွန်မကို တပည့်လေးတစ်ယောက်က ဘလော့သွားတယ်''
ဆိုတဲ့ postလေး ဖတ်ပြီး ထပ်ငိုမိတယ်။
နောက်ပိုင်း ပို့စ်တွေက တရားစာတွေ shareထားတာ။
ကင်ဆာပျောက်ကင်းစေသော ကုထုံးတွေ လည်း အများကြီး ရှယ်ထားတယ်။
ဆရာမ က ရင်သားကင်ဆာနဲ့ ဆုံးတာတဲ့လေ။
သူ့ကို Tag တွဲပြီး သူ့ ပုံလေးတွေ နဲ့ ဝမ်းနည်းကြောင်း postလေးတွေလည်း အများကြီးပဲ။
ဆရာမက ရုပ်သာဆိုးတာ စိတ်ထားလှတော့ လုပ်ဖော်ကိုင်ဖက်တွေကော တပည့်တွေကပါ ချစ်ကြတယ်ထင်ပါတယ်။
ကျွန်တော်ကသာ ဆရာမကို. . . .။
အတွေးတွေနဲ့ အတူ မျက်ရည်တွေက တားမရဘူးဗျာ။
ကျွန်တော် ဆရာမ ပုံလေး တစ်ပုံ save လိုက်တယ်။
သွားခေါခေါလေးနဲ့ ပြုံးနေတဲ့ ကျွန်တော့်ဆရာမ။
မျက်ရည်တွေ နဲ့အတူ ကျွန်တော် postလေးတစ်ခု တင်မိပါတယ်။
တင်ခဲ့တဲ့ ပိုစ်လေးက
'' ကျွန်တော် ဆရာမ အကောင့်ကို ဘလော့ခဲ့မိတယ်
😭😭😭😭😭'' လို့ . . . ။
ကောင်း သိုက် စိုး ကောင်း သိုက် စိုး(ကောင်း-မန္တလေး)
(ဤစာစုဖြင့် ဆရာ/မ အားလုံးအား ဂါရဝပြုအပ်ပါသည်)
......
Zawgyi
''ဆရာမအေကာင့္ကို ကြၽန္ေတာ္ ဘေလာ့ခဲ့မိတယ္''
💮💮💮💮💮💮💮💮💮💮💮💮💮💮💮💮
ကြၽန္ေတာ့္ friend listထဲမွာ ဘယ္တုန္းကေရာက္ေနလဲ မသိဘူး။
ေဒၚအုန္းၾကည္ တဲ့။
အဂၤလိပ္လို Daw Own Kyi ဆိုတဲ့ ေဖ့စ္ဘြတ္ခ္အေကာင့္။
ေသခ်ာၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ မူလတန္းတုန္းက
ဆရာမ။ တိတိက်က် ေျပာရ ရင္ သူငယ္တန္းကေန ေလးတန္းအထိ ရင္ခြင္ပိုက္စနစ္နဲ႕ ကြၽန္ေတာ္တို႔အတန္းကို ေတာက္ေလွ်ာက္ အတန္းပိုင္လုပ္လာတဲ့ဆရာမ။
တစ္ၿမိဳ႕ထဲေပမယ့္ ရပ္ကြက္ခ်င္း ေဝးပါတယ္။
ဆရာမက အပ်ိဳႀကီး။
ခုေတာ့ အသက္ႀကီးေနပါၿပီ။
ငယ္ငယ္ကတည္းက သြားေခါေခါနဲ႕။
ခု ပိန္ေတာ့ သြားက ပိုေငါထြက္ေနတယ္။
ဆရာမက ႐ုပ္ေတာ္ေတာ္ဆိုးပါတယ္။
&&&&&&&&&&&&&&&&&&&&&&&&&&&
တတုံတုံနဲ႕ messengerက စာေတြဝင္ေနတယ္။
ဆရာမေဒၚအုံးၾကည္ပဲ ေနမွာ။
တစ္ေန႕ကလည္း ေျပာၿပီးၿပီကို။
သူေမးတာေတြအကုန္ေျဖၿပီးၿပီေလ။
အခု ကြၽန္ေတာ္ ကြန္ျပဴတာတကၠသိုလ္တက္ေနတဲ့အေၾကာင္း။
ေကာင္မေလးရည္းစား မရွိေၾကာင္း မထားေၾကာင္းလည္း ေျပာျပရေသးတယ္။
ခုအ႐ြယ္ပဲဗ်ာ ေဆာ္ရွိတာေပါ့။
ဆရာမက သူ႕လက္ထဲတုန္းကလို ကေလးေလးမွတ္ေနတာလား မသိဘူး။
တကယ္ စိတ္ေလပါတယ္။
သူ႕စာကို ကြၽန္ေတာ္ reply မလုပ္ခ်င္ေတာ့ဘူး။
ကြၽန္ေတာ့္ သူငယ္ခ်င္းေတြနဲ႕ပဲ ဆက္ေျပာခဲ့တယ္။
Daw Own Kyi ဆိုတဲ့ အေကာင့္ရဲ႕ ဆရာမဓါတ္ပုံအဝိုင္းေလး တက္လာတိုင္း seenမျပဘဲ လက္က အလိုလို ဆြဲခ်ပစ္ခဲ့တယ္။
&&&&&&&&&&&&&&&&&&&&&&&&&&&
အေဖ ကြၽန္ေတာ့္အေဆာင္လာတယ္။
ကြၽန္ေတာ္လိုခ်င္ေနတဲ့ Dell i 7ေလး ပါလာတယ္။
ပါကင္ေလးမို႔ ေဈးႏႈန္းေလးကပ္ထားဆဲ။
900000/mmk တဲ့။
''ကိုးသိန္းလား အေဖ''ဆိုေတာ့ ''ေအး'' တဲ့။
အေဖက လူရိုးႀကီး
အေမက က်ေနာ့္ကိုေမြးၿပီးၿပီးခ်င္း ဆုံးသြားခဲ့တာ။
ခုထိ ေနာက္မိန္းမ မယူဘဲ ကြၽန္ေတာ့္ကို ခုေျခေနထိ ေရာက္ေအာင္ ပ်ိဳးေထာင္ေပးေနတာပါ။
''သား အဲဒီ ကြန္ျပဴတာဝယ္ဖို႔ ေဒၚအုံးၾကည္ဆီကေငြေခ်းလာတာ
မင္း အဲ့ဒါရွိမွ ေလ့က်င့္လို႔ ရမယ္ဆိုလို႔ ဆရာမက ကူညီလိုက္တာ။
ဆရာမေက်းဇူးေတြ မ်ားေနၿပီ
သားနဲ႕ ေဖ့ဘုတ္မွာေတြ႕တယ္ ဆို ဆရာမကေျပာတယ္
ရိုရိုေသေသဆက္ဆံေနာ္ သား''
''ဟုတ္'' လို႔သာ ေျပာၿပီး laptopအသစ္ေလးကိုပဲ
ကြၽန္ေတာ္ ကလိေနခဲ့တယ္။
&&&&&&&&&&&&&&&&&&&&&&&&
ဒီေန႕ကြၽန္ေတာ္ ဆရာမရဲ႕ timelineထဲ ဝင္ၾကည့္တယ္။
ပင္စင္နီးလာေပမယ့္ သူ စာသင္ရတာ မၿငီးေငြ႕ေသးတဲ့အေၾကာင္း စာတခ်ိဳ႕ ေရးတင္ထားတယ္။
ဘုရားစာေတြ ဘုရားပုံေတာ္ေတြ နဲ႕ ပညာေရးသတင္းေတြ share ထားတယ္။
ပ်င္းစရာႀကီးပါ။ ဘာမွေတာ့ သိပ္ေထြေထြထူးထူး မရွိပါဘူး။
ဗုဒၶဘာသာမွန္ရင္ ဤပုံကို ရွယ္ပါတို႔
ဒီအဘြားကို သနားရင္ hiခဲ့ပါလား တို႔လည္း
သူ share ထားတာပဲ။
ေတာ္ေတာ္ အ တဲ့ဆရာမ ။
&&&&&&&&&&&&&&&&&&&&&&&&&&&
'hi သား''
''ဗ်ာ''
''ဒီလကုန္ရင္ ဆရာမ ပင္စင္ ယူၿပီ''
''ဟုတ္''
''ေနာက္လ ထဲမွာ လုပ္မယ့္ ေက်ာင္းသားေဟာင္းေတြရဲ႕အာစရိယပူေဇာ္ပြဲ သားလာျဖစ္လား''
''Tutorialေတြ ရွိတယ္ ဆရာမ
က်ေနာ္ မလာျဖစ္ေလာက္ဘူး
တကယ္လို႔ လာလို႔ရရင္ေတာ့ ကြၽန္ေတာ္ လာခဲ့ပါမယ္''
အေဖ က မွာထားတယ္ ရိုရိုေသေသဆက္ဆံတဲ့။
ဆရာမကိုေတြ႕ခ်င္လို႔ဆိုတာထက္
လူမႈေရး ညံ့တယ္ ထင္မွာစိုးလို႔
က်ေနာ္ အာစရိယပြဲ တက္ခဲ့တယ္။
ေတာ္ေတာ္စည္တယ္။
က်ေနာ္ မျမင္ခ်င္ေယာင္ေဆာင္ေနတဲ့ၾကားက
ေဒၚအုန္းၾကည္က က်ေနာ့္ကို လွမ္းေခၚတယ္။
''ဟာ ဆရာမ'' လို႔ အံ့ၾသဝမ္းသာတဲ့ပုံစံ ဖမ္းၿပီး
သြားႏႈတ္ဆက္ရတယ္။
&&&&&&&&&&&&&&&&&&&&&&&&&&&
Notificationေတြ တက္ေနပါတယ္ လို႔ ကိုယ့္ accကိုယ္ စစ္လိုက္ေတာ့
''အာကြာ က်စ္! ''
ေဒၚအုန္းၾကည္ လုပ္ခ်လိဳက္ၿပီ။
ဆရာမကေတာ့ေလ. . .။
မနက္က အာစရိယပူေဇာ္ပြဲမွာ ရိုက္ခဲ့တဲ့ပုံကို
Tagတြဲၿပီး တင္ထားတယ္။
Tagတာလည္း သူတစ္ေယာက္ထဲမဟုတ္ဘူး
လူစုံပဲ။
''ကြၽန္မအခ်စ္ဆုံးတပည့္ေလး ကြန္ျပဴတာတကၠသိုလ္ေက်ာင္းသားေလးပါ''ဆိုၿပီး တင္ထားတာ။
သြားေခါေခါ နဲ႕ ႐ုပ္ဆိုးလိုက္တာ တကယ္ပါပဲ။
ကြၽန္ေတာ့္ Uniက တီခ်ယ္ေလးေတြ ေတြ႕ရင္ ရွက္စရာႀကီး။
ကြၽန္ေတာ့္ လက္ေတြက ဖုန္း secreenေပၚမွာ ခဏတာ အလုပ္မ်ားသြားတယ္။
ႏွိပ္ခ်လိဳက္တယ္ ခ်က္ခ်င္း။
_Remove Tag-
&&&&&&&&&&&&&&&&&&&&&&
ူ
ဒီေန႕ သူငယ္ခ်င္းေတြ အရက္ေသာက္ၾကတယ္။
ကြၽန္ေတာ္မေသာက္ဘူး အျမည္းစားတာ။
ေဖ့စ္ဘြတ္ေပၚ မွာ
အရက္ပုလင္းေတြ ဘီယာပုလင္းေတြကို ဓါတ္ပုံ ရိုက္ၿပီး
ခု ေခတ္စားေနတဲ့ နီနီခင္ေဇာ္ရဲ႕ မူး သီခ်င္းစာသားေလး ေရးတင္လိုက္တယ္။
''အရက္ကို ႀကိဳက္လို႔ မေသာက္ပါ
ဒဏ္ရာေတြေဆးတာ''
အဲ့လိုေလး postထားလိုက္တယ္။
တကၠသိုလ္က သူငယ္ခ်င္းေတြေကာ တျခား fb friendေတြေကာက ကြန္မန႔္ေတြေပးၾကတယ္။
''သားရီး ေကာင္းေနတယ္လား ''
''con con''
'' ေဟ်ာင့္ ငါ့က်မေခၚဘူး''
အမ်ားႀကီးပါပဲ ကြန္မန႔္ေတြ။
''အရက္ေသာက္တာဟာ လူယဥ္ေက်းေတြရဲ႕ အလုပ္မဟုတ္ဘူး။
ငယ္ကတည္းက အရက္ေသစာရဲ႕ဆိုးက်ိဳးေတြ ေျပာျပဆုံးမခဲ့ရက္နဲ႕ ခုလို ပညာရွာခ်ိန္မွာ အရက္ေသာက္ျပတာ အလြန္ဝမ္းနည္းမိတယ္ သား။
ဒီပုံကို သားအေဖ ျမင္ရင္ ဘယ္ေလာက္ ရင္နာလိုက္မလဲ။
ဆရာမ ေတာင္ အေတာ္စိတ္မေကာင္းျဖစ္ရ ရင္
သားအေဖ ဆိုရင္ေကာ ?
သား ပန္းတိုင္မေရာက္ဘဲ လမ္းလြဲေနပါ့မယ္။
သား အမွန္ျမင္နိုင္ပါေစ''
လာၿပီ။
ဆရာမ ေဒၚအုန္းၾကည္ရဲ႕ ကြန္မန႔္။
စိတ္ပိန္ထွာ။
လူကို သူ႕မူလတန္းေက်ာင္းသားမ်ား မွတ္ေနလားမသိဘူး။
လူငယ္ပဲ တစ္ခါတစ္ေလေသာက္ေတာ့ေကာ ဘာျဖစ္မွာက်ေနတာ. . .။
ကဲၾကာပါတယ္ကြာ. . ဆိုၿပီး
က်ေနာ္ ဆရာမရဲ႕ အေကာင့္ကို အဲဒီညက ဘေလာ့ခဲ့တယ္။
&&&&&&&&&&&&&&&&&&&&&&&&&
ကြၽန္ေတာ္ ပညာသင္ဆုရလို႔
နိုင္ငံေတာ္ အစီအစဥ္နဲ႕ ေနာ္ေဝး နိုင္ငံမွာ နည္းပညာေတြအေၾကာင္း လာၿပီး ေလ့လာရတယ္။
တစ္ခါတစ္ခါ အေဖ့ကို အရမ္းလြမ္းတယ္။
ဒီမွာ စားရေသာက္ရတာ အဆင္မေျပဘူး။
အရင္ဆို အေဖက ငါးပိနဲ႕ပဲၾကားေလွာ္ေလးေတြ ေရာေၾကာ္ၿပီး အေဆာင္ကို ပို႔ေနၾက။
အေဖက ကြၽန္ေတာ္ ပညာေတာ္သင္လာရေတာ့ အေတာ္ေပ်ာ္ေနခဲ့တာ။
အခု ေနရတဲ့အေဆာင္ေဘးမွာ Private KG Schoolေလးရွိတယ္။
သင္တန္းက ေန႕လည္ဘက္မွဆိုေတာ့
ဘာရယ္မဟုတ္ဘူး။
စပ္စုမိတယ္။
ကိုယ့္နိုင္ငံလို မဟုတ္ဘူး ဒီမွာက။
ေခတ္မီ စက္ကိရိယာ သင္ေထာက္ကူ ပစၥည္းေတြ ျပည့္စုံလိုက္တာဗ်ာ။
ငယ္ငယ္က ေဒၚအုန္းၾကည္ႀကီး ကေတာ့
လက္ေရးအဆြဲအသားသင္တာကို
သဲပုံေတြေပၚ လက္ညွိုးနဲ႕ ထိုးၿပီး ေလ့က်င့္ေပးခဲ့တာ
သတိရမိတယ္။
ဒီက ဆရာမေတြနဲ႕ အေတာ္ကြာတယ္ဗ်။
တို႔ဆရာမကေတာ့ သဲေတြ နဲ႕ ညစ္တီးညစ္ပက္ သင္ခဲ့တာ။ ခုလို စနစ္တက် သင္ေပးနိုင္ရင္
ငါ ဒီထက္ပိုေတာ္ရင္ေတာ္မွာ လို႔လည္း ေတြးမိေသး။
&&&&&&&&&&&&&&&&&&&&&&&&&&
ကေလးတစ္ေယာက္ ေအာ္ငိုေနတယ္။
အသံကုန္ျခစ္ၿပီး င္ိုေနတာ။
ဆရာမ လုပ္သူက ဖုန္းဆက္ေခၚေနတာလဲ ၾကားရတယ္။ အနီးစပ္ဆုံး ဘာသာျပန္ၾကည့္ေတာ့
ကေလးက ဝမ္းေတြ ေတာက္ေလွ်ာက္သြားေနတဲ့အတြက္ အေမျဖစ္သူ လာၿပီး သန႔္ရွင္းေရး လုပ္ေပးေစခ်င္ေၾကာင္းနဲ႕ သူလည္း အေတာ္ စိတ္ပ်က္မိေၾကာင္း ေျပာေနတာ။
အမွတ္တမဲ့ ေခါင္းထဲမွာ ဆရာမေဒၚအုံးၾကည္ကို သတိရမိတယ္။
ကြၽန္ေတာ္ ငယ္ငယ္က ခုလို ေက်ာင္းမွာ ဝမ္းေတြသြားေတာ့ အပ်ိဳႀကီးတန္မဲ့ မ႐ြံမရွာပဲ က်ေနာ့္ကို သန႔္ရွင္းေရး လုပ္ေပးခဲ့တာ။မိတဆိုးေလးဆိုၿပီး ကြၽန္ေတာ့္ကို ပို သံေယာဇဥ္ျဖစ္မိတာလဲ တျခားဆရာမေတြကို ေျပာတာ ၾကားဖူးတယ္။
ကြၽန္ေတာ္ထိုင္တဲ့ေနရာဝန္းက်င္က ကေလးေတြကိုလည္း ကြၽန္ေတာ့္ကို ႏွာေခါင္းရႈံ႕မွာစိုးလို႔
ဒါဟာ လူတိုင္းျဖစ္တတ္တဲ့အေၾကာင္း ေျပာျပေပးေနခဲ့တာေလး သတိရမိတယ္။
အင္း. . .
ဆရာမ နဲ႕ အဆက္အသြယ္ျပတ္ေနတာေတာင္ အေတာ္ၾကာၿပီပဲ။
&&&&&&&&&&&&&&&&&&&&&&&&&
ညေနသင္တန္းအျပန္ ဖယ္ရီေပၚကဆင္းေတာ့
မိုးကသည္းေနၿပီ။ထီးေဆာင္းၿပီး ေလွ်ာက္လာရင္း အေဆာင္နားမွာ ကေလးတစ္ေယာက္ မိုးထဲေလထဲ ခ်မ္းတုန္ေနတယ္။
ခနေလးေနေတာ့ ကားေလးတစ္စီး ထိုးရပ္ၿပီး အေဖ ျဖစ္ဟန္တူသူက ကားေပၚကဆင္းလာၿပီး ကျပာကယာနဲ႕ကေလးကို ေထြးေပြ႕ေခၚသြားတာေတြ႕ရတယ္။
''သား ေဖေဖက သားအတြက္ မုန႔္ဖိုးေတြ သြားရွာေနလို႔
ႀကိဳတာ ေနာက္က်ေနတာ ျဖစ္မယ္။
ဆရာမ သားနဲ႕အတူတူ ေစာင့္ေပးမယ္ေနာ္''
မိုး႐ြာထဲမွာ ထီးနက္ႀကီးကို ေဆာင္းၿပီး ေက်ာင္းေရွ႕မွာ
ကြၽန္ေတာ္နဲ႕အတူ အေဖ့ကို ကူေစာင့္ေပးခဲ့တဲ့
ဆရာမကို သတိရမိတယ္။
တၿပိဳင္တည္းမွာပဲ သိလိုက္တာက
ကြၽန္ေတာ္တို႔ ျမန္မာနိုင္ငံက ဆရာ/မေတြဟာ
႐ုပ္ဝတၴုပိုင္းဆိုင္ရာ နည္းပညာပိုင္းဆိုင္ရာ သင္ၾကားေရးေတြမွာ ေနာက္က်ခ်င္ က်ေနနိုင္ေပမယ့္
တပည့္ေတြအေပၚထားတဲ့ ေစတနာ ဂ႐ုဏာ အနစ္နာေတြကေတာ့ ဘယ္နိုင္ငံက မွ လိုက္မမီပါလား လို႔။
&&&&&&&&&&&&&&&&&&&&&&&&&&&&
'' ေက်းဇူးျပဳၿပီး အေရးေပၚဝတ္စုံကို ဝတ္ဆင္ထားၾကဖို႔
ေၾကျငာအပ္ပါတယ္ရွင္''
ေလယာဥ္က ေမာင္းေနရင္း စက္ခ်ိဳ႕ယြင္းသတဲ့။
လူက လန႔္သြားတယ္။
တေလာကပဲ တပ္မေတာ္ပိုင္ေလယာဥ္က ပ်က္က်ထားတာ။ ေတြးၾကည့္ရင္း လန႔္သြားတယ္။
ငယ္ငယ္ေလးနဲ႕မေသခ်င္ေသးဘူး။ေသလဲမေသရဲဘူး။
ပါးစပ္ထဲ အလိုလိုေရ႐ြတ္မိတာက
''သိရသၼိ ံေမ ဂါထာေတာ္''
''ကဲ အားလုံး လိုက္ဆို
ဒီဂါထာက အႏၱရာယ္ကင္းေစတယ္
လိုက္႐ြတ္ရမယ္ မရတဲ့လူ ဒီႀကိမ္္လုံးနဲ႕ ရိုက္မယ္''
ဆရာမ ေဒၚအုန္းၾကည္ ငယ္ငယ္က ဒီဂါထာေတာ္ ကို ရိုက္သင္ေပးခဲ့တာ သတိရမိတယ္။
ဆရာမကလည္း ဘုရားစာကို ရိုက္ၿပီးသင္ရတယ္လို႔ ဆိုၿပီး စိတ္ထဲကေန အျပစ္တင္ခဲ့ဖူးတယ္။
တကယ္တမ္း ဆရာမက ဘုရားစာက ေက်ာင္းစာေလာက္ အေရးမႀကီးဘူးဆိုၿပီးမက်က္မွာ စိုးလို႔ တမင္အဲဒီလို သင္ခဲ့တာဆိုတာ အ႐ြယ္ေရာက္လာမွ နားလည္တတ္ခဲ့တယ္ေလ။
''မႏၱေလး အျပည္ျပည္ဆိုင္ရာေလဆိပ္''
ေလယာဥ္ဘီးလုံးေတြ ေျမေပၚက်မွ က်ေနာ္ စိတ္ထဲ သက္ျပင္းခ်နိဳင္ေတာ့တယ္။
ဂါထာေတာ္တန္ခိုးနဲ႕ ကံေကာင္းလို႔ ျမန္မာျပည္ ျပန္ေရာက္တာရယ္။
ကြၽန္ေတာ္ ေလယာဥ္ေလွကားအဆင္းမွာ ပါးစပ္ကေန အသံထြက္ေျပာမိတာက. . .
''ဆရာမကို ေက်းဇူးတင္ပါတယ္''
&&&&&&&&&&&&&&&&&&&&&&&&&&
'' သား မင္း ဆရာမ ေဒၚအုံးၾကည္ ဆုံးတာ ဒီေန႕ ရက္လည္ပဲ ''
''ဗ်ာ''
႐ုတ္တရက္ ၾကာလိုက္ရတဲ့ စကားေၾကာင့္ ကြၽန္ေတာ္္ဆြံ႕အ သြားမိတယ္။
''မင္းဖို႔ ကြန္္ျပဴတာဖိုးလိုေတာ့ အေဖ သူ႕ဆီက ယူထားတဲ့ အေႂကြးေတြလည္း မဆပ္နဲ႕ေတာ့ တဲ့
သာအတြက္ သူဝယ္ေပးတယ္လို႔ပဲ သေဘာထားပါတယ္ တဲ့''
''သား နဲ႕သူ ေဖ့ဘုတ္မွာ မေတြ႕တာၾကာလို႔
သူ သတိရေၾကာင္း ေျပာေပးပါတဲ့''
''သူ သင္ေပးထားတဲ့ ဂါထာေလးလည္း အၿမဲ႐ြတ္ပါတဲ့
အဲဂါထာေလးက အႏၱရာယ္ကင္းေစသလို စာေမးပြဲေတြလည္း ေအာင္ျမင္ေစတယ္ တဲ့''
''မင္းဟိုမွာ စားေရးေသာက္တာ အဆင္ေျပလားလဲ ေမးတယ္
ျပန္လာမွ မင္းဖို႔ သူေၾကာ္ထည့္ေပးေနၾက
ပဲၾကားနဲ႕ငါးပိနဲ႕ ေၾကာ္ေပးအုံးမယ္ တဲ့''
အေဖ့ ေျပာစကားေတြ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ပါ။
တကယ္ပဲ ဆရာမေဒၚအုန္းၾကည္ကို ဝန္ခ်ေတာင္းပန္ၿပီး
ဆရာမေက်းဇူး တတ္နိုင္သေလာက္ ဆပ္မယ္ ႀကံၿပီး
ျပန္လာတာပါ။
ဘယ္လို ျဖစ္ရတာလဲဗ်ာ
ဆရာမရယ္ . . .သားကို ခြင့္လႊတ္ပါ။
&&&&&&&&&&&&&&&&&&&&&&&&&
ဆရာမ ရဲ႕ အုတ္ဂူေလးက ထုံးသုတ္ထားကာစမို႔ ေဖြးလႊလႊ။
ေဒၚအုန္းၾကည္ အသက္ ၆၂ ႏွစ္ ဆိုတဲ့စာသားေလးက
ထင္းေနတယ္။
ကိုယ့္အေပၚအရမ္းေကာင္းခဲ့တဲ့ဆရာမ။
ေက်းဇူး ဆပ္ခြင့္မရေတာ့ၿပီ။
အုတ္ဂူေလးကိုသာ ဆရာမ အမွတ္နဲ႕ ရွိခိုးမိေတာ့တယ္။
မ်က္ရည္ေတြက တားမရဘုူးဗ်ာ။
ဆရာမ အုတ္ဂူေလးမွာ မွီထိုင္းရင္း
အားရပါးရ ငိုပစ္ခဲ့တယ္။
&&&&&&&&&&&&&&&&&&&&&&&&&&
ည က တိတ္ဆိတ္ေနတယ္။
အေဖက ေခါင္းရင္းတန္းလ်ားမွာ ေဘးအိမ္က လာလည္တဲ့ ဦးႀကီးေတြကို ကြၽန္ေတာ္ ဟိုနိုင္ငံမွာ
ဘယ္လို ေနရ ထိုင္ရ ဘယ္လို ပညာသင္ရတာေတြ။
ေနာက္ႏွစ္ေက်ာင္းၿပီးရင္ တကၠသိုလ္ဆရာ ျဖစ္ေတာ့မွာေတြကို အားရပါးရ ႂကြားေနတယ္။
ကြၽန္ေတာ္ကေတာ့ unblock ျပန္လုပ္ထားတဲ့
Daw Own Kyi ဆိုတဲ့ ေဖ့စ္ဘြတ္အေကာင့္ေလးထဲမွာ။
''ဆုံးမတာ ခါးလို႔ထင္ပါတယ္
ကြၽန္မကို တပည့္ေလးတစ္ေယာက္က ဘေလာ့သြားတယ္''
ဆိုတဲ့ postေလး ဖတ္ၿပီး ထပ္ငိုမိတယ္။
ေနာက္ပိုင္း ပို႔စ္ေတြက တရားစာေတြ shareထားတာ။
ကင္ဆာေပ်ာက္ကင္းေစေသာ ကုထုံးေတြ လည္း အမ်ားႀကီး ရွယ္ထားတယ္။
ဆရာမ က ရင္သားကင္ဆာနဲ႕ ဆုံးတာတဲ့ေလ။
သူ႕ကို Tag တြဲၿပီး သူ႕ ပုံေလးေတြ နဲ႕ ဝမ္းနည္းေၾကာင္း postေလးေတြလည္း အမ်ားႀကီးပဲ။
ဆရာမက ႐ုပ္သာဆိုးတာ စိတ္ထားလွေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြေကာ တပည့္ေတြကပါ ခ်စ္ၾကတယ္ထင္ပါတယ္။
ကြၽန္ေတာ္ကသာ ဆရာမကို. . . .။
အေတြးေတြနဲ႕ အတူ မ်က္ရည္ေတြက တားမရဘူးဗ်ာ။
ကြၽန္ေတာ္ ဆရာမ ပုံေလး တစ္ပုံ save လိုက္တယ္။
သြားေခါေခါေလးနဲ႕ ၿပဳံးေနတဲ့ ကြၽန္ေတာ့္ဆရာမ။
မ်က္ရည္ေတြ နဲ႕အတူ ကြၽန္ေတာ္ postေလးတစ္ခု တင္မိပါတယ္။
တင္ခဲ့တဲ့ ပိုစ္ေလးက
'' ကြၽန္ေတာ္ ဆရာမ အေကာင့္ကို ဘေလာ့ခဲ့မိတယ္
😭😭😭😭😭'' လို႔ . . . ။
ေကာင္း သိုက္ စိုး ေကာင္း သိုက္ စိုး(ေကာင္း-မႏၱေလး)
(ဤစာစုျဖင့္ ဆရာ/မ အားလုံးအား ဂါရဝျပဳအပ္ပါသည္)